Main menu

Background

မြန်မာ့ဆားဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကမ်းလှမ်းမှုရှိ

Fri, 09/28/2012 - 11:08 -- Anonymous (not verified)

ရခိုင်ပြည်နယ်ဒေသထွက် နေလှန်းဆားများတန်ချိန် ၁၀၀၀၀ ခန့် ဝယ် ယူရန် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များက သြဂုတ်လ နောက် ဆုံးပတ်မှာ ကမ်းလှမ်းမှုရှိလာတယ်လို့ သတင်းရရှိပါတယ်။ စက်တင်ဘာလ အတွင်းမှာ ပထမဆုံးအသုတ်အနေနဲ့ တန် ၃၀၀၀ တင်ပို့ရန်စီစဉ်ထားပြီးဖြစ် တယ်။ကျန်တဲ့တန် ၇၀၀၀ ကို တစ်ဘက်နိုင်ငံက စေလွှတ်တဲ့သင်္ဘောရဲ့ ကုန် တင်ဆန့်မှုပေါ် မူတည်ပြီး တင်ပို့သွားမှာဖြစ်တယ်လို့ စစ်တွေနယ်စပ် ကုန် သွယ်ရေးစခန်းတာဝန်ခံ ဦးနန္ဒက  Commerce Journal  ကို ပြောပြပါတယ်။

စစ်တွေမင်းဂံဆိပ်ကနေ FOB စနစ်နဲ့ ဝမ်းပုံတင်ပို့မယ်ဆိုလျှင် ဆား ၁ ပိဿာကို ၆၀ိ/-နှုန်း၊ အိတ်နဲ့ ထုပ်ပိုးပို့မယ်ဆိုလျှင် ဆား ၁ ပိဿာကို ၆၅ိ/-နှုန်းနဲ့ ရေလည်မှာဆိုက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်သင်္ဘောကိုကဲ့လှေနဲ့ သွားပို့ရမယ် ဆိုလျှင် ၁ ပိဿာကို ၇၅ိ/-နှုန်းနဲ့ရောင်းချမယ်လို့သိရပါတယ်။ တက္ကနာဗ် ကိုပို့မယ်ဆိုလျှင်  CIF ၉၅ိ/-နှုန်းကျသင့်တယ်လို့ဆိုပါတယ်။ end-user   ဟာ စစ်တကောင်းကဖြစ်ပြီး မိမိတို့စက်လှေတွေအနေနဲ့ တက္ကနာဗ်ထိသာ    သွားလို့ရတာဖြစ်လို့ စစ်တကောင်းမှသင်္ဘောလွှတ်ပြီးလာရောက် သယ်ဆောင် တာလို့ ဦးနန္ဒက ရှင်းပြပါတယ်။ မိမိတို့အနေနဲ့ ၁၉၉၈ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ခဲ့ရာမှာ ၂၀၀၄ ခုနှစ်ကုန်မှာ စားဖိုချောင်သုံး ပစ္စည်းတင်ပို့မှုရပ်ဆိုင်းခဲ့သည့်မူအရ မြန်မာဆား ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း အဓိကဆားထုတ်လုပ်သိုလှောင်တဲ့ဒေသ တွေက တော့ စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏးကျွန်း၊ မြေပုံ၊ မင်းပြားနဲ့ ကျောက်ဖြူမြို့များ ဖြစ်ကြပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အရာရှိများ ပူးတွဲလုပ်ငန်းအဖွဲ့ဆွေးနွေးပွဲများမှာ မြန်မာ့နေလှန်းဆားများပြန်လည်ဝယ်ယူနိုင် ရေး ညှိနှိုင်းချက်များအရ ဝယ်ယူရန် ကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ နေလှန်းဆားထုတ်လုပ်ခြင်းကို သန့်ရှင်းအောင်ပြုလုပ်ပြီး ထုပ်ပိုးမှုစနစ် ကောင်းကောင်းနဲ့တင်ပို့မယ်ဆိုရင် ဈေးကွက်ထိုးဖောက်နိုင်မှာဖြစ်ပြီး ကုန်သည် များ၊ ကုမ္ပဏီများအနေနဲ့ နေလှန်းဆားကွင်းများနဲ့ချိတ်ဆက်ပြီး ပြည်ပ တင်ပို့နိုင် ရေး စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။Source နကသ၊ဂန္ဓမာ