အမေရိကန်နိုင်ငံရဲ့ ဝါရှင်တန်နဲ့ မင်နီယာလစ် လို မြို့ကြီးတွေမှာ အလုပ်အကိုင်အတွက် သွား လာဆက်သွယ်ဖို့နဲ့ ဟိုနားဒီနားခရီးကို သွားလာ ဖို့အတွက် စက်ဘီးကို ပိုမိုအသုံးပြုလာကြပါတယ်။ ချီကာဂိုနဲ့ ဆန်ဖရန်စစ္စကိုမြို့ေ တွက တိုးတက်တဲ့ အမြင်ရှိကြတဲ့ မြို့တော်ဝန်တွေဆိုရင် စက်ဘီး ပြေးလမ်းတွေကို သီးခြားသတ်မှတ်ပေး လာခဲ့ကြပါ တယ်။
လမ်းဘေးကားရပ်နားရာ နေရာတွေအစား စက်ဘီးပြေးလမ်းတွေ ဖောက်လုပ်ပေးခဲ့ပါတယ် ။နေ့စဉ် ကားစီးရေ ၆ သိန်းကျော် ပြေးဆွဲနေပြီး လမ်းတွေပိတ်ဆို့နေတဲ့ နယူးယောက်မြို့ကြီးမှာ စက်ဘီးစီးဖို့ ဆိုတာ မတွေးဝံ့စရာ ကောင်းပါတယ်။ဒါပေမဲ့ နယူးယောက်မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ်(ချ်)ဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ် လောက်ကတည်းက နယူးယောက်မြို့ကို စက်ဘီး တွေနဲ့ မိတ်ဆွေ (bike-friendly) ဖြစ်အောင် ရည်မှန်းခဲ့ပါတယ်။ မြို့နေလူထုရဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့ ထုတ်လွှတ်မှုလျှော့ချဖို့အတွက် မြို့လူထုကို မော်တော်ကားတွေက ဆွဲထုတ်ပြီး စက်ဘီးတွေ ပေါ်တင်ပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ရည်ရွယ်ချက်ဟာ ကောင်းပေမယ့် အကောင် အထည်ဖော်ဖို့တော့ သိပ်တော့မလွယ်ကူလှပါဘူး။ဘလွန်းဘတ်(ချ်)ဟာ လက်မလျှော့ဘဲ စက်ဘီး လမ်း ၄၇၀ ကီလိုမီတာကို ဖောက်လုပ်ခဲ့ပါတယ်။အဲဒီ စက်ဘီးလမ်းမျိုးကို အဓိကလမ်းမကြီးတစ်ခု ဖြစ်တဲ့ နိုင်းအဲဗင်းနျူး (Ninth Avenue) မှာ တွေ့နိုင်ပါတယ်။ လန်ဒန်နဲ့ ပဲရစ်မြို့တွေမှာ ကျင့် သုံးတဲ့ စက်ဘီးငှားရမ်းသုံးစွဲတဲ့ ဆိုင်တွေကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါကြောင့် စက်ဘီးအသုံး ပြုသူ နယူးယောက်မြို့သူမြို့သားဦးရေဟာ ၂၀၀၆ ခုနှစ်က ၈၃၀၀ သာ ရှိခဲ့ပေမယ့် ၂၀၁၁ ခုနှစ် ရောက် တော့ ၁၉၀၀၀ နီးပါးရှိလာတယ်လို့ သိရ ပါတယ်။သြစတြေးလျနိုင်ငံ Monash တက္ကသိုလ်ရဲ့ လေ့လာချက်အရ မော်တော်ကားနဲ့ စက်ဘီးတိုက်မှု ၉၀ ရာခိုင်နှုန်းမှာ စက်ဘီးစီးသူတွေက လမ်းမှန် အတိုင်းသွားနေတုန်း ကားတွေက ဝင်တိုက်မှု ကြောင့် ဖြစ်ပွားရတယ်လို့ဆိုပါ တယ်။ တိုက်မှု ၈၀ ရာခိုင်နှုန်းကျော်ဟာ မော်တော်ယာဉ်မောင်းသူ တွေရဲ့ အပြစ်ကြောင့်ဖြစ်တယ်လို့ ထောက်ပြထား ပါတယ်။ ယခု ၂၀၁၂ ခုနှစ်အတွင်း ဝါရှင်တန်မြို့ တော်ရဲ့ စက်ဘီးငှားရမ်းအသုံးပြုတဲ့ အစီအစဉ်ကို လေ့လာစစ်တမ်းပြုစုရာမှာ အဲဒီအစီအစဉ် ကြောင့် ဝါရှင်တန်မြို့တော်ရဲ့ နှစ်စဉ် မော်တော်ယာဉ်နဲ့ မောင်းနှင်သွားနေရတဲ့ စုစုပေါင်းမိုင်မှာ မိုင် ၅သန်း နီးပါး လျော့နည်းသွားစေတယ်လို့ သိရပါတယ်။အမေရိကန်နိုင်ငံမှာရှိတဲ့ မော်တော်ယာဉ် မောင်းခွင့်လိုင်စင် ရရှိထားတဲ့ ယာဉ်မောင်းသန်း ၂၀၀ ရဲ့ စက်ဘီးနဲ့ပတ်သက်တဲ့ ခံယူချက်ကို သူတို့ ရဲ့ ဦးနှောက်မှာပြောင်းပစ်ဖို့ဆိုတာ မလွယ်ကူပါ ဘူး။ မိမိရဲ့ မော်တော်ကားဘေးမှာ စက်ဘီးစီးနင်း သွားလာနေသူတွေဟာ မိမိရဲ့ကားက ထုတ်လွှတ် တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ လျော့ ကျအောင် အထောက်အကူ ပြုနေကြသူတွေလို့ မြင်ဖို့လိုပါတယ်။ ဒါ့အပြင် ဒီလမ်းပေါ်မှာ စက်ဘီး တွေ၊ ကားတွေနဲ့ ခြေလျင်လျှောက်သူတွေပါ အန္တရာယ်မရှိအောင် အတူတကွ ပူပေါင်းအသုံး ပြုကြဖို့လိုကြောင်း သိရှိကြရန်လိုပါတယ်။ နယ်သာ လန်နိုင်ငံမှာ ယာဉ်မောင်းသူတွေကို စက်ဘီးတွေနဲ့ မတိုက်မိအောင် ဘယ်လိုမောင်းရမလဲဆိုတဲ့ သင် တန်းတွေ ပေးထားပါတယ်။ စက်ဘီးတွေ လွတ် လွတ်လပ်လပ်စီးနိုင်အောင်လည်း သီးခြားလမ်းတွေ ဖောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။ နယ် သာလန်ရဲ့ လမ်းစည်းကမ်းတွေက စက်ဘီးနဲ့သွား လာရတာ လုံခြုံမှုရှိအောင် အကာအကွယ်ပေး ထားပါတယ်။ ဒါကြောင့် နယ်သာလန်နိုင်ငံသား တွေဟာ မိမိတို့ရဲ့ နေ့စဉ်သွားလာမှု ၂၆ ရာခိုင်နှုန်း ကို စက်ဘီးနဲ့သွားလာနေကြပါတယ်။ ဒိန်းမတ် နိုင်ငံမှာဆိုရင် ခရီးတိုသွားလာရာမှာ စက်ဘီးတွေ ကို ၁၈ ရာခိုင်နှုန်း အသုံးပြုလာပါတယ်။လန်ဒန် မြို့မှာ မြို့တော်ဝန် ဘိုးလစ်ဂျွန်ဆင်ကိုယ်တိုင် ကအစ မြို့သူမြို့သား အတော်များများဟာ စက် ဘီးစီးပြီး သွားလာနေကြတာ တွေ့နိုင်ပါတယ်။ဥရောပမှာတော့ အမ်စတာဒမ်မြို့ဟာ စက်ဘီးစီး နှင်းသူတွေရဲ့ နိဗ္ဗာန်ဖြစ်နေပါတယ်။ အမေရိကန် နိုင်ငံမှာ စက်ဘီးစီးသူတွေကို သိပ်ပြီးလက်မခံချင် ကြပေမဲ့ အမ်စတာဒမ်မြို့ရဲ့ စနစ်ကအားလုံးကို လက်ခံနေပါတယ်။ စက်ဘီးနဲ့ သွားလာနေရတာ ဟာ တရားဝင်သွားလာနေရသလို ခံစားနေကြ ကြောင်းပါခင်ဗျား။ ။ Ref:Newsweek