Main menu

Background

စိမ်းနေဦးမယ့်အမေရိကန်က ရေနံမြို့တော် ဟောက်စတန်

Mon, 08/27/2012 - 09:00 -- Anonymous (not verified)

အမေရိကန်နိုင်ငံရဲ့ ရေနံမြို့တော်လို့ခေါ်တဲ့ ဟောက်စတန် (Houston)မြို့ကြီးမှာ အံသြရ လောက်အောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ် ငန်းတွေကို  လုပ်ဆောင်လာတာ တွေ့ရပါတယ်။ လိုက်စ်တက္ကသိုလ်မှ လူမှုရေး သိပ္ပံပညာရှင် စတိဗ် ကလင်းဘတ်ချ်က ဟောက်စတန်မြို့ကို ဦးဆောင် နေတဲ့လူကြီးတွေ သတိမမူခဲ့ တဲ့  ဖြစ်စဉ်အချို့ကို ဖော်ထုတ်တင်ပြခဲ့ပါတယ်။

ပထမဖြစ်စဉ်တစ်ခုက ၁၉၉၉ ခုနှစ်မှာ ဟောက်စတန်မြို့ ဟာ  လော့စ် အိန်ဂျလိစ်မြို့ကိုကျော်တက်ပြီး အမေရိကန်နိုင်ငံ မှာ လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ခံယူခဲ့ရတဲ့ အချိန်ကစပါတယ်။ မြို့မှာနေထိုင်ကြတဲ့ ကလေးသူ ငယ်တွေမှာ ပန်းနာရင်ကျပ် (အက်စမာ) ရောဂါ ဖြစ်ပွားမှုနှုန်း တိုးတက်များပြားလာခဲ့တာကို တွေ့ရ ခြင်းပဲ ဖြစ်ပါတယ်။  ကျောင်းဘောလုံးပြိုင်ပွဲမှာ အမောမခံနိုင်ဘဲ  တခြားမြို့တွေနဲ့ ယှဉ်ရင်အဆင့် အတန်းကျဆင်းလာခဲ့ရပါတယ်။ ဒုတိယဖြစ်စဉ်က တော့ ၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲကျင်းပဖို့ အိမ်ရှင် မြို့အဖြစ် တခြားမြို့တွေနဲ့ ယှဉ်ပြိုင်အရွေးခံရာမှာ မြို့ရဲ့ လေထုညစ်ညမ်း မှုကြောင့် အိုလံပစ်ကော် မတီဝင်အားလုံးက မထောက်ခံဘဲ ပယ်ချတာခံခဲ့ ရခြင်းဘဲဖြစ်ပါတယ်။ တကယ်တော့ ဟောက်စ တန်မြို့မှာ ဆောက်ပြီးစ အသစ်စက်စက် အားက စားကွင်းကြီး (စတေဒီယမ်) တစ်ခုရှိနေတဲ့အပြင် ကျင်းပခွင့်ရရင် ပြေးခုန်ပစ်ကစားကွင်းဟောင်းကို ကမ္ဘာမှာ အကြီးဆုံးလေအေးပေးစက် (အဲယား ကွန်း) တပ်ဆင်ထားတဲ့ ကစားကွင်းသစ်ကြီးအဖြစ် ပြောင်းလဲတည်ဆောက်ပေးမယ်လို့ ကတိပေးထား တာတောင် လက်မခံဘဲ ပယ်ချခဲ့ပါတယ်။လူမှုရေးသိပ္ပံပညာရှင် စတိဗ်ကလင်းဘတ်ချ် ရဲ့ တင်ပြချက်တွေကြောင့် ဟောက်စတန်မြို့ကို ဦးဆောင်နေတဲ့လူကြီးတွေဟာ မြို့ရဲ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အများက ထင်သာ မြင်သာလာအောင် ကြိုးပမ်းဆောင်ရွက်ပြဖို့ လို အပ်ကြောင်း လက်ခံလာခဲ့ကြပါတယ်။ဒါကြောင့် ပို့ဆောင်ရေးလုပ်ငန်း အာဏာပိုင်တွေဟာ ၂၀၀၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ လမ်းဆုံမိုးပျံကားလမ်း၊ ရထားလမ်းမျိုး နောက်ထပ် ၃ ခုကိုတည်ဆောက် ပေးခဲ့တဲ့အတွက် စုစုပေါင်းမိုင် ၂၀ ကျော်   လမ်း အပိုင်းကို ချဲ့ထွင်ပေးနိုင်ခဲ့ပါတယ်။ မြို့ရဲ့ လမ်းမီး နဲ့အချက်ပြမီးတွေအားလုံးကိုလည်း လျှပ်စစ်ဓာတ် အား အနည်းငယ်သာလိုတဲ့ LED မီးလုံးတွေ ပြောင်း လဲတပ်ဆင်ခဲ့ပါတယ်။ မြို့တွင်းသွားလာ နေတဲ့  မော်တော်ကားထက်ဝက်ကျော်ဟာ လျှပ် စစ်နဲ့ ဓာတ်ဆီလောင်စာဖက်စပ် (ဟိုင်းဘလစ်) ကားတွေ ဒါမှမဟုတ် လျှပ်စစ်ဓာတ်အား သက် သက်နဲ့ မောင်းနှင်တဲ့ကားမျိုးတွေပဲ ဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့  မေလကစပြီး စက်ဘီးတွေ ငှားရမ်းပြီး စီးနင်းသွားလာနိုင်တဲ့  အစီအစဉ်ကိုလည်း စတင် အကောင်အထည်ဖော်ပေးခဲ့ပါတယ်။အဆောက်အအုံတွေကို ဆောက်လုပ်ရာ မှာ စွမ်းအင်ချွေတာရေးအတွက် စည်းကမ်းချက် အသစ်တွေ  ချမှတ်ပေးခဲ့ပါတယ်။  ဒါကြောင့် ဟောက်စတန်မြို့ဟာ တက်စန်လေစွမ်းအင် လုပ် ငန်းကြီးက ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားရဲ့ သုံး ပုံတစ်ပုံကို ဝယ်ယူအသုံးပြုနေတဲ့အတွက် အမေ ရိကန်နိုင်ငံရဲ့ မြို့ကြီးတွေထဲမှာ ပတ်ဝန်းကျင်ထိန်း သိမ်းတဲ့စွမ်းအင် (အစိမ်းစွမ်းအင်) အများဆုံး ဝယ်ယူပြီး လက်တွေ့အသုံးပြုနေတဲ့  မြို့ဖြစ်လာ တာကို အံ့သြစရာတွေ့မြင်လာကြရပါတယ်။ယခင် ကဆိုရင် ဟောက်စတန်မြို့ဟာ အမေရိကန်နိုင်ငံရဲ့ စွမ်းအင်စက်မှု လုပ်ငန်းအမြောက်အမြား တည် ရှိရာ မြို့တော်တစ်ခုဖြစ်တဲ့အတွက် မြို့ကို အုပ် ချုပ်ခဲ့တဲ့ခေါင်းဆောင်တွေဟာ  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့ လှုပ်ရှားသူတွေအပေါ် အမြင်မကြည်မလင် ဖြစ်ခဲ့ကြပါတယ်။ဟောက်စတန်မြို့ဟာ အမေရိကန်နိုင်ငံရဲ့ စတုတ္ထမြောက် လူဦးရေ  အများဆုံးနေထိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။  ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း လူဦးရေ ၁ ဒသမ ၂ သန်း တိုးပွားလာခဲ့တဲ့အတွက်လည်း အမေရိကန် မှာ လူဦးရေအတိုးပွားဆုံးမြို့တစ်မြို့ ဖြစ်လာပါ တယ်။ မြို့နေလူထုဟာ သွားလာရေးမှာ မော်တော် ကားတွေအပေါ်မှာ လုံးဝမှီခိုနေရတဲ့အတွက်လည်း မြို့လေထုရဲ့ အရည်အသွေးဟာ အလွန် ဆိုးဝါးခဲ့ ပါတယ်။ လေကောင်းလေသန့်  ရှူရှိုက်ရတဲ့နေရာ ဆိုလို့ မရှိသလောက်ရှားပါးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နွေရာသီမှာ ဓာတ်ဆီတစ်ဂါလန်ကို ၄ ဒေါ်လာ အထိ တက်လာတဲ့အခါ မြို့သူမြို့သားတွေဟာ ဓာတ်ဆီကိုချွေတာတဲ့အနေနဲ့ သူတို့နေအိမ်ကနေ ဘတ်စ်ကားမှတ်တိုင်ကို စက်ဘီးနဲ့သွားပြီး ဘတ်စ် ကားနဲ့ပဲ အလုပ်သွားကြတယ်လို့  သိရပါတယ်။ ဒါကြောင့် ဟောက်စတန် မြို့သူမြို့သားတွေဟာ ရေနံစက်မှုလုပ်ငန်းဇုန်ကြီးအတွင်းမှာ နေထိုင်နေ ကြရပေမယ့် လောင်စာစွမ်းအင်ရဲ့ တန်ဖိုးကိုသိမြင် နားလည်လာခဲ့ကြပါတယ်။လိုက်စ်ကင်ဒါးတက္ကသိုလ်က  ပြုလုပ်တဲ့ ဟောက်စတန်မြို့ဧရိယာ လေ့လာရေး နှစ်ပတ် လည် အစီရင်ခံစာအရ ယခုအခါမြို့နေလူဦးရေရဲ့ ၅၆ ရာခိုင်နှုန်းဟာ အများပြည်သူတွေသွားလာ နေတဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန် အောင်လုပ်ပေးဖို့နဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မိမိရဲ့ဝင်ငွေ အတော်များများကို ပြည်သူအများ သွားလာနေတဲ့  လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း တွေမှာ ပိုမိုသုံးစွဲဖို့ လိုလားကြတယ်လို့ သိရပါ တယ်။  နေအိမ်တွေနဲ့ပတ်သက်ပြီး မြို့လူထုရဲ့ အမြင်ဟာလည်း  ပြောင်းလဲလာတာကို  တွေ့ရ တယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်လောက်တုန်း က မြို့နေလူဦးရေ ၅၉ ရာခိုင်နှုန်းလောက်ဟာ ခြံကျယ်ကျယ်နဲ့  အိမ်ကြီးကြီးဝယ်ပြီး မော်တော် ကားကောင်းကောင်းနဲ့ တဝီဝီသွားလာနေထိုင်တာ ကြိုက်ခဲ့ကြပေမယ့် ၂၀၁၂ ခုနှစ်ရောက်တော့ မြို့လူထု ၅၁ ရာခိုင်နှုန်းဟာ လေကောင်းလေသန့် ရပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မြို့ရဲ့အပိုင်းလေး မှာ အိမ်ခတ်သေးသေးလေးနဲ့ အေးအေးဆေးပဲ နေထိုင်လိုကြတယ်လို့ သိရကြောင်းပါခင်ဗျား။။Ref:''Greening Houston''(The Economist)