Main menu

Background

ကျောက်မီးသွေးက ပိုသန့်ရှင်းပိုတွက်ခြေကိုက်တဲ့စွမ်းအင်ထုတ်လုပ်ရေး

Sun, 09/09/2012 - 09:01 -- Anonymous (not verified)

မျက်မှောက်  ကမ္ဘာ့စွမ်းအင်ထုတ်လုပ်မှုမှာ လေ၊ နေ စတဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေရဲ့ ထုတ် လုပ်မှုရာခိုင်နှုန်းဟာ  ခုဂဏန်းလောက်ပဲရှိတဲ့ အတွက် ကာဘွန်ဒိုင်အောက်ဆိုက်  လုံးဝမထွက် ရှိအောင် စွမ်းအင်ထုတ်လုပ်တဲ့ နည်းပညာမျိုးရရှိ ဖို့ဆိုတာ မဖြစ်နိုင်ဘဲရှိနေပါတယ်။ ဒါကြောင့် အဲဒီ ပြဿနာကို အချိန်ကာလလတ်အတွင်း  (medium-term) ဖြေရှင်းနည်းကတော့ လက်ရှိအသုံး ပြုနေတဲ့ အဓိက တွင်းထွက်လောင်စာေ တွဖြစ်တဲ့ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကို ယခု ထက်ပိုပြီး သန့်ရှင်း၊ ပိုပြီးတွက်ခြေကိုက်  (effic- iency)  အောင်နဲ့ ပိုပြီး စွမ်းဆောင်ရည်ကောင်း အောင် ထုတ်လုပ်နည်းတွေကို ရှာဖွေထုတ်လုပ် ခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဈေးသက်သာပြီး အမြောက်အမြား ရရှိနိုင်တဲ့ ကျောက်မီးသွေးနဲ့  လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုဟာ ၄၁ ရာခိုင်နှုန်းခန့်ရှိပြီး၊ သဘာ၀ ဓာတ်ငွေ့နဲ့ ထုတ်လုပ်မှုက ၂၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ တရုတ်နဲ့  အိန္ဒိယနိုင်ငံတွေမှာဆိုရင် ကျောက်မီးသွေးကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ် မှုဟာ ၈၀ ရာခိုင်နှုန်းနဲ့ ၆၈ ရာခိုင်နှုန်းအထိ ရှိပါ တယ်။

၁၉၇၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရေနံအကျပ် အတည်းကြီးကြောင့် ဂျပန်နိုင်ငံဟာ မိမိရဲ့ လျှပ်စစ် စွမ်းအင်ထုတ်လုပ်မှုကို ပြည်ပကတင်သွင်းနေရတဲ့ ရေနံအပေါ် မှီခိုနေရမှုကလျှော့ချဖို့ ကျောက်မီး သွေးနဲ့ သဘာဝဓာတ်ငွေ့တွေကနေ ပိုသန့်ရှင်းပြီး ပိုတွက်ခြေကိုက်တဲ့ စွမ်းအင်ထုတ်လုပ်ရေး နည်း ပညာတွေကို ဖော်ထုတ်အသုံးချလာတာ တွေ့ရပါ တယ်။ အဲဒီအချိန်လောက်ကစပြီး ဂျပန်ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ မစ်ဆူဘီရှီ၊ တိုရှီဘာနဲ့ ဟီတာချီ တို့ဟာ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေ ကနေ ကမ္ဘာမှာ အတိုးတက်ဆုံးဖြစ်တဲ့ လျှပ်စစ် စွမ်းအင်ထုတ်လုပ်ရေးနည်းပညာတွေကို တီထွင် လာခဲ့ကြပါတယ်။ အမေရိကန်၊ တရုတ်နိုင်ငံတွေနဲ့  မတူတဲ့ ဂျပန်နိုင်ငံဟာ  မိမိစွမ်းအင်လိုအပ်ချက် အတွက် ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေ ကို ပြည်ပကဈေးကြီးပေးပြီး ဝယ်ယူတင်သွင်းနေ ရတဲ့အတွက် အဲဒီလောင်စာတွေကနေ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာမှာ ပိုမိုတွက်ခြေကိုက်ပြီး ပိုစွမ်းဆောင်ရည်မြင့်တဲ့ စက်ရုံတွေကို တီထွင် ဆောက်လုပ် အသုံးပြုလာပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ ကျောက်မီး သွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုစွမ်း ရည်ဟာ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ဂျပန် နိုင်ငံအနေနဲ့ မိမိရဲ့ကျောက်မီးသွေးကနေ လျှပ် စစ်ဓာတ်အား ထုတ်လုပ်တဲ့ တာဘိုင်စက်တွေရဲ့ စွမ်းဆောင်ရည်ကို ၂၀၁၅ ခုနှစ်မှာ ၄၆ ရာခိုင် နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ ၄၈ ရာခိုင်နှုန်းအထိ တိုး တက်ထုတ်လုပ်လာနိုင်အောင် ရည်မှန်းပြီး ဆောင် ရွက်လာနေတယ်လို့ သိရပါတယ်။  ဒါ့အပြင် ကျောက်မီးသွေး ကနေ သဘာဝဓာတ်ငွေ့ ထုတ် လုပ်ပြီး၊ အဲဒီဓာတ်ငွေ့ကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်တဲ့ တာဘိုင်စက်တွေကိုလည်း တီထွင် လာခဲ့ပါတယ်။ ဒီလိုကျောက်မီးသွေးက လျှပ်စစ် စွမ်းအင် ထုတ်လုပ်မှုစွမ်းဆောင်ရည် ၅၇ ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ်နိုင်ရင် အဲဒီလုပ်ငန်းကကာဘွန်ဒိုင် အောက်ဓာတ်ငွေ့ ထုတ်လွှတ်မှု (Emissions)  ၃၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။ စွမ်းဆောင် ရည် ၆၅ ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ်လာနိုင်ရင် တော့ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်း လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ ဂျပန်ကုမ္ပဏီတွေဟာ  ကမ္ဘာမှာ ဘဘာ၀ ဓာတ်ငွေ့ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စွမ်းဆောင်ရည် ၅၂ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင် တဲ့ တာဘိုင်စက်တွေ ပထမဆုံးတီထွင်ရောင်းချ နိုင်တဲ့ ကုမ္ပဏီတွေဖြစ်ကြပါတယ်။ TEPCO  ကုမ္ပဏီဆိုရင် စွမ်းဆောင်ရည် ၆၁ ရာခိုင်နှုန်းရှိတဲ့ တာဘိုင်စက်ကြီးနှစ်လုံးကို ၂၀၁၆ ခုနှစ်မှာ သူ့ ကုမ္ပဏီပိုင် ကာဝါစကီစက်ရုံကြီးမှာ တည်ဆောက် မယ်လို့ သိရပါတယ်။ J-Power  ကုမ္ပဏီကလည်း သဘာဝဓာတ်ငွေ့ကနေ  လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်တဲ့  စက်ရုံကြီးတစ်ရုံကို ၂၀၁၆ ခုနှစ် အတွင်း ဟီရိုရှီးမားမြို့မှာ တည်ဆောက်ဖို့ အစီ အစဉ်ရှိပါတယ်။ မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ် ငန်းကြီးနဲ့ J-Power  ကုမ္ပဏီတို့ပူးပေါင်းပြီး သဘာ၀ ဓာတ်ငွေ့ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင် တဲ့ စက်ရုံကြီးတစ်ရုံကို နာကိုဆိုမြို့မှာ တည် ဆောက်နေတယ်လို့ သိရပါတယ်။ ယခုအခါ ဖွံ့ဖြိုးပြီးနဲ့  ဖွံ့ဖြိုးစနိုင်ငံတွေမှာ ကျောက်မီးသွေးလောင်စာကို အသုံးပြုပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ် အသုံးပြုနေတဲ့ စက်ရုံပေါင်း အမြောက်အမြား  ရှိနေပါတယ်။ သီအိုရီအရ အကယ်၍ တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံ တွေမှာသာ  ဂျပန်ရဲ့ နည်းပညာနဲ့  ကျောက်မီး သွေးကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ် အသုံးပြု နိုင်ခဲ့ရင် တစ်နှစ်ကို လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု ဟာ တန်ချိန် ၁ ဒသမ ၃ ဘီလီယံကျော်လျော့ နည်းသွားစေနိုင်တယ်လို့ ဂျပန် J-Power   ကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ နိုဂူချီက ထောက်ပြထား ပါတယ်။ အဲဒီပမာဏဟာ  တစ်ကမ္ဘာလုံးထုတ် လွှတ်နေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏရဲ့ ၄ ရာခိုင်နှုန်း၊ ဂျပန်တစ်နိုင်ငံလုံး ထုတ် လွှတ်နေတဲ့ ပမာဏလောက် အထိရှိကြောင်းပါခင် ဗျား။ ။            Ref:Japan Journal