Main menu

Background

ကုန်သွယ်ဖွံံ့ဖြိုးမှုမှတစ်ဆင့် ရေရှည်တည်တံ့သော လယ်ယာဖွံ့ဖြိုးရေး (Sustainable Agriculture Through.Trade Development)

Wed, 08/29/2012 - 05:16 -- Anonymous (not verified)

မြန်မာနိုင်ငံသည် ယနေ့တိုင် လယ်ယာကဏ္ဍကို အဓိက အား ထားနေရသလို စုစုပေါင်းလူဦးရေ၏ အများစု (သုံးပုံ နှစ်ပုံ) ၏ အသက်မွေးဝမ်းကြောင်းသည် လယ်ယာကဏ္ဍအပေါ် အမှီပြုနေရ သောကြောင့် လယ်ယာကဏ္ဍဖွံံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမကဘဲ ကျေးလက်ဆင်းရဲ မှု လျော့ချ ရေးအတွက်ပါ အရေးပါသောကြောင့်  လက်ရှိအချိန်တွင် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အထူးအားသွန် ဆောင်ရွက်ရတော့ မည်ဖြစ်သည်။

အစိုးရသစ်လက်ထက်နိုင်ငံတော်၏ စီးပွားရေးကို ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးနေသည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး အဘက်ဘက်မှ ပြုပြင် ပြောင်းလဲမှုများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတိုင်းနီးပါး အပြင်ကိုရှုမျှော်သည့် စီးပွားရေး ပေါ်လစီ             (Outward  Looking Economic Policy) ကို ကျင့်သုံးနေခြင်း ၊ ယခုအခါ Globalization အရှိန်အဟုန် မြင့်မားလာ မှုနှင့်အတူ နိုင်ငံ တိုင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့နိုင်ငံများနှင့် ပေါင်းစပ် ဆောင်ရွက်မှု(Global Integration)ပေါ် မူတည်လာသည့် အတွက် နိုင်ငံတကာ ကုန်သွယ်မှုနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်သည့် အဓိကတွန်းအားများပင် ဖြစ်လာသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့် မားခဲ့သည့်  အာရှနိုင်ငံများ၏ အတွေ့အကြုံအရ ကုန်သွယ်မှုကဏ္ဍ သည် ဦးဆောင်ကဏ္ဍမှ ပါဝင်ခဲ့ပြီး နိုင်ငံတိုင်း ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံ(Export Led Growth Model) ဖြင့် တိုးတက်လာခဲ့ ပေသည်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုမြင့်မားခဲ့သော ထိုင်း ၊ ဗီယက်နမ် တို့၏ အတွေ့အကြုံအရ ကမ္ဘာ့ဈေးကွက်ဝင် အရည်အသွေးမီ သီးနှံများ၊ စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်မှုအပေါ် အခြေခံလျက် ရှိ ပေသည်။ မြန်မာ့လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန် လက်ရှိ လယ်ယာကဏ္ဍတွင် ဖြစ်ပေါ်နေသော အခြေအနေများ၊ တွေ့ကြုံနေ ရမည့် အခက်အခဲများ၊ အတားအဆီးများကို မှန်မှန်ကန်ကန် သုံးသပ် ဖြေရှင်းပေးရန် လိုအပ်သလို တစ်ဖက်မှာလည်း လက်တွေ့ကျသည့် နည်းဗျူဟာများ (Pragmatic Strategies) များ ချမှတ်ဆောင်ရွက် ရမည် ဖြစ်ပေသည်။ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သော လေ့လာချက်များတွင် အောက်ခြေလယ်သမားအများစုမှာ  မိရိုးဖလာလယ်ယာစိုက်ပျိုးရေး ကိုသာ လုပ်ကိုင်နေသေးခြင်း (Traditional Agriculture)၊ စိုက်ပျိုး ရေးအတွက် အရင်းအနှီး လုံလောက်စွာမရှိခြင်း  (Inadequate Working Capital)၊ ဈေးကွက်ဈေးနှုန်း နည်းပညာ သတင်းအချက် အလက် ရရှိမှုနိမ့်ကျခြင်း (low access to Information)၊ လယ် သမားများ ဈေးကွက်ေ ပါက်ဈေးဖြင့် ရောင်းချနိုင်သော ဈေးကွက်များ မရှိသေးခြင်း (Less Of  Market)စသည့် အခြေခံကျသည့် အချက် များသည် လက်ရှိလယ်ယာ ကဏ္ဍ၏ အဓိကရင်ဆိုင်တွေ့ကြုံနေရ သည့် အခက်အခဲများဖြစ်ပြီး၊ လယ်ယာကဏ္ဍ၏ မဖွံ့ဖြိုးမတိုးတက်ရ ခြင်း၏ အကြောင်းရင်းများပင်ဖြစ်သည်။ ဘာကြောင့်မိရိုးဖလာ စိုက် ပျိုးရေးကို လုပ်ဆောင်နေရသလဲ ဆိုသည့်အချက်ကို ဆန်းစစ်မည် ဆိုပါက လယ်သမားအများစုသည် ယခင်က ပြုလုပ်နေ ကျ ဖြစ်သော စိုက်ပျိုးရေးစနစ်များအတိုင်း ပြောင်းလဲမှုမရှိသလို နှစ်စဉ်အထွက်မှ မျိုးချန်ပြီး စိုက်ပျိုးသည့် အလေ့အထ ရှိသောကြောင့် မျိုး၏အာနိသင် ကျဆင်းလာမှုမှတစ်ဆင့် အထွက်နှုန်းကို လျော့နည်းစေသလို ထွက်လာသည့် သီးနှံ၏ အရည်အသွေးကိုလည်း လျော့နည်းစေ သည်။ ထို့အတွက် အထွက်ကောင်းမျိုးများ ၊ Hybrid Seeds မျိုးမှာ အထူးစိုက်ပျိုးရန် အထူးလိုအပ်နေပြီဖြစ်သည်။ လယ်သမား လူတန်းစားသည် အသိပညာနိမ့်ကျမှုနှင့်အတူ လယ်ယာလုပ်ငန်းကိုသာ မိသားစုစားဝတ်နေရေးအတွက် အဓိကမှီခို နေရသဖြင့်  တစ်ခုခုကို ပြောင်းလဲလုပ်ကိုင်ရန် အင်မတန် ခက်ခဲပါ သည်။အကြောင်းမှာမသေချာမှုကြောင့်တစ်နှစ်လွဲချော်ခဲ့ပါလျှင် ကြွေး မြီတင်ရှိမှု သုံးလေးနှစ်ဆပ်၍ မဆုံးနိုင်အောင်ပင် ဖြစ်လေ့ရှိပေသည်။ ဆိုလိုသည်မှာ လယ်သမားများသည် စွန့်စားမှုမလုပ်လိုသူများ (risk Avoiders) ဖြစ်ပြီး လက်တွေ့မျက်စိဖြင့် မမြင် မချင်း လွယ်လွယ် ကူကူ လက်ခံလေ့မရှိပေ။ ထိုအချက်သည် လယ်သမားများအား ဘယ်သီးနှံ၊ဘယ်မျိုးစိုက်ပျိုးပါဟုတိုက်ရိုက်တိုက်တွန်းခြင်း ထက် ဒေသ ရေမြေအခြေအနေ အရ လယ်သမားများ လက်ခံနိုင်မည့် အထွက်တိုး အထွက်ကောင်းနှင့်စပ်မျိုးများ၊ နမူနာ စံပြစိုက်ကွင်းများ  ကျယ်ကျယ် ပြန့်ပြန့် လယ်သမားများလက်ခံ စိုက်ပျိုးလာအောင် ကြိုးစားသင့်ပါ သည်။ အရေးကြီးသည့်အချက်မှာ စိုက်ပျိုးသူ လယ်သမားများ ကိုယ် တိုင်က မျိုးစေ့များ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် အမှန်တကယ် အကျိုး ရှိပြီး ကြိုက်နှစ်သက် လက်ခံမှသာ ရေရှည်တည့်တံ့မည် ဖြစ်သည်။
လယ်သမားများ၏ သဘောထားခံယူချက် (Mindset) ပြောင်း လဲရေး မိရိုးဖလာစိုက်ပျိုးရေး (traditional agriculture) မှ စီးပွား ဖြစ်စိုက်ပျိုးရေး (commercial  agriculture) သို့ ကူးပြောင်းနိုင်ရေး အတွက် အဓိကကျသူများမှာ လယ်သမားများဖြစ်သည့်အတွက် ၎င်း  တို့၏ လယ်ယာလုပ်ငန်း အပေါ် ထားရှိသည့် သဘောထားပြောင်း လဲရန်လိုအပ်နေပေသည်။ အထူးသဖြင့် စိုက်ပျိုးထုတ်လုပ်မှုကို မိသား စု ဝမ်းစာဖူလုံမှု ကာမိရုံနှင့် ပိုလျှံသည့်အနည်းငယ်ကို ဒေသအတွင်း ရောင်းချနေသည့် အလေ့အထမှ မိမိ၏စိုက်ပျိုးထုတ်လုပ်မှုကို ဒေသ ဈေးကွက် ပြည်တွင်းဈေးကွက်သာမကတော့ဘဲ ကမ္ဘာ့ဈေးကွက် အထိ ထိုးဖောက်နိုင်သော သီးနှံများ စိုက်ပျိုးထုတ်လုပ် လာစေရေး ပင် ဖြစ်သည်။ ဤအချက်သည် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အရေးကြီး ဆုံးဖြစ်သလို ကျယ်ပြန့်သည့်အလျှောက် အထူးဦးစားပေး ဆောင် ရွက်ရန် လိုအပ်ပါသည်။ ထိုင်း၊ ဗီယက်နမ် လယ်သမားများကဲ့သို့ မိမိလယ်ယာလုပ်ငန်းကို တန်းဖိုးထားချစ်မြတ်နိုးပြီး  ကမ္ဘာ့ဈေးကွက် ဝင် သီးနှံများထုတ်လုပ်ခြင်းအားဖြင့် မိသားစုအခြေအနေ မြှင့်တင်နိုင် သလို တိုင်းပြည်၏ စီးပွားရေးကိုလည်း အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်ကြောင်း လယ်သမားများ သိရှိဖို့လိုအပ်နေပြီဖြစ်ပေ သည်။ ထိုသို့ဆောင်ရွက်စေရေးတွင် အောက်ခြေလယ်သမားများ၏ (capacity building) စွမ်းဆောင်ရည် တည်ဆောက်ခြင်းနဲ့လည်း ဆိုင်ပေသည်၊ မြန်မာ့လယ်ယာစိုက်ပျိုးရေး တိုးတက်ဖို့ အောက်ခြေ လယ်သမားမှစတင်ပြောင်းလဲနိုင်ရန် အချိန်ကျနေပြီဖြစ်သည်။
စီးပွားဖြစ် လယ်ယာစိုက်ပျိုးရေး (Commercial Agriculture)  ပေါ်ပေါက်ရေး ဈေးကွက်စီးပွားရေးစနစ်တွင်  ကုန်ထုတ်လုပ်မှုသည် ဈေးကွက် ဝယ်လိုအားပေါ် မူတည်၍ လုပ်ဆောင်မှသာ အကျိုးအမြတ်ရရှိနိုင် မည်ဖြစ်သည်။ ထို့အတူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် လည်း ဈေးကွက် က တောင်းဆိုသော (သို့မဟုတ်) ဈေးကွက်ကလိုအပ်နေ သော ကုန်စည်များ ထုတ်လုပ်ရောင်းချနိုင်မှသာ အကျိုး အမြတ်ရှိ မည်ဖြစ်ပြီး၊ ရေရှည်တည်တံ့သော တိုးတက်မှု (Sustainable development ) ဖေါ်ဆောင်နိုင် မည် ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကလိုအပ်ချက်များမှာ လက်ရှိ စိုက် ပျိုးနေသော မျိုးကွဲပေါင်းများစွာနှင့် စိုက်ပျိုးရာမှ ဒေသအလိုက် ကိုက်ညီသည့် အထွက်ကောင်း အထွက်တိုး စပ်မျိုးများ တစ်မျိုး နှစ်မျိုး ဖြင့်  အစားထိုးရန်လိုအပ်ခြင်း၊ အထွက်တိုးမျိုးများ ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ကုမ္ပဏီများ ထူထောင်ရန်လိုအပ် ခြင်း၊ အခြားအရေးကြီးသည့် လယ်ယာသွင်းအား စုများဖြစ်သည့် လယ်ယာသုံး စက်ကိရိယာများ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ရေ ရရှိမှု စသည်တို့ကို အချိန်မီ ရရှိစေရန် စီမံ ဆောင်ရွက် ပေးရမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း အဆိုပါ သွင်းအားစုမှာ အချိန်လိုက် သုံးစွဲနည်းနှင့် စိုက်ပျိုးနည်းစနစ်များကိုလည်းလယ်သမားများအကြား ပျံ့နှံ့အောင် ဆောင်ရွက်ရ မည်ဖြစ်သည်။ လယ်ယာဖွံ့ဖြိုးတိုးတက် ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အပိုင်း မှ ဖြည့်စွက်ဆောင်ရွက်ပေးရ မည့် အစီအစဉ် ငါးရပ်ဟု ဖွံ့ဖြိုးမှု ယေဘူယျလက်ခံထားပြီး ၎င်းတို့ မှာ--     ကျေးလက်အခြေခံအဆောက်အဦး (Infrastructure)-    ဆွဲဆောင်မှုများ     (Incentives)-    သွင်းအားစုအသုံးပြုမှု (Inputs Utilization)-    ဆည်မြောင်းရေရရှိမှု (Irrigation)-    သတင်းအချက်ရရှိစေမှု(Information) စသည့် ငါးရပ် ဖြစ် ပြီး  အတိုကောက်အားဖြင့် 5 Is  ဟု လူသိများပါသည်။
လုံလောက်သည့် လယ်ယာအရင်းအနှီး ရရှိနိုင်ရေး လယ်ယာကဏ္ဍ မဖွံ့ဖြိုးရသည့် အခြေခံအကြောင်းရင်း တစ် ရပ်မှာ လုံလောက်သည့် လယ်ယာ အရင်းအနှီး မရရှိမှုသည် ထင်ရှား သည့် လက္ခဏာ တစ်ရပ်ဖြစ်ပြီး စစ်တမ်းများအရ ကျေးလက်ချေးငွေ ရရှိမှု၏ သုံးပုံနှစ်ပုံခန့်သည်  Informal Sector   ဟုဆိုသည့် ပုဂ္ဂလိက ငွေချေးသူများထံမှ မြင့်မားသောအတိုးနှုန်းဖြင့် ယူနေရဆဲပင် ဖြစ် သည်။ ဆန်စပါးစိုက်ပျိုးသော လယ်သမားများအတွက် တစ်ဧကလျှင် ယခင်ကျပ် ၄၀၀၀၀ မှ ယခုအခါကျပ် ၅၀၀၀၀ အထိ တိုးမြှင့်ပေး ခဲ့သော်လည်း တစ်ဧက ထုတ်လုပ်မှု  ကုန်ကျစရိတ် ပျမ်းမျှ ကျပ် တစ်သိန်းခွဲမှ နှစ်သိန်းအထိ ကုန်ကျနေသောကြောင့် ပျမ်းမျှ သုံးပုံ တစ်ပုံသာ ကာမိပေသည်။ အမှန်တကယ်မူ ကျေးလက်ဒေသများ တွင်တရားဝင်ဖွင့်လှစ်ထားသည့် ဘဏ္ဍာရေးအဖွဲ့အစည်းများ (Financial Institutions)  မရှိသေးသည့်အတွက်လည်း လယ်ယာ စိုက် ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးမှုဘဏ်တစ်ခုတည်းသာ အကန့် အသတ် ဖြင့် ချေးငွေပေးနေရဆဲ ဖြစ်သည်။ လယ်သမားများ အများစုသည် အစဉ်အလာအားဖြင့် ကျင့်သုံးခဲ့သည့် ပင်ထောင်စနစ်ဖြင့် ငွေချေး သည့်နည်းလမ်း (လက်ရှိစိုက်ပျိုးသည့် သီးနှံကို ကြိုရောင်းခြင်း) ကို သာ အားကိုးနေရဆဲ ဖြစ်သည်။ ပင်ထောင်စနစ်ကြောင့် ပေးသည့် အတိုးနှုန်းသည် အနည်းဆုံး ၁၀၀ ရာခိုင်နှုန်းထက် မလျော့ကြောင်း သုတေသနစာတမ်းများကဖော်ပြကြပါသည်။လယ်ယာမဲ့များအတွက် အတိုးနှု န်းကြီးမြင့်သော နေ့ပြန်တိုးစနစ်ဖြင့် တရားမဝင်ချေးငွေကို သာ အားကိုးနေရသည်။ လက်တွေ့ကျေးလက် ဒေသ များ၌ ချေးငွေ (တရားဝင် ချေးငွေနှင့် တရားမဝင်ချေးငွေ နှစ်မျိုးစလုံး ) ရရှိနိုင်မှု အားနည်းနေသည့် အတွက် ကျေးလက်ဒေသတွင် လည်ပတ် အရင်း အနှီး (working capital) ယခုထက်ပိုမိုရရှိမှသာ စီးပွားဖြစ် လယ်ယာ စိုက်ပျိုးရေးကို ဖော်ဆောင် နိုင်မည်ဖြစ်သည်။ ထို့အတွက် ကျေးလက် ဒေသအရင်း အနှီးပိုမိုရရှိနိုင်ရေးနည်းလမ်းလေးသွယ်ဖြင့်ဖော်ပြပါမည်။
နည်းလမ်း (၁) - ပုဂ္ဂလိကဘဏ်များအား လုပ်ကိုင်ခွင့်ပြုခြင်း ယခုအခါ လယ်ယာမြေဥပဒေသစ်ကို ပြဌာန်းပြီးသည့်အတွက် လယ်ယာမြေပေါင်နှံ၊ ရောင်းချ၊ လွှဲပြောင်းခြင်းတို့ကို တရားဝင် ပြု လုပ်ခွင့်ရှိလာမည်ဖြစ်သည်။ထို့အတွက် လယ်ယာမြေများကို အပေါင် ခံ၍ ငွေချေးခြင်းလုပ်ငန်းကို နိုင်ငံပိုင်ဘဏ်များ သာမကဘဲ ပုဂ္ဂလိက ပိုင်ဘဏ်များကိုပါ စနစ်တကျလုပ်ကိုင် ခွင့်ပြုခြင်းအားဖြင့် လယ် သမားများ လိုအပ်နေသည့် အရင်းအနှီးကို အတိုင်းအတာတစ်ခု အထိ ဖြည့်စွမ်းပေးနိုင်မည်ဖြစ်သည်။
နည်းလမ်း (၂)- ကျေးလက်ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ (Rural Financial Institutions) တည်ဆောက်ရေး ကျေးလက်အတွင်း ငွေကြေးလည်ပတ်စီးဆင်းမှု (Rural Financial Institutions)) ရှိမှသာ ကျေးလက်ကို အခြေခံသည့် လယ်ယာလုပ်ငန်းများရော၊ လယ်ယာမဟုတ်သည့် လုပ်ငန်းများ အတွက်ပါ ချေးငွေများ ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်မည်ဖြစ်သည်။ ဆိုလို သည်မှာ ကျေးလက် ရွာကြီးများအဆင့်အထိ ကျေးလက်ဘဏ် (Village Banks) များ ထူထောင်ပေးခြင်းပင်ဖြစ်သည်။ အိမ်နီးနားချင်း နိုင်ငံများ၏ အတွေ့အကြုံအရ အဆိုပါဘဏ် များသည် ကျေးလက်ချေးငွေရရှိရာ အဓိက ဇာစ်မြစ်များဖြစ်ကြောင်း တွေ့ရသည်။ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးရေးသာမကဘဲ လယ်ယာ မဟုတ်သောလုပ်ငန်းများဖွံ့ဖြိုးရေးကိုပါ အားပေးသောကြောင့် ကျေး လက်နေပြည်သူများ၏ လူနေမှုဘဝမြှင့် တင်ရေးအတွက်  အရေးပါ ပေသည်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးမှု အစီ အစဉ်တွင် ကျေးရွာဘဏ် များ၏ ဖွင့်လှစ်ဆောင်ရွက်မှုကြောင့် ကျေး လက်အခြေခံလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာမှုကြောင့် အောင်မြင်သည့် အတွေ့အကြုံများ ရှိခဲ့ပေသည်။ ယခုအချိန် မြန်မာနိုင်ငံကျေးလက် ဒေသများတွင် လယ်သမားကြီးများအနေဖြင့် ယခင်ကထက် စီးပွား ရေးကောင်းလာမှုနှင့်အတူ ငွေပိုငွေလျှံများရှိလာကြပြီး မိမိအိမ် တွင်သာ သိမ်းထားခြင်းကြောင့် ငွေသေများအဖြစ် ရှိနေသလို တစ် ဘက်တွင်လည်းငွေကြေးအရင်းအနှီးလိုအပ်သည့် လယ်သမားငယ် များနှင့် လယ်ယာမဲ့များရှိနေပေသည်။ ထို့အတွက် ကျေးလက် အတွင်း ငွေကြေးလည်ပတ်နိုင်ေ သာ ကျေးလက်ဘဏ်လုပ်ငန်းများ ထူထောင်ခြင်းမှတစ်ဆင့် လယ်ယာစိုက်ပျိုးရေးအတွက်သာမကဘဲ ကျေးလက် အခြေခံအသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်း များ၊ဝန်ဆောင်မှုလုပ်ငန်းများတိုးတက်မှုအတွက်ပါများစွာ အထောက် အပံ့ ပြုနိုင်ပါသည်။
နည်းလမ်း (၃)- ကန်ထရိုက် လယ်ယာစနစ်တိုးချဲ့ရေး အရင်းအနှီးနှင့် ဈေးကွက်အာမခံချက်ရှိသော ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနှင့်လယ်သမားများ အကျိုးတူ ပူးပေါင်း ဆောင်ရွက် ခြင်းအားဖြင့် စီးပွားဖြစ်လယ်ယာ၌ လိုအပ်သော အရင်းအနှီးသာ မကဘဲ သွင်းအားစုများနှင့် နည်းပညာများ ရရှိစေပြီး လယ်သမားများ အတွက် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်သည့် နည်းလမ်းဖြစ်သည်။
နည်းလမ်း(၄)-အသေးစားချေးငွေလုပ်ငန်းများ (microfinance) တိုးချဲ့ရေး ကျေးလက်ဒေသများအတွက် အခြားအရင်းအနှီးဇာစ်မြစ်တစ်ခု မှာကျေးလက်အသေးစား ငွေချေးလုပ်ငန်း များဖြစ်ပြီး ယခုအခါ နိုင်ငံ တော်မှ အသေးစားချေးငွေလုပ်ငန်း ဥပဒေ (Microfinance Law) ပြဌာန်းပြီး ဖြစ်သည့် အလျောက် နိုင်ငံတကာမှအဖွဲ့အစည်းများ၊ INGOs များအပြင် ပြည်တွင်း INGO များပါ လုပ်ပိုင်ခွင့်ပြုထားပြီး ယနေ့အထိ အဖွဲ့အစည်းနှင့် ကုမ္ပဏီပေါင်း ၇၀ ကျော် လုပ်ကိုင် ခွင့်ပြုထားကြောင်း သိရသည်။အိမ်နီးနား ချင်းနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် ကျေးလက်အသေးစားငွေချေးလုပ်ငန်းများ၏ အခန်းကဏ္ဍ ယခင်က အရေးမပါခဲ့ေ သာ်လည်း ယခုအခါ အဓိကလိုအပ်နေသော အသေးစားချေးငွေလုပ်ငန်း ဥပဒေ ပေါ်ထွက်လာမှု ကြောင့် ကျေး လက်၏အရင်းအနှီးလိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်းဖြည့်စွမ်းနိုင်တော့ မည်ဖြစ်သည်။ ကိန်းဂဏန်းများအရ ၂၀၀၉ -၂၀၁၀ ခုနှစ်တွင် မြန်မာ နိုင်ငံ၌ရှိသော အသေးစားချေးငွေသည် စုစုပေါင်း ဒေါ်လာသန်း ၂၇ သန်း ဝန်းကျင် ရှိပြီး၊ လိုအပ်ချက်မှာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ ဝန်းကျင်လိုအပ်ကြောင်း ခန့်မှန်းတွက်ချက်မှုများရှိသော ကြောင့် အသေးစားငွေချေးလုပ်ငန်းများ များစွာလိုအပ်နေကြောင်း ဖော်ပြနေသည်။
ထိရောက်သည့် သတင်းအချက်အလက် ဆက်သွယ်ရေးကွန်ရက် (effective information network ) တည်ဆောက်ရေး
ရိုးရာလယ်ယာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိူးသို့ ပြောင်းလဲစေရန်အတွက်အထူးလိုအပ်နေသည့် အချက်မှာ ကျေး လက်အရောက်အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်နေသောသတင်းအချက် အလက်များကို လယ်သမားများ လက်ခံရယူနိုင်မှုအားနည်းနေခြင်း ပင်ဖြစ်သည်။ အထူးသဖြင့် လယ်ယာသီးနှံများ ၏ ပြည်တွင်း ပေါက် ဈေးနှုန်းများ၊ နိုင်ငံတကာဈေးနှုန်းများ၊ ကမ္ဘာ့ဈေးကွက်များ စိုက်ပျိုး ရေးနှင့်ပတ်သက်သည့် အထွက်တိုးမျိုးများ၊ စပ်မျိုးများ ဈေးကွက်ဝင် သီးနှံများ၊ စိုက်ပျိုးရေးနည်းပညာများ ပြောင်းလဲနေသည့်ရာသီဥတု အခြေအနေ၊ ကျရောက်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များ စသည့်သတင်းများ လယ်သမားများအတွင်း အချိန်မီရရှိ ရေး အထူး အရေးကြီးပါသည်။ ထို့အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခု မှာ ကျေးလက် အရောက် လယ်သမားအများစု တတ်နိုင်သည့် မိုဘိုင်း ဖုန်း (mobile phones)များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်စေရန် စီစဉ်ပေးခြင်းပင် ဖြစ်သည်။ အိမ်နီးနားချင်းနိုင်ငံများမှ လယ်သမား များ လယ်ယာလုပ်ငန်းလုပ်ကိုင်ရင်း မိုဘိုင်းဖုန်းဖြင့်သတင်းအချက် အလက်များရယူသည့်ပုံများ အင်တာနက်တွင် မကြာမကြာတွေ့မြင် နေရမည်ဖြစ် သည်။ သို့သော် မြန်မာနိုင်ငံ၌မူ ကျေးလက်လယ်သမား အများစုသည် မိမိထုတ်လုပ်သောသီးနှံများ၏ မြို့များတွင် ဖြစ်ပေါ် နေသည့် ဈေးကွက်ပေါက်ဈေးများ နိုင်ငံတကာဈေးနှုန်များ မသိရှိ ကြဘဲ သီးနှံပေါ်ချိန်တွင် ရွာအရောက် လာရောက် ဝယ်ယူကြသည့် ပွဲစားများမှတစ်ဆင့်နိမ့်သောဈေးနှုန်းဖြင့်သာ ရောင်းချနေဆဲဖြစ် သည်။ လေ့လာချက်များအရ အဆိုပါအလေ့အကျင့်သည့် ယနေ့ တိုင်အောင် လယ်သမားများ အများဆုံးကျင့်သုံးေ နသည့် ရောင်းချမှု စနစ်ဖြစ်ကြောင်းသိရသည်။ ၎င်းအချက်မှာလယ်သမား များ ဈေးကွက် ဈေးနှုန်းသတင်း အချက်အလက်များ လက်ခံရရှိမှု အထူး အားနည်း နေကြောင်းဖော်ပြသည်။ ယနေ့အထိ သတင်းအချက်အလက်များကို မြို့ပေါ်အရောက်အပေါက်များသည့် ရွာသား အချင်းချင်းထံမှသာ ရရှိနေကြောင်း လယ်ယာစစ်တမ်းများက ဖော်ပြကြသည်။
လက်ကားကုန်စည်ဒိုင်များ (comodity exchanges) ကျယ်ကျယ် ပြန့်ပြန့် ထွန်းကားလာရေး လက်ရှိဖြစ်ပေါ်နေသော လယ်ယာကဏ္ဍ၏ အခြေခံ အခက် အခဲများဖြစ်သည့် သီးနှံပေါ်ချိန် ဈေးနှုန်း နိမ့်ကျမှု/အရည်အသွေးမီ သီးနှံများထုတ်လုပ်မှု အားနည်းခြင်း၊ ဈေးကွက်က တောင်းဆိုသော သီးနှံများအချိန်မီ မစိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရေးအတွက် ငွေအရင်း အနှီး လုံလောက်မှုမရှိခြင်း၊ ဈေးကွက်နှင့် ဈေးနှုန်းများ စိုက်ပျိုးရေး နည်းစနစ်နှင့် နည်းပညာများ ရာသီဥတု စသည့်သတင်းအချက် အလက်များ ရယူမှုအား နည်းခြင်းစသည့် အခြေခံ အခက်အခဲများကို လက်ကားကုန်စည်ဒိုင်များ တစ်ပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ တည်ဆောက်ခြင်းဖြင့် ဖြေရှင်းနိုင်သည့်အပြင် မှန်ကန်သော ရောင်း ဝယ်မှုစနစ်နှင့် အရည်အသွေးကို အပြည်အ၀ အာမခံနိုင်ခြင်းကြောင့် စီးပွားဖြစ်လယ်ယာပေါ်ထွန်းရေးအတွက် အဓိက တွန်းအားတစ်ရပ် ပင် ဖြစ်သည်။ လက်ကားကုန်စည်ဒိုင်များတည်ဆောက်ရာတွင် ခေတ် မှီ သိုလှောင်ရုံများပါ ပါဝင်သည့်အလျှောက်လယ် သမားများ ဈေး ကွက် ပေါက်ဈေးနှုန်း ဖြင့် လာရောက်ရောင်းချနိုင်သလို မရောင်းချ လိုသေးပါက အပ်နှံထားမည်ဆိုလျှင်လည်း လိုင်စင်ရ အရည်အသွေး စစ်ဆေးသူများက စစ်ဆေးလက်ခံပြီး လက်ခံပြေစာ ထုတ်ပေးခြင်း အားဖြင့် လယ်သမားသည် ၎င်းပြေစာအား ပေါင်ထားခြင်း၊ ရောင်းချ ခြင်း၊ လွှဲပြောင်းခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သီးနံှ၏ အရည်အသွေး အဆင့်အတန်းအရ ဈေးနှုန်းများကွာဟချက်ကို လယ် သမားများ ကိုယ်တိုင်တွေ့ရှိရမည်ဖြစ်ရာ အရည်အသွေး ကောင်း သီးနှံများ ပိုမိုထုတ်လုပ်လာရေး ကို စေ့ဆော်မည်ဖြစ်သည်။ ထို့အပြင် လက်ကားကုန်စည်ဒိုင်များသည် ဈေးကွက်နှင့် ဈေးနှုန်းသတင်းများ၊ ရာသီဥတုအခြေအနေနှင့်သဘာဝဘေးအန္တရာယ်၊အချိန်နှင့်တပြေးညီ ဈေးကွက်က တောင်းဆိုသော သီးနှံများ၊ စိုက်ပျိုးရေးနည်းလမ်းသစ် များ အထွက်တိုးအထွက်ကောင်း မျိုးများ ဖြန့်ဝေရာ စင်တာလည်း ဖြစ်လာနိုင်ပေသည် ။ ပစ္စည်းမှန် ဈေးမှန် အရည်အသွေးမှန် ရောင်း ဝယ်မှန်ဟူသော အချက်များအပေါ် အခြေခံထားသည့်အတွက် စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးပေါ်ထွန်းစေရန် အထောက်အကူ ဖြစ်သလို လက်ကားကုန်စည်ဒိုင်များမှတဆင့် အဓိကနိုင်ငံခြား ကုန် သွယ်မှုပြုသည့်မြို့ကြီးများဖြစ်သည့် ရန်ကုန်-မန္တလေးတို့တွင် အပြည် ပြည်ဆိုင်ရာနှင့် ချိတ်ဆက်အရောင်းအဝယ် ပြုနိုင်သည့် အပြည်ပြည် ဆိုင်ရာ ကုန်စည်ဒိုင်ကြီးများ (International Commodity Exchange) အဆင့်အထိ တိုးချဲ့ လုပ်ကိုင်ရမည်ဖြစ်သည်။ အဆိုပါ ဒိုင်ကြီးများ၏ ရောင်းဝယ်မှုအားလုံးကို electronic trading   စနစ် အရ ကျင့်သုံးမည်ဖြစ်ပြီး၊ bonded ware- houses  များပါ ပါဝင် သည့်အတွက် နိုင်ငံတကာစံချိန် စံညွှန်းများနှင့်ကိုက်ညီသော အရည် အသွေးကိုထိန်းသိမ်းနိုင်ခြင်း၊ အပ်နှံထား သည့် သီးနှံများအပေါ် ချေး ငွေရရှိနိုင်ခြင်း၊အာမခံစနစ်များပါရှိ၍ မဆုံးရှုံးနိုင်ခြင်း၊ ကုန်စည်မရှိပဲ လေရောင်းေ လဝယ်စနစ်မလုပ်နိုင်ခြင်း ၊ အနာဂတ်ကာလတစ်ခု အတွက်ကြိုတင်ရောင်းဝယ်နိုင်ခြင်းတို့ကြောင့် လယ်သမားများ ကြိုက် ဈေးဖြင့် ရောင်းဝယ်နိုင်ခြင်း၊ နိုင်ငံတကာသို့ တဦးချင်း ရောင်းချမှု မဟုတ်တော့ဘဲ ဒိုင်ကြီးများမှတစ်ဆင့် အာမခံဖြင့် ရောင်းချသော ကြောင့် ယခင်ကကဲ့သို့ ဝယ်သူဈေးကွက် (byer market) မဟုတ် တော့ဘဲ ရောင်းသူ ဈေးကွက် (seller market) ဖြစ်ပေါ်လာခြင်း၊ အရောင်းအဝယ်များမြင်သာထင်သာရှိ၍ မှန်ကန်သောရောင်းဝယ် မှုများနှင့် ကျသင့်သောအခွန်အခများ အပြည့်အဝရရှိစေခြင်း၊ နိုင်ငံ တကာဈေးကွက်များသို့ အရည်အသွေးမှီ ကုန်စည်များဖြင့် ပိုမို ဝင်ရောက်နိုင်မှုတို့ကြောင့် စဉ်ဆက်မပြတ် စီးပွားဖြစ်လယ်ယာ စိုက် ပျိုးရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
မရှိမဖြစ်တိုးချဲ့ရတော့မည့် R & D (သုတေသနနှင့် ဖွံံ့ဖြိုးမှု) ကမ္ဘာ့ဈေးကွက်ကို အဓိက ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ရည် ရွယ်ထုတ်လုပ်နိုင်ရေးအတွက် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေ သော ကမ္ဘာ့ဈေးကွက်အခြေအနေ၊ ပြိုင်ဘက်နိုင်ငံများ၏ ထုတ်လုပ်မှု အခြေအနေ၊ ရာသီဥတု ပြောင်းလဲမှုများ ဈေးကွက်ကတောင်းဆို သော သီးနှံတစ်မယ်ချင်းစီ၏ အရည်အသွေးနှင့် အရေအတွက် တိုး တက်စေရေး၊ သုတေသနပြု လေ့လာချက်များ ၊ အဆိုပါသီးနှံများနှင့် ဆက်စပ်နေသော လယ်ယာအခြေပြု လုပ်ငန်းများ၊ ထုတ်လုပ်သော သီးနှံများ နိုင်ငံတကာ၌ ယှဉ်ပြိုင်နိုင်စေရန် အရေးပါသည့် သယ်သူ ပို့ဆောင်ရေးလမ်းများ၊ ဆိပ်ကမ်းများ၊ ဘဏ်လုပ်ငန်းများ ၊ သင်္ဘော တင်လုပ်ငန်းများ၊ ကွန်တိန်နာလုပ်ငန်းများစသည့် logistics များ အထိရောက်ဆုံးနှင့်စရိတ်အနည်းဆုံး ဖြစ်ပေါ်စေနိုင်သည့် နည်းလမ်း များ ရှာဖွေရေးတွင် စိုက်ပျိုးထုတ်လုပ်သည်မှ  တင်ပို့ရောင်းချသည် အထိ Supply chain တလျောက်လုံး အဆင့်တိုင်း ထိရောက်သည့် သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည် ဖြစ် ပါသည်။ တွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်း အဖွဲ့များ၊ လုပ်ငန်းများသို့ သိရှိစေပြီး လိုအပ်ချက်များကို အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်မှသာ ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှု ရရှိနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ထုတ်လုပ်ထားသော ဈေးကွက်ဝင်သီးနှံများ ပြည်ပ၌ ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြင့်တက်နိုင် ရန်အတွက် Supply chain တလျောက်လုံးတွင် ပါဝင်သည့် လုပ်ငန်းများအားလုံး စွမ်းဆောင်ရည်အပြည့်အဝဆုံးနှင့် စရိတ် အနည်းဆုံးဖြစ်မှသာ ပြည်ပဈေးကွက်၌ ပိုမိုထိုးဖောက်ဝင်ရောက် နိုင်မှာဖြစ်ပြီး၊ ၎င်းမှတစ်ဆင့် တည်ငြိမ်သောဈေးကွက်နှင့် ပုံမှန် တင် ပို့သူအဖြစ် ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ လယ်ယာကုန်စည် များ၏ ကုန်သွယ်ရေး တိုးတက်မှုရှိမှသာ ရေရှည်တည်တံ့သော လယ် ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှု ဖြစ်ပေါ်စေပြီး ၎င်းမှတဆင့် ကျေးလက် ဆင်း ရဲမှုကို သိသိသာသာ လျော့ကျစေခြင်းနှင့် တိုင်းပြည်စီးပွားရေ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်သည်။ ထို့အတွက် လယ်ယာကုန်စည်များ၏ ပြည်ပတင်ပို့မှု တိုးချဲ့ ထုတ်လုပ်တင်ပို့ခြင်းဖြင့် စဉ်ဆက်မပြတ် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှုကို အောက်ပါအတိုင်းဖွံ့ဖြိုးတိုးတက်မှု ပုံစံအတိုင်း လုပ် ဆောင်နိုင်ပါသည်။ အထက်ပါ ဖွံ့ဖြိုးမှုပုံစံ Development Model အရ စီးပွားဖြစ် လယ်ယာပေါ်ထွန်းရေးတွင် နိုင်ငံတော်အပိုင်း၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များအပိုင်း၊ လယ်သမားများအပိုင်းဟူ၍ အဓိက အပိုင်း ကြီး သုံးပိုင်း ဟန်ချက်ညီညီ Public Private Partnership (PPP)  ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်သော်လည်း နိုင်ငံတော်အပိုင်းမှ ဦးဆောင်ဦးရွက်ပြုရမည်ဖြစ်သည်။ ထို့အတူ ကုန်သွယ်မှုတိုးချဲ့နိုင်ရန်အတွက် ဈေးကွက်သုတေသန နှင့်ဖွံ့ဖြိုး ရေး လုပ်ငန်းများသာမကဘဲ Supply Chain  တစ်လျှောက် အကျုံးဝင်သော လုပ်ငန်းများနှင့်ဆိုင်သည့် သုတေသနလုပ်ငန်းများ Logistic နှင့်ဆိုင်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ရမည် ဖြစ်ပြီး တွေ့ရှိချက်များကို ဌာန ဆိုင်ရာ များက လိုက်ပါဆောင်ရွက်ရန်လိုပါသည်။ အထက်ပါ ဖွံ့ဖြိုးမှုပုံစံ၏ အနှစ်ချုပ် ဆိုရသော် ကမ္ဘာ့ဈေးကွက်မှ တောင်းဆိုသော သီးနှံများကို ဖော်ထုတ် ပြီး အဆိုပါ သီးနှံများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ မျိုးစေ့ ထုတ်လုပ် သောသူများနှင့် မျိုးစေ့ကုမ္ပဏီများ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အခြားသွင်း အားစုထုတ်လုပ်သောလယ်ယာအခြေခံလုပ်ငန်းများသို့ အမြန်ဆုံး အကြောင်း ကြားထုတ်လုပ်စေပြီးအသုံးပြုမည့်မျိုးစေ့များ၊ စိုက်ပျိုးမှုနှင့် ပတ်သက်သော နည်းပညာများကို Extension Services များမှတစ်ဆင့် လယ်သမားထုတွင် ပြန့်နှံနေပြီး၊ အခြားလယ်သမားများ လိုအပ်သည့် ပံ့ပိုးမှုများကို သက်ဆိုင်ရာ အသင်း အဖွဲ့များ၊အထူးပြုကုမ္ပဏီများ၊ INGOs , NGOs များမှ ပံ့ပိုးထုတ်လုပ် စေခြင်းဖြစ်သည်။ ထွက်လာသည့် လယ်ယာကုန်စည်များကို ဈေးကွက်ရောက် သည်အထိ လိုအပ်သော  Logistic  အပိုင်းတွင်လည်း အထိရောက်ဆုံးနှင့် စွမ်းဆောင်ရည် အပြည့်ဆုံး နည်းလမ်းများဖြင့် ဆောင်ရွက်စေခြင်းဖြင့် လယ် ယာထွက်ကုန်များ ပို့ကုန်များ၏  ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြှင့် တင်နိုင်မှုမှတစ်ဆင့် ရေရှည်တည်တံ့သော ဈေးကွက်နှင့် ပုံမှန်တင်ပို့သူအဖြစ် ရပ်တည်နိုင်မှာဖြစ်ပြီး ၎င်းမှတစ်ဆင့် စဉ်ဆက်မပြတ် လယ်ယာဖွံ့ဖြိုးတိုးတက်မှု ကို ရရှိနိုင်မှာ ဖြစ်သည်။*    စာရေးသူသည် ယခင် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင် များအသင်းချုပ်တွင် သုတေသန တာဝန်ခံအဖြစ် ၂၀၀၅ မှ ၂၀၀၉ ခုနှစ်အတွင်း နှစ်စဉ်ကွင်းဆင်း ပြုလုပ်ခဲ့သော လယ်ယာသုတေသန လုပ် ငန်းများ၊ ၂၀၁၀ ခုနှစ် UNDP (မြန်မာရုံး)ပေါ်လစီယူနစ်ဌာန၌ ရေးသား ခဲ့သော လယ်ယာနှင့် ကျေးလက်ဖွံ့ဖြိုးရေး စာတမ်းများအပေါ် အခြေခံ၍ ရေးသားခြင်း ဖြစ်ပါသည်။