Main menu

Background

အိန္ဒိယပဲအရောင်းအဝယ်ထိုင်းနေ၊ ပဲမျိုးစုံစိုက်ပျိုးမှု တိုးတက်ပေမဲ့ ယခင်နှစ်ထက်လျော့ကျ

Mon, 09/03/2012 - 06:29 -- Anonymous (not verified)

အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လည်း ပဲမျုးိစုံအရောင်းအဝယ်ဆက်ပြီး ထိုင်းနေပါတယ်။ ပဲကုန်ကြမ်း တွေကို ပဲခွဲစက်လုပ်ငန်းရှင်ရော ကုန်သည်တွေပါ အဝယ်မရှိ ဖြစ်နေတဲ့အပြင် ပြည်ပက တင်သွင်းပဲတွေ အမြောက်အမြား ဝင်ရောက်နေပြီး လှောင်လက်တွေ ထုတ်ရောင်းနေတဲ့ကာလ ဖြစ်လို့ ပဲဈေးတွေ လျော့ကျနေတယ်လို့ သိရပါတယ်။

သြဂုတ်လအတွင်းမှာ မိုးရွာသွန်းမှုက ပုံမှန်နီးပါးအထိ တိုးတက်လာလို့ စိုက်ပျိုးမှုတိုးလာပေမဲ့ ပုံမှန်စိုက် ဧရိယာ ကိုတော့ မမီဘူးလို့ဆိုပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့အထိ ပဲမျိုးစုံစိုက်ပျိုးမှုကဟက်တာ ၈၈ ဒသမ ၃ သိန်းထိရှိပြီး ယခင် နှစ်ကာလတူမှာ ဟက်တာ ၉၉ ဒသမ ၈ သိန်း စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရပါတယ်။ မိုးသီးနှံစိုက်ပျိုးတဲ့ ရာသီချိန် ကုန် ဆုံးလုနီးပြီဖြစ်ပေမဲ့ ပုံမှန်စိုက်ဧရိယာအတိုင်း ပြီးစီးဖို့တော့ ခက်ခဲမယ်လို့ သိရပါတယ်။ မတ်ပဲ ဈေးကွက်မှာတော့ ဝယ်လိုအားပါးနေတဲ့အတွက် တစ်ပတ်အတွင်း ဒေါ်လာ ၂၀ ခန့်လျော့ကျ လာခဲ့ပါတယ်။ တမီလ်နာဒူးပြည်နယ် TNCSC  မှ မတ်ပဲ FAQ တန်ချိန် တစ်သောင်းဝယ်ယူဖို့ တင်ဒါခေါ်ခဲ့ ပေမဲ့လည်း ဆိပ်ကမ်းတွေ ကို တင်သွင်းပဲတွေ ရောက်ရှိနေတဲ့အတွက် ဈေးမတိုးဘဲရှိနေ ပါတယ်။ လက်ရှိစိုက်ပျိုးမှု အနေနဲ့ ဂူဂျာရက်မှာရော အင် ဒရာပရာဒေ့ရှ်ဒေသတွေမှာပါ မတ်ပဲစိုက်ပျိုးမှုက ပြီးခဲ့တဲ့ နှစ်ထက် လျော့ကျနေပါတယ်။ ဒါပေမဲ့ အစောပိုင်းစိုက်ထား တဲ့ ပဲပင်ကတော့ လက်ရှိမိုးရွာသွန်းမှုအရ ဖွံ့ဖြိုးတိုးတက်နေ တယ်လို့  သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ချန်နိုင်းဈေးကွက် ကို မြန်မာမတ်ပဲကွန်တိန်နာ ၂၈၂ လုံး ဝင်ရောက်ခဲ့ပါတယ်။ လက်ရှိအနေအထားအရ မတ်ပဲဈေးက အေးမယ့်အခြေ အနေရှိနေပါတယ်။ အလားတူ ပဲစင်းငုံကလည်း ဝယ်ယူမှုနည်းနေလို့ ဈေးကျ ဆင်းနေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ ပြည်တွင်း ပဲစင်းငုံ တစ်တန် ရူပီး ၃၀၀၀  (ကန်ဒေါ်လာ ၅၀) ခန့် လျော့ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ ပဲစင်းငုံဈေး မြင့်တက်ခဲ့ပေမဲ့ မဒ္ဒရာပရာဒေ့ရှ် အချို့ဒေသတွေမှာ မိုးအဆက်မပြတ် ရွာ လာပြီး ပဲခွဲစက်တွေ အဝယ်နည်းတဲ့အတွက် ပဲစင်းငုံဈေး ကျ ဆင်းလာတာဖြစ်ပါတယ်။ ဒါပေမဲ့ မနှစ်ကနဲ့ယှဉ်ရင် ပဲ အထွက်လျော့နိုင်တာကြောင့် ကာလတိုအတွင်း ဈေးပြန်မြင့် တက်နိုင်ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန် နည်းနေပြီး ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှာ ပဲအသစ် ထွက်ရှိမှုက နောက်ကျပြီး ဒီဇင်ဘာနဲ့ ဇန်နဝါရီလ အတွင်းမှ သာ ဝင်ရောက်နိုင်လို့ တင်သွင်းပဲစင်းငုံအပေါ် အားထားရ မယ့်အခြေအနေရှိတယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၂၈-၂၉ ရက်အတွင်းမှာ ချန်နိုင်းဆိပ်ကမ်းကို မာလာဝီ၊ တန်ဇန်းနီးယား နဲ့ မြန်မာပဲစင်းငုံကွန်တိန်နာ ၉၃ လုံးဝင်ရောက်ကြောင်း သိရပါတယ်။ တမီလ်နာဒူး TNCSC  မှ ပဲစင်းငုံ တန်ချိန် ၁၅၀၀၀ ဝယ်ယူဖို့ တင်ဒါခေါ်ထားပြီး  PEC  ကတော့ တန်ဇန်း နီးယား၊ မိုဇမ်းဘစ်၊ မာလာဝီတို့က ပဲစင်းငုံအဟောင်း တန်ချိန် တစ်သောင်းကျော်ရောင်းချဖို့ တင်ဒါခေါ်ယူထား ကြောင်း သိရပါတယ်။ စိုက်ပျိုးထားပြီး ပဲစင်းငုံအပင်များဖြစ် ထွန်းမှုရှိတယ်လို့ သိရပါတယ်။ ပဲတီစိမ်းဈေးနှုန်းကတော့ တည်ငြိမ်နေပါတယ်။ အချို့ ဒေသတွေက ပဲတီစိမ်းအသစ်ဝင်ရောက်ပေမဲ့ အစိုဓာတ် များနေတယ်လို့ သိရပါတယ်။ ဈေးကွက်မှ ခန့်မှန်းချက်အရ ကာနာတာကာ ကုန်သည်တွေလက်ထဲမှာ ပဲတီစိမ်းအိတ် ၄ သောင်းခန့် ကျန်သေးတယ်လို့ သိရပါတယ်။ ဂူဂျာရတ်မှာ ပဲတီစိမ်းစိုက်ပျိုးမှုက မနှစ်က သြဂုတ်လ ၂၇ ရက်မှာ ဟက် တာ ၁ ဒသမ ၅၉၈ သိန်းစိုက်ပျိုးပြီးပေမဲ့ ဒီနှစ်မှာတော့ ၆၃ ရာခိုင်နှုန်းလျော့ကျပြီး ဟက်တာ ၅၈၂၀၀ သာ စိုက်ပျိုးနိုင် တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မဟာရပ်ရှတရာမှာတော့ ပဲတီစိမ်းဟက်တာ ၄ ဒသမ ၀၆ သိန်းကျော်စိုက်ပျိုးထားပြီး၊ ပြီးခဲ့တဲ့ နှစ်ထက် ၃ ဒသမ ၂၉ ရာခိုင်နှုန်းပိုမိုနေပြီလို့ သိရပါတယ်။ ပဲတီစိမ်းကို တန်ဇန်းနီးယားဘက် ကလည်း တင်းသွင်းလျက်ရှိနေပါတယ်။ ဒီတစ်ပတ်ထဲမှာ အခြားပဲဈေးတွေ ဈေးအေးပေမဲ့ ကုလားပဲဈေးကတော့ နည်းနည်းမာလာပါတယ်။ ပွဲတော် ရာသီမှာ ပဲဈေးပိုကောင်းမယ်အထင်နဲ့တောင်သူတွေက ၎င်း  တို့သိုလှောင်ပဲတွေဆက်ပြီး ထိန်းထားကြတာကြောင့်လို့ ဆိုပါ တယ်။ ဒါပေမဲ့ ပဲအဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းမှု တိုးတက်လာခြင်းက ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်စေနိုင် ပါတယ်။ လက်ရှိကုလားပဲ ဈေးကောင်းနေပြီး မိုးရွာသွန်းမှု ကလည်း တိုးတက်နေလို့ ကုလားပဲစိုက်တဲ့အချိန်မှာ အစို ဓာတ် ကောင်းကောင်း ရရှိနိုင်တဲ့အတွက် ကုလားပဲစိုက်ရာသီ မှာ စိုက်ဧရိယာ တိုးတက်နိုင်တယ်လို့ ကုန်သည်တွေက ခန့် မှန်းကြပါတယ်။ ကုလားပဲအများဆုံးစိုက်တဲ့ မဒ္ဒရာပရာ ဒေ့ရှ်၊ ရာဂျက်စသန်၊ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ် တို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က မိုးရေ ကောင်းကောင်း ရရှိခဲ့ကြပါတယ်။ လက်ရှိမှာတော့ ရုရှားကုလားပဲဖြူ လုံးကြီး ခွဲခြမ်း ကွန်တိန်နာများစွာ ဝင်ရောက်နေကြောင်း သိရပါ တယ်။ယမင်းခင်၊ Source: agriwatch.com