လွန်ခဲ့သည့် ဇူလိုင် ၃၀ နှင့် ၃၁ ရက်နေ့တို့ တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသ များ၌ လျှပ်စစ်မီးပြတ်တောက်သွားခဲ့သည်။ နိုင်ငံ လူဦးရေ၏ ထက်ဝက်ခန့် (သန်း ၆၀၀ ကျော်) မှောင်ကျသွား သည်။ ကျောက်မီးသွေးတွင်း အလုပ် သမားများ မြေအောက်မှာပိတ်မိနေသည်။
ယာဉ် ထိန်းမီးပွိုင့်များ မလင်းနိုင်တော့ဘဲ ယာဉ်ကြော အားလုံး တုံ့ဆိုင်းသွားသည်။ ဆေးရုံများမှာလည်း ဓာတ်အားမရနိုင်တော့ပေ။ အရန်မီးစက် အဆင် သင့်စီစဉ်မထားသည့် စီးပွားရေးလုပ်ငန်းများ လက် မှိုင်ချနေကြရသည်။သြဂုတ်လ တစ်ရက်နေ့ရောက်မှ မီးပြန်လာ သည်။ မီးနှစ်ရက်ပျက်ပြီး မှောင်ကျသွားခဲ့သော် လည်း လုယက်မှု၊ သတ်ဖြတ်မှုများ မဖြစ်ပေါ်ခဲ့ သည့်အတွက် ဂုဏ်ယူစရာဖြစ်ခဲ့သည်။ မီးပြတ် သည့် ကိစ္စအတွက် ဒေသဆိုင်ရာခေါင်းဆောင် များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အစိုးရအရာ ရှိများအကြား တာဝန်ယူရမည့်အရေးကို ရှောင်လွှဲ နိုင်ရန် အပြန်အလှန် အပြစ်တင်ပွဲကြီးကို အလျင် အမြန် စတင်ခဲ့ကြသည်။ မျှတသည်ဖြစ်စေ၊ မမျှတ သည်ဖြစ်စေ နှစ်ရက်ကြာမီးပြတ်ခဲ့သည့်ကိစ္စသည် လက်ရှိအာဏာရ ကွန်ဂရက်ပါတီကိုတော့ ထိခိုက် စေမှာဖြစ်သည်။အိန္ဒိယနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနိုင်ငံရေး၏ နောက်တွင် ပြဿနာကြီးသုံးရပ်က တရစ်ဝဲ၀ဲ ရှိနေ သည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်စေသည့် ချို့ယွင်းအားနည်းချက်၊ စွမ်းအင်ကဏ္ဍ၏ ပိုမိုကျယ် ပြန့်သော အကျပ်အတည်းများနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အရှိန်တန့်သွားစေနိုင်သည့် လမ်း များနှင့် ဓာတ်အားဖြန့်ဖြူးရေးတို့ကဲ့သို့ အခြေခံ အဆောက်အအုံ ယိုယွင်းညံ့ဖျင်းမှုဟူသည့် အခက် အခဲများဖြစ်သည်။ အချို့ပြည်နယ်များက အမျိုး သား မဟာဓာတ်အားလိုင်းကွန်ရက်မှ မိမိတို့ရရှိ သည့်ခွဲတမ်းထက် ပိုပြီးသုံးစွဲ ခဲ့ခြင်းကြောင့် ဖြစ်သည် ဟု နည်းပညာပိုင်းအရသုံးသပ်ကြသည်။ ထိုမဟာ ဓာတ်အားလိုင်းကွန်ရက်မှ ပြည်နယ် ၅ ခုသို့ ချိတ် ဆက်ခွဲဝေပေးခြင်းဖြစ်သည်။ ဓာတ်အား ပိုမိုသုံး စွဲရခြင်းမှာ မုတ်သုံမိုးမရွာသဖြင့် လယ်ထဲသို့ ရေ သွင်းစိုက်ပျိုးရန် လယ်သမားများက လျှပ်စစ်ဓာတ် အားသုံး ရေစုပ်စက်များ သုံးစွဲရခြင်းကြောင့်ဖြစ် သည်။တကယ်တော့ ဓာတ်အားပို့လွှတ်ရေးကွန် ရက်တွင်သာ ချို့ယွင်းချက်ရှိနေသည်မဟုတ်ပေ။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မကြာခဏ ဖြစ်ပွားတတ်သည်မှာ အိန္ဒိယနိုင်ငံအတွက် ထုံးစံ တစ်ခုလိုဖြစ်နေသည်။ ထို့ကြောင့်ပင် လေဆိပ်များ၊ ကုမ္ပဏီကြီးများတွင် ကိုယ်ပိုင်ဓာတ်အားပေး စက်များ အရန်သင့်တပ်ဆင်ထားရသည်။ လျှပ်စစ် ဓာတ်အားလိုအပ်မှုသည် ရှေ့လာမည့်ဆယ်စုနှစ် အတွင်း နှစ်ဆအထိ တိုးလာဦးမည်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ခြင်း၊ နိုင်ငံသားများက ရုပ်မြင်သံကြားစက်၊ ကွန်ပျူတာ၊ ရေခဲသေတ္တာ စသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝယ်ယူသုံးစွဲ လာကြခြင်းတို့ကြောင့် ဓာတ်အားလိုအပ်ချက် မြင့် တက်လာရခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဓာတ်အား ပေးစက်ရုံသစ်များတည်ဆောက်ရေးတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖြစ်ထွန်းလာဖွယ်ရှိသည်။ သို့ဆိုလျှင် နိုင်ငံပိုင် လက်ဝါးကြီးအုပ်စီးပွားရေး လွှမ်းမိုးနေသည့် အိန္ဒိယနိုင်ငံအတွက် ကြီးမားသော အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ဖြစ်လာနိုင်သည်။သို့သော်လည်း နိုင်ငံတော်က ချုပ်ကိုင် ထားသည့် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းမှ ကျောက်မီးသွေးလောင်စာကို ဓာတ်အားထုတ်လုပ် ရေးအတွက် လုံလောက်အောင် တူးဖော်မပေးနိုင် ခြေ။ ထို့ပြင် လျှပ်စစ်ဓာတ်အားကို ကျောက်မီး သွေးထွက်သည့် နိုင်ငံအရှေ့ပိုင်း ပြည်နယ်များမှ စက်မှုလုပ်ငန်းများတည်ရှိရာ အနောက်ပိုင်းဒေသ သို့ ညံ့ဖျင်းသောဓာတ်အားပို့လွှတ်ရေးစနစ်ဖြင့်ပင် ပို့ပေးနေရသည်။ ထို့ကြောင့်ပင် ဓာတ်အားပြတ် တောက်မှုကို မကြာခဏ ကြုံတွေ့နေရခြင်းဖြစ် သည်။ ဒေသဆိုင်ရာ ဓာတ်အားဖြန့်ဖြူးရေးလုပ် ငန်းအများစုသည် နိုင်ငံပိုင်လုပ်ငန်းများဖြစ်နေပြီး၊ ယင်းလုပ်ငန်းများမှာ အရှုံးပေါ်ကြသဖြင့် ဒေဝါလီ ခံရလုနီးဖြစ်နေသည်။ နိုင်ငံရေးသမားများက ထောက်ပြကြသလို အရေးယူ အပြစ်ပေးမှုနည်းပါးသဖြင့် တောင်သူ လယ်သမားများ အပါအဝင် လူအများအပြားက လျှပ်စစ်ဓာတ်အားကို အခမဲ့အသုံးပြုခွင့်ရနေကြ သည်။ ရိုးရိုးရှင်းရှင်း ခိုးယူသွယ်တန်းခြင်းဖြင့် အခမဲ့ သုံးစွဲနေကြခြင်းဖြစ်သည်။ ပုဂ္ဂလိက ကဏ္ဍမှ ဓာတ် အားပေးစက်ရုံများမှာ လောင်စာမလုံလောက်ခြင်း နှင့် ဓာတ်အားသုံးစွဲသူဖောက်သည်များ တွင် ငွေ ကြေးအကျပ်အတည်း မကြာခဏဖြစ်ပေါ်တတ် ခြင်းတို့ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရ လျက်ရှိသည်။ ထို့ကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံရ မည့် ဓာတ်အားပေးလုပ်ငန်း စီမံကိန်းသစ်များမှ ဆုတ်ခွာသွားကြခြင်းဖြစ်သည်။ အကောင်အထည် ပေါ်မလာနိုင်တော့သည့် စီမံကိန်းလုပ်ငန်းသစ် များကြောင့် ဘဏ်လုပ်ငန်းများတွင်လည်း ချေးငွေ ပြန်မဆပ်သည့်ပြဿနာကို ရင်ဆိုင်ကြရသည်။ ဓာတ်အားပေးလုပ်ငန်းကဏ္ဍမှ ပြဿနာများသည် အခြား စီးပွားရေးကဏ္ဍများသို့ ကူးစက်ပြန့်ပွား သွားခြင်းဖြစ်သည်။ဒေလီမြို့တွင် လေဆိပ်သစ် ဆောက်လုပ် ခြင်း၊ ဘန်ဂလိုမြို့တွင် မြေအောက်ရထားလမ်း တည်ဆောက်ခြင်းနှင့် နိုင်ငံတစ်ဝန်းလုံးနီးပါးတွင် မိုလ်ဘိုင်းဖုန်း အဆက်အသွယ်ရရှိလာခြင်းစသည့် စီးပွားရေး ကျောထောက်နောက်ခံပြုလုပ်ငန်းများ ကို လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းမှာ အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့တိုင်အောင် စီးပွား ရေး၏ အသက်သွေးကြောဖြစ်သည့် လျှပ်စစ် ဓာတ်အားမရရှိလျှင် ထိုလုပ်ငန်းများမှာ အချည်းနှီး သာ ဖြစ်နေပေလိမ့်မည်။ အိန္ဒိယနိုင်ငံ၏ နှစ်စဉ် စီးပွားရေးဖွံ့ဖြိုးမှု ၈ ရာခိုင်နှုန်းနှင့်အထက် စဉ် ဆက်မပြတ် တိုးတက်စေရန်အတွက် အခြေခံ အဆောက်အအုံကဏ္ဍတွင် ပြည်တွင်းထုတ်လုပ်မှု တန်ဖိုး(ဂျီဒီပီ)၏ ဆယ်ပုံတစ်ပုံအထိ နှစ်စဉ်ရင်းနှီး မြှုပ်နှံရန်လိုအပ်သည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြကြသည်ဟု ဆိုပါသည်။Ref; The Economist