Main menu

Background

ဂျပန်ယန်းငွေတန်ဖိုးမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ဂရုတစိုက်လေ့လာထိန်းချုပ်ရန်လိုသည်ဟု ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌပြောကြား

Fri, 09/28/2012 - 10:15 -- Anonymous (not verified)

ဂျပန်ယန်းငွေတန်ဖိုး မြင့်မားတာကြောင့် ဂျပန်နိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုကိုလျော့ကျစေတဲ့အပြင် ကော်ပိုရေးရှင်းတွေရဲ့ အကျိုးအမြတ်တွေလည်း ကျဆင်းစေတယ်။ ဒါ့အပြင် စီးပွားရေးယုံကြည်ချက်လည်း ယိုယွင်းကျဆင်းနေလျက်ရှိရာ ဂျပန်ဗဟိုဘဏ်  (BOJ) အနေနဲ့ ယန်းငွေ တန်ဖိုးမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ဂရုတစိုက်လေ့လာထိန်းချုပ်ဖို့ လိုအပ်တယ်လိ့ု BOJ  Masaaki Shirakawa  က ပြောကြားတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဂျပန်ယန်းက ကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ တန်ဖိုး ၄၅ ရာခိုင်နှှုန်းဝန်းကျင် မြင့်မားခဲ့တယ်။ ဒါကြောင့် Sony နဲ့ Toyota  ကော်ပိုရေးရှင်းများ အပါအဝင် ပို့ကုန်တင်ပို့သူတွေရဲ့ အကျိုးအမြတ် ကျဆင်းခဲ့တယ်။

ဒါကြောင့် ယန်းငွေတန်ဖိုးကျဆင်းစေဖို့နဲ့ ငွေကျုံ့ခြင်းကိုဖြေရှင်းဖို့ ဥပဒေချမှတ်သူတွေရဲ့ တိုက်တွန်းချက်အရ  BOJ  ဥက္ကဋ္ဌက ပြည်တွင်းရှိ နိုင်ငံခြား ကုမ္ပဏီတွေကရောင်းချတဲ့ ငွေချေးစာချုပ်တွေဝယ်ယူခြင်းကို စက်တင်ဘာ ၆ ရက်မှစပြီး ပြန်လည်စတင်ဆောင်ရွက်ခဲ့တယ်။ အမှန်တကယ်တမ်း ဒီလိုဆောင်ရွက်ခြင်းက ဗဟိုဘဏ်လုပ်ပိုင်ခွင့်ရဲ့ အပြင်ဘက်မှာရှိတယ်။  အီးယူဒေသကြွေးမြီအကျပ်အတည်းကြောင့် ပင်လယ်ရပ်ခြားရှိ စီးပွားရေးလုပ်ငန်း တွေ အားနည်းလာခြင်းက ဂျပန်ရဲ့ ပို့ကုန်တင်ပို့မှုနဲ့ စက်မှုထုတ်ကုန်တွေထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုအထိ အားနည်းသွားစေ တဲ့အပြင် တိုင်းပြည်ရဲ့ ကုမ္ပဏီတွေနဲ့ အိမ်ထောင်စုတွေရဲ့ ယုံကြည်ချက်ကိုကျဆင်းစေတဲ့အပြင် နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အရှိန်အဟုန်ကိုလည်း နှေးကွေးစေတယ်။ ဒါ့အပြင် အီးယူဒေသ ကြွေးမြီအကျပ်အတည်းက အမေရိကန်စီးပွားရေးတိုးတက်မှုအရှိန်အတွက် လေဆန်ကို ရင်ဆိုင်ရသလိုမျိုးဖြစ်စေတဲ့ အပြင် တရုတ်ရဲ့ပို့ကုန်တင်ပို့မှုအပေါ်မှာလည်း လွှမ်းမိုးမှုရှိနေရာ အခြေအနေကို သတိထားစောင့်ကြည့်နေဖို့ လိုအပ်လာပြီဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။                                                                                       Source:Bloomberg, ပပ