Main menu

Background

လုံလောက်စွာ ရရှိနိုင်တဲ့ ကမ္ဘာ့မြေအောက်ဘူမိအပူစွမ်းအင်

Fri, 09/28/2012 - 11:26 -- Anonymous (not verified)

လက်ရှိကမ္ဘာမှာ သမားရိုးကျအသုံးပြုနေတဲ့ ဘူမိအပူစွမ်းအင် (Geothermal Energy) တွေကို ကမ္ဘာ့မြေပြင်အပေါ်ပိုင်းမှာ ထွက်ရှိတဲ့ အပူငွေ့နဲ့ ရေပူစမ်းတွေကနေ ထုတ်လုပ်နေကြခြင်း ဖြစ်ပါ တယ်။ ဥပမာ  အိုက်စလန်နိုင်ငံမှာ  သဘာ၀ အလျောက်  ဖြစ်ပေါ်နေတဲ့ ရေပူစမ်းတွေကနေ လျှပ်စစ်ဓာတ်အားကို ထုတ်ယူသုံးစွဲခဲ့ရာ နိုင်ငံရဲ့ လိုအပ်ချက် လေးပုံတစ်ပုံအထိ  ဖြည့်ဆည်းပေးနိုင် ခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာ  ပတ်ဝန်း ကျင်မှာရှိတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အမေရိကန် အနောက်ဘက်ကမ်းခြေတစ်လျှောက်မှာလဲ ဘူမိ အပူစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ စက်ရုံတွေကို တွေ့နိုင်ပါတယ်။

ယခုနောက်ဆုံးတွေ့ရှိတဲ့ ဘူမိအပူစွမ်းအင် ထုတ်လုပ်မှုနည်းပညာကို  "အင်ဂျင်နီယာပညာနဲ့ ဘူမိအပူစွမ်း အင်ထုတ်ယူတဲ့စနစ် (Engineered  geothermal systems-EGS)" လို့ ခေါ်ပါတယ်။ ဒီစနစ်နဲ့ မီးတောင်တွေ၊ ရေပူစမ်းတွေ မရှိတဲ့ဒေသ၊ ဘယ်ကမ္ဘာ့နေရာမှာမဆို မြေအောက် မီတာ ထောင်ပေါင်းများစွာ နက်အောင်တူးပြီး ဘူမိအပူ စွမ်းအင်ကို ထုတ်ယူနိုင်ပါတယ်။ ကမ္ဘာ့မြေလွှာ အောက်မှာတည်ရှိနေတဲ့ ပူလောင်တဲ့ ကျောက် ဆောင်တွေအတွင်း  ပိုက်တွေရိုက်သွင်းပြီး မြေပြင် ပေါ်က ရေအေးတွေကို လောင်းထည့်ကာ အလွန် ပူလောင်တဲ့ရေတွေအဖြစ် ကမ္ဘာ့မြေပြင်ပေါ်ကိုပြန် ပေးပို့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ဂျင်န ရေတာတွေကို လည်ပတ်စေနိုင်ပါ တယ်။ ကမ္ဘာ မြေထုရဲ့အောက်ခြေမှာရှိတဲ့ ကျောက်အလွှာ ဟာ နက်လေပိုပူလေဖြစ်တဲ့အတွက် ဘူမိစွမ်းအင်ထုတ် လုပ်ဖို့  အလွန်များပြားပြီး ဘယ်တော့မှ ကုန်ခန်း ဖို့မရှိတဲ့ သယံဇာတအရင်းအမြစ်ကြီး ဖြစ်ပေါ်နေ ပါတယ်။ မာဆာချူးဆက် နည်းပညာတက္ကသိုလ်က ထုတ်ပြန်တဲ့  အစီရင်ခံစာတစ်စောင်အရ အမေရိ ကန်နိုင်ငံရဲ့ မြေအောက် ၃ ကီလိုမီတာကနေ ၁၀ ကီလိုမီတာ (၁ ဒသမ ၉ မိုင်ကနေ ၆ ဒသမ ၂ မိုင်) အတွင်းမှာရှိတဲ့ ပူလောင်တဲ့ကျောက်လွှာတွေ ကနေ ဘူမိအပူစွမ်းအင်  ထုတ်လုပ်ရရှိနိုင်တဲ့  ပမာဏဟာ လက်ရှိ အမေရိကန်မှာ သုံးစွဲနေတဲ့ စွမ်းအင်စုစုပေါင်းရဲ့ အဆတစ်သိန်း လေးသောင်း အထိများတယ်လို့ သိရပါတယ်။ယခုအခါ သြစတြေးလျနိုင်ငံဟာ ဂျီအိုဒိုင်းန မိုက်(စ်) (Geodynamics) ကုမ္ပဏီနဲ့ တခြားနိုင်ငံ တွေက စွမ်းအင်ကုမ္ပဏီတွေဟာ EGS  စနစ်နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့  စက်ရုံတွေကို အပြိုင်အဆိုင် တည်ထောင်ကြဖို့ ကြိုးစားလာနေ ကြပါတယ်။ ဂျီအိုဒိုင်းနမိုက်စ် ကုမ္ပဏီအနေနဲ့ သြစတြေးလျနိုင်ငံတောင်ပိုင်းရှိ ကူးပါးချိုင့်ဝှမ်းမှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံပေါင်း ၁၀ ရုံတည်ဆောက်ပြီး လုပ်ငန်းကို အစပျိုးလိုက်ပါတယ်။ အဲဒီဒေသရဲ့ အခြေအနေ ဟာ စက်ရုံပေါင်းရာနဲ့ချီတည်ထောင်နိုင်တဲ့ ဘူမိ အပူစွမ်းအင် အရင်းအမြစ်များစွာရှိတဲ့ ဒေသဖြစ်ပါ တယ်။ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာလဲ EGS  စနစ်နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ကြိုး စားလာနေကြပါတယ်။ နိုင်ငံတကာ ဘူမိအပူစွမ်း အင် အသင်းကြီးရဲ့ ခန့်မှန်းခြေအရ ၂၀၅၀ ပြည့် နှစ်ရောက်ရင် ကမ္ဘာမှာ ဘူမိအပူစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဟာ ၁၆၀ ဂိုင်ဂါဝပ် (GW) အထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဘူမိ အပူစွမ်းအင်ဟာ တခြား ပြန်ပြည့်မြဲစွမ်းအင်တွေ လိုပဲ လေထုကိုညစ်ညမ်းစေတဲ့  ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့  လုံးဝထုတ်လွှတ်ခြင်းမရှိ ဘူးလို့ သိရပါတယ်။နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဂူဂဲလ် ဟာ  ဘူမိအပူစွမ်းအင်ရဲ့  အလားအလာကို ကောင်းစွာ သိမြင်တဲ့အတွက် ကယ်လီဖိုးနီးယား အခြေစိုက်  EGS   ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Potter Drilling  နဲ့ AltaRock Energy  ကုမ္ပဏီတွေမှာ အမေရိကန်နဲ့ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံခဲ့ပါ တယ်။ အမေရိကန်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနကလဲ ဘူမိအပူစွမ်းအင် စက်ရုံစီမံကိန်း ၁၂၃ ခုအတွက် ငွေကြေးအမေရိကန်ဒေါ်လာ ၃၃၈ သန်းထောက် ပံ့ခဲ့ပြီး EGS  သုတေသနလုပ်ငန်းတွေအတွက်လဲ အမေရိ ကန်ဒေါ်လာ ၁၃၃ သန်း မတည်ပေးခဲ့ တယ်လို့ သိရပါတယ်။သြစတြေးလျနိုင်ငံမှာဆိုရင် ၂၀၀၂ ခုနှစ်က နေ ၂၀၁၄ ခုနှစ်အတွင်း ဘူမိအပူစွမ်းအင်စီမံကိန်း တွေအတွက် ရင်းနှီးမြှုပ်နှံငွေတန်ဖိုးဟာ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံအထိ ရှိတယ် လို့ ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ အစိုးရက ထောက်ပံ့ငွေဟာ အမေရိကန်ဒေါ်လာသန်း ၂၅၀ ပါဝင်ပါတယ်။ သြစတြေးလျနိုင်ငံမှာ ကုမ္ပဏီပေါင်း ၅၀ ဟာဘူမိအပူစွမ်းအင်ထုတ်လုပ်ဖို့ လုပ်ပိုင်ခွင့် လိုင်စင်ပေါင်း ၄၀၀ ကျော်ရယူထားပြီး မြေဧရိယာ ကီလိုမီတာ ၅ သိန်းမှာ ရှာဖွေထုတ်လုပ်မယ်လို့ သိရပါတယ်။ အဲဒီမြေဧရိယာဟာ  စပိန်နိုင်ငံရဲ့ မြေဧရိယာလောက် ရှိပါတယ်။ဂျီအိုဒိုင်းနမိုက်(စ်) ကုမ္ပဏီရဲ့ သိပ္ပံပညာရှင် အကြီးအကဲ ဒေါက်တာဒုန်းဝိုင်ဘုမ်းက "ယခုအခါ တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို  ရေနံတွင်းပေါင်း ထောင်ပေါင်း များစွာအလုအယက် တူးဖော်ထုတ် လုပ် နေကြပါတယ်။ ဒီနှုန်းအတိုင်းသွားရင် လာ မယ့်ဆယ်စုနှစ်အနည်းငယ်အတွင်း ရေနံတွေ ခန်း ခြောက်သွားနိုင်ပြီး အဲဒီရေနံတွင်းတွေအစား ဘူမိ အပူစွမ်းအင် ထုတ်ယူမယ့်တွင်းတွေက အစားထိုး ယူလာမှာကို မြင်ယောင်နေမိပါတယ်"လို့  ဆို ကြောင်းပါခင်ဗျား။      ။ွRef:"Hot rocks and High hopes"(The Economist)