Main menu

Background

ဘရာဇီးလ်နိုင်ငံ၏ စွမ်းအင်စရိတ်

Sun, 09/09/2012 - 06:04 -- Anonymous (not verified)

အခွန်အခနှုန်းများ  မြင့်မားပြီး၊ စည်းကြပ် ကောက်ခံပုံ ရှုပ်ထွေးခြင်းသည်  ဘရာဇီးလ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း များ ရင်ဆိုင်နေရသည့် အဟန့် အတားများစွာထဲမှ  အချို့သာဖြစ်သည်။ အခြေခံ အဆောက်အအုံများ  ညံ့ဖျင်း ချို့ယွင်းနေခြင်း၊ အလုပ်သမားဥပဒေများ ခေတ်နောက်ကျနေခြင်း နှင့် ကြိုးနီစနစ် အခွေလိုက် ရစ်ပတ်နှောင်ဖွဲ့ လျက် ရှိခြင်းတို့ကြောင့် ရှုပ်ထွေးပွေလီလျက်ရှိသည်။ ထို အခက်အခဲ၊ အဟန့်အတားများ ကို နှစ်ကာလကြာ မြင့်စွာ ရင်ဆိုင်ခဲ့ကြရသဖြင့် ဘရာဇီးလ်စရိတ်ဟု အဓိပ္ပာယ်ရသော ကပ်စတိုဘရာဇီးလ် (Custo Brasil) ဟု လက်တင်ဘာသာဖြင့် အမည်ပေးထား ကြသည်။ ချမ်းသာနိုင်ငံများတွင် ကုန်ပစ္စည်းထုတ် လုပ်မှုပိုလျှံ (Excess capacity) လျက် ရှိနေချိန် မှာ ဘရာဇီးလ်နိုင်ငံသုံး ငွေတန်ဖိုးမှာ ငွေလဲနှုန်း အရ အလွန်မြင့်မားနေဆဲဖြစ်၍ ဘရာဇီးလ်နိုင်ငံမှ ကုန်ထုတ်လုပ်ငန်းများမှာ  ကမ္ဘာနှင့် ယှဉ်နိုင်ရန် အခက်တွေ့နေရသည်။

ပြည်တွင်းဝယ်လိုအားမှာ ယမန်နှစ်ကထက် ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာသဖြင့် ဝယ်လို အားကောင်းနေဆဲဟု ဆိုနိုင်သည်။ သို့သော်လည်း ထိုဝယ်လိုအားကို ပြည်ပသွင်းကုန်များက အကုန် သိမ်းကျုံး  ဝါးမျိုလိုက်ကြသည်။ ပြည်ပပို့ကုန်မှာ ယခုအချိန်တွင် ကုန်ကြမ်းများသာ အများဆုံးပါ ဝင်နေသည်။ သဘာ၀ သယံဇာတ ပေါများသော် လည်း ဘရာဇီးလ်နိုင်ငံ၏ စက်မှုလုပ်ငန်းများမှာ တိုးတက်မှု မရှိတော့ သလောက် ဖြစ်နေသည်။ တိုင်းပြည်စီးပွားရေးအပေါ် အစိုးရ၏ အရေးယူ ဆောင်ရွက်မှုများမှာလည်း အနည်းအကျဉ်းသာ ရှိပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေးသဘော လွှမ်းမိုး နေသည်။ မော်တော် ကားနှင့် ပြည်တွင်းမှာထုတ် လုပ်သည့် အိမ်သုံးကုန်စည်များ (White goods) အပေါ် ရောင်းခွန်လျှော့ချပေးပြီး၊  လစာဝင်ငွေ အပေါ် ကောက်ခံသည့်အခွန်များ (Payroll taxes)  ကို ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးသည့် အထည် အလိပ်၊ ပလတ်စတစ်နှင့် မော်တော်ယာဉ်ထုတ် လုပ်မှုတို့ကဲ့သို့ လုပ်ငန်းကဏ္ဍ အချို့အပေါ် အခွန် နှုန်းနည်းနည်းဖြင့် ကောက်ခံသည့် ကုန်စည်ခွန်နှင့် အစားထိုးသည်။ပြည်ပတွင်ထုတ်လုပ်သည့် ကုန်စည်များတင် သွင်းမှုအပေါ် ကန့်သတ်ချက်များ ထပ်မံချမှတ် သည်။ တကယ်တော့  ပြည်ပမှ  သွင်းကုန်များ အပေါ်  ကောက်ခံသည့် သွင်းကုန်ခွန်နှုန်းများ(Tariffs)   မှာ အတော်ပင်မြင့်မားနေပြီးဖြစ်သည်။ သွင်းကုန်အပေါ်ကန့်သတ်ခြင်းသည် ရေတိုကာလ အနေဖြင့်   ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို အထောက်အကူပေးရာ  ရောက်သော်လည်း စား သုံးသူပြည်သူအများစုမှာ သွင်းကုန်များကို ပိုမို မြင့်မားသည့်ဈေးဖြင့်ဝယ်ယူစားသုံးရသောကြောင့် ထိခိုက်နစ်နာကြရ သည်။   ပြည်ပပြိုင်ဆိုင်မှုကို အကာအကွယ်ပေးထားသော်လည်း  ပြည်တွင်း စက်မှုလုပ်ငန်းများမှာ အင်အားချိနဲ့လျက်သာ ရှိ သည်။ စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း တို့မှအပ ဘရာဇီးလ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု စွမ်း ရည်မှာ ကျဆင်းနေမြဲဖြစ်သည်။ဘရာဇီးလ်စရိတ်ကို ဖြတ်တောက်လျှော့ချနိုင် ရန်အတွက် အခြေခံအဆောက်အအုံများ  ပြုပြင် တိုးချဲ့ရေးကဏ္ဍအား ပုဂ္ဂလိကသို့ လွဲှအပ်သွားမည့် အစီအစဉ်ကို ဘရာဇီးလ်အစိုးရက သြဂုတ်လ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းမှာ အစိုးရ၏ မူဝါဒ အကြီးအကျယ် ပြောင်းလဲလိုက်ခြင်းဖြစ် သည်။ ထိုအစီအစဉ်မှာ နောင်တွင်ကုန်ကျစရိတ် လျော့နည်းသွားစေမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်း များ၏ ထုတ်လုပ်မှုတိုးတက်လာစေမည်ဖြစ်သည်။ သို့သော်လည်း ထိုအစီအစဉ်၏  အခြားတစ်ဖက် တွင်ရှိနေသည့် လစာအပေါ်အခွန်များနှင့် လျှပ်စစ် ဓာတ်အားခလျှော့ချရေးတို့ကိုမူ အစိုးရကချန်လှပ် ထားသည်။ လျှပ်စစ်ဓာတ်အားခ   ကုန်ကျစရိတ်သည် ဘရာဇီးလ်စရိတ်၏  အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘရာဇီးလ်နိုင်ငံ၏ လျှပ်စစ်စွမ်းအင် ၇၀ ရာခိုင်နှုန်း မှာ ကုန်ကျစရိတ်နည်းသော ရေအားလျှပ်စစ်မှ ရ ရှိခြင်းဖြစ်သည်။  သို့သော်လည်း ဓာတ်အားသုံးစွဲ သူများမှာ ကမ္ဘာတွင် အမြင့်ဆုံးဈေးနှုန်းဖြင့် ပေး ချေနေရသည်။ တစ်ကီလိုဝပ်နာရီအတွက် ဓာတ် အားခမှာ ကမ္ဘာ့ပျမ်းမျှဈေးနှုန်းထက် ၅၀ ရာခိုင် နှုန်းပိုများနေပြီး၊ စီးပွားထွန်းသစ်စ အခြားနိုင်ငံ များထက် နှစ်ဆပိုမြင့်နေသည်ဟု ရီယိုဒီဂျနေးရိုးမြို့ စက်မှုလုပ်ငန်းရှင်များအသင်း၏ လေ့လာချက် တွင် ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ အလူမီနီယမ်သတ္တုစက် ရုံကဲ့သို့ ဓာတ်အားအသုံးများသည့် လုပ်ငန်းများက အိမ်နီးချင်း ပါရာဂွေးနိုင်ငံသို့ ပြောင်းရွှေ့ရန် ကြိုး ပမ်းနေကြသည်။ ပါရာဂွေးနိုင်ငံသည် ဘရာဇီးလ် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ငါးပုံတစ်ပုံကို ထုတ် လုပ်ပေးနေသည့် အိုင်တေးပုဆည်မှပင် ဓာတ်အား ရယူခြင်းဖြစ်သော်လည်း စားသုံးသူပေးရသည့် ဓာတ်အားခမှာ များစွာသက်သာသည်။ဘရာဇီးလ်တွင် ဓာတ်အားခစရိတ် ပိုများရ ခြင်းသည် ဓာတ်အားထုတ်လုပ်ပေးသည့် ဆည် ကြီးအများစုမှာ နိုင်ငံ၏အရှေ့တောင်ပိုင်း၊ ဝေးလံ ဒေသတွင်တည်ရှိနေသဖြင့် ဓာတ်အားပို့လွှတ် စရိတ် ကြီးမားခြင်းနှင့် စုစုပေါင်းထုတ်လုပ်သည့် ဓာတ်အား၏ ၁၃ ရာခိုင်နှုန်းကို ခိုးယူခံရခြင်းတို့ ကြောင့်ဖြစ်သည်။ အမှန်တကယ်တော့ ဓာတ်အား ခဈေးမြင့်နေရခြင်းမှာ ဓာတ်အားအပေါ် ကောက် ခံသည့်အခွန်ကြောင့်ဖြစ်သည်။ ဓာတ်အားခတွင် ပါဝင်သည့် အခွန်အချိုးအစားမှာ ၄၅ ရာခိုင်နှုန်း အထိရှိသည်ဟု  Acende Brasil  သုတေသနသိပ္ပံ ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။  အခြား ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးတွင် အခွန်ပါဝင်မှု ပျမ်းမျှ ၃၅ ရာခိုင်နှုန်းအထိသာရှိသည်။ ဘရာဇီးလ် နိုင်ငံတွင် စွမ်းအင်ဈေးနှုန်း မြင့်မားနေဦးမည်ဖြစ် သည့်အပြင်စွမ်းအင်အပေါ်ကောက်ခံသည့် အခွန် အကောက်များသည်လည်း စိတ်ပျက်ဖွယ်ရှုပ်ထွေး လျက်ရှိသည်။ အခွန်ဝန်ထုပ်ဝန်ပိုးမှာ ၂၀၀၈ ခုနှစ် က တိုင်းပြည်ဂျီဒီပီ၏ ၂၂ ရာခိုင်နှုန်း ရှိခဲ့သော် လည်း နောက်ထပ်အခွန် အမျိုးမျိုး  စည်းကြပ် ကောက်ခံလာခြင်းကြောင့် ယခုအချိန်တွင် ဂျီဒီပီ ၏ ၃၆ ရာခိုင်နှုန်းအထိ ရှိနေသည်။ ဘရာဇီးလ် တွင် အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခုအတွက် အခွန်ပေးဆောင်ရန် နှစ်စဉ်နာရီပေါင်း ၂၆၀၀ ခန့် အချိန်ပေးရသည်။ အခွန်ပေးဆောင်ရန် ကမ္ဘာ့ပျမ်း မျှကြာမြင့်ချိန်မှာ နာရီပေါင်း ၂၇၇ နာရီသာရှိ သည်ဟု ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် နှိုင်းယှဉ် ဖော်ပြထားသည်။     Ref; The Economist.