Main menu

Background

အာရှဗဟိုဘဏ်များက ယွမ်ငွေကြေးဘက်သို့ ဦးလှည့်

Mon, 10/01/2012 - 04:37 -- Anonymous (not verified)

အာရှဗဟိုဘဏ်များက အခိုင်အမာအဖြစ်ထားရှိရာတွင် ငွေကြေးကိုအမျိုးမျိုးခွဲဖြန့်ထားရှိပြီး ယွမ်ငွေကြေးကိုပါ အသုံး ပြုလာပါတယ်။ သို့ဖြစ်ရာ ယွမ်ငွေကြေးကို အပြည်ပြည် ဆိုင်ရာ ငွေကြေးအဖြစ် တစ်စစ ဦးတည်လာစေခဲ့ပါတယ်။

တရုတ်နိုင်ငံကမကြာသေးမီက Dimsum bond    ခေါ် ဘွန်းစာချုပ်များကို ဇူလိုင်လအတွင်းက ထုတ်ဝေခဲ့ရာ ထုတ်ဝေတဲ့ စာချုပ်စာတမ်းများရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို အာရှဗဟိုဘဏ်များက ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ရောင်းချ သူများနဲ့ ဝယ်ယူသူများကိုအတိအကျ ရရှိနိုင်ခြင်း မရှိပါ။ တရုတ်ယွမ်ရဲ့ ပင်လယ်ရပ်ခြားဈေးကွက်က တရုတ် စီးပွားရေးအရွယ်အစားနဲ့ နှိုင်းယှဉ်ရင်ကြီးမားလာပြီဟု ပြော လို့မရသေးပါ။ ၂၀၁၁ ခုနှစ်က အမေရိကန်ဒေါ်လာ ဘီလီယံ ၁၇၀ သာရှိတဲ့အတွက် အာရှမှာ အလယ်အလတ်တန်းစား ဖြစ်တဲ့ မလေးရှား ဘွန်းစာချုပ်ဈေးကွက်လောက်သာ ရှိပါ တယ်။ ဗဟိုဘဏ်များက ယွမ်ငွေကြေးနဲ့ ဆောင်ရွက်ထားတဲ့ စာချုပ်စာတမ်းတွေကို ဝယ်ယူရတဲ့ အကြောင်း တရားများစွာ ရှိပါတယ်။ အဓိကအကြောင်းရင်းတစ်ခုက ငွေကြေးကိုစီမံခန့် ခွဲရတာ ပိုမိုကောင်းမွန်လို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ က အဓိက အရန်ငွေကြေးအဖြစ် ရှိခဲ့တဲ့ ကာလကကြာလှပြီ ဖြစ်ပါတယ်။ ခန့်မှန်းခြေ ကမ္ဘာ့ဘဏ်တွေရဲ့ အရန်ငွေကြေး ၆၀ ရာခိုင်နှုန်းခန့်ကို ဒေါ်လာနဲ့ ထားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ဒေါ်လာက ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပြဿနာရှိလာပါတယ်။ ဒေါ်လာ ငွေကြေးတွေက လိုတာ ထက်ပိုလာတာကို ရင်းနှီးမြှုပ်နှံသူ တွေက စိုးရိမ်လာကြပါတယ်။ အခက်အခဲတစ်ခုမှာ ယူရိုနဲ့ဒေါ်လာတွေက ဈေးကွက်က ကျယ်ဝန်းပြီးငွေဖြစ်လွယ် ခဲ့တဲ့အတွက် သူတို့လိုဈေးကွက်မျိုး ကမ္ဘာပေါ်မှရနိုင်ဖို့ အခက် အခဲရှိနေတာ ဖြစ်ပါတယ်။ အလားအလာရှိတာတစ်ခုက ယွမ်ငွေကြေးက ကမ္ဘာ ပေါ်မှာတတိယအရန်ငွေကြေး ဖြစ်လာမဲ့ အလား အလာရှိ နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးမီကာလအတွင်းက ယွမ်ငွေကြေးကို အပြည်ပြည်ဆိုင်ရာငွေကြေး အဖြစ်ရောက်ရှိ အောင် ဆောင်ရွက်လာတာတွေကို တွေ့ရပါတယ်။ ဒေါ်လာ အားနည်းနေချိန်မှာ ဖြစ်ပေါ်လာမဲ့ အခွင့်အလမ်းတွေကို တရုတ်နိုင်ငံက အရယူလာတဲ့ လက္ခဏတွေကို တွေ့နေရပါ တယ်။Source.risk.net.