Main menu

Background

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပြည်ပတင်ပို့မှု ပိုမိုလာပေမဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ကျလာ

Thu, 10/04/2012 - 04:28 -- Anonymous (not verified)

ပြည်ပ ပဲမျိုးစုံတင်ပို့မှုကို လေ့လာရာမှာ စက်တင်ဘာလ ၁၄ ရက်အထိ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ တင်ပို့မှုပြန်လည် တိုးတက်လာခဲ့ပါတယ်။ အရင်တစ်ပတ် တင်ပို့မှုကျဆင်းခဲ့ရာမှ ပြီးခဲ့တဲ့ တစ်ပတ်မှာ မတ်ပဲတင်ပို့မှု သိသိသာသာ ပိုလာခဲ့သလို ပဲစင်းငုံတင်ပို့မှုလည်း အနည်းငယ်ပိုလာခဲ့ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ပဲတစ်မျိုးချင်း တင်ပို့ပြီးစီးမှုမှာ မတ်ပဲအနေနဲ့ တန်ချိန် ၃၂၀၀၀၀ ခန့်ရှိပြီး၊ ပဲတီစိမ်းမှာ တန်ချိန် ၁၄၀၀၀၀ ကျော်၊ ပဲစင်းငုံ တန်ချိန် ၁၇၁၀၀၀ ကျော်နဲ့ ကုလားပဲဖြူလုံးကြီးမှာ တန်ချိန် ၄ သောင်းကျော်တင်ပို့ထားပြီးကြောင်း သိရပါတယ်။

ဈေးကွက်အတွင်းမှာတော့ ဒီတစ်ပတ်အရောင်းအဝယ် ကျဆင်းလာခဲ့ပါတယ်။ ပြည်တွင်းမှာ မိုးပဲအသစ် မထွက်လာသေး ပေမဲ့ အိန္ဒိယမှာတော့ မိုးမတ်ပဲနဲ့ ပဲတီစိမ်းအသစ်ဈေးကွက်တွေထဲ ဝင်လာနေပြီဖြစ်တဲ့အပြင် ပဲထွက်တဲ့ဒေသတွေမှာ မိုးလေကင်း နေတဲ့အတွက် ပဲဈေးကွက်ထဲ ဝင်ရောက်မှု တိုးတက်လာနေတဲ့ အခြေအနေတွေအရ မြန်မာမတ်ပဲအဝယ်တန့်လာခြင်းဖြစ်ပါ တယ်။ တမီလ်နာဒူးပြည်နယ်ကခေါ်တဲ့ တင်ဒါကို ပြန်ဖြည့်ဖို့ အတွက်လောက်သာ အဝယ်နည်းနည်းကျန်တယ်လို့ သိရပါ တယ်။ ပြည်တွင်းမတ်ပဲလက်ကျန်ရှိနေသေးတဲ့အတွက် ရောင်းအား များနေပေမဲ့ ဝယ်လိုအားက မပါတဲ့အတွက် ဒီလပိုင်းတွေမှာ မတ်ပဲက အကျဘက်ရှိလာနိုင်တယ် လို့လည်း သုံးသပ်ကြပါတယ်။ ယခုတစ်ပတ်အတွင်းမှာ မတ်ပဲ တစ်တန် ကျပ် ၂၅၀၀၀ ခန့်လျော့ ကျပြီး စက်တင်ဘာလ ၂၁ ရက်မှာ ကျပ် ၅၂၀၀၀၀ ဈေးရှိတယ်လို့ သိရပါတယ်။ ပဲစင်းငုံကိုလည်း အိန္ဒိယ ပဲဈေးကွက်ရဲ့ အကျိုးဆက် သက် ရောက်မှုရှိလာလို့ ဝယ်လိုအား လျော့နည်းလာပါတယ်။ အိန္ဒိယမှာ ပဲစင်းငုံအသစ် မထွက်သေးပေမဲ့ ကနေဒါ ပဲဝါလေး၊ ယူကရိန်းက ပဲလုံးတွေ အောက်တိုဘာ ဒုတိယပတ်လောက်မှာ အလုံးအရင်းနဲ့ ဝင်လာတတ်တဲ့အတွက် ဒီကာလတွေမှာလည်း ပဲစင်းငုံကို ဝယ်လိုအားလျော့တတ်ပါတယ်။ နောက်ပြီးဒီလပိုင်းတွေမှာ အာဖရိက ပဲစင်းငုံတွေကလဲ ဆက်တိုက် ဝင်နေတဲ့အတွက် မြန်မာ ပဲစင်းငုံကို တင်ဒါအတွက် ဝယ်ယူမှုသာရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အာဖရိက ပဲစင်းငုံအဝင်တန့်မယ့် နိုဝင်ဘာ၊ ဒီဇင်ဘာလ လောက်မှာတော့ မြန်မာပဲစင်းငုံဈေးကွက် အလားအလာကောင်း နိုင်တယ်လို့ မျှော်လင့်ကြပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ပဲစင်းငုံ ဈေးမှာလည်း တစ်တန် ကျပ်တစ်သောင်းကျော် ကျဆင်းပြီး ကျပ် ၆၂၀၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။ အလားတူပဲတီစိမ်းလည်း အရောင်းအဝယ် အသင့်အတင့် သာ ရှိတဲ့အတွက် ရန်ကုန် FOB ဈေး တစ်တန် ကန်ဒေါ်လာ ၂၀ ခန့် လျော့ကျခဲ့ပါတယ်။ ကုလားပဲနဲ့ အခြားပဲလွန်းဖြူ၊ ထောပတ်ပဲတို့မှာ လက်ကျန်မရှိတော့သလောက် ဖြစ်နေပြီး ယခင်စာချုပ်ဟောင်းများသာ တင်ပို့မှုရှိကြောင်း သိရပါတယ်။ စိုက်ပျိုးထားတဲ့ မိုးပဲတွေဟာလည်း ရာသီဥတုမျှတမှုမရှိခဲ့လို့ အထွက် နောက်ကျနိုင်တယ်လို့ ဒေသခံများမှ ဆိုပါတယ်။ယမင်းခင်