Main menu

Background

မြန်မာ့ အသေးစားနှင့်အလတ်စား စက်မှုကဏ္ဍဖွံံံ့ဖြိုးတိုးတက်ရေး

Mon, 08/27/2012 - 10:11 -- Anonymous (not verified)

မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ စီးပွားရေးလုပ်ငန်းအများစုက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ SME ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ရေးအတွက် SME ရဲ့ဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင် ရွက်ရေးက အဓိကကျတဲ့ အချက် တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ SME များနဲ့ပတ်သက်ပြီး တောင် ကိုရီးယားနိုင်ငံက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ အဖွဲ့ အစည်းတစ်ခုက လေ့လာထောက်ပြခဲ့တာ ရှိပါတယ်။

မြန်မာနိုင်ငံက အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအိုစတဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိနေပါတယ်။ အဓိကအား ဖြင့် ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့အတွက် ပထဝီအနေအထား အရ မဟာဗျူဟာကျတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ လူဦးရေက သန်း ၆၀ နီးပါးရှိနေပြီး၊ နိုင်ငံ အကျယ်အဝန်းနဲ့ လူဦးရေအနေအထားက အနေတော် အခြေအနေ မှာ ရှိနေပါတယ်။ ထို့အတူ ထုတ်ဖော်သုံးစွဲခြင်း  မပြုရသေးတဲ့ သဘာဝအရင်းအမြစ်ေ တွကြွယ်ဝတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ တည်ရှိနေတဲ့ လူသားအရင်းအမြစ်တွေကို ထုတ်ဖော်သုံးစွဲခြင်းမပြုရ သေးတဲ့ သယံဇာတတွေ ထုတ်ဖော်သုံးစွဲနိုင်အောင် လေ့ကျင့်ပျိုး ထောင်ပေးနိုင်ရင် နိုင်ငံဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ပတ်ဝန်း ကျင်နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) အရ နိမ့်ကျနေဆဲဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးမှာ စက်မှုကဏ္ဍရဲ့ ပါဝင်မှုအချိုးအစား (Level of Industiralization) ကလည်း ၂၀ ရာခိုင်နှုန်းခန့်သာရှိတဲ့အတွက် စက်မှုကဏ္ဍရဲ့ စွမ်းအားကလည်း နိမ့်ကျနေဆဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပါဝင်မှုကို တိုးမြှင့်ပေးဖို့လိုအပ်နေသေးတာကို တွေ့ရပါတယ်။ မြန်မာ့ပို့ကုန်မှာ အဓိကအားဖြင့် လယ်ယာ၊ သစ်တော၊ သားငါးထွက် ကုန်၊ သဘာဝဓာတ်ငွေ့ကို တင်ပို့လျက်ရှိပါတယ်။ ပို့ကုန်တွေရဲ့ အနေအထားကို လေ့လာကြည့်မယ်ဆိုရင် အများစုက ကုန်ကြမ်း သာသာတွေသာဖြစ်ခြင်း၊ တခြားနိုင်ငံတွေလို တန်ဖိုးမြှင့်ထုတ်ကုန် တွေနဲ့ စက်မှုလုပ်ငန်းထုတ်ကုန်တွေကို တင်ပို့နိုင်မှုနည်းပါးနေသေး တာကို တွေ့ရပါတယ်။မြန်မာ့ပို့ကုန်အဆင့်အတန်းတွေ တိုးမြင့်လာဖို့အတွက် စက်မှု ဇုန်တွေ တိုးချဲ့တည်ထောင်ဖို့လိုပါတယ်။ အထူးစီးပွားရေးဇုန်တွေ ထူထောင်ဖို့လိုပါမယ်။ ဒီလိုထူထောင်လုပ်ကိုင်မှသာ မြန်မာ့စက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် စက်မှုလုပ်ငန်းအတွင်း သွင်းအားစုတွေရရှိနိုင်ရေးအတွက်  ပြည်တွင်အင်အားစုတွေကို အသုံးပြုဖို့လိုအပ်သလို နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပထမအချက်အနေနဲ့ စက်မှုကဏ္ဍမှာ ကျင့်သုံးနေတဲ့မူဝါဒတွေ  ခေတ်နဲ့အညီဖြစ်အောင် ပြဋ္ဌာန်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမူဝါဒတွေ၊ အဖွဲ့အစည်းတွေ၊ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို ခေတ်စနစ်နဲ့ ညီညွတ်မှု ရှိ မရှိ ပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။ ပြန်လည်သုံး သပ်ပြီးတဲ့နောက် လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ လိုအပ်မှာ ဖြစ် ပါတယ်။ဒုတိယအချက်က လက်ရှိစက်ရုံ၊ အလုပ်ရုံတွေရဲ့ ကုန်ထုတ် လုပ်ငန်းအခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့လိုပါမယ်။ ကုန်ထုတ် လုပ်ငန်းစနစ်နဲ့တကွ စီမံအုပ်ချုပ်မှုစနစ်တွေကို ခေတ်နဲ့အညီ ပြုပြင် ဆောင်ရွက်သွားဖို့ လိုပါမယ်။ လိုအပ်သလို ပြုပြင်မှုတွေပြုလုပ်ပြီး အားပေးမြေတောင်မြှောက်ပေးဖို့ လိုပါတယ်။ စက်ရုံအလုပ်ရုံတွေ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို သင့် တော်သလိုဖိတ်ခေါ်ပြီး အားပေးရပါမယ်။တတိယအချက်ကတော့ စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာ များရဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် အရင်းအနှီး လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့လိုပါမယ်။ နည်းပညာကောင်း တွေရရှိဖို့အတွက် နည်းလမ်းတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ စီးပွား ရေးဝန်းကျင်ကောင်းတွေ ဖန်တီးနိုင်အောင် အားပေးဖို့လိုအပ်သလို ဘဏ္ဍာရေးစနစ်၊ ငွေကြေးစနစ်၊ အခွန်ကောက်ခံတဲ့စနစ်၊ ထောက်ပံ့ပို့ ဆောင်ရေးစနစ်စတာတွေကို ပြန်လည်သုံးသပ်ပြီး တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ဖို့လိုပါ တယ်။စီးပွားရေးတိုးတက်ရေးမှာ ရုပ်ဝတ္ထုများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့လိုအပ်သလို ကုန်ထုတ်လုပ်ငန်းကို အဓိကမောင်းနှင် အားဖြစ်တဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကလည်း အထူးလိုအပ်ပါတယ်။ လူသားဖွံ့ဖြိုးရေးအတွက် အစီအမံကောင်း များ လိုအပ်ပါတယ်။ စက်မှုဇုန်တွေမှာ ကျွမ်းကျင်မှုသင်တန်းများပေး ခြင်းကဲ့သို့သောအရည်အသွေးမြှင့် အစီအစဉ်တွေဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။စက်မှုကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမယ့် အဖွဲ့ အစည်း၊ အသင်းအပင်းတွေ ထူထောင်ပေးဖို့လိုအပ်သလို ပွင့်လင်း ထင်သာမြင်သာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ဖို့လိုပါတယ်။ ထုတ်လုပ်လိုက်တဲ့ပစ္စည်းတွေက ဈေးကွက်မှာ စံမီ နှုန်းမီနဲ့ယှဉ်ပြိုင်နိုင်စွမ်းမြင့်အောင် ထုတ်လုပ်ပြီးဈေးကွက်ကို ထိုး ဖောက်နိုင်အောင် ကြိုးပမ်းဖို့လိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာဆိုရင် Free Trade Zone, Free Zone, Duty Free Area, Re export Zone, Transhipment Zone, Processing Zone, Hybrid Export Processing Zone စတဲ့ ပို့ကုန်မြှင့်တင်ရေးအတွက် ထူထောင်ထားတဲ့ နယ်မြေတွေမှာ SME များ တိုးတက်ရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ကိုရီးယားနိုင်ငံမှာ SME တွေ လိုအပ်တဲ့ ငွေကြေးအရင်း အနှီးတွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် SME Fund  တွေထူထောင်ပြီး၊ ငွေကြေးပံ့ပိုးလျက်ရှိပါတယ်။ တိုးတက်မှု အလားအလာအခြေအနေ ကောင်းတဲ့လုပ်ငန်းတွေအနေနဲ့ ပရောဂျက်တွေတင်ပြပြီး အပေါင် ပစ္စည်းမလိုဘဲ ငွေချေးယူနိုင်အောင် စီစဉ်ထားပါတယ်။ SEZ တွေ က နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေအတွက် အထောက်အကူပြု အပို ပစ္စည်းတွေထုတ်လုပ်တဲ့ Supporting Industry အဖြစ်နဲ့  SME တွေက ချိတ်ဆက်ဆောင်ရွက်ပေးတာ တွေ့ရပါတယ်။တရုတ်နိုင်ငံရဲ့ အတွေ့အကြုံအရ စီးပွားရေးအကျပ်အတည်း ကာလအတွင်း ငွေကြေးအကျပ်အတည်းဒဏ်ကို SME  များက အများဆုံးခံခဲ့ရတာကို တွေ့ရပါတယ်။ ကုမ္ပဏီကြီးနဲ့နှိုင်းယှဉ်ပါက ပိုင်ဆိုင်မှုနည်းပါးတဲ့ SME  များမှာ အခက်အခဲနဲ့ ပိုမိုရင်ဆိုင်ခဲ့ရပြီး၊ လုပ်ငန်းပိတ်သိမ်းရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော် စီးပွားရေးနဲ့ ကုန်သွယ်မှုကော်မရှင်လက်အောက်မှာ SME  ဌာနခွဲ တစ်ခုကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ ချေးငွေစနစ်တစ်ခုကို ထူ ထောင်ပြီး၊ ကုမ္ပဏီသစ်များ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးခဲ့ပါ တယ်။ ၂၀၀၇ ခုနှစ်မှာ တရုတ်နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ အနက် SME  များက ၉၉ ဒသမ ၇ ရာခိုင်နှုန်းထိ ဖွံ့ဖြိုးလာခဲ့ ပါတယ်။ SME   များက တရုတ်ပို့ကုန်လုပ်ငန်းရဲ့ ၆၈ ရာခိုင်နှုန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တစ်နှစ်ကို အလုပ်အကိုင်သစ် ၇၅ ရာခိုင်နှုန်း ထိ ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒေသဆိုင်ရာအစိုးရများက SME များအတွက် ထောက်ပံ့မှု များကို ပိုမိုဆောင်ရွက်ပေးခဲ့ရပါတယ်။ ဒေသဆိုင်ရာ အစိုးရအဖွဲ့ အများစုက မိမိတို့ဒေသတွင်းသို့ နည်းပညာနဲ့ အဆင့်မြင့် ထုတ်ကုန် များ ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ဆွဲဆောင်နိုင်မည့် နည်း လမ်းများကို ရှာဖွေခဲ့ကြပါတယ်။မလေးရှားနိုင်ငံက ၂၀၀၄ ခုနှစ်မှာ National SME Development Council(NSDC)ကို စတင်ထူထောင် ခဲ့ပြီး SME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။NSDC  က အမြင့်ဆုံးမူဝါဒ ချမှတ်ရေးအဖွဲ့အစည်း ဖြစ်ပါတယ်။ ကောင်စီရဲ့ အဓိကတာဝန်က  စီးပွားရေးကဏ္ဍအားလုံးမှာ   SME  ဖွံ့ဖြိုးတိုး   တက်ရေးမဟာဗျူဟာတွေ ချမှတ်ပေးဖို့၊ သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့အေဂျင်စီတွေကို ပေါင်းစပ်ညှိနှိုင်းပေးဖို့နဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားပေးဖို့စတဲ့ တာဝန်တွေကို ဆောင်ရွက် ပေးပါတယ်။ ထို့အပြင် မလေးရှားနိုင်ငံအတွင်းမှာ ချမှတ်ထားတဲ့ SME  ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ထိထိရောက်ရောက် အကောင် အထည်ဖော်ပေးနိုင်ဖို့ဖြစ်ပါတယ်။NSDC  က တာဝန်ယူဆောင်ရွက်ပေးတဲ့ အစီအစဉ်တွေထဲ မှာ ငွေကြေးထောက်ပံ့မှုကိုရရှိနိုင်အောင် ဆောင်ရွက်ဖို့၊ ဘဏ္ဍာရေး ဖွဲ့စည်းတည်ဆောက်မှုနဲ့ အကြံပေး၊ ပြန်ကြားရေး၊ လေ့ကျင့်ရေး လုပ်ငန်းတွေ ဖော်ဆောင်ပေးဖို့နဲ့ ဈေးကွက်ရှာဖွေရေးလုပ်ငန်းမှာ ပေါင်းစပ်ညှိနှိုင်းပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ထိုမျှမက စီးပွားရေးကဏ္ဍအသီးသီးမှာရှိတဲ့ SME  တွေရဲ့ တိုးတက်မှုအခြေ အနေစောင့်ကြည့်လေ့လာပြီး SME  ဒေတာဘေ့စ်ကို ကျယ်ကျယ် ပြန့်ပြန့်တည်ဆောက်ဖို့ ဖြစ်ပါတယ်။NSDC  ကို ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးစီးပြီး SME  ဖွံ့ဖြိုး တိုးတက်ရေးနဲ့ သက်ဆိုင်တဲ့ဝန်ကြီးဌာနနဲ့ အေဂျင်စီ ၁၉ ခုမှ ဝန်ကြီး များနဲ့ အေဂျင်စီခေါင်းဆောင်များ ပါဝင်ပါတယ်။ အတွင်းရေးမှူး အဖြစ် မလေးရှားဗဟိုဘဏ်က ဆောင်ရွက်ပါတယ်။ယခုအခါ မြန်မာနိုင်ငံမှာ စက်မှုကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပွဲတွေ  ကျင်းပလျက်ရှိရာ သက်ဆိုင်ရာနယ်ပယ် တွေက stake holder တွေအားလုံး ပါဝင်ဆွေးနွေးလျက်ရှိပါတယ်။ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းကောင်းတွေကို ဆွေးနွေးဖော်ထုတ်ပြီး မျှဝေဆောင်ရွက်သွားနိုင်မယ် ဆိုရင် အမျိုး သားစက်မှုဖွံ့ဖြိုးမှု မူဝါဒတစ်ရပ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင် မယ်လို့ ယုံကြည်ပါတယ်။