ရခိုင်ပြည်နယ်စစ်တွေနဲ့ တောင်ဘက် ကမ်းရိုးတန်း တစ် လျှောက်က ရေငန် ပုစွန်ကျားတွေကို တစ်ဖက်နိုင်ငံက ကုန်သည်တွေက ဈေးကောင်းမပေးနိုင်တာကြောင့် အရှေ့ ရိုးမကို ကျော်ပြီး ရန်ကုန်ဘက် အဆင်းများနေတာ ယခု ဘဏ္ဍာနှစ် အစောပိုင်းကတည်းက ဖြစ်ပါတယ်။ မောင်တော ဒေသတစ်ဝိုက် က ရေငန်ပုစွန်ကျားတွေသာလျှင် ရန်ကုန်ပို့ရ မယ့် စရိတ်နဲ့ တစ်ဖက်ကဝယ်ဈေးကို တွက်ချေကိုက်ချိန်ညှိပြီး အနီးဆုံးနဲ့အလွယ်ဆုံးဖြစ်တဲ့ တက္ကနဗ်ကို သွားနေတာ တွေ့ရ ပါ တယ်။
၂၀၁၂ ခုနှစ် ဇွန်လဆန်းမှာတော့ မောင်တောတစ်ဝိုက် က ရေငန်ပုစွန်တွေလည်း နယ်မြေအခြေအနေအရ နတ်မြစ် ကိုတောင်မကျော်နိုင်ဖြစ်လာရပြန်တော့ မြန်မာ့ရေငန် ပုစွန်တွေကို Re export ထုတ်၊ အားထားလုပ်နေရတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဈေးကွက်အလို အခက်ပိုစရာတွေ ဖြစ်လာ ပြီးဈေးနှုန်းတွေတိုး၊ မက်လုံးတွေပါ ပိုလာတာကြောင့် ရိုးမ ကျော် ပုစွန်ကျားတွေလည်း ဘင်္ဂလားဘက်ကိုတစ်ကြော့ ပြန် ပြီး ဆန်လာကြပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်ကနေ ၁၈ ရက်နေ့ထိ စစ်တွေနယ်စပ်ကုန်သွယ်ရေးကနေ စပြီးတင်ပို့ ဖြစ်တဲ့ ရေငန်ပုစွန်ကျားတွေဟာ ၂၅ ဒသမ ၃၂၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၄၁ သန်းရှိခဲ့ပြီး အဲဒီ မတိုင်ခင်(ဧပြီလမှဇွန်လထိ) မောင်တောနယ်စပ်ကုန်သွယ်ရေး ကနေ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်မှု အနေနဲ့ကတော့ ရေငန် ပုစွန် ၁၇၂ ဒသမ ၆၄၁ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၉၉၂ သန်းရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ဒေသခံ ကုန်သည်လုပ်ငန်းရှင် တစ်ဦးကိုမေးမြန်းကြည့်ရာမှာတော့ ယခုတစ်လော ရေငန် ပုစွန်ကျားကို တစ်ဖက်နိုင်ငံမှ ဈေးကွက်အဝယ်လိုက် လာပြီး ဈေးနှုန်းကိုလည်း ရန်ကုန်ပေါက်ဈေးနဲ့အညီ ပေးလာတာတွေ ကြောင့် စစ်တွေဘက်မှတင်ပို့လာနိုင်ခြင်းဖြစ်ပြီး မောင်တော အနေနဲ့လမ်းကြောင်းပေးလာပါက မွေးကန်ထဲကပုစွန်များ ဆက်လက်ထုတ်လုပ်တင်ပို့လာနိုင်မယ်လို့လည်းသိရ ပါတယ်။ ရခိုင်ပြည်နယ်ထွက်ရေငန်ပုစွန်တွေ ပြည်ပတင်ပို့နိုင်မှု ကိုကြည့်မယ်ဆိုလျှင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ ကန် ဒေါ်လာ ၄ ဒသမ ၅၅ သန်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၄ ဒသမ ၁၀၅ သန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၈၅၈ သန်းနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်(ဧပြီလကနေ သြဂုတ်လ ၁၈ ရက်နေ့ထိ) မှာ တော့ကန်ဒေါ်လာ ၁ ဒသမ ၀၃၀ သန်းအသီးသီးတင်ပို့ နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရေငန်ပုစွန်ဟာ ရခိုင်ပြည်နယ်နယ်စပ် ကုန် သွယ်မှုမှာ ရေချိုငါးပြီးရင်ဒုတိယအများဆုံး တင်ပို့နေရတဲ့ ပို့ကုန်ဖြစ်ပြီး နှစ်စဉ်ရေထွက်ပို့ကုန်စုစုပေါင်းရဲ့ပျမ်းမျှ ၃၅ ရာ ခိုင်နှုန်းခန့်ထိ တင်ပို့နေရတဲ့ဒေသထွက် အဓိက ပို့ကုန်လည်း ဖြစ်ပါတယ်။ ဒီလိုဈေးကွက်ဝယ်လိုအားရှိပြီး တွက်ချေလည်းကိုက်တဲ့ ရေငန်ပုစွန်တွေဟာ ရခိုင်ပြည်နယ်ရဲ့ရေ ခံမြေခံ ကောင်းပြီး အင်မတန်ပေါကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်တွေမှာ ဘူမိ နက်သန်လိုကိုရှင်သန်နေကြ တာဖြစ်ပါတယ်။ပြည်နယ် အစိုးရ အနေနဲ့ ရေရှည်အကျိုးမျှော်တွေးပြီးရေလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးတွန်း အားပေး ဆောင်ရွက်လျက် ရှိသလိုသက် ဆိုင်ရာဌာနတွေကလည်း ဂေဟစနစ် မပျက် ယွင်းဘဲ ဒေသ တွင်းတိုးချဲ့ မွေးမြူထုတ် လုပ်တင်ပို့နိုင်ဖို့မျိုး သားပေါက် စခန်းများအဆင့်မြှင့်တင်၊ တိုးချဲ့သုတေသနပြုလုပ်ငန်းေ တွ အပြင်ဒေသခံပြည်သူ နိုင်ငံတကာအကူတွေနဲ့ပါ အသိပေး စည်းရုံး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ရိုးမကို ကျော် ပင်လယ်အော်ကိုဖြတ်သွားနေတဲ့ ရေငန်ပုစွန်ကျားတွေဟာ အနာဂတ်မှာ ရခိုင်ပြည်နယ်ရဲ့ ရတနာသိုက် ပမာ ဝင်ငွေများ စွာရှာဖွေပေးနိုင်ဦးမှာဖြစ်ပါကြောင်းအသိပေးလိုက်ရပါတယ်။ ဦးနန္ဒ