Main menu

Background

ပစ္စည်းပိုင်ဆိုင်မှုအခွန်

Fri, 08/31/2012 - 06:39 -- Anonymous (not verified)

တရုတ်နိုင်ငံ၏စီးပွားရေးပမာဏမှာ အလွန် ကြီးမားသည်။ ကမ္ဘာ့စီးပွားရေးတွင် ပါဝင်မှုပမာဏ လည်း သိသိသာ သာကြီးမားသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏  အိမ်ရာမြေ   ပစ္စည်းဈေးကွက် (Property market) ကတော့ သက်တမ်းနုနေ သေးသည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်စုအထိ မြို့ နေလူတန်းစားတို့ သည် နိုင်ငံပိုင်အလုပ်ရှင်များ က နေရာချထားပေးသည့်  ဟောင်းနွမ်းယိုယွင်းနေ သော အိမ်တန်းလျားများမှာသာ  နေထိုင်ကြရ သည်။ ထို့နောက်မှာတော့ အိမ်ရာတည်ဆောက် ရေးလုပ်ငန်းများ ထွန်းကားလာပြီး၊ အိမ်ပိုင်ရာပိုင် ဖြင့်နေနိုင်ရေးသည် တရုတ်နိုင်ငံသားတို့၏ စိတ် ဘဝင်တွင် စွဲငြိလာသည့်  အလိုလားဆုံး ဆန္ဒဖြစ် လာသည်။ အိမ်ဈေး  အတက်အကျပြောင်းလဲမှု အင်မတန်ကြီးမားလာသည်။ ယခုတော့ မြို့ကြီး များတွင် အိမ်ဈေးမြေဈေးများ ကျဆင်းလာသည်။

အိမ်ဈေးကျဆင်းသဖြင့် ဒေသဆိုင်ရာအစိုးရ များအပေါ် အကြီးအကျယ် ရိုက်ခတ်လာခဲ့ သည်။ နိုင်ငံအစိုးရ အသုံးစရိတ်၏  ငါးပုံလေးပုံကျော်ကို တာဝန်ယူခဲ့ရသော်လည်း အခွန်အတုတ်ရငွေ ကို တော့ ဒေသဆိုင်ရာ အစိုးရများက တစ်ဝက်သာရရှိ ကြသည်။ ထိုခြားနားချက်ကို  ဖြည့်ဆည်းနိုင်ရန် အတွက်  တောင်သူလယ်သမား များထံမှ မြေယာ များကိုသိမ်းယူပြီး၊  အိမ်ရာဆောက်လုပ်ရေးလုပ် ငန်းများသို့ ပြန်ရောင်းကြ သည်။ ဆောက်လုပ်ေ ရး လုပ်ငန်းရှင်များတွင် အခက်အခဲကြုံလာရသော အခါ မြေရောင်းချရေးမှာလည်း  အဆင်မပြေဖြစ် လာသည်။ အချို့နိုင်ငံများတွင်ဈေးကွက်ပေါက်ဈေးကဲ့သို့ တန်ဖိုး တစ်ခုခုကို အခြေခံပြီး အိမ်ရာပိုင်ဆိုင်မှု အပေါ် အခွန်ကောက်ခံခြင်းဖြင့် ဘဏ္ဍာငွေ ဖြည့် ဆည်းကြသည်။ တရုတ်နိုင်ငံမှာတော့ ပစ္စည်းပိုင် ဆိုင်မှုအပေါ်အခွန် (Property tax)   ကောက်ခံ ရေးမှာ  စွန့်စားရမှုကြီးမားနိုင်သည်။ အိမ်ရာ၏ သမိုင်းတန်ဖိုးရှိမှု၊ အရွယ်အစားနှင့် အိမ်ရာရောင်း ချခြင်းတို့အပေါ် အခွန်အတုတ် အမျိုးမျိုးစည်း ကြပ်ရန် အစိုးရကကြိုးပမ်းခဲ့ပြီးဖြစ်သည်။ သို့သော် လည်း ဈေးကွက်တန်ဖိုးအပေါ် အခြေပြုစည်းကြပ် ကောက်ခံခြင်းတော့ မဟုတ်ပေ။ လွန်ခဲ့သည့်နှစ်က တော့ ချုံကင်းနှင့် ရှန်ဟိုင်းမြို့ကြီးနှစ်မြို့တွင် အဆင့် မြင့်အိမ်ရာအချို့အပေါ် ပိုင်ဆိုင်မှုအခွန်ကောက်ခံ ရန်  အစပျိုးခဲ့သည်။ ပစ္စည်းပိုင်ဆိုင်မှုအခွန်မှာ အင်မတန် ထူးခြားဆန်းပြားနေသည်။  အခွန်နှုန်း နည်းနည်းဖြင့်    စည်းကြပ်ခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံအတွက် ယခင်က မရှိခဲ့ဖူးသေးသည့် ရှေ့ပြေးနမူနာတစ်ရပ် ဖြစ်လာ သည်။ ယခုတော့ နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီးများတွင် အိမ်ရာပစ္စည်း ပိုင်ဆိုင်မှုများအပေါ်  တိုးချဲ့ကောက်ခံတော့မည် ဖြစ်သည်။ပစ္စည်းပိုင်ဆိုင်မှုအပေါ် အခွန်ကောက်ခံခြင်း  ဖြင့် တရုတ်နိုင်ငံ၏ အိမ်ရာဈေးကွက် အတက် အကျ   အရမ်း  ပြောင်းလဲနေခြင်းများ  (Wild swings)  ကို အတန်အသင့် ထိန်းကျောင်းပေးပါ လိမ့်မည်။  အကြိမ်ကြိမ် စည်းကြပ်မည်ဖြစ်၍ တက် ဈေးစောင့်ရောင်းရန် အိမ်နှစ်လုံး၊ သုံးလုံးဝယ်ကိုင် ထားပြီး အမြတ်ထုတ်မည့်သူများ အတွက် စရိတ် ထောင်းလာမည်ဖြစ်သည်။ လူမနေဘဲ အိမ်ဝယ် ထားသူများက  အိမ်ခန်းလွတ်များ ကို ဈေးကွက် ပေါက်ဈေးထက်လျှော့ပြီး ရောင်းချကြလိမ့်မည်။ သို့မဟုတ် အိမ်ငှားတင်ထားကြ လိမ့်မည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဂျပန်နိုင်ငံ၌ မြေအပေါ် အခွန်အနည်းငယ် စည်းကြပ်လိုက်သည့်အတွက် အိမ်ရာပိုင်ဆိုင်မှုဈေးနှုန်းပူဖောင်း Asset-price bubble) ဖြစ်ကာ ဈေးကွက်ပျက်သွားစေခဲ့သည် ဟု စီးပွားရေးပညာရှင်အချို့က ယူဆကြသည်။(ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းကို ပူဖောင်းဖြစ် သည်ဟု ဆိုခြင်းဖြစ်သည်။)    တရုတ်နိုင်ငံတွင်  ပစ္စည်းပိုင်ဆိုင်မှုအပေါ် အခွန် ကောက်ခံရေးမှာ လွယ်ကူမည်တော့မဟုတ် ပေ။ နေအိမ်များကို မှတ်ပုံတင်စာရင်းသွင်းဖို့ လို အပ်သည်။ ပိုင်ဆိုင်သူဦးပိုင်အမည်ပေါက် အရှုပ် အရှင်းကင်းရမည်။ ပစ္စည်းတန် ဖိုးဖြတ်ရာတွင်လည်း ယုံကြည်လက်ခံနိုင်ဖွယ်ဖြစ်ရမည်။ အိန္ဒိယနိုင်ငံမှ မြို့ကြီးများအပါအဝင် အခြားဖွံ့ဖြိုးဆဲနိုင်ငံ များတွင် အလားတူ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြ သည်။ ဥက္ကဋ္ဌကြီးမော် လက်ထက်တွင် ပုဂ္ဂလိက ပစ္စည်းအပေါ် အခွန်အတုတ်အားလုံးမှာ ပုဂ္ဂလိက ပိုင်ပစ္စည်းများ မရှိတော့သည်နှင့် အတူ ပျောက် ကွယ်သွားခဲ့သည်။ ယနေ့ခေတ် တရုတ်နိုင်ငံသား များမှာတော့ ဆိုရှယ်လစ်သဘောတရားဖြစ်သည့် "ပစ္စည်းပိုင်ဆိုင်မှုသည်   ခိုးဝှက်ခြင်းဖြစ်သည်'' (Property is theft) ဟူသော   အယူအဆ ဟောင်းများ မရှိတော့ပေ။ မြို့နေနိုင်ငံသားများက ပစ္စည်းပိုင်ဆိုင်မှုအပေါ် အခွန်စည်းကြပ်ကောက် ခံရေးကို လက်ခံစဉ်းစားလာကြသည်။ မိမိတို့က နိုင်ငံတော်ကို အများအပြားပေးဆပ်ခဲ့ပြီးဖြစ်သော် လည်း နိုင်ငံတော် က ဆောင်ရွက်ပေးတာ နည်း နည်းပဲရှိသည်ဟုလည်း ခံစားနားလည်မိကြသည်။ဒေသဆိုင်ရာ အစိုးရများတွင်လည်း အလား တူမကျေမချမ်းဖြစ်မှုများ  ပပျောက်သွားပြီဟု မဆိုနိုင်ပေ။ မြို့နေလူလတ်တန်းစားများမှာ ကိုယ် ပိုင်အိမ်များ ရှိနေကြသည်။ ပါတီအရာရှိများနှင့် သူတို့၏မိသားစုများ အပါအဝင် အထက်တန်းလွှာ များမှာ အိမ်နှစ်လုံး၊ သုံးလုံးမက ပိုင်ဆိုင်ထားကြ သည်။ ယင်းအပေါ် ဒေသဆိုင်ရာ အစိုးရများက ဒေါသဖြစ်မိကြသည်။ ထို့ကြောင့် ဒေသဆိုင်ရာ အစိုးရများကလည်း ကျေးလက်တောနယ်တွင် နေ ထိုင်ကြသူများကို သူတို့မြေပေါ်မှ ဖယ်ရှားခြင်းဖြင့် ဒေါသထွက်စေသည်။ ပစ္စည်းပိုင်ဆိုင်မှုအပေါ် အခွန်စည်းကြပ်ေ ရး  ပြုပြင်ပြောင်းလဲမှုကို ယခု အချိန်မှာ ရဲရဲတင်းတင်းလုပ်ရတော့မည်ဖြစ်သည်။ ထိုသို့မှ မလုပ်နိုင်လျှင် ဒေသ ဆိုင်ရာအစိုးရများ တွင် ဘဏ္ဍာရေးချို့တဲ့မှုဖြစ်ကာ  အကျိုးဆက် အနေဖြင့် လူမှုရေးမတည်မငြိမ်မှုများ ပိုမိုဖြစ် ပေါ်လာနိုင်သည်ဟု ဆိုပါသည်။wwwRef; The Economist.