ယခုသီတင်းပတ် အိန္ဒိယအချို့ဒေသတွေမှာ မိုးရွာသွန်းမှု တိုးတက်လာပြီး အချို့ပြည်နယ်တွေမှာ မိုးသည်းထန်ခဲ့ပါ တယ်။ ဒါပေမဲ့လည်း အချို့ဒေသတွေမှာတော့ မိုးရွာသွန်းမှုက ပုံမှန်အောက် လျော့နည်းနေ ဆဲ ဖြစ်ပါတယ်။ သြဂုတ်လ ဒုတိယပတ် ပဲစိုက်ပျိုးမှုမှာတော့ ယခင်တစ်ပတ်ထက် တိုး တက်လာပေမဲ့ ပုံမှန်နှစ် ကာလတူ ထက်တော့ လျော့နည်းနေ ဆဲရှိပါတယ်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ သြဂုတ်လ ၉ ရက်နေ့အထိ မိုးပဲစိုက်ပျိုးမှု စာရင်းကိုကြည့်ရင် ဟက်တာ ၇၄ ဒသမ ၄၈ သိန်း စိုက်ပျိုးထားပြီးဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ကာလတူ စိုက်ပျိုးမှုဟက်တာ ၈၉ ဒသမ ၃ သိန်းထက် နည်းလာသလို ပုံမှန်စိုက်ပျိုးမှုဟက်တာ ၉၂ ဒသမ ၈၁ သိန်းထက်လည်း လျော့ကျနေပါတယ်။
ဝယ်လိုအားဆက်ပါးနေလို့ ပဲဈေးများဆက်လျော့လာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဈေးအမြင့်နဲ့ ဝယ်ယူ မှုပါးနေတဲ့အတွက် ဒီတစ်ပတ်မှာလဲ မတ်ပဲဈေး ဆက်အေး နေပါတယ်။အထူးသဖြင့် မတ်ပဲ SQ ဈေးလျော့ကျခဲ့ပါ တယ်။ ပဲစိုက်ပျိုးတဲ့ ဒေသအချို့မှာ မိုးရွာသွန်းမှု တိုးတက်လာလို့ ပဲစိုက်ပျိုးမှုကောင်းလာမယ့် အခြေအနေတွေအရ ဝယ်ယူမှုပါး နေကြတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ ပြည်နယ် အားလုံးရဲ့ မတ်ပဲစိုက်ပျိုးမှုမှာ ဟက်တာ ၁၉ ဒသမ ၅ သိန်းရှိလို့ ပြီးခဲ့တဲ့ နှစ် ကာလတူစိုက်ပျိုးတဲ့ ဟက်တာ ၁၉ ဒသမ ၄ သိန်းထက် ဟက်တာ တစ်သောင်းပိုမိုပေမဲ့ ပုံမှန်စိုက် ဧရိယာဟက်တာ ၁၉ ဒသမ ၉ သန်းထက်တော့ လျော့ကျ သေးတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ချန်နိုင်း ဆိပ်ကမ်းကို မြန်မာမတ်ပဲ ကွန်တိန်နာ ၃၈၅ လုံးဝင်ရောက် တယ်လို့ သိရပါတယ်။ အလားတူ ပဲစင်းငုံဈေးလည်း ဆက်ပြီးကျဆင်းနေပါ တယ်။ ယခုရက်ပိုင်းအတွင်း အိန္ဒိယမှာ ပွဲတော်ရက် များ ကြောင့် ဈေးကွက်များပိတ်တဲ့အတွက် အရောင်းအဝယ်လည်း ပါးနေတယ်လို့ သိရပါတယ်။ သြဂုတ် ၉ ရက်အထိ ပဲစင်းငုံ အားလုံး စိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၃၁ သိန်းရှိပြီးဖြစ်လို့ ပြီးခဲ့တဲ့နှစ် ကာလတူစိုက်ပျိုးမှု ဟက်တာ ၃၁ ဒသမ ၆ သိန်းနဲ့ ယှဉ်ရင် ဟက်တာ ၆ သောင်းလောက်လျော့ကျပေမဲ့ ပုံမှန် စိုက်ဧရိယာဟက်တာ ၃၄ ဒသမ ၁ သိန်းနဲ့ ယှဉ်ရင်တော့ စိုက်ပျိုးမှု ဟက်တာ ၃ သိန်းခန့်လျော့ကျတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် အတွင်း ချန်နိုင်းဆိပ်ကမ်းကို မြန်မာပဲစင်းငုံ ကွန်တိန်နာ ၂၂ လုံးဝင်ရောက်ကြောင်း သိရပါတယ်။ ချန်နိုင်း ဆိပ်ကမ်းမှာ မြန်မာပဲစင်းငုံ C & F ဈေး တစ်တန် ကန်ဒေါ် လာ ၈၅၀-၈၅၅ နဲ့ အမြင့်ဆုံးရှိပြီး မာလာဝီပဲစင်းငုံသစ် မှာ တစ်တန်ကန်ဒေါ်လာ ၆၅၀-၆၆၀ နဲ့ ကမ်းလှမ်းဈေးရှိတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က တည်ငြိမ်နေတဲ့ ပဲတီစိမ်းဈေးက ယခုတစ်ပတ်မှာတော့ အခြားပဲဈေးတွေလို ဘဲ လျော့ကျလာ ပါတယ်။ အချို့ဈေးကွက်တွေကို ဥတ္တရာပရာဒေ့ရှ်နဲ့ ကာနာ တာကာက ပဲအသစ်ဝင်ရောက်မှု အချို့ရှိနေတယ်လို့ သိရပါ တယ်။ ဒါ့အပြင် အင်ဒိုနီးရှား၊ မြန်မာ၊ သြစတြေးလျ၊ မိုဇမ်း ဘစ်က ပဲတီစိမ်းတွေလဲ တင်သွင်းနေရာ သြဂုတ်လ ၃ ရက်မှ ၁၃ ရက်ထိစုစုပေါင်း ဝင်ရောက်မှုဟာ ကွန်တိန်နာ ၃၃ လုံး ရှိတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်မှာတော့ တန်ဇန်း နီးယား ပဲတီစိမ်းပြီးရင် ဈေးအကောင်းဆုံး က မြန်မာပဲတီ ရွှေဝါဈေးပဲဖြစ်ပါတယ်။ ကုလားပဲလက်ငင်းဈေးငြိမ်နေပေမဲ့ ကြိုပွိုင့်ဈေးမြင့် တက်လာပါတယ်။ လက်ငင်းဈေးကွက်တွေ မှာ ရောင်းချမှုပါး သလို ယခုရက်ပိုင်း အဝယ်လည်းအေးတဲ့အတွက် ဈေးငြိမ် နေပေမဲ့ မိုးနည်းတဲ့အတွက် မိုးပဲအထွက်လျော့ကျနိုင်ခြင်း ကြောင့် ကြိုပွိုင့်ဈေးကတော့ မြင့်လာပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မိုးရွာသွန်းမှုတက်လာလို့ ပဲစိုက်တောင်သူ တွေအတွက် အစိုဓာတ်ရရှိလာကြတယ်လို့ သိရပါတယ်။ ကုလားပဲ စိုက်ပျိုးမှုကို အောက်တိုဘာလမှာစတင်မှာဖြစ်လို့ မြေအစိုဓာတ်ပေါ်မူတည်ပြီး ကုလားပဲစိုက်ပျိုးမှု တိုးတက်မှာ ဖြစ်ပါတယ်။ ယခင်းခင်