Main menu

Background

အိန္ဒိယပဲစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးရွာသွန်းမှုများလာလို့ ပဲဈေးအခိုက်အတန့်လျော့ကျလာ

Fri, 08/31/2012 - 06:05 -- Anonymous (not verified)

အိန္ဒိယနိုင်ငံ ပဲစိုက်ပျိုးတဲ့ပြည်နယ်တော်တော်များများမှာ မိုးသည်းထန်နေပြီး၊ မဒ္ဒရာပရာဒေ့ရှ်မှာ မိုးကြီးလာလို့ အချို့မြေနိမ့် ပိုင်းတွေမှာ ရေလွှမ်းမိုးတဲ့ အခြေအနေရှိလာပါတယ်။ မိုးရွာသွန်းမှု တိုးတက်လာပေမယ့် သြဂုတ် ၁၆ ရက်အထိ တစ်နိုင်ငံလုံး မိုးပဲ စိုက်ပျိုးမှုကတော့ ဟတ်တာ  ၈၅ ဒသမ ၃၂ သိန်းသာရှိသေးလို့ ယခင်နှစ် ကာလတူစိုက်ပျိုးမှု ဟတ်တာ ၉၇ ဒသမ ၃၈ သိန်းနဲ့ ယှဉ်ရင် ဟတ်တာ ၁၂ ဒသမ ၀၆ သိန်းလျော့ကျနေသေး တယ်လို့ သိရပါတယ်။

ပဲတစ်မျိုးချင်းစိုက်ပျိုးမှု အနေအထားကတော့ ပဲစင်းငုံဟတ် တာ ၃၃ ဒသမ ၈၂ သိန်းစိုက်ပျိုးထားပြီးဖြစ်လို့ မနှစ်က စိုက် ဟတ်တာ ၃၅ ဒသမ ၀၃ သိန်းနဲ့ယှဉ်ရင် ၃ ဒသမ ၄၅ ရာခိုင်နှုန်း လျော့ကျနေပေမယ့် မတ်ပဲကတော့ ဟတ်တာ ၂၁ ဒသမ ၂၄ သိန်းရှိပြီး၊ ယခင်နှစ်က ဟတ်တာ ၂၀ ဒသမ ၆၃ သိန်းရှိလို့ ၆ ဒသမ ၀၄ ရာခိုင်နှုန်း ပိုမိုစိုက်ပျိုးထားကြောင်း သိရပါတယ်။ ဒါ ပေမယ့် ပဲတီစိမ်းမှာ စုစုပေါင်း ဟတ်တာ ၁၇ သိန်းသာရှိလို့ ယခင် နှစ် စိုက်ဟတ်တာ ၂၁ ဒသမ ၂၈ သိန်းနဲ့ယှဉ်ရင် ၂၀ ဒသမ ၁၁ ရာခိုင်နှုန်း လျော့ကျသလို အခြားပဲစိုက်ပျိုးမှုမှာလည်း ဟတ်တာ ၁၃ ဒသမ ၂၆ သိန်းရှိလို့ ယခင်နှစ်စိုက်ဟတ်တာ ၂၁ ဒသမ ၀၄ သိန်းနဲ့ ယှဉ်ရင် ၃၆ ဒသမ ၉၈ ရာခိုင်နှုန်းအထိ လျော့ကျတာ တွေ့ရပါတယ်။ အိန္ဒိယပဲလက်ကားဈေးကွက်တွေမှာ မတ်ပဲက ဒီတစ်ပတ် လည်းဆက်ပြီး အကျဘက်ဆင်းနေတာတွေ့ရပါတယ်။ ပွဲတော် ပိတ်ရက်များအပြီးမှာ ပဲခွဲစက်များက ဝယ်လိုအားပါးပြီး အရောင်း အဝယ်အေးနေတယ်လို့ သိရပါတယ်။ မြန်မာမတ်ပဲ FAQ  ဈေးက တစ်တန် ကန်ဒေါ်လာ ၁၀ ခန့် ကျဆင်းခဲ့ပြီး၊ပြည်တွင်းမတ်ပဲ ဈေးကတော့ ဈေးလျှော့ကျမှုနည်းတာ တွေ့ရပါတယ်။ လက်ရှိ အချိန်ထိ မတ်ပဲစိုက်ပျိုးပြီးစီးမှုက မနှစ်ကထက် ပိုမိုနေတဲ့အတွက် ကုန်သည်များက လက်ရှိဈေးအမြင့်မှာ ဝယ်ယူမှုနှေးကွေးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဓိက ဈေးကွက်တွေဖြစ်တဲ့ မွန်ဘိုင်း၊ ဒေလီ၊ ချန်နိုင်းတို့မှာ ပြည်တွင်းပဲစင်းငုံဈေး ပြောင်းလဲမှုနည်းပေမယ့် ဒီတစ်ပတ်မြန်မာ ပဲစင်းငုံ လီမွန်ဈေး အနည်းငယ်အေးတာတွေ့ရပါတယ်။ ပဲစင်းငုံ စိုက်ပျိုးမှု လျော့ကျတဲ့အတွက် အထွက်လျော့မယ် ခန့်မှန်းချက်တွေ အရ ပဲခွဲစက်တွေ ဝယ်ယူမှုရှိလာလို့ လာမယ့်ရက်တွေမှာတော့ ဈေး ခိုင်မာဖွယ် ရှိနေပါတယ်။ ကုန်သည်တွေရဲ့ ခန့်မှန်းချက်အရ ဒီနှစ်ပဲစင်းငုံအတွက် ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လု့ိ သိရ ပါတယ်။ပြည်တွင်းပဲစင်းငုံလက်ကျန်လည်း ၁၀ ရာခိုင်နှုန်းခန့်ထိ ကျဆင်းနေပြီဖြစ် တဲ့အပြင် ကာနာတာကာနဲ့ မဟာရပ်ရှတရာမှ ပဲအသစ်ဝင်ရောက်မှုကလည်း ဒီဇင်ဘာနဲ့ ၂၀၁၃ ဇန်နဝါရီလ လောက်မှ ဝင်ရောက်ဖွယ်ရှိလို့ ပဲစင်းငုံဈေးက မြင့်တက်အုံးမယ်လို့ ပဲလက်ကားကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲစင်းငုံအနိမ့်ဆုံး ထောက်ပံ့ ဈေးနှုန်းက လက်ရှိဈေးကွက်ပေါက်ဈေးနဲ့ယှဉ်ရင် တစ်တန်ရူပီး ၁၀၀၀၀(ကန်ဒေါ်လာ ၁၈၁)ခန့် အောက်မှာ ရောက် နေပါတယ်။ ဝယ်လိုအားပါးနေဦးမယ်ဆိုရင်တောင် ပဲစင်းငုံဈေး က တည်ငြိမ်နေမယ်လို့ ခန့်မှန်းကြပါတယ်။        ပဲတီစိမ်းဈေးကတော့ တည်ငြိမ်နေပါတယ်။ ဝယ်လိုအားနည်း ပေမယ့် အသစ်ဝင်ရောက်လာတဲ့ ပဲတီစိမ်းမှာ အစိုဓာတ်ပါဝင်မှု များပြီး၊ အရည်အသွေးနိမ့်တာကြောင့် လက်ရှိဈေးမှာ ငြိမ်နေပါ တယ်။ မြန်မာပဲတီရွှေဝါ၊ သြစတြေးလျ ပဲတီစိမ်းနဲ့ တန်ဇန်းနီးယား ပဲတီစိမ်းများပုံမှန် ဝင်ရောက်နေရာ သြဂုတ်လ ၂၂ ရက်မှာ သြစတြေးလျမှ ကွန်တိန်နာ ၈ လုံး၊ အာဂျင်တီးနားမှ ကွန်တိန်နာ ၂၅ လုံးဝင်ရောက်ကြောင်း သိရပါတယ်။ ပဲဈေးကွက်မှာ ကုလားပဲလက်ကျန်အလုံအလောက် မရှိ ပေမယ့် ကုန်သည်တွေက ဈေးအမြင့်မှာ အဝယ်မရှိလို့ ကြိုပွိုင့်ဈေး အနည်းငယ်လျော့ပြီး၊ လက်ငင်းဈေးကတော့ ငြိမ်သလောက်ရှိနေ ပါတယ်။ နိုဝင်ဘာ - ဒီဇင်ဘာပို့မယ့် သြစတြေးလျကုလားပဲသစ် များကို နဗားရှီးဗားဆိပ်ကမ်းမှာ တစ်တန်ကန်ဒေါ်လာ ၇၅၀ - ၇၅၅ နဲ့ဈေးငြိမ်ကမ်းလှမ်းနေပြီး၊ စက်တင်ဘာပို့မယ် တန်ဇန်း နီးယားကုလားပဲကိုတော့ တစ်တန်ကန်ဒေါ်လာ ၁၀ လျှော့ပြီး ကန်ဒေါ်လာ ၈၁၀ - ၈၁၅ ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းရွှေစင်