Main menu

Background

အိန္ဒိယပြည်တွင်း ဒေဝါလီပွဲတော်ကာလနီးချိန်အထိ ပဲမျိုးစုံဈေးနှုန်းများ မြင့်မားဦးမည် ခန့်မှန်းထား

Fri, 08/31/2012 - 06:07 -- Anonymous (not verified)

အိန္ဒိယပြည်တွင်း မုတ်သုန်မိုးရရှိမှုနည်းပါနေခြင်း၊ လူလတ်တန်းစားလူဦးရေ တိုးတက်လာခြင်းနဲ့ ပြည်တွင်း မှာပဲမျိုးစုံ ဖြန့်ဖြူးရောင်းချမှုစနစ် အားနည်းခြင်းတို့ကြောင့် ဒေဝါလီပွဲတော်ကာလနီးချိန်အထိ ပဲမျိုးစုံ ဈေးနှုန်းေ တွ မြင့်မားဦးမယ်လိ့ု အိန္ဒိယနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ တွဲဖက်အသင်းချုပ် (ASSOCHAM) က ပြောကြားတယ်။

ပဲမျိုးစုံအနက်ကုလားပဲမှာ ဈေးနှုန်းမြင့်မားမှုနှုန်း အမြင့်ဆုံးဖြစ်မယ်လိ့ုခန့်မှန်းထားတယ်။ ကုလားပဲက ၂၀၁၁ ဇွန်လမှ ၂၀၁၂ မေလထိ ကာလမှာလည်း ၉၀ ရာခိုင်နှုန်းဈေးမြင့်လာပြီးဖြစ်တယ်။ ဇူလိုင် ၂၃ ရက်က ကုလားပဲလက်ကားဈေးနှုန်းမှာ တစ်ကွမ်တယ်ကို ရူပီး ၅၂၀၀ (တစ်တန်ကို ကန်ဒေါ်လာ ၉၂၉ ဝန်းကျင်) အထိ ရောက်ရှိမြင့်မားလာပြီး လက်လီဈေးကွက်မှာ ကုလားပဲခွဲခြမ်းဈေးနှုန်းမှာ တစ်ကီလိုကို ၆၅-၇၅ ရူပီး (မြန်မာကျပ်ငွေ ၁၀၆၀ ကျပ် - ၁၁၇၃ ကျပ် ဝန်းကျင်) အထိရောက်ရှိ မြင့်မားခဲ့တယ်။ သြဂုတ်လမှာလည်း ကုလားပဲဈေးနှုန်းက တစ်ကွမ်တယ်ကို ရူပီး ၅၀၀၀ နှုန်းထားမှာသာရှိနေရာ သုံးစွဲ သူတွေရဲ့ ဝယ်လိုအားအနည်းငယ် ထိုင်းမှိုင်းလာတယ်။ ဒါ့အပြင် မုတ်သုန်ရာသီပဲတွေ စိုက်ပျိုးထားတဲ့ ရာဂျစ်စသန် နဲ့ မဒရာပရာဒေ့ရှ်တို့မှာ မိုးရွာသွန်းမှုအားကောင်းလာခြင်းကလည်း ပဲမျိုးစုံအထွက်နှုန်းအတွက် စိုးရိမ်မှုကို လျော့ပါးစေပြီး ကုလားပဲဝယ်လိုအားကို နှေးကွေးစေကာ သြဂုတ် ၂၁ ရက်နေ့က မြို့တော်ဒေလီဈေးကွက်မှာ ကုလားပဲလက်ငင်းဈေးနှုန်း တွေက တစ်ကွမ်တယ်ကို ၄၉၀၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၈၉၀ ဝန်းကျင်) အထိ ကျဆင်းလာတယ်။ ဒါပေမဲ့ ဒေဝါလီပွဲတော်မတိုင်မီကာလအထိ ကုလားပဲဈေးနှုန်းတွေက မကြုံစဖူး မြင့်မားနိုင်ဖွယ်ရှိတယ်လို့  ASSOCHAM က ခန့်မှန်းထားတယ်။ ပြည်ပဈေးကွက်တွေမှာလည်း ကုလားပဲမှာဈေးမြင့်နေပြီး ပြည်ပကုလားပဲ တင်သွင်း မှုကိုလည်း အားကိုးနေရတဲ့ အိန္ဒိယရဲ့ ပြည်တွင်းပဲဈေးနှုန်းကိုပါမြင့်မားစေတယ်။ ကုလားပဲဈေးမြင့် လာခြင်းကြောင့် အိန္ဒိယပြည်တွင်း ကုလားပဲစိုက်ပျိုးသူတွေအနေနဲ့ အကျိုးအမြတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိသာ ရရှိသော်လည်း အမှန်တကယ် အမြတ်ကြီးမြတ်သူတွေမှာ ကြားပွဲစားလှောင်လက်တွေဖြစ်ကြပြီး ၈၅ ရာခိုင်နှုန်းခန့် အမြတ်ရရှိကြတယ်လို့ သိရတယ်။                                                Source:daily.bhaskar.com, in.reuters.com, ပပ