Main menu

Background

လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများအား မြန်မာ့စားသုံးသူများ ပိုမိုရွေးချယ်စားသုံးလာနိုင်စေရေး

Mon, 09/03/2012 - 07:16 -- Anonymous (not verified)

ယခုလတ်တလောကာလ အတွင်း မှာ အစားအသောက်အတုတွေ၊ ဆေး ဝါးအတုတွေ၊ ဓာတ်မြေသြဇာ အတု တွေနဲ့ပတ်သက်တဲ့    သတင်းတွေကို ဂျာနယ်တွေမှာ ရေးသားနေကြတာ ကို တွေ့ရပါတယ်။အစား အသောက်၊ ဆေး ဝါးတွေဟာ စားသုံးသူများ နေ့တိုင်းလို လိုထိတွေ့ စားသုံး၊ အသုံးပြုနေရတဲ့ အတွက် စားသုံးသူ များ အတွက် ဘေး အန္တရာယ်ရှိကြောင်း၊ ဓာတ်မြေသြဇာ တို့  ပိုးသတ်ဆေးတို့ကိုလည်း စနစ် တကျ နည်းမှန် လမ်းမှန် အသုံးပြုခြင်း မရှိကြသဖြင့် စားသောက်ကုန်များတွင် ပိုးသတ်ဆေးကြွင်းကျန်များမှာ ရှိရမည့် နှုန်းထက် အဆမတန် များနေခြင်း၊ မြေ ဆီလွှာခမ်းခြောက်ခြင်း၊ သီးနှံအထွက် နှုန်းများ ကျဆင်းခြင်းတို့ဖြစ်နေ၍ စား သုံးသူများကို  ထိခိုက်မှုရှိစေသကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း  ထိခိုက်မှုဖြစ်စေ ကြောင်း စသည့်အကြောင်းအရာများ နှင့်ပတ်သက်ပြီး သတင်းတွေ ကျယ် ကျယ်ပြန့်ပြန့် ရေးသားဖော်ပြေ ဆွးနွေး နေကြတာကို ကြားသိနေရပါတယ်။

အစားအသောက်အတု၊ ဆေးဝါး အတုများအပြင်  လူသုံးကုန်ပစ္စည်းများ ဖြစ်တဲ့ လျှပ်စစ်ပစ္စည်းများ (ဥပမာ- မီးချောင်း၊မီးသီး၊ TV၊ Video ပြစက်၊ အဝတ်လျှော်စက်၊ တာယာများ) နှင့် အလှကုန်ပစ္စည်းများတွင်လည်း တံဆိပ် မှန်ကန်မှုမရှိခြင်း၊ စံချိန်စံညွှန်း အရည် အသွေး အစစ်အမှန်မဟုတ်ဘဲ အတု အယောင် ပစ္စည်းများမှာ  ဈေးကွက် တွင်  ရောက်ရှိနေပါတယ်။  ယခုလို စားသောက်ကုန်ပစ္စည်း၊   လူသုံးကုန် ပစ္စည်းအချို့တို့တွင်  အတုများ ပေါ် ပေါက်နေခြင်းဟာ စားသုံးသူ၊ သုံးစွဲသူ များကို စိတ်ရောကိုယ်ပါ  ထိခိုက်နစ် နာမှုဖြစ်စေပါတယ်။  ဤစားသောက် ကုန်၊ လူသုံးကုန်အတုများသည် ပြည်ပ တင်သွင်းမှုမှဖြစ်လာသော  Issues များ သက်သက်မဟုတ်ဘဲ ပြည်တွင်း တွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများမှ လည်း ပါဝင်နိုင်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အစိုးရသစ်လက်ထက်မှာ ဈေး ကွက်စီးပွားရေးစနစ်ကို ပီပီပြင်ပြင် ဖြစ် စေရေးအတွက် ဈေးကွက်လိုအပ်ချက် များအတိုင်း  လိုက်လျောညီထွေဖြစ် အောင် စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများကို ဆောင်ရွက်ရာတွင် ဈေးကွက် လွတ်လပ်ခွင့်များပေးခြင်း၊ ကုန်သွယ် ရေးဆိုင်ရာဖြေလျော့မှုများ ဆောင်ရွက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ ပြည်ပ  ကုန်သွယ်ရေးနှင့် ပတ်သက်၍နိုင်ငံတကာ၊ ဒေသဆိုင်ရာ သဘောတူညီချက်များနှင့်  လိုက်လျော ညီထွေ ဖြစ်စေရန် ဆောင်ရွက်လျက် ရှိပါတယ်။ ဤကဲ့သို့ ဈေးကွက်လွတ် လပ်ခွင့်ပေးမှုများ၊ ပုဂ္ဂလိက ကဏ္ဍဖွင့် ပေးခြင်းများကို တချို့သော ထုတ်လုပ် သူ၊ တင်သွင်းသူများမှ  အခွင့်ကောင်း ယူကာ မမှန်မကန် ဆောင်ရွက်လာမှု များကြောင့်  ဈေးကွက်အတွင်းသို့ အ တုအယောင်ပစ္စည်းများ ပိုမိုရောက်ရှိ လာခြင်းဖြစ်ပါတယ်။ဤအတုအယောင် ပစ္စည်းများ၊ အရည်အသွေး ပြည့်မီမှုမ ရှိသော ပစ္စည်းများသည် စားသုံး၊ သုံးစွဲ နေသူများအား  ထိခိုက်နစ်နာပျက်စီး စေနိုင်သည့်အတွက်  စားသုံးသူများ လက်ဝယ်သို့  စိတ်ချလုံခြုံ ဘေးကင်း သော ကုန်ပစ္စည်းများ ရောက်ရှိလာရန် မှာ များစွာအရေးကြီးလာပါတယ်။ဤကဲ့သို့  အတုအယောင်ပစ္စည်း များ၊ အရည်အသွေး ပြည့်မီမှုမရှိသော ပစ္စည်းများ ဈေးကွက်အတွင်း လျော့ နည်းလာစေရန်မှာ ပြည်တွင်းလက်ရှိ တည်ဆဲဥပဒေများအတိုင်း ထုတ်လုပ် သူ၊ စားသုံးသူများမှ လိုက်နာကျင့်သုံး ရမှာဖြစ်ပါတယ်။  စားသောက်ကုန်၊ ဆေးဝါးတို့နှင့်ပတ်သက်၍  အမျိုးသား အစားအသောက် ဥပဒေ၊ အမျိုးသား ဆေးဝါးဥပဒေတို့ဖြင့် လည်းကောင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတို့ သုံးစွဲ ရောင်းချခြင်းကို မြေသြဇာဥပဒေ၊ ပိုး သတ်ဆေးဥပဒေတို့ဖြင့် လည်းကောင်း၊ ၎င်း တို့နှင့် သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူ ဆောင်ရွက်နိုင်ပါတယ်။ဒါ့အပြင်  စားသုံးသူများကို  ပိုမို ထိရောက်စွာ  အကာအကွယ် ပေးနိုင် စေရန်၊ စိတ်ချဘေးကင်းသော စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ရွေးချယ်စားသုံးလာနိုင်စေရန်နှင့် ထုတ် လုပ်သူ၊ စားသုံးသူများမှ ၎င်း တို့သက် ဆိုင်ရာ ကျင့်ဝတ်၊ တာဝန်များကို သိရှိ နားလည် လိုက်နာလာစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှဦးစီးပြီး စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေ (မူကြမ်း) ကို ရေးဆွဲလျက်  ရှိပါတယ်။  ၎င်း ဥပဒေ (မူကြမ်း) ကို  သက်ဆိုင်ရာဝန်ကြီးဌာန များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း၊ဥပဒေပညာရှင်များအား ချပြညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။   စားသုံးသူ အကာအကွယ်ပေးရေး ရည်မှန်းချက်အရ  စားသုံးသူများကို လုံခြုံစိတ်ချမှုမရှိသော ထုတ်ကုန်များ သုံးစွဲခြင်းမှ အကာအကွယ်ပေးခြင်းဖြစ် ပါတယ်။ ဒါကြောင့် စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေတွင် စားသုံး သူများ အခွင့်အရေးနှင့်  တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ အခွင့် အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ် ငန်းရှင်များလိုက်နာရမည့် တားမြစ်ချက် များ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့၏ အန္တရာယ်ကင်းရှင်းမှု၊ ထုတ်လုပ်ရောင်း ချသည့်  ကုန်ပစ္စည်းနှင့်ပတ်သက်၍ ကုန်ထုတ်သူအပေါ်  တောင်းဆိုနိုင် သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့် ပတ် သက်၍  ဝန်ဆောင်မှုပေးသူအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများ စသည့်တို့ကို ပြည့်ပြည့်စုံစုံ ထည့်သွင်း ဖော်ပြထားပါတယ်။ (ဆက်လက်ဖော်ပြပါမည်)