Main menu

Background

မီးရောင်ထိန်ထိန် လင်းစေဖို့

Mon, 08/27/2012 - 10:02 -- Anonymous (not verified)

ခရီးစဉ်၏ အစသည် ရန်ကုန်မှ ဘေဂျင်း၊ ဘေဂျင်းမှ ကူမင်း၊ ကူမင်းမှ နန်ချောင်သို့ လေယာဉ်ခရီးစဉ်ဖြင့်  နန်ချောင်သို့ရောက်ရှိ လာခဲ့ခြင်းဖြစ်ပါသည်။  နန်ချောင်သည် တရုတ်နိုင်ငံ၏ အရှေ့ တောင်ဘက်ရှိ ဂျန်ဇီးပြည်နယ်၏ မြို့တော်ဖြစ်ပါသည်။

၇၀ စတု ရန်းကီလိုမီတာရှိပြီး၊ လူဦးရေမှာ ၁ ဒသမ ၁၁ သန်း  ရှိပါသည်။ တရုတ်နိုင်ငံ၏ ဘေဂျင်းမြို့တော်တွင် UNESCO စာရင်းမှတ်တမ်း ဝင် ကမ္ဘာ့ယဉ်ကျေးမှုအမွေများ  တည်ရှိရာနေရာဖြစ်ပါသည်။ ဘေဂျင်း၏မြို့လယ်တွင် မင်နှင့် ကွင်မင်းဆက်တို့၏စိုးစံခဲ့သော နန်း တော်ရာသည် ရှေးအကျဆုံး  သစ်သားပန်းပုလက်ရာများဖြစ်ပြီး ၁၄၀၆ ခုနှစ်က စတင်တည်ဆောက်ခဲ့၍ ၇၂၀၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး၊ အခန်းပေါင်း ၈၇၀၇ ခန်းပါရှိပါသည်။ နွေရာသီ နန်း တော် (Summer Palace)သည် ဘေဂျင်းမှ ၁၅ ကီလိုမီတာ အကွာ တွင် တည်ရှိပါသည်။ နန်ချောင်သည် နိုင်ငံခြားသားများအား စိတ်ဝင် စားမှုအများဆုံး နေရာလည်းဖြစ်ပါသည်။ တန်မင်းဆက် (၆၁၈-၉၀၆CE) တို့၏ ရှေးဟောင်းနန်းတော်ရာ သမိုင်းရှိသကဲ့သို့ ရှေး ဟောင်း ယဉ်ကျေးမှုအမွေများစွာရှိပါသည်။ တရုတ်ပြည်သမိုင်းတွင် တရုတ်ကွန်မြူနစ် တပ်မတော်မွေးဖွား ခဲ့ရာ နေရာဖြစ်ပြီး ပြည်သူတို့၏ လေးစားရသော ခေါင်းဆောင်ကြီး မော်စီတုန်းတို့၏ သမိုင်းဝင် ပြ တိုက်၊ ပြည်သူ့ရင်ပြင်နှင့်အတူ  နန်ချောင်တက္ကသိုလ်အကြောင်း စသည်ဖြင့် လေ့လာစရာတွေရှိနေ ပါသည်။ ဂန်မြစ်ကမ်းတစ်လျှောက် ဆွဲဆောင်မှုရှိသော လုပ်ငန်းကုမ္ပဏီဝေါမတ်ကြီးများ၊ နိုင်ငံပေါင်းစုံမှ ကုန်စည်ပစ္စည်းမျိုးစုံ၊ ကုန်တိုက်ကြီးများ၊ မီးရောင်စုံ အလှဆင်ထား  သော နန်ချောင်၏  ညအလှကို နိုင်ငံခြားမှ လာရောက်ကြသော ကျောင်းသားနှင့် ခရီးသွားအများအပြား အလွန်စိတ်ဝင်စားကြပါ သည်။ နန်ချောင်မှ နာရီအနည်းငယ်လောက် ခရီးဆက်ရင်ဖြင့် လူရှန်မောင်တိန် (Lushan Mountain)  သို့ ရောက်ရှိမည်ဖြစ်ပါ သည်။ Jianxi University တွင် လုပ်ငန်းစီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စာရင်းအင်း၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် ကုန်သွယ်မှုအပိုင်း၊ လူမှုရေးဆိုင်ရာ ဘာသာရပ်များအပြင် ဥပဒေ ပညာ၊ ရူပဗေဒဆိုင်ရာနှင့် အင်ဂျင်နီယာ ပညာရပ်များကိုလည်း သင် ကြားပေးပါသည်။ အတုယူဖွယ်ရာ၊ စိတ်ဝင်စားစရာအကောင်းဆုံးမှာ ပညာရပ် သီးသန့်သာသင်ပေးရုံအတွက်  တည်ထောင်ထားသော တက္ကသိုလ်မဟုတ်ဘဲ တကယ့်လက်တွေ့စီးပွားရေးလုပ်ငန်းကြီးများ အား လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေခြင်းပင်ဖြစ်ပါသည်။ ဟိုတယ် ကြီးများ၊ စီးပွားရေးကုမ္ပဏီများ၊ ကားပစ္စည်းမျိုးစုံ ထုတ်လုပ်သော လုပ်ငန်းကြီးများကိုပါ စီးပွားကူးသန်းဝန်ကြီးဌာန အစီအစဉ်ဖြင့် လက် တွေ့အသုံးချဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ ကျောက်စိမ်း၊ ပုလဲနှင့် အခြားသောရတနာပစ္စည်းများ ပြခန်းများလည်း တွေ့ရှိခဲ့ရပြီး ထူးခြားသည်မှာ မြန်မာ့ပုလဲနှင့် မြန်မာ့ကျောက်စိမ်းများကို ပြန်လည် ပြုပြင်ထားသော ပစ္စည်းမျိုးစုံကို တွေ့ခဲ့ရခြင်းဖြစ်ပါသည်။ အခြား သောကြွေထည်နှင့် လက်မှုပညာလုပ်ငန်း ကုမ္ပဏီများ၊ လက်ဖက် အရွက်ကို အမျိုးမျိုးအနံ့ဖြင့်ပြုပြင်ကာ နိုင်ငံခြားသားများအား ဈေး ကွက်အတွင်း အပြိုင်အဆိုင် ဆွဲဆောင်လျက်ရှိသည်ကိုလည်း တွေ့ခဲ့ရ ပါသည်။ လျှပ်စစ်ပစ္စည်းမျိုးစုံ  ထုတ်လုပ်သော လုပ်ငန်းသို့လည်း လေ့လာခွင့်ရရှိခဲ့ပါသည်။Hi-Technology Development Zone   အဖြစ် တည်ဆောက်ထားသော နန်ချောင်ဒေသ၏ စက်မှုအခြေခံ လျှပ်စစ်ပစ္စည်းစက်ရုံကို လည်း  မြင်တွေ့ခဲ့ရပါသည်။ ဘေဂျင်းမြို့ တော်ကြီးသို့သွားသော လျှပ်စစ်ရထားပေါ်တွင် လမ်းတစ်ဖက်စီမှ စံပြလယ်ကွင်းများကို မျက်ခြေမပြတ်ကြည့်ရင်းမှ နန်ချောင်သည် ကျွန်မရင်ထဲ စီးဝင်လာခဲ့ပါသည်။အဓိကပြောလိုသည်က  တရုတ်ပြည်ကြီး ခမ်းနားပုံနှင့်တကွ နန်ချောင်ကို အမွှမ်းတင်လိုခြင်းမဟုတ်ပါ။ နန်ချောင်ကို လေ့လာ ဖတ်ရှုနေရင်းမှ ကျွန်မတို့၏နိုင်ငံတွင်လည်း တက္ကသိုလ်တစ်ခု တည် ဆောက်ထားမှု၏ နောက်ကွယ်မှ တကယ့်လက်တွေဘဝတွင် လုပ် ငန်းခွင်အသုံးချမှု လူငယ်တို့၏ပညာနှင့် အလုပ်ခွင်ဆက်စပ်နေမှု၊ နိုင်ငံခြားသားများအား ဆွဲဆောင်ထားရှိသော  သဘာဝသမိုင်းဖြစ် စဉ်နှင့် ယဉ်ကျေးမှုထိန်းသိမ်းထားရှိမှု နည်းစနစ်များ၊ တရုတ် ပြည်သူ တို့၏  လေးစားစံထားဖွယ်ရာ  ပြင်းထန်သော မျိုးချစ်စိတ်ဓာတ် စသည့် အရာများကစိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ကိုယ့်နိုင်ငံမှာ ရော အလားတူ တွေးစရာ၊ စဉ်းစားစရာမျိုးတွေ အမှန်ပင်ရှိပါသည်။ မြန်မာ နိုင်ငံသည် သဘာဝရေမြေတောတောင်များစွာကလှပြီးသား ပန်းချီ ကားတစ်ချပ်ပမာရှိနေနှင့်ပြီး ဖြစ်ပါသည်။ သဘာဝသယံဇာတမျိုးစုံ ကလည်း <ကယ်ဝပြီးသားဖြစ်ပါသည်။တရုတ်ပြည်ကဲ့သို့ မြန်မာပြည်သူတို့၏ ရင်ထဲဝယ် လေးစား အတုယူဖွယ် မျိုးချစ်စိတ်ဓာတ်နှင့် မျှော်လင့်ချက်တွေ၊ သမိုင်းကြောင်း တွေ တစ်ပုံကြီးရှိပြီးလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံကို ကမ္ဘာသိ ကျော်ကြားစေခဲ့သော ကျိုက်ထီးရိုးဘုရားနှင့် ရွှေတိဂုံဘုရားကြီးကဲ့သို့ အထင်ကရ ရှေးဟောင်းသမိုင်းကြောင်းများလည်းရှိပါသည်။ ကချင် ပြည်နယ်မြစ်ဆုံကဲ့သို့  နာမည်ကြီး သဘာဝအလှတရားတွေလည်း ရှိပါသည်။ တောအထပ်ထပ်၊ တောင်အသွယ်သွယ်တို့တွင်  ပတ္တမြား ကြော၊ ကျောက်စိမ်းနှင့် ရွှေကြောများလည်း ရှိပါသည်။  သဘာ၀ သယံဇာတတွေရှိနေသော ကျယ်ပြောသည့် ပင်လယ်ကမ်းရိုးတန်း များလည်းရှိပါသည်။ လုံးဝအသုံးမပြုရသေးသော သဘာဝဓာတ်ငွေ့ သိုက်၊ သတ္တုသိုက်များစွာ  ရှိနေသေးသည်ဆိုသည့် သတင်းစကား များကလည်း အားတက်စရာဖြစ်ပါသည်။ မိမိတို့မှာ နည်းပညာ လိုသည်။ ငွေလိုသည်။ ရင်းနှီးလုပ်ကိုင်မည့်သူ လိုနေပါသည်။ကျွန်မတို့ တိုင်းပြည်ကို ခေတ်မီသော မော်တော်ကားစက်ရုံ၊ ကွန်ပျူတာပစ္စည်းစက်ရုံ၊ လျှပ်စစ်ပစ္စည်း အသေးစားမှ သည်  လျှပ်စစ် ရထား၊ လေယာဉ်ပျံတည်ဆောက်သည့် အကြီးစား စက်ရုံကြီးများနှင့် အာကာသဆိုင်ရာ  တည်ဆောက်ရေးစခန်းကြီး ဖြစ်လာသည်အထိ တိုးတက်စေချင်ပါသည်။  ထိုသို့သော ခမ်းနားထည်ဝါသော တိုး တက်သည့် အနေအထားရောက်ဖို့ဆိုသည်မှာ လျှပ်စစ်ဓာတ်အားကို မဖြစ်မနေ အသုံးချလုပ်ကိုင်ကြရ မည် ဖြစ်ပါသည်။ မူဝါဒပိုင်းက အမျိုးမျိုးသော ပြုပြင်ပြောင်းလဲလာမှုတွေ ရှိလာသည်နှင့် ပြည်သူ တို့အပိုင်းကလည်း ပြောင်းလဲလာသော ဒီမိုကရေစီခေတ်ကြီးနှင့် လိုက်လျောညီထွေဖြစ်စေသော  စိတ်ဓာတ်၊ စည်းကမ်း၊ အတွေး အမြင်များလည်း ပြောင်းလဲလာသင့်ပါပြီ။ လျှပ်စစ်မီးရောင်ထိန်ထိန် သာသော ကိုယ့်တိုင်းပြည်၊ ကိုယ့်မြို့ကို လူတိုင်းလူတိုင်း အမှန်မြင် တွေ့လိုလှပါသည်။ လက်တွေ့မှာ  စိန်ခေါ်မှု  အခက်အခဲများစွာ ရှိနေပါသည်။ ထိုစိန်ခေါ်မှုများအနက် တိုင်းပြည်ငြိမ်းချမ်း တည်ငြိမ် ရေးနှင့်အတူ ပြည်ပမှ မြန်မာနိုင်ငံအတွင်း  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အတွက် လိုအပ်သောပြင်ဆင်မှုများစွာ  လိုအပ်ပါသည်။ မမျှော်လင့်နိုင်သော အခက်အခဲပေါင်းများစွာ  အမှန်ပင် ရင်ဆိုင် ကြုံတွေ့လာကြရမည်လည်းဖြစ်ပါသည်။ သို့ဆိုပါလျှင် ဘာတွေဘယ် လို ဆက်လုပ်ကြမည်ကို မြန်မာပြည်သူ သန်းပေါင်း (၆၀)ခန့်က ဆက်လက်တိုင်ပင်ကြရပေဦးတော့မည်။