Main menu

Background

အိန္ဒိယဆေးဝါးနှင့် မူပိုင်ခွင့်

Mon, 09/03/2012 - 06:50 -- Anonymous (not verified)

သမိုင်းမှတ်တိုင်ထူရမည့် မူပိုင်ခွင့်လျှောက် ထားမှုတစ်မှုကို အိန္ဒိယတရားရုံးချုပ်တွင် သြဂုတ် လတတိယပတ် အတွင်းက ကြားနာခဲ့သည်။ ထို အမှုကို အနိုင်ပေးလိုက်ပါက  အမေရိကန်ပြည် ထောင်စုနှင့် ဥရောပတိုက်တို့တွင် မှတ်ပုံတင်ထား သည့် တန်ဖိုးကြီးဆေးဝါးများအား အိန္ဒိယဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီများ က ပုံတူကူးထုတ်လု ပ်နေ ခြင်းကို ဟန့်တားနိုင်ပါလိမ့်မည်။ တကယ်တော့ ဆင်းရဲနိုင်ငံများစွာသည် ဈေးချိုသော အိန္ဒိယဆေး ဝါးများကို အားထားနေကြရသည်။

အိတ်ခ်ျအိုင်ဗွီ/ အေ့ဒ်စ်နှင့် တီဘီရောဂါကုသရေးတို့အတွက် ဆေး ဝါးများကို ဆင်းရဲသားများ  လက်လှမ်းမီနိုင်သည့် ဈေးနှုန်းဖြင့် ဖြန့်ချိပေးရာတွင် အိန္ဒိယဆေးကုမ္ပဏီ များက ရှေ့တန်းကဦးဆောင်နေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ကူညီထောက်ပံ့ပေးနေသည့် ဆေး ဝါးများတွင်လည်း အိန္ဒိယဆေးဝါးများက ဒုတိယ အများဆုံး ပါဝင်လျက်ရှိသည်။အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့ ပထမ ဆုံးတက်ရောက်လာသည့် ထိုအမှုကြောင့် ဉာဏ ပစ္စည်းပိုင်ဆိုင်မှုအခွင့်အရေး ကာကွယ်သူများနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအကြား  ထိပ်တိုက်တွေ့အောင် ဖန်တီးပေးရာ ရောက်နေ သည်။ ဆေးဝါးမူပိုင်ခွင့်ကို တင်းကျပ်စွာ ချုပ်ကိုင် ထားခြင်းကြောင့် ကမ္ဘာတစ်လွှားမှ ဆေးဝါးလိုအပ် နေသည့် လူနာများအတွက် လက်လှမ်းမမီနိုင်ဖြစ် ရသည်ဟု  အကူအညီပေးရေး အဖွဲ့များက ဆို သည်။ "ကမ္ဘာတစ်ဝန်းမှ  အေ့ဒ်စ်ရောဂါလူနာများ ကိုကုသပေးရာတွင် အိန္ဒိယဆေးဝါးများကို အသုံး ပြုနေရသည်။ အိန္ဒိယဆေးဝါးများသာ မရနိုင် တော့ပါလျှင် အစိုးရများအနေဖြင့် အေ့ဒ်စ်ရောဂါ ကုသရေးအစီအစဉ်များကို ဆောင်ရွက်နိုင်တော့ မှာမဟုတ်" ဟု နယ်စည်းမထားဆရာဝန်များအဖွဲ့မှ မန်နေဂျာ လီနာမင်ဂါလီက ဆိုသည်။ဆွစ်ဇာလန်နိုင်ငံမှ နိုဗာတစ် (Novartis)  ဆေးကုမ္ပဏီက ကင်ဆာရောဂါအတွက် တီထွင် ထုတ်လုပ်ထားသည့် ဂလီဗက် (Glivec) ဆေးဝါး ကို အိန္ဒိယနိုင်ငံတွင် ၂၀၀၆ ခုနှစ်က မူပိုင်ခွင့်မှတ်ပုံ တင်လျှောက်ထားခဲ့သော်လည်း ပယ်ချခံရသဖြင့် တရားရုံးချုပ်သို့ အယူခံဝင်ရောက်ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် မူပိုင်ခွင့်ကို လွယ်ကူ စွာ မှတ်ပုံတင်နိုင်ရန် မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းထား သည်။ ဂလီဗက်ဆေးတစ်လစာအတွက် ဒေါ်လာ ၅၀၀၀ ကုန်ကျသည်။ အိန္ဒိယနိုင်ငံတွင် ထုတ်လုပ် သည့်  အလားတူ ဆေးဝါး တစ်လစာအတွက် ဒေါ်လာ ၂၀၀ သာ ကုန်ကျမည်ဖြစ်သည်။ဆေးဝါးမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားမှု များကို အိန္ဒိယအစိုးရက ၁၉၇၀ ပြည့်နှစ်မှ စတင် ၍ခွင့်မပြုခဲ့ပေ။ သို့ဖြစ်ရာနိုင်ငံခြားဆေးဝါးကုမ္ပဏီ များက တီထွင်ထုတ်လုပ်ထားသည့်ဆေးဝါးများကို အိန္ဒိယ ဆေးဝါးကုမ္ပဏီများက ကုန်ကျစရိတ်သက် သာစွာဖြင့်  ပုံတူကူးထုတ်လုပ်ရန် အားပေးရာ ရောက်ခဲ့သည်။ ယနေ့တွင် အိန္ဒိယဆေးဝါးလုပ် ငန်းကဏ္ဍမှ တစ်နှစ်လျှင်ဒေါ်လာ ၁၀ ဘီလီယံဖိုး အထိ ထုတ်လုပ်လျက်ရှိပြီး၊ နိုင်ငံစီးပွားရေးတွင် အကြီးမားဆုံးလုပ်ငန်းကဏ္ဍတစ်ရပ်ဖြစ်နေသည်။ အိတ်ချ်အိုင်ဗွီ^အေ့ဒ်စ်ရောဂါ ကုသရေးအတွက် ပထမအဆင့် ဆေးဝါးတစ်စုံ တစ်နှစ်စာအတွက် ၂၀၀၀ ပြည့်နှစ်က ဒေါ်လာ ၁၀၀၀၀ ကုန်ကျမည် ဖြစ်သော်လည်း ယခုအခါတွင် အိန္ဒိယဆေးကုမ္ပဏီ များက ကုန်ကျစရိတ်သက်သာစွာဖြင့် ထုတ်လုပ် နိုင်သဖြင့် တစ်ကမ္ဘာလုံးတွင် တစ်နှစ်စာအတွက် ဒေါ်လာ ၁၅၀ ဖြင့် ရောင်းချပေးနိုင်ပြီဖြစ်သည်။၂၀၀၅ ခုနှစ်တွင်  ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့  (WTO) သို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် ဆေး ဝါးများအပါအဝင် ဉာဏပစ္စည်းမူပိုင်ခွင့် ကာကွယ် ရေးဥပဒေကို အိန္ဒိယအစိုးရက ပြန်လည်ပြဋ္ဌာန်း ပေးခဲ့ရသည်။ အိန္ဒိယနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေ ကန့် သတ်ချက်မှာ အမေရိကန်နိုင်ငံ၏ ဥပဒေထက် ပိုပြီးမြင့်မားသည်။ ''အိန္ဒိယနိုင်ငံသည် ပုဂ္ဂလိက မူပိုင်ခွင့်ထက် အများပြည်သူကျန်းမာရေးအတွက် ပိုပြီးဦးစားပေးကြောင်း မကြာခဏထုတ်ဖော်  ပြသ  ခဲ့ပြီးဖြစ်သည်'' ဟု တရားရေးသိပ္ပံတက္ကသိုလ်၊ ဉာဏ ပစ္စည်းပိုင်ဆိုင်ခွင့်ဥပဒေပါမောက္ခ ရှမ်နဒ်ဘာရှီး ယားကဆိုသည်။ ယခုနှစ် အစောပိုင်းကလည်း အိန္ဒိယမူပိုင်ခွင့်မှတ်ပုံတင်ရုံးက "မူပိုင်ခွင့်မှတ်ပုံတင် ထားပြီး ဆေးဝါးတစ်မျိုးမျိုးကို အိန္ဒိယဈေးကွက် ထဲတွင် သင့်တော်သောဈေးနှုန်းဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်မထားပါလျှင် ပုံတူကူးဆေးဝါးထုတ်လုပ်သူများအနေဖြင့် အဆိုပါ ဆေးဝါးကို မိမိတို့ပုံစံဖြင့်ပြောင်းလဲ ထုတ်လုပ်နိုင် ခွင့်ရှိပြီး၊  မူပိုင်ခွင့်  ရယူထားသူအား  ခိုင်နှုန်း (Royalty) ပေးနိုင်သည်" ဟု ကြေညာချက် ထုတ် ပြန်ခဲ့သည်။နိုဗာတစ်ကုမ္ပဏီ၏ ဂလီဗက်ဆေးဝါးမူပိုင်ခွင့် မူလလျှောက်ထားချက်ကို ပယ်ချခဲ့ခြင်းမှာ မူလ ထုတ်လုပ်ထားပြီးဖြစ်သည့် ဆေးဝါးကို ပုံစံပြောင်း ထုတ်လုပ်ခြင်းသာဖြစ်သည်ဟုသတ်မှတ်၍ မူပိုင် ခွင့် အကာအကွယ်ရယူရန် အကျုံးမဝင်ဟု ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယမူပိုင်ခွင့် ဥပဒေအရ ဆေးဝါး၏အစွမ်းအာနိသင်ကို ပိုမိုတိုးတက်စေရန် ပြုပြင်ပြောင်းလဲခြင်းမဟုတ်လျှင် မူပိုင်ခွင့်သက် တမ်းတိုးရန် အကျုံးမဝင်ပေ။ '' ကမ္ဘာ့ထိပ်တန်းဆေး ဝါး ၅၀ ကိုကြည့်လျှင် ထိုဆေးဝါးများကို ဈေးကွက် တင်ရောင်းချပေးနေသည်မှာ ဆေးဝါးတီထွင်ထုတ် လုပ်သည့် ကုမ္ပဏီများမဟုတ်ပါ။ ဆေးဝါးမူပိုင်ခွင့် ကို လေးစားပါသည်။ မူပိုင်ခွင့်ရှိသူ ရထိုက်သည့် ရာခိုင်နှုန်းကိုပေးပါမည်။သို့သော်လည်း ဆင်းရဲသား များအား သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချရန် အတွက် ဆေးဝါးထုတ်လုပ်ခွင့်ကိုတော့ မငြင်းပယ် နိုင်ပါ'' ဟု အိန္ဒိယနိုင်ငံ CIPLA  ဆေးဝါးကုမ္ပဏီ၊ ဥက္ကဋ္ဌက  ဆိုပါသည်။  အိန္ဒိယတရားရုံးချုပ်၏ ကောက်ယူဆုံးဖြတ်ချက်သည် မူပိုင်ခွင့်ဥပဒေကို လိုလားထောက်ခံသူများနှင့် ဆန့်ကျင်ကန့်ကွက် သူများ နှစ်ဖက်စလုံးအတွက်ပါ အရေးပါသော စီရင်ထုံးတစ်ရပ် ဖြစ်လာပါလိမ့်မည်။Ref; time.com