၂၀၀၈ ခုနှစ်တွင် ဘဏ္ဍာရေးအကျပ် အတည်းကြုံခဲ့ရာမှ ပြန်လည်နာလန်ထူနိုင်ရန် ရုန်း ကန်နေရဆဲ အနောက်နိုင်ငံများက အာရှကိုကြည့် ကာ ဝန်တိုမိကြမည်မှာသဘာဝကျပါသည်။ အမေ ရိကန်တွင် အိမ်ရာဈေး ကွက်ပျက်ပြီး၊ အလုပ်လက် မဲ့ဖြစ်မှုများကို ထွေးပိုက်ထားရသည်။ ဥရောပ နိုင်ငံများမှာတော့ ကြွေးမြီပြဿနာနှင့် ရင်ဆိုင်နေ ကြရသည်။
ထိုစဉ်မှာ အာရှနိုင်ငံများ (ဂျပန်နိုင်ငံမှ အပ)တွင် စီးပွားရေးအင်အား၊ ဓနဥစ္စာနှင့် ယှဉ် ပြိုင်နိုင်စွမ်းတို့ တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာခဲ့ သည်။ အာရှနိုင်ငံများ ထောင်တက်လာခြင်း သည် လွန်ခဲ့သည့် ရာစုနှစ်ဝက်အတွင်း အရေး အပါဆုံးတစ်ခုတည်းသော စီးပွားရေးလမ်းကြောင်း (Economic trend)တစ်ခုဖြစ်နေ သည်။ သို့သော် လည်း တစ်ချိန်တည်းမှာ ယင်းအချက်ကို လက်မခံ နိုင်သည့်သဘောထားများလည်း ရှိနေသည်။ အာရှ သည်လည်း ကိုယ့်ပြဿနာနှင့်ကိုယ် အခက်အခဲ များရင်ဆိုင်နေရသည်ဟုဆိုကြသည်။ ထိုအခက် အခဲများကြောင့် အံ့မခန်းစီးပွားရေး အောင်မြင် မှုများ ကတိမ်းကပါးနှင့် လမ်းချော်သွားစေနိုင် သည်ဟု သုံးသပ်ကြသည်။အာရှတွင်ချမ်းသာကြွယ်ဝမှု အစပြုလာ သည့်တိုင် ဖွံ့ဖြိုးတိုးတက်မှု ရှေ့တန်းရောက်နှင့် နေသည့် အနောက်နိုင်ငံများအပေါ် အတိုင်းအဆ ကြီးမားစွာ အမှီပြုနေရဆဲဖြစ်သည်။ အနောက် နိုင်ငံများတွင် စီးပွားရေးနာလန်ထမှု နှေးကွေး နေသည့်အလျောက် အာရှနိုင်ငံများ၏ ပို့ကုန် ရောင်းချမှု၊ ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့် ဂျီဒီပီ တိုးတက်မှုနှုန်းတို့မှာလည်း နှေးကွေးကျဆင်းလျက် ရှိသည်။ တရုတ်နိုင်ငံ၏ ၂၀၁၂ ခုနှစ် စီးပွားရေး စွမ်းဆောင်မှုသည် ၁၃ နှစ်တာအတွင်း အဆိုးဝါး ဆုံးဖြစ်နေသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယ သုံးလပတ်အတွင်း ဖွံ့ဖြိုးမှုနှုန်းသည် သုံးနှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ရောက်နေသည်။ အိန္ဒိယနိုင်ငံ ၏ဖွံ့ဖြိုးမှုမှာ တုန်လှုပ်ရဖွယ် ထိုးကျသွားခဲ့သည်။ ဖွံ့ဖြိုးဆဲအာရှနိုင်ငံများ၏ စီးပွားရေးတိုးတက်မှု သည် ၂၀၁၂ ခုနှစ်အတွင်း ၇ ဒဿမ ၁ ရာခိုင် နှုန်းသာရှိလိမ့်မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) က ခန့်မှန်းထားသဖြင့် မဆိုးလှသေး ဟု ဆိုနိုင်သည်။ သို့သော်လည်း ၂၀၁၀ပြည့်နှစ်က ၉ ဒဿမ ၇ ရာခိုင်နှုန်းအထိ စံချိန်တင်တိုးတက် ခဲ့ရာမှ ကျဆင်းလာခြင်းဖြစ်၍ အကျသက်သာ သည်ဟု မဆိုနိုင်ပေ။ယင်းသို့ကျဆင်းနေခြင်းမှာ ယာယီအခိုက် အတန့် သံသရာလည်သည့်ဖြစ်စဉ်ဟုသာ အာရှ နိုင်ငံအများစုက ယူဆထားကြသည်။ အလွယ် တကူ ရရှိလာမည့် ငွေကြေးအနည်းအကျဉ်း အဆုံး ခံပြီး၊ ကမ္ဘာ့စီးပွားရေး နာလန်ထူလာမည်ဆိုပါက အဆင်ပြေသွားလိမ့်မည်ဟုသာ ခန့်မှန်းထားကြ သည်။ ထိုသို့မှန်းဆချက်မှာ အထိုက်အလျောက် မှန်နိုင်ပါသည်။ HSBC ဘဏ်လုပ်ငန်းမှ စီးပွား ရေးပညာရှင် ဖရက်ဒရစ်နျူမင်နှင့် ဆန်ချီတာ မူကာဂျီတို့၏ လေ့လာချက်တွင် လက်ရှိအကျဘက် ယိုင်လာခြင်းသည် ပိုမိုနက်ရှိုင်းမည့်အခြေအနေကို အချက်ပြနေပါသလားဟု မေးခွန်းထုတ်ခဲ့သည်။ တစ်နည်းပြောရလျှင် အာရှနိုင်ငံများ၏ အစွမ်းအစ ကုန်တော့မှာလားဟု လေ့လာခြင်းဖြစ်သည်။လာမည့်နှစ်များတွင် ရင်ဆိုင်ရမည့် စိန်ခေါ် မှုသည် အာရှနိုင်ငံများချမ်းသာကြွယ်ဝလာခြင်း၏ အကျိုးရလဒ် ဖြစ်နေသည်။ ချမ်းသာကြွယ်ဝလာ သောနိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း များ များစားစား ရရှိအောင်ဆောင်ရွက်ရန် ပိုမိုခက်ခဲ တတ်ကြောင်း သမိုင်းကြောင်းအရ သိနိုင်ပေ သည်။ လယ်ယာကဏ္ဍမှ လုပ်ခဈေးချိုသော အလုပ်သမားများကို စက်မှုလုပ်ငန်းကဏ္ဍသို့ ရွှေ့ ပြောင်းအသုံးချခြင်းဖြင့် အာရှနိုင်ငံများက ထုတ် လုပ်မှုစွမ်းရည်ကို မြှင့်တင်နိုင်သည်ဟု လေ့လာသူ စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။ ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လက်ခံ ခြင်းဖြင့် ရရှိလာသည့်နည်းပညာသစ်များကို ကုန် ထုတ်စွမ်းရည်မြှင့်တင်ရာတွင် ထပ်မံအားဖြည့် နိုင်သေးသည်။ထုတ်လုပ်မှုစွမ်းရည် တိုးမြင့်လာခြင်းကြောင့် လုပ်ခမြင့်တက်လာသည့်ပြဿနာများကို တွေ့ကြုံ ရမည်ဖြစ်ပြီး၊ နိုင်ငံစီးပွားရေးသည်လည်း စက်မှု စီးပွားရေးပုံစံသို့ ပြောင်းလဲလာသည်။ ကုမ္ပဏီများ အဆင့်နှင့် တစ်နိုင်ငံလုံးအဆင့် နှစ်ရပ်စလုံးတွင် စွမ်းဆောင်ရည် ထိရောက်ကောင်းမွန်လာခြင်း၊ ခေတ်မီနည်းပညာ အသုံးပြုနိုင်ခြင်းနှင့် စီမံခန့် ခွဲမှုကောင်းမွန်လာခြင်းတို့ကြောင့် ကုန်ထုတ်စွမ်း ရည်တိုးတက်လာခြင်းဖြစ်သည်။ သို့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရှေ့တန်းရောက်နိုင်ငံ အဆင့်သို့ တိုက်ရိုက်တက်လှမ်းရန် မလွယ်ကူပေ။ ထိုသို့ မတက်ရောက်နိုင်သေးမီတွင် အလယ် အလတ်ဝင်ငွေထောင်ချောက် (Middle-income trap) ထဲမှာသာ ကပ်ကျန်နေတတ်သည်။ ကမ္ဘာ့ စီးပွားရေးတွင် ထိပ်တန်းအဆင့်သို့ မရောက်နိုင်ဘဲ ဝင်ငွေအဆင့်အကန့်အသတ်ကို မကျော်လွန်နိုင် ဖြစ်နေခြင်းကို ဆိုလိုသည်။လေ့လာချက်အရ အာရှနိုင်ငံများတွင် ပိုမို ချမ်းသာကြွယ်ဝလာသည်နှင့်အမျှ စီးပွားရေးဖွံ့ဖြိုး မှု နှေးကွေးကျဆင်းလာကြောင်း တွေ့ရသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွက် ဝယ်ယူနိုင် စွမ်းညီမျှနှုန်း(Purchasing power parity,PPP) အပေါ်အခြေခံသည့် ဝင်ငွေအဆင့်များနှင့် နှစ်စဉ် ပျမ်းမျှဂျီဒီပီတို့ကို ပုံပြဇယား (Graph) ဆွဲကြည့်ရာ ဝင်ငွေနိမ့်သော နိုင်ငံများသည် ဝင်ငွေမြင့်မားသော နိုင်ငံများထက် ဖွံ့ဖြိုးမှုနှုန်း ၂ ရာခိုင်နှုန်း ပိုများ ကြောင်း တွေ့ရသည်။ အဆိုပါ PPP အခြေခံ သည့်ဝင်ငွေများကို အမေရိကန်နိုင်ငံ၏ ဝင်ငွေေ၀ စုအဖြစ် ၁၉၇၀ ပြည့်နှစ်နှင့် ၂၀၀၉ ခုနှစ်တို့ အတွက် ဇယားဆွဲကြည့်သည်။ ဖွံ့ဖြိုးမှုနှုန်းစဉ် ဆက်မပြတ်မြင့်မားသည့် အာရှနိုင်ငံများသည်ပင် ပိုမိုမြင့်မားသည့် ဝင်ငွေအဆင့်သို့ တက်လှမ်းရန် မလွယ်ကူသေးကြောင်း တွေ့ရသည်။ အချုပ်ပြော ရလျှင် အံ့မခန်း စီးပွားရေးစွမ်းဆောင်မှုများကို ဆက်လက်ရှင်သန်စေလိုပါက ပြုပြင်ပြောင်းလဲ မှုများကို အပြင်းအထန် ဆောင်ရွက်ရမည်ဖြစ် သည်။ မူဝါဒချမှတ်သူများအနေဖြင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို မပြုလုပ်နိုင်ပါလျှင် ယနေ့ အနောက်နိုင်ငံများ ရင်ဆိုင်နေရသည့် ပြဿနာများကို အာရှနိုင်ငံများ ကြုံတွေ့လာရ လိမ့်မည်ဟု ဆိုပါသည်။ Ref; business.time.com