Main menu

Background

အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းနှင့် မြေထုညစ်ညမ်းမှုပြဿနာ

Wed, 09/05/2012 - 07:52 -- Anonymous (not verified)

တရုတ်နိုင်ငံ အလယ်ပိုင်းဟူပေ့ပြည်နယ်ရဲ့ မြို့တော်ဝူဟန်မှာ ဝင်ငွေနည်းတဲ့  မိသားစုတွေ အတွက် ဆောက်လုပ်ရောင်းချပေးတဲ့  အိမ်ရာ စီမံကိန်းက နေအိမ်ပေါင်း ၂၄၀၀ လုံးအနက် တစ် လုံးကို ကျိန်ဟုန်ယွမ်မိသားစုက ဝယ်ယူခွင့်ရရှိခဲ့ ပါတယ်။ အရင်က အိမ်ငှားပြီး နေထိုင်ခဲ့ရတဲ့ ကျိန် မိသားစုအဖို့တော့ ကံကောင်းတယ်လို့ ယူဆခဲ့ပါ တယ်။ ဒါပေမဲ့ အိမ်ဆောက်လုပ်ပြီးစီးလို့ ပြောင်း ရွှေ့မယ်လုပ်နေတုန်း  အဲဒီနေအိမ်တွေ ဆောက် လုပ်ထားတဲ့ မြေကွက်ကြီးဟာ အညိုရောင်ဒေသ (brownfield site) ဖြစ်နေတာကို သိရှိလိုက်ရတဲ့ အခါ သူတို့ရဲ့သာယာတဲ့အိပ်မက်တွေဟာ ပျောက် ပျက်သွားခဲ့ရပါတော့တယ်။ အညိုရောင်မြေကွက် ဆိုတာ အဲဒီမြေကွက်ပေါ်မှာ အရင်နှစ်ပေါင်းများ စွာက စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ညစ်ညမ်းနေခဲ့တဲ့ မြေနေရာပဲဖြစ်ပါတယ်။

ကျိန်မိသားစု အိမ်ဝယ်ခဲ့တဲ့ ဝူဟန်က မြေ နေရာမှာ လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်က ဆေးဝါး ထုတ်လုပ်တဲ့စက်ရုံတစ်ရုံရှိခဲ့ပြီး  နောက်ပိုင်းမှာ ဓာတုဗေဒစက်ရုံတစ်ရုံကြီး  လုပ်ကိုင်ခဲ့ပါတယ်။၁၉၉၇ ခုနှစ်ရောက်တော့ အဲဒီဓာတုဗေဒစက်ရုံ ကြီးပိတ်သိမ်းပြီး ဘက်ထရီပလိပ်ပြားထုတ်လုပ်တဲ့ စက်ရုံတစ်ရုံ ဖွင့်လှစ်ခဲ့ဖူးတဲ့မြေကွက်ပဲဖြစ်ပါတယ်။အဲဒီမြေကွက်ပေါ်မှာ  အိမ်ရာဆောက်လုပ်ရေး ကုမ္ပဏီက တန်ဖိုးနည်းအိမ်ရာတွေကို မဆောက် လုပ်မီ မြေကွက်အတွင်း လူတွေရဲ့ကျန်းမာရေးထိ ခိုက်စေတဲ့ စက်မှုစွန့်ပစ်ပစ္စည်းတွေ ဘယ်လောက် ရှိနေသလဲဆိုတာ စမ်းသပ်စစ်ဆေးခဲ့မှု မရှိဘဲ ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ရာတွေ ဆောက်လုပ်ပြီးစီးခါနီးမှ ဝူဟန်မြို့မှာ အခြေချတဲ့ တရုတ်နိုင်ငံ ဘူမိသိပ္ပံပညာတက္ကသိုလ်က အဲဒီမြေ ကွက်ကြီးဟာ အင်သီမိုနီလို့ခေါ်တဲ့ လူတွေရဲ့နှလုံး နဲ့အဆုတ်တွေကို ထိခိုက်စေတဲ့ သတ္တုဓာတ်တွေနဲ့ တခြား အော်ဂဲနစ်အညစ်အကြေးတွေနဲ့ ညစ်ညမ်း နေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးကုမ္ပဏီဟာ အဲဒီမြေကွက်ကြီး ပေါ်မှာ ပလတ်စတစ်ပြား စတုရန်းမီတာ ၂၁၀၀၀ ကိုဖုံးအုပ်ပြီး အဲဒီပလတ်စတစ်ပြားအပေါ်ကနေ တခြားဒေသက ညစ်ညမ်းမှုမရှိတဲ့မြေတွေနဲ့ ဖို့ပေးခဲ့ ရတယ်လို့ သိရပါတယ်။ယခုအခါ ဝူဟန်မြို့က အညိုရောင်ဆောက် လုပ်ရေး မြေကွက်မျိုးတွေကို တရုတ်နိုင်ငံရဲ့ မြို့ကြီး အတော်များများမှာ တွေ့ရှိလာရပါတယ်။ မြို့ကြီး တွေအတွင်းမှာ တည်ရှိခဲ့တဲ့ လေထုညစ်ညမ်းစေ ပြီး သဘာဝပတ်ဝန်းကျင်ကို  ပျက်ယွင်းစေတဲ့ စက်ရုံအလုပ်ရုံတွေကို မြို့ပြင် သို့မဟုတ် တခြားဒေ သတွေကို ပြောင်းရွှေ့ဖွင့်လှစ်စေမှုတွေ များပြား လာတဲ့အတွက် အဲဒီ အညိုရောင်မြေကွက်တွေ အမြောက်အမြားပေါ်ထွန်းလာရပါတယ်။ပေကျင်း မြို့ကြီးရဲ့ အမှတ် ၄ လမ်းမကြီးပေါ်မှာရှိခဲ့တဲ့  လေ ထုညစ်ညမ်းစေတဲ့ စက်ရုံပေါင်း ၁၀၀ ကို တခြား ဒေသတွေမှာ  ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် မြေနေရာ စုစုပေါင်း စတုရန်းမီတာ ၈ သန်းကျော် ပေါ်ထွက် လာခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး သိပ္ပံပညာအသင်းကြီးရဲ့ လေ့ လာချက်အရ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အတွင်း တရုတ်တစ်နိုင်ငံလုံးမှာ စက်ရုံစုစုပေါင်း ၉၈၀၀၀ ပိတ်သိမ်းပြီး တခြားနေရာဒေသတွေကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စက်ရုံဟောင်းတွေ တည်ရှိခဲ့တဲ့  မြေကွက်တွေ အနက် သံ၊ သံမဏိနဲ့  တခြားသတ္တုကျိုချက်တဲ့ လုပ်ငန်းတွေတည်ရှိခဲ့တဲ့ မြေကွက်တွေမှာ အဆိပ် ဓာတ်ပေါတဲ့ စွန်ပစ်ပစ္စည်းတွေ၊ ဓာတုဗေဒနဲ့ ရေနံ ဓာတုစက်မှုလုပ်ငန်းတွေ တည်ရှိခဲ့တဲ့ မြေကွက် တွေမှာ အော်ဂဲနစ်ဓာတုဗေဒဓာတ်ပေါင်းနဲ့  ပိုး သတ်ဆေး အကြွင်းအကျန်တွေ၊ လျှပ်စစ်ပစ္စည်း စက်ရုံတွေတည်ရှိခဲ့တဲ့ မြေကွက်တွေမှာ ဘေးထွက် ပစ္စည်း အမှိုက်တွေ ကျန်ရှိခဲ့တတ်ပါတယ်။အဲဒီ ပစ္စည်းတွေဟာ ကာလကြာရှည်လာတဲ့အခါ ပတ် ဝန်းကျင်မြေတွေအတွင်း စိမ့်ဝင်သွားပြီး လူတွေရဲ့ သောက်သုံးရေတွေနဲ့ စားသုံးသီးနှံပင်တွေအတွင်း ရောက်ရှိသွားတတ်တဲ့အတွက် လူ့ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။မြေထုညစ်ညမ်းမှုရဲ့  အန္တရာယ်ကို ၂၀၀၄ ခုနှစ်မှာ ဆောက်လုပ်ရေး အလုပ်သမားသုံးဦးက ပိုးသတ်ဆေးစက်ရုံဟောင်းမြေနေရာကို တူးဖော် ရှင်းလင်းတဲ့အခါ မြေအောက်ကနေ အဆိပ်ဓာတ် ငွေ့တွေ ပန်းထွက်လာပြီး  ထိခိုက်သေဆုံးခဲ့မှု သတင်းကြောင့် ပြည်သူအများ စိတ်ဝင်စားလာ ခဲ့ကြပါတယ်။ စက်မှုလုပ်ငန်းဟောင်းတွေကြောင့် ညစ်ညမ်းနေတဲ့ မြေကွက်တွေကို ပြန်လည်ကောင်း မွန်လာအောင် ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေကို အဲဒီအချိန်ကစပြီး လုပ်ဆောင်လာခဲ့တယ်လို့ သိရ ပါတယ်။ တရုတ်နိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းတွေကို အထူးအာရုံစိုက်တဲ့ hixf.net  ဝက်ဘ်ဆိုက်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ် အထိ တရုတ်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မြေပြုပြင် ထိန်းသိမ်းရေးကုမ္ပဏီအသစ် ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း ပေကျင်းမြို့ တော်မှာရှိတဲ့ စက်ရုံဟောင်း  မြေကွက်တွေကို ညစ်ညမ်းမှုမရှိအောင် ပြန်လည်ပြုပြင်ထိန်းသိမ်း ရာမှာ ကုန်ကျခဲ့တဲ့စရိတ် စုစုပေါင်းဟာ ယွမ်ငွေ သန်း ၇၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရကြောင်း ပါခင်ဗျား။ ။Ref:''Healing the Land''(Beijing Review)