Main menu

Background

ဝယ်လိုအား အသစ်ထွက်လာလို့ ထိုင်းသကြားပရီမီယံဈေးမြင့်တက်

Wed, 09/05/2012 - 07:21 -- Anonymous (not verified)

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နီးပါး ရောင်းချမှုလျော့ကျပြီး၊ ဝယ်လိုအားအသစ် ထွက်လာလို့ ယခုတစ်ပတ် အာရှဈေးကွက်မှာ ထိုင်းသကြားကြမ်း ပရီမီယံဈေးမြင့် တက်လာပါတယ်။ ဒီအချိန်မှာ အိန္ဒိယသကြားတင်ပို့ သူတွေက ပြည်တွင်းဈေးမြင့် တက်တာကြောင့် ၎င်း တို့အရောင်းအဝယ်စာချုပ်ဖျက်သိမ်းဖို့ စတင်ဆွေးနွေးနေ တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ထိုင်းရဲ့ ရောင်ခြည်ဖျာထွက်မှုမြင့်တဲ့ သကြား ကြမ်းကို နယူးယောက်ရဲ့ အောက်တိုဘာ စာချုပ်မှာ ယခင်တစ်ပတ်က ပရီမီယံ ၃၀၀ ပွိုင့်ဈေးရှိရာမှ ယခုတစ်ပတ်မှာ ပရီမီယံ ပွိုင့် ၄၀၀ ထိ မြင့်တက်ခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် ကုန်သည်များက ဆိုပါတယ်။

ကုန်သည်များက ၂၀၁၁-၁၂ ရာသီသကြား လက်ကျန်ရှိ၊ မရှိကို စုံစမ်းနေကြပါ တယ်။ သကြားရောင်းဝယ်တဲ့ ကုမ္ပဏီတွေမှာ သကြားပြတ်လပ်နေဖွယ်ရှိပါတယ်။ ကုမ္ပဏီများက သကြားစက်များကို ၂၀၁၁-၁၂ သကြားရောင်းဖို့ ကျန်၊ မကျန် မေးနေကြတယ်လို့ ထိုင်းနိုင်ငံရဲ့ သကြားစက်မှ အရာရှိတစ်ဦးကဆိုပါတယ်။ အာရှရဲ့ ထိပ်တန်းသကြားထုတ်လုပ်တဲ့ အိန္ဒိယနဲ့ ထိုင်းတို့မှာ နောက်ရာသီသကြားထွက်ရှိမှု အပေါ် စိုးရိမ်နေကြပါတယ်။ ယခုနှစ် အိန္ဒိယမုတ်သုံမိုးက ၁၂ ရာခိုင်နှုန်းအောက်လျော့ကျနေတဲ့အတွက် သကြားအများဆုံး ထုတ်လုပ်တဲ့ မဟာရပ်ရှတရာပြည်နယ်မှာ ကြံစိုက်ပျိုးမှု ထိခိုက် နေပါတယ်။ ကမ္ဘာမှာ သကြားအများဆုံးတင်ပို့တဲ့ ဘရာဇီး ပြီးရင် ဒုတိယအများဆုံး တင်ပို့တဲ့ ထိုင်းနိုင်ငံအဓိက ဒေသတွေမှာ မိုးမရွာတဲ့အတွက် ၂၀၁၂-၁၃ ရာသီ သကြားအထွက်ကို စိုးရိမ်နေကြပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၂-၁၃ ရာသီမှာ သကြားထွက်ရှိမှုက ယခုရာသီထက် တန်ချိန် ၁ သန်းလျော့ပြီး၊ တန်ချိန် ၂၅ သန်းထွက်ရှိနိုင်တယ်လို့ သြဂုတ်လ ၂၃ ရက်မှာ အကြံပေး Jonathan  Kingsman မှ ပြောကြားပါတယ်။ ၎င်း က ထိုင်းနိုင်ငံရဲ့ ၂၀၁၂-၁၃ သကြားထွက် ရှိမှုကို ခန့်မှန်းရာမှာယခင်နှစ်ထက်အနည်းငယ်ပိုပြီး၊ တန်ချိန် ၁၀ ဒသမ ၃ သန်း ထွက်မယ်လို့ ဆိုပါတယ်။ ပြည်တွင်းဈေး သိသိသာသာ မြင့်တက်တာကြောင့် အိန္ဒိယသကြားတင်ပို့သူ များက ကနဦးဆွေးနွေးထားတဲ့ သကြားဖြူတန်ချိန် ၅ သိန်းကျော်တဲ့ ရောင်းဝယ်မှု တွေကို ပယ်ဖျက်ဖို့ ဆွေးနွေးနေပါတယ်။ အိန္ဒိယရောင်းချသူများ အတွက် ကမ္ဘာ့ဈေး ကျဆင်းခြင်းက ပြည်ပတင်ပို့ဖို့ ဆွဲဆောင်နိုင်ခြင်းမရှိဖြစ်နေပါတယ်။ ထိပ်တန်း သကြားထုတ်လုပ်တဲ့ ဘရာဇီးမှာ ရိတ်သိမ်းနေတာကြောင့် လန်ဒန်အခြေခံစံနှုန်း များဟာ သြဂုတ်လ ၃၀ ရက်မှာသုည ဒသမ ၀၇ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၅၅၆ ဒသမ ၄၀ ရှိခဲ့လို့ ၂၀၁၀ သြဂုတ်လ နောက်ပိုင်း အနိမ့်ဆုံး နီပါးကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းကျဆင်းခြင်းက ဒေသတွင်းမှာ ဝယ်လိုအား မြင့်တက်ဖွယ်ရှိပါတယ်။အရှေ့တောင်အာရှရဲ့သကြား အများ ဆုံး ဝယ်လက်ဖြစ်တဲ့ အင်ဒိုနီးရှားဟာ စက်မှုသုံးအတွက် သကြားပြတ်လပ်မှုကို ဖြည့်ဆည်းဖို့နဲ့ လာမယ့်နှစ်အတွက် သိုလှောင်မှုမြှင့်တင်ဖို့ သကြားကြမ်းတန်ချိန် ၅၁၀၀၀၀ တင်သွင်းဖို့ စီစဉ်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပုံမှန် အနေနဲ့ ထိုင်းသကြားကို ဝယ်ယူပါတယ်။ လက်ရှိ အခြေ အနေအရ ထိုင်းသကြားအသစ်ရရှိဖို့ ဒီဇင်ဘာလတိုင် အောင် စောင့်ရမယ့် အခြေအနေရှိပါတယ်။ တစ်ဖက်မှာတော့ ဘရာဇီးက ကြံကြိတ်ခွဲ နေတဲ့အတွက် ၎င်းရဲ့ သကြားကြမ်း တွေကို ပရီမီယံ အနိမ့်ဆုံး နယူးယောက်ကြိုပွိုင့်ဈေးကွက်ကို ကမ်းလှမ်းနေပါတယ်။ယမင်းခင်၊ Sorce: Reuters