ကမ္ဘာမှာ သကြားဒုတိယ အများဆုံး စားသုံးတဲ့ တရုတ် နိုင်ငံရဲ့၂၀၁၂-၁၃ သကြားတင်သွင်းမှုဟာ ယခုရာသီ တင် သွင်းတဲ့ တန်ချိန် ၃ သန်းထက် ၁ သန်းခန့်လျော့ပြီး၊ တန်ချိန် ၁ ဒသမ ၉၇ သန်းခန့်ကိုကျဆင်းနိုင်တယ် လို့လန်ဒန် အခြေ စိုက် Armajaro Trading Group သကြားကုမ္ပဏီ ခေါင်းဆောင် Guy Toller မှ ဆိုပါတယ်။ ယခုနှစ် ထုတ်လုပ် မှု တန်ချိန် ၁၁ ဒသမ ၅ သန်းရှိရာမှ လာမယ့်နှစ်မှာ အနည်း ဆုံး တန်ချိန် ၁၂ ဒသမ ၅ သန်း ထိ တိုးတက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနှစ်ကြံ အလွန်ကောင်းခြင်း ကြံအထွက်များခြင်းနဲ့ ပြည် တွင်း ဈေးနှုန်းကြောင့် စားသုံးမှုတန့်တဲ့အတွက် တင်သွင်းမှု လျော့ကျနိုင်ပါတယ်လို့ ၎င်းကဆိုပါတယ်။ တရုတ် ဝယ်လက် များဟာတတိယ ၃ လမှာဈေးကွက်ကိုဝင်ရောက်မယ့် သကြား ကို ဝယ်ယူမှာဖြစ်လို့ ၎င်းတို့ရဲ့ သကြားတွေ့ကို ထုတ်ရောင်း ကြတယ်လို့ ဆိုပါတယ်။ အချိုမုန့်ပြုလုပ်သူတွေကပြောင်းဈေးကြီးမြင့်လို့ သကြား ကိုများများစားစား ပြောင်းလဲဝယ်ယူခြင်းမရှိရင် တရုတ်နိုင်ငံ တွင်းကို သကြားတင်သွင်းမှုဟာ ယခုနှစ်ပမာဏကို မီနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမေရိကမှာ ၁၉၅၆ ခုနောက် ပိုင်း အဆိုးဝါးဆုံးခြောက်သွေ့မှုကြောင့် အချိုမုန့်ပြုလုပ်တဲ့ ပြောင်းဈေးက ဇွန်လ ၁၅ ရက် နောက်ပိုင်း ၅၉ ရာခိုင်နှုန်းကို မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာမှာ သကြားဒုတိယအများဆုံး ထုတ်လုပ်သူဖြစ် သလို အများဆုံးစားသုံးတဲ့ အိန္ဒိယနိုင်ငံရဲ့ ကြံမှ သကြားထွက် ရှိမှုကတော့ ၂၀၁၂-၁၃ မှာ တန်ချိန် ၂၄ သန်းကို ကျဆင်း နိုင်တယ်လို့ ၎င်းင်းက ခန့်မှန်းထားပါတယ်။ ယခုရာသီမှာ တန်ချိန် ၂၆ သန်းထွက်ရှိခဲ့ပါတယ်။ ယခင်နေ့ တိုင်းတာချက် အရ အိန္ဒိယမိုးရွာသွန်းမှုဟာ နှစ် ၅၀ အတွင်း ပျမ်းမျှမိုးရွာ သွန်းမှုရဲ့ ၁၅ ရာခိုင်နှုန်းအောက်ရှိတယ်လို့သိရပါတယ်။ ဇူလိုင် လကုန်ရွာသွန်းမှုဟာ ပျမ်းမျှမိုးရေချိန်ရဲ့ ၁၉ ရာခိုင်နှုန်း လျော့ ကျတယ်လို့ အိန္ဒိယမိုးလေဝသဌာနရဲ့ တိုင်းတာချက်အရ သိရပါတယ်။ အိန္ဒိယရဲ့ သကြားစားသုံးမှုက လာမယ့်ရာသီမှာ တန် ချိန် ၅ သိန်းတိုးကာ၊ တန်ချိန် ၂၃ ဒသမ ၆ သန်းထိ ရှိနိုင်ပြီး၊ ယခုရာသီကုန် လက်ကျန်မှာ တန်ချိန် ၅ သန်းခန့်ရှိမယ်လို့ Toller မှ ဆိုပါတယ်။ လက်ရှိမှာ ပြည်တွင်း ဈေးပိုမိုနေခြင်းက ပြည်ပတင်ပို့မှု မကိုက်တဲ့အတွက် အိန္ဒိယနိုင်ငံအနေနဲ့နောက် ထပ် တင်ပို့ဖွယ်မရှိပါဘူး။ အိန္ဒိယနိုင်ငံအနေနဲ့ သကြားတင်သွင်းသူမဟုတ်ပေမယ့် အကယ်လို့ လက်ကျန်အလွန်နည်းပြီး၊ စက်တင် ဘာလကုန် မှာ တန်ချိန် ၁ ဒသမ ၅ သန်းမှ ၇ သန်းခန့်သာရှိမယ်ဆိုရင် အစိုးရအတွက် စားနပ်ရိက္ခာ ဖူလုံမှုဟာ အဓိကပြဿနာ ဖြစ် လို့ အခြေအနေက အလွန်လျင်မြန်စွာပဲ ပြောင်းလဲနိုင်ပါ တယ်။ ယခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ဟိန္ဒူလူမျိုးများရဲ့ ဒီပါဝလီပွဲတော်ကြောင့် သီးနှံရိတ်သိမ်းမှုနှောင့်နှေးနိုင်ပါတယ်။ ပွဲတော်က ပြီးခဲ့တဲ့နှစ်က အောက်တိုဘာ ၂၆ ရက်မှာစတင် ပေမယ့်ဒီနှစ်မှာတော့ နိုဝင်ဘာ ၁၃ ရက်မှာ ကျင်းပမှာ ဖြစ် ပါတယ်။ အဲဒီကာလတွေမှာ သကြားစားသုံးမှုပုံမှန်မြင့်တက်လေ့ ရှိလို့အစိုးရက သကြားစက်တွေကို ဒီပါဝလီပွဲတော်အတွက် သကြား ပိုရောင်းဖို့ တောင်းဆိုလေ့ရှိပါတယ်။ ဒီနှစ်ပွဲတော်က အလွန် နောက်ကျတဲ့အတွက် ကြံရိတ်သိမ်းဖို့ အခက်အခဲ ဖြစ်နိုင်လို့ သကြားထုတ်လုပ်မှုကလည်း နောက်ကျနိုင်တယ်လို့ Toller က ဆိုပါတယ်။ ဒါ့အပြင် ပွဲတော်ရက် အတွင်း စားသုံးမှုကပြီးခဲ့တဲ့ ရာသီထွက်သကြားတွေ ကုန်သွားလိမ့်မယ် လို့ ဆိုပါတယ်။ ကမ္ဘာ့သကြားရောင်းချမှုက ၂၀၁၂-၁၃ မှာ ဝယ်လိုအား ထက်တန်ချိန် ၄ ဒသမ ၅ သန်းခန့်ကျော်လွန်နိုင်လို့ အိန္ဒိယနဲ့ ထိပ်တန်းထုတ်လုပ်တဲ့ ဘရာဇီးတို့ရဲ့ ထွက်ရှိမှုမသေချာသေး တဲ့တိုင် သကြားဈေးက တစ်ပေါင်ကို ကန်ဒေါ်လာ ၂၀ ဆင့် (တစ်တန် ကန်ဒေါ်လာ ၄၄၀)အောက်မှာ ရှိဖို့ များတယ်လို့ ခန့်မှန်းထားပါတယ်။ လမင်း၊Source: Bloomberg