အိန္ဒိယနိုင်ငံ၏ လူမှုအကူအညီပေးရေး အစီ အစဉ်များတွင် အကျင့်ပျက်မှုများ ကျယ်ပြန့်စွာ စွဲကပ်လျက်ရှိသည်။ ယခင်ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ က ထိုအစီအစဉ်များတွင် သုံးစွဲသည့်ကုန်ကျစရိတ် ၏ ၁၅ ရာခိုင်နှုန်းခန့်သာ အထောက်အပံ့ ရထိုက် သူများထံ ရောက်သွားခဲ့သည်ဟု ပြောဖူးသည်။
အစိုးရက လွှဲပြောင်းပေးသော ငွေကြေး၏ ၂၇ ရာခိုင်နှုန်းခန့်သာ ဆင်းရဲသားများထံ အမှန် တကယ်ရောက်ရှိသည် ဟုလည်း အိန္ဒိယနိုင်ငံ စီမံ ကိန်းကော်မရှင်က ၂၀၀၅ ခုနှစ်တွင် ခန့်မှန်းခဲ့ သည်။ ယင်းမသမာမှုများသည် နိုင်ငံ၏ဘဏ္ဍာရေး အပေါ် ဖိစီးမှုပိုမိုကြီးလေးစေသည့်ပြင် ထိုမသမာ မှုများကြောင့် လူမှုအကူအညီပေးရေး အစီအစဉ် များကို ဆုတ်ယုတ်ကျဆင်းစေသည်။အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လူမှုရေးလုပ် ငန်း အစီအစဉ်တစ်ခုဖြစ်သည့် မဟတ္တမဂန္ဒီ ကျေး လက်အလုပ်အကိုင်အာမခံအက်ဥပဒေ(Mahatma Gandhi National Rural Employment Guarantee Act, MNREGA) အရ ကျေးလက်အိမ် ထောင်စုများအတွက် ရက်ပေါင်း ၁၀၀ တိုင် လုပ်ခ ရရှိသည့် အလုပ်အကိုင်ရရှိရေးကို အာမခံရန်ဖြစ် သည်။ အရွယ်ရောက်ပြီး အလုပ်လုပ်ချင်သူတိုင်း အရည်အချင်း ကန့်သတ်ချက်မျှမရှိစေဘဲ အလုပ် အကိုင်ရရှိစေရန်ဖြစ်သည်။ထိုအစီအစဉ်မှာ အလွန် ကြီးမားပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ဗဟိုအစိုးရက ရန်ပုံငွေ ရူးပီး ၄၀၁ ဘီလီယံ (ဒေါ်လာ ၉ ဘီလီယံ နီးပါး) ခွဲဝေချထားခဲ့သည်။ အစိုးရ အသုံးစရိတ် စုစုပေါင်း၏ ၄ ရာခိုင်နှုန်းနီးပါးအထိရှိသည်။ ထိုမျှ ကြီးမားသော အစီအစဉ်တွင် အကျင့်ပျက်ခြစား မှုများ မည်သို့ဖြစ်ပွားခဲ့သည်ကို သုတေသီများက လေ့လာဆန်းစစ်ခဲ့ကြသည်။ဥပဒေပြဋ္ဌာန်းချက်အရ အစိုးရ၏ လုပ်ခ သတ်မှတ်ချက်သည့် တစ်နေ့လျှင် ရူးပီး ၁၀၀ ဆိုပါ က ၅ ရက်အတွက် လုပ်ခရှင်းသည့်အခါ တစ်နေ့ လုပ်ခ ရူးပီး ၉၀ နှုန်းဖြင့် ရူးပီး ၄၅၀ သာ ထုတ် ပေးသည်။ ရူးပီး ၅၀ ကိုငွေထုတ်ပေးသည့် အရာ ရှိက ဖြတ်ယူထားသည်။ ထိုသို့ အကျင့်ပျက်ခြင်း သည် လုပ်ခလျှော့ပေးနည်း (Underpayment) ဖြစ်သည်။ နောက်တစ်နည်းမှာ အလုပ်လုပ်သည့် ရက်ကို ၅ ရက်အစား ၁၀ ရက်ဟု အစိုးရသို့ အစီ ရင်ခံပြီး၊ အပို ၅ ရက်အတွက် လုပ်ခရူးပီး ၅၀၀ ကိုခိုးယူခြင်းဖြစ်သည်။ ယင်းသို့အကျင့်ပျက်ခြင်းကို ရက်ပိုပြ အစီရင်ခံခြင်း (Over reporting) ဟု ခေါ်သည်။ လုပ်ခလျှော့ပေးခြင်းအတွက် အလုပ် သမားကို တိုက်ရိုက်နစ်နာစေသဖြင့် ယင်းသို့ အကျင့်ပျက်မှုကို သက်ဆိုင်ရာအလုပ်သမား တို့က စောင့်ကြည့်တိုင်ကြားရ မည်ဖြစ်သည်။ ရက်ပိုပြအစီ ရင်ခံနည်းဖြင့် အကျင့်ပျက်ခြင်းသည် အလုပ်သမား ကို တိုက်ရိုက်မထိခိုက်သဖြင့် အလုပ်သမားတို့က ဂရုပြုကြမည် မဟုတ်ပေ။ သို့သော်လည်း အခွန် ထမ်းပြည်သူတို့ကို ထိခိုက်နစ်နာစေပြီး၊ အစီအစဉ် အတွက်ရရှိသည့် ဘဏ္ဍာငွေတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။ ယင်းသို့အကျင့်ပျက်မှုကို အစီအစဉ် ကြီးကြပ်သူအရာရှိများက စောင့်ကြည့်စစ်ဆေးရန် တာဝန်ယူကြရမည်ဖြစ်သည်။အထက်မှ အောက်သို့ ကြီးကြပ်ခြင်းနှင့် အောက်ခြေမှ အထက်အဆင့်ဆင့်အား စောင့် ကြည့်စစ်ဆေးခြင်း နည်းလမ်း နှစ်မျိုးစလုံးသည် အခြားအခြေအနေများတွင် အကျင့်ပျက်မှု တိုက် ဖျက်ရေးအတွက် ထိရောက်သောနည်းလမ်းများ ဖြစ်နိုင်ပါသည်။ ၂၀၀၇ခုနှစ်က လေ့လာချက်အရ အထက်မှအောက်သို့ အဆင့်ဆင့် စစ်ဆေးကြီး ကြပ်ခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ လမ်းဖောက် လုပ်ရေးလုပ်ငန်းတွင် ခိုးယူခံရမှု ၃၀ ရာခိုင်နှုန်း လျော့နည်းစေခဲ့ကြောင်း တွေ့ရသည်။ ရပ်ရွာ အခြေပြု အောက်ခြေမှအထက်သို့ စောင့်ကြည့်စစ် ဆေးမှုကြောင့် အစိုးရ ကျန်းမာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင်ရန်ပျက်ကွက်မှုများ လျော့ နည်းသွားစေခဲ့ကြောင်း ၂၀၀၉ ခုနှစ်က လေ့လာ ချက်တွင် တွေ့ခဲ့ရသည်။ သို့သော်လည်း အိန္ဒိယ နိုင်ငံတွင် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်သော သူနာပြုဆရာမများအား ၂၀၀၈ ခုနှစ်က စောင့် ကြည့်လေ့လာခဲ့ရာတွင် ပျက်ကွက်သည့် သူနာပြု ဆရာမများအား အုပ်ချုပ်ရေးပိုင်းက အရေးယူရန် တွန့်ဆုတ်နေခြင်းကြောင့် မအောင်မြင်ခဲ့ပေ။မဟတ္တမဂန္ဒီ ကျေးလက်အလုပ်အကိုင် အာမခံအစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် သြရိဿ ပြည်နယ်မှ ခရိုင်သုံးခုနှင့် အန္ဒြာပရာဒက်ရှ်ပြည် နယ်မှ ခရိုင်တစ်ခုတို့တွင် အိမ်ထောင်စု ၃၀၀၀ ခန့်ကို လေ့လာခဲ့ရာ စစ်တမ်းကောက်ယူလေ့လာ ခဲ့သည့် ၂၀၀၇-၂၀၀၈ ခုနှစ်များတွင် တင်ပြအစီ ရင်ခံသည့် အသုံးစရိတ်၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရက်ပိုပြအစီရင်ခံ အကျင့်ပျက် မှုကြောင့် ဆုံးရှုံးခဲ့ရကြောင်း တွေ့ရသည်။ လုပ်ခ လျှော့ပေးနည်းဖြင့် အကျင့်ပျက်မှုများမှာ အစပိုင်း တွင် မတွေ့ရသလောက်ဖြစ်ခဲ့သော်လည်း ၂၀၀၇ ခုနှစ် မေလတွင် ဥပဒေအရ သတ်မှတ်လုပ်ခကို တိုးမြှင့်ပေးလိုက်သည့်အခါ အကျင့်ပျက်မှုများ တိုးပွားလာခဲ့သည်။ ထိုသို့တိုးမြှင့်ပေးလိုက်သည့် လုပ်ခထဲမှ တစ်ပြားတစ်ချပ်မျှ အလုပ်သမားတို့ထံ ရောက်မသွားတော့ပေ။အကျင့်ပျက်မှု တိုက်ဖျက်ရေးအတွက် ဇီ၀ တိုင်းတာစစ်ဆေးနည်းဖြင့် အကျိုးခံစားခွင့်ရှိသူသို့ တိုက်ရိုက် ငွေထုတ်ပေးသည့်စနစ် (Biometri- cally-authenticated system) ကို စမ်းသပ် လျက်ရှိသည်။ ထိုသို့ နည်းပညာအသုံးပြုနိုင်ခြင်း ကြောင့် လုပ်ခလျှော့ပေးခြင်းကိုသာမက ရက်ပိုပြ အစီရင်ခံခြင်းနည်းတို့ဖြင့် အကျင့်ပျက်မှုများကို လျှော့ချနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ သို့တိုင် အောင် အလုပ်သမားများနှင့် နားလည်မှုယူပြီး အကျင့်ပျက်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အကျင့်ပျက်ခြင်းတို့အတွက် လုံးဝဥဿုံစိတ်ချရပြီ ဟုတော့ မဆိုနိုင်သေးပေ။Ref; The Economist