ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ (WTO)က ဒိုဟာ အကျော့ ကုန်သွယ်မှု အစည်းအဝေး (Doha round) ကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ သည်။ ဆင်းရဲနိုင်ငံများအရေးကို ရှေ့တန်းတင် ဦးစားပေးကာ ချမ်းသာနိုင်ငံများ ၏ ဈေးကွက်သို့ ဆင်းရဲနိုင်ငံများမှ တောင်သူလယ်သမားများ ဝင် ရောက်နိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်သွား ရန် ရည်မှန်းခဲ့သဖြင့် ချီးကျူးဖွယ်ဖြစ်ခဲ့သည်။ ထုတ် ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန် များနှင့် ဝန် ဆောင်မှုလုပ်ငန်းများ ကုန်သွယ်ကူးသန်းရေး အတွက်သာမက ကုန်သွယ်မှုနှင့် သွယ်ဝိုက်ဆက် နွှယ်နေသည့် ဝါဏိဇ္ဇအငြင်းပွားမှု (Antitrust)၊ ဉာဏပစ္စည်း ပိုင်ဆိုင်ခွင့် (Intellectual prop- erty)နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ စသည်တို့ နှင့်သက်ဆိုင်သော အကြောင်းအရာများကိုပါ ညှိ နှိုင်းဆောင်ရွက်သွားရန် ရည်မှန်းထားသဖြင့် များ စွာကျယ်ပြန့်လှသည်။ ရည်မှန်းချက်များအတိုင်း ဖြစ်မြောက်လာခဲ့ပါလျှင် နှစ်စဉ် ဒေါ်လာ ၂၈၀ ဘီလီယံခန့် အကျိုးအမြတ် ရရှိလာနိုင်သည်ဟု ပက်တာဆန်သိပ္ပံမှ ပညာရှင်များက ခန့်မှန်းခဲ့ကြ သည်။
သို့သော်လည်း ဒိုဟာအကျော့တွင် ဖွဲ့စည်းပုံ ဆိုင်ရာ ပြဿနာနှစ်ရပ် ရှိနေသည်။ ပထမအချက် မှာ ၁၉၄၇ ခုနှစ်တွင် ပထမအကြိမ် ကုန်သွယ်မှု အစည်းအဝေးကျင်းပခဲ့စဉ်က အဖွဲ့ဝင်နိုင်ငံ ၂၃ နိုင်ငံသာ ရှိခဲ့သည်။ ဒိုဟာအကျော့ စတင်ချိန်မှာ တော့ နိုင်ငံပေါင်း ၁၅၅ နိုင်ငံ ပါဝင်လာခဲ့သည်။ ဒုတိယပြဿနာမှာ လယ်ယာစိုက်ပျိုးရေး၊ ကုန် ပစ္စည်း ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများ အားလုံးတွင် ဖြေလျော့ရေး (Liberalised) ဟူ သည့် ကြီးမားထည်ဝါသော (Grand bargain) လုပ်မည့် ရည်မှန်းချက်ဖြစ်နေ သည်။ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ " အားလုံးသဘော မတူညီသေးသမျှ ဘာတစ်ခုမျှ သဘောတူနိုင်မှာ မဟုတ်"ဟူသော လက်စွဲမူဝါဒအရ သဘောတူညီ သည့်အဆင့်သို့ ရောက်ဖို့မလွယ်ချေ။သဘောတူဆုံးဖြတ်ကြရန် အကြိမ်ကြိမ်လက် လွတ်ခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ သော်လည်း ခရီးမရောက်ခဲ့ပေ။ သဘောမတူနိုင် ကြသည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ (Protectionism) က ပိုပြီးအားကောင်းလာခဲ့ သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း မှာပင် အာဂျင်တီးနားနိုင်ငံက သံပုရာသီးနှင့် အမဲသား တင်သွင်းမှုအတွက် အမေရိကန်ပြည် ထောင်စုကိုလည်းကောင်း၊ ဇီဝလောင်စာအတွက် စပိန်နိုင်ငံကိုလည်းကောင်း အရေးဆို ကန့်ကွက် ခဲ့သည်။ ထိုသို့ အပြန်အလှန် လက်တုံ့ပြန်အရေး ဆိုမှုများကြောင့် ကမ္ဘာ့ကုန်သွယ်မှု တန်ဖိုး၏ ၄ ရာခိုင်နှုန်းအထိ ကန့်သတ်ထိန်းချုပ်ရာ ရောက်ခဲ့ သည်။ ထိုအငြင်းပွားမှုများကို ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့၏ စည်းမျဉ်းစည်းကမ်းအရ အဆုံးအဖြတ် ခံယူကြသဖြင့် တော်သေးသည်ဟု ဆိုရပေမည်။ဒိုဟာအကျော့ အစည်းအဝေးတွင် ညှိနှိုင်းလို့ မရနိုင်သဖြင့် ဒေသအလိုက်သဘောတူ ညှိနှိုင်း မှုများ ပေါ်ပေါက်လာရသည်။ ဒေသအလိုက် ကုန်သွယ်မှုသဘောတူစာချုပ်များ ချုပ်ဆိုကြခြင်း သည် ဒိုဟာအကျော့အစည်းအဝေးကို အစားထိုး ရာရောက်နေသည်။ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ ညွှန် ကြားရေးမှူးချုပ် ပါစကယ်လာမီက ဒေသဆိုင်ရာ ကုန်သွယ်မှုသဘောတူစာချုပ်များကို ရပ်ဆိုင်းပြီး တစ်ကမ္ဘာလုံး စီးပွားရေး နာလန်ထူရေးအတွက် ထိုသဘောတူညီမှုများဖြင့် အကောင်အထည်ဖော် စေလိုသည်။ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ လမ်းညွှန်မှု အရ အုပ်စုငယ်များအကြား ကုန်သွယ်မှု သဘော တူစာချုပ်များသည် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ဝင် နိုင်ငံများအားလုံးနှင့်လည်း အကျုံးဝင်သက်ဆိုင် စေရမည်ဖြစ်သည်။ သက်ဆိုင်ရာ နိုင်ငံများက အပြန်အလှန် သဘောမထားနိုင်ကြသည့်တိုင် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ စီစဉ်ပေးမှုကြောင့် ဒေသ အလိုက် ညှိနှိုင်းမှုများသည် အဖွဲ့ဝင်နိုင်ငံအားလုံး တွင် ကုန်သွယ်မှုအတားအဆီးများ (Trade barriers) လျော့ပါးသွားစေလိမ့်မည်ဆိုသည်။ကမ္ဘာ့စီးပွားရေး နာလန်ထူရေး အစီအစဉ် သည် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ် ငန်းကဏ္ဍ နှစ်မျိုး ကိုသာ အလေးပေးဆောင်ရွက် မှာဖြစ်သည်။ ကုန်ပစ္စည်းထုတ်လုပ်မှု (Manufac- turing) သည် ကမ္ဘာ့ကုန်သွယ် မှု စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းရှိသဖြင့် ကုန်သွယ်မှုအတားအဆီးများ လျော့ကျသွားမည်ဆိုလျှင် များစွာအကျိုးရှိ မည်ဖြစ်သည်။ မော်တော်ကားနှင့် စက်ဘီးအပေါ်ကောက် ခံသည့် သွင်းကုန်ခွန်နှုန်းများ မှာ မြင့်မားနေဆဲဖြစ် သည်။ သွင်းကုန်ခွန်နှုန်းနိမ့်သည့် နိုင်ငံများမှာပင် လက်ရွေးစင်ကုန်စည်အချို့အပေါ် အခွန်နှုန်းမြှင့် ပြီးကောက်ခံလျက်ရှိသည်။ အမေရိကတွင် စကိတ် စီးဖိနပ်များအပေါ် သွင်းကုန်ခွန် သုညရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း ဂေါက်ရိုက်ဖိနပ်အပေါ် ၁၀ ရာခိုင်နှုန်း၊ စတီးပြားထိပ်အုပ်ပါ ဖိနပ်အပေါ် ၃၇ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံသည်။ ဝန် ဆောင်မှုလုပ်ငန်းသည် ကမ္ဘာ့ကုန်သွယ်မှုတွင် ၂၀ ရာခိုင်နှုန်းသာ ပါဝင်သော်လည်း တန်ဖိုးဖြည့်ထုတ် လုပ်မှုအတွက် အရေးပါသော အစိတ်အပိုင်းဖြစ် သည်။ ဝန်ဆောင်မှုကဏ္ဍအပေါ် ဖြေလျော့ပေးမှု မှာ မရှိသလောက်ပင် ဖြစ်သည်။လယ်ယာထွက်ကုန်အပေါ် ဖြေလျော့ပေး ရေး နှေးကွေးနေသည်နှင့်အမျှ လယ်ယာစိုက်ပျိုး ရေးအပေါ် ကိုယ်ကျိုးစီးပွားကာကွယ်ခြင်းကြောင့် ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာကို ငတ်မွတ်စေ လျက်ရှိသည်။ နောက်ထပ် ရူးသွပ်မှုအသစ်များ လည်း ပေါ်ထွက်လာခဲ့သည်။ နွားနှင့် သိုးများတွင် ရောဂါပိုးကျရောက်ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂမှ ဝက်သားတင်ပို့မှုကို ရုရှားနိုင်ငံက ပိတ်ပင်ခဲ့သည်။ အသားစိမ်းကုန်သွယ်မှုမှာ ကမ္ဘာ့ကုန်သွယ်မှု၏ ၇ ရာခိုင်နှုန်းသာရှိသဖြင့် ယင်းသို့ပိတ်ပင်ခြင်းဖြင့် အခြားကုန်သွယ်မှုများကို အကျပ်ကိုင်ခြိမ်းခြောက် လို့ မရနိုင်ပေ။ ကုန်သွယ်မှု ညှိနှိုင်းရေးအတွက် အချိန် လုံလောက်နိုင်ဖွယ်မရှိပေ။ လာမည့် နိုဝင် ဘာလတွင် မက္ကစီကိုစီးတီးမြို့၌ကျင်းပမည့် နိုင်ငံ ၂၀ အုပ်စု၏ ထိပ်သီးအစည်းအဝေးက ကမ္ဘာ့ စီးပွားရေး နာလန်ထူရေး (Global Recovery Round) ဆွေးနွေးညှိနှိုင်းမှုစတင်ရန် ကမ္ဘာ့ကုန် သွယ်မှုအဖွဲ့သို့ တိုက်တွန်းမည်ဖြစ်သည်။ ထိုညှိနှိုင်း ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အင်ဒို နီးရှားနိုင်ငံ ဘာလီကျွန်း၌ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ အစည်းအဝေးကြီးကျင်းပချိန် ရောက်မှသာ အပြီး သတ်နိုင်ပေလိမ့်မည်။ ကမ္ဘာ့စီးပွားရေးအတွက် ငါးနှစ်စာရလဒ်ကောင်းများ ပေါ်ထွက်နိုင်လိမ့်မည် ဟု မျှော်လင့်ရပေသည်။Ref; The Economist.com