Main menu

Background

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများအတွက် အထောက်အကူပြုမည့် ကိုရီးယား သုတေသနပြုချက်

Mon, 08/27/2012 - 10:06 -- Anonymous (not verified)

ယခုအခါ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ပွဲများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၊ အသင်းအဖွဲ့များ၊ ပညာရှင်များနှင့် ပြည်သူများ ပူးပေါင်း ပါဝင် ကျင်းပလျက်ရှိကြောင်း တွေ့မြင် ကြားသိနေရပါသည်။

ထိုဆွေးနွေးပွဲ များတွင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့ ဆောင်ရွက်နေကြေ သာ တောင်သူ လယ်သမားများ၊ ဆန်စက်ပိုင်များ၊ ဆန် ကုန်သည်ပွဲစားများမှအစ ပြည်ပ တင်ပို့သည့် ကုမ္ပဏီလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက လက်ရှိတွေ့ကြုံ နေရ သော အခြေအနေများမှ နိုင်ငံတ ကာနှင့် ရင်ဘောင်တန်းနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်ရန် နည်းလမ်း များကို ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဖော် ထုတ်ကြမည်ဟု ကြားသိရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကိုရီးယား သမ္မတနိုင်ငံ  Korea Development Institute (KDI )မှ ပြုစုထုတ်ဝေသော Priority Assignment for Economic Development of  Myanmar 2012 စာအုပ်ကို ဖတ်ရှု ရသည်။ ယင်းစာအုပ်၌ မြန်မာ့စိုက်ပျိုး ရေးကဏ္ဍနှင့် စပ်လျဉ်း၍ လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း မြန်မာအစိုးရသည် စိုက်ပျိုးရးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အ တွက် ဆည်တာတမံများ၊ လယ်ယာသုံး ကိရိယာများ၊ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေး စသည်တို့ကို တိုးချဲ့သုံးစွဲ ဆောင် ရွက်ခဲ့ကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင် ရွက်မှုကြောင့် အထိုက်အလျောက် တိုး တက်မှုရှိခဲ့သော်လည်း အောက်ပါ အချက်များကို ပြုပြင်ဆောင်ရွက် သွား ရန် လိုအပ်နေကြောင်း ဖော်ပြထားပါ သည်--    ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မား         ခြင်း၊-    အထွက်နည်းခြင်းနှင့် အရည် အ သွေးညံ့ခြင်းတို့ကြောင့် ကျေနပ်ဖွယ်ရာ အကျိုးအမြတ်မရရှိခြင်း၊-    အရည်အသွေးမြင့် မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရန် လိုအပ်ခြင်း၊-    စိုက်ပျိုးရေးကဏ္ဍ သွင်းအားစုနှင့် ထုတ်ကုန်များအတွက် ဈေးနှုန်းမူဝါဒ များ ပြည့်စုံမှုမရှိခြင်း၊-    စိုက်ပျိုးရေးထုတ်ကုန်ဈေးကစား မှုများ လျော့နည်း၍ ဈေးနှုန်းတည်ငြိမ် ရန် လိုအပ်ခြင်း၊-    စိုက်ပျိုးရေးချေးငွေ တိုးတက်ချေး ငှားရန်၊  Micro Finance တိုးချဲ့ရန် လိုအပ်ခြင်း၊-    စိုက်ပျိုးရေးကဏ္ဍသုတေသန လုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု နည်းပါးနေခြင်း၊-    စိုက်ပျိုးရေးကဏ္ဍ သုတေသန လုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးချဲ့ ဆောင်ရွက်ခြင်းတို့အကြား ဆက်စပ်မှု အားနည်းခြင်း၊-    လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ခြင်း၊-    လူဦးရေတိုးပွားလာခြင်းနှင့် လူ နေမှုစရိတ် မြင့်မားလာခြင်း၊-    အခြေခံအဆောက်အဦလိုအပ် ချက်များ ဖြည့်ဆည်းရန် လိုအပ်ခြင်း၊-    သတင်းကွန်ရက်ချိတ်ဆက်မှု ပိုင်း တိုးချဲ့ရန် လိုအပ်ခြင်း၊-    ဈေးကွက်ဈေးနှုန်းသတင်းများ ဖြန့်ဖြူးမှုစနစ်များ တိုးချဲ့ရန် လိုအပ်ခြင်း၊-    ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများအကြား စိုက် ပျိုးသီးနှံအလိုက် နီးနီးကပ်ကပ် ဆက် စပ်ပူးပေါင်းညှိနှိုင်းလုပ်ကိုင်ရန်လိုအပ်ခြင်း၊ ကိုရီးယားနိုင်ငံ၏ အတွေ့အကြုံ အရ  Green and White Revolution  ဖြင့် ဆည်တာတမံများ တိုးချဲ့ခြင်း၊ အထွက်ကောင်းမျိုးစေ့များ ထုတ်လုပ် ဖြန့်ဖြူးခြင်း၊ စိုက်ဧကတိုးချဲ့ခြင်း၊ သုတေ သနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် ခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ပါဝင်ဆောင်ရွက်မှု တိုးချဲ့ခြင်းနှင့် စီးပွား ဖြစ် စိုက်ပျိုးရေးအခြေခံ ကုန်ထုတ် လုပ် ငန်းများကို တိုးချဲ့ထူထောင်ခြင်း၊ လက်လီလက်ကားဈေးကွက်နှင့် ပြည်ပ ပို့ကုန်ဈေးကွက်များ တိုးချဲ့ခြင်း၊ Micro Finance  စီမံကိန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ သို့ဖြစ်၍ ကိုရီးယား နိုင်ငံအတွေ့ အကြုံနမူနာများနှင့် မြန်မာနိုင်ငံအပေါ် သုတေသနပြု သုံးသပ်ချက်များအား လက်ရှိကျင်းပနေသည့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေး နွေးပွဲများ၌ အထောက်အကူပြုဖြစ်စေ ရန် ရေးသားဖော်ပြလိုက်ရပါသည်။K.Z