Main menu

Background

ကုန်သွယ်ရေကြောင်းပြောင်းလဲခြင်း၏ သက်ရောက်မှု

Thu, 10/04/2012 - 05:02 -- Anonymous (not verified)

ပြီးခဲ့တဲ့လအနည်းငယ်က ထုတ်ဝေခဲ့တဲ့ The Strait Times   သတင်းစာမှာ ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးတစ်ပုဒ် ဟာ အများ ပြည်သူအတွက် စိတ်ဝင်စားစရာသတင်းမဖြစ်ခဲ့ပေမဲ့ သက်ဆိုင်ရာ တွေအတွက်တော့ စဉ်းစားစရာပါ။ တရုတ်ရေခဲ ခွဲသင်္ဘော "နှင်း နဂါး" ခေါ် Xue Long ဟာ တရုတ်နိုင်ငံ ချင်ဒေါင်ကနေ ကီလိုမီ တာ ၁၅၀၀၀ ကွာဝေးတဲ့ခရီးကို ခြောက်ပတ်အတွင်းသွားရောက် ခဲ့ပြီး အိုက်စလန်ရဲ့ ဆိပ်ကမ်းဖြစ်တဲ့ " စကာဖာဘာကီ" မှာ ဆိုက် ကပ်ခဲ့ပါတယ်။ (ပုံကိုကြည့်ပါ) ဒီခရီးဟာ ရိုးရိုးကြည့်လိုက်ရင်တော့ အာတိတ်ဒေသ သုတေသနခရီးစဉ်လို့ ယူဆလို့ရပါတယ်။

ဒီခရီးစဉ်ဟာ အရှေ့ဆိုက်ဘေးရီးယားပင်လယ်၊ ဘာရက် ပင်လယ်တွေ ကိုဖြတ်သန်းခဲ့တာဖြစ်ပြီး ဒီသင်္ဘောဟာလည်း နျူ ကလီးယားပါဝါသုံးတဲ့ သင်္ဘောလည်း မဟုတ်ပါဘူး။ ဒီလိုဆိုရင် ဒီသင်္ဘောရဲ့ ရေကြောင်းခရီးစဉ်ဟာ ဘာများထူးခြားနေပါသလဲ¿ဒီသင်္ဘောခရီးစဉ်ဟာ ကမ္ဘာစီးပွားရေး အင်အားကြီးနံပါတ် ၂ ဖြစ်တဲ့ တရုတ်ပြည်ရဲ့ မလက္ကာရေလက်ကြား၊ သီရိလင်္ကာအငူ၊ စူးအက်တူးမြောင်းစတဲ့ သမားရိုးကျလမ်းကြောင်းတွေကို ရှောင် ကွင်းပြီး ဥရောပကိုအရောက်နှင်နိုင်ခဲ့တဲ့ ခရီးစဉ်လို့ဆိုရင် မမှား နိုင်ပါ။ ကုန်သွယ်ရေကြောင်းလမ်းကြောင်းမှာ အခန်းကဏ္ဍသစ် တစ်ရပ်ဖွင့်လှစ်လိုက်ပြီလားလို့ ယူဆနိုင်စရာရှိပါတယ်။ ပထဝီနိုင်ငံ ရေး၊ ပထဝီစီးပွားရေးတွေနဲ့ယှဉ်ပြီး အလှည့်အပြောင်းတစ်ရပ်ဖြစ် လာနိုင်စရာရှိပါတယ်။ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်ဒေသရှိ  ရေခဲများ အရည်ပျော်လာပါတယ်။ ဒီအချက်ကြောင့်မြောက် ပိုင်း ရေလမ်း ကြောင်း  (North Sea Route, NSR)   ဟာ လက်တွေ့မှာ အကောင်အထည်ပေါ်လာနိုင်ခဲ့တာပါ။ ဒီလမ်းကြောင်းကနေ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားကနေ ဥရောပကိုသွားမယ်ဆိုရင် ရိုးရိုးသွားနေကြလမ်းကြောင်းထက် ခရီးစဉ်ဟာ ၄၀ ရာခိုင်နှုန်း လောက် သက်သာသွားစေခဲ့ပါတယ်။European Space Agency ရဲ့ Cryo Sat -2  ဂြိုလ်တုက ပေးပို့လာတဲ့ ပုံတွေအရ အာတိတ်ဒေသမှာ ယမန်နှစ်က ကုဗကီလို မီတာ ၉၀၀ လောက်ရှိတဲ့ ရေခဲထုဟာအရည်ပျော်ခဲ့ပါတယ်။နောင် နှစ်တွေမှာလည်း ဒါထက် အရည်ပျော်ကျလာနိုင်ဖွယ်ရှိပါတယ်။ အဲဒီဒေသရဲ့ ဆောင်းရာသီအပူချိန်ဟာ ၁၂ ဒသမ ၇ ဆဲလ်စီယပ်စ် လောက်ရှိပြီး ၁၉၉၀ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် သုံးဆလောက် ပိုမို ပူနွေးလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ထင်ပါတယ်။ အာ တိတ်ဒေသခရီးသွားလုပ်ငန်းဟာ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက် လျက်ရှိနေပါတယ်။ ၂၀၃၀ ခုနှစ်မတိုင်မီ ရေကြောင်းလမ်းဟာ ယခုထက် ပိုမိုပွင့်လာနိုင်စရာရှိတယ်လို့ ခန့်မှန်းကြပါတယ်။ဂြိုလ်တုက  ပေးပို့တဲ့  ပုံတွေကို  လေ့လာခဲ့တဲ့ လန်ဒန်က Seymour Laxon University College  က တစ်နေ့ကြရင် အာ တိတ်ဒေသဟာ နွေရာသီရောက်ရင် ရေခဲပြင်ကြီးတွေမတွေ့နိုင်တော့ ဘဲ ရေပြင်ကြီးသာတွေ့ရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ဒီလိုအခွင့်သာတဲ့ အချက်တွေကြောင့် ကုန်သွယ်ပင်လယ်ကူး သင်္ဘောတွေဟာ အဲဒီလမ်းကြောင်းကို စမ်းသပ်အသုံးပြုခဲ့ကြတာ ၂၀၁၀ ခုနှစ်က ၄ စီးပဲရှိခဲ့ပေမဲ့  ဒီနှစ် ၂၀၁၂ ခုနှစ်မှာ ၉ ဆလောက် တိုးတက်လာခဲ့ပါတယ်။ အနာဂတ်ကာလမှာ ကုန်သွယ်ရေကြောင်း ပင်လယ်ကူးသင်္ဘောတွေဟာ ထောပတ်ခဲကို ဒါးနဲ့ခွဲလိုက်သလို သုံး မီတာလောက်ထူတဲ့  အာတိတ်ရေခဲပြင်ကို ခွဲပြီးမောင်းနှင်နိုင်တဲ့ သင်္ဘောတွေ တည်ဆောက်အသုံးပြုလာနိုင်ဖွယ်ရာ ရှိပါတယ်။တရုတ်ပြည်ဟာ ဒီစိန်ခေါ်မှုကို အမိအရ ဆုပ်ကိုင်ထားပါပြီ။တရုတ်ခေါင်းဆောင်တွေဟာ အာတိတ်ဒေသမှာရှိတဲ့ အိုက်စလန်၊ ဆွီဒင် စတဲ့နိုင်ငံတွေဆီ ကိုးကြိမ်ထက်မနည်း သွားရောက်ခဲ့ကြပါ တယ်။ ရုရှားကလည်း အာတိတ်ဒေသမြောက်ပိုင်း ပင်လယ်လမ်း ကြောင်းကို အထူးလေ့လာလျက်ရှိပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးသမားတွေကလည်း အာတိတ်ဒေသကို စစ်ရေးအတွက် အသုံး မပြုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေအတွက် လှုပ်ရှားဆောင် ရွက်လျက်ရှိနေပါတယ်။ တကယ်တော့ ဒီပင်လယ်လမ်းကြောင်းဟာ အနှစ် ၅၀၀ အတွင်း အသစ်ပေါ်လာတဲ့ လမ်းကြောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီလမ်းကြောင်းသာ ဆယ်စုနှစ် အနည်းငယ်အတွင်း ပေါ်ပေါက်လာခဲ့ရင် အာရှရဲ့ ရေကြောင်းကုန်သွယ်မှု လမ်းကြောင်း ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်စရာရှိပါတယ်။ အာရှ စီးပွား ရေးအင်အားကြီးနိုင်ငံေ တွ ဖြစ်ကြတဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုးရီး ယားတို့ဟာ ဥရောပနဲ့ ဆက်သွယ်တော့မယ်ဆိုရင် ဒီလမ်းကြောင်း သစ်ကို သုံးလာနိုင်စရာရှိပါတယ်။ စူးအက်တူးမြောင်းကတစ်ဆင့် ဥရောပကိုမောင်းနှင်မယ်ဆိုရင် ပုံမှန်အားဖြင့် ၄၃ ရက် ကြာနိုင် ပါတယ်။ အာတိတ်မြောက်ပိုင်းလမ်းကြောင်းကို သုံးမယ်ဆိုရင် ၂၃ ရက်ပဲကြာမှာ ဖြစ်ပါတယ်။ အချိန်ကုန် သက်သာတာအပြင် ဒီလမ်း ကြောင်းကို အသုံးပြုမယ်ဆိုရင် ဆိုက်ကပ်မဲ့ ဆိပ်ကမ်း၊ သင်္ဘော အရွယ်အစားပေါ်မူတည်ပြီး လောင်စာဆီနဲ့  လူ့အရင်းအမြစ် အတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄၀၀၀၀၀ ကနေ ၈၀၀၀၀၀ လောက်ထိ သက်သာနိုင်တယ်လို့သိရပါတယ်။PSA  ကော်ပိုရေးရှင်းက နောင်ဆယ်စုနှစ် ၂ နှစ် (သို့မဟုတ် ဒီထက် နည်းချင်နည်းနိုင်ပါတယ်) လောက်ဆိုရင် စင်ကာပူနဲ့ သီရီ လင်္ကာကဆိပ်ကမ်း  (Hambantota) တို့ဟာ "အ'' သွားနိုင်တဲ့ အနေအထားမျိုးရောက်ချင် ရောက်သွားနိုင်တယ်လို့ သုံးသပ်ထား ပါတယ်။ သို့သော်လည်း အာတိတ်မြောက်ပိုင်းကို သုံးမယ်ဆိုရင် လမ်းကြောင်းထိန်းသိမ်းရေးစနစ်၊ အရေးပေါ်ထောက်ပံ့ကူညီရေး စနစ်စတာတွေကို ယခင်ထက်ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ဖို့ လိုပါ တယ်။ ဒီလမ်းကြောင်းဟာ မုန်တိုင်းတွေပေါများတဲ့ ရေပြင်ကို မောင်းနှင်ရမှာ ဖြစ်သလို ဆောင်းတွင်းကာလတွေမှာ (ခြောက်လ လောက်) နေမမြင်ရဘဲ အမှောင်ကျနေတဲ့ ရေပြင်ပေါ်မှာ မောင်း နှင်ရမှာဖြစ်လို့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ သို့သော် ရာစုနှစ်တစ်ခုလောက်ကြာလာခဲ့ရင် အာတိတ်ဒေသရဲ့ ရေခဲပြင် ဟာ အရည်ပျော်သွားနိုင်တော့ သမိုင်းဟာ မျက်စိတစ်မှိတ်အတွင်း အများကြီးပြောင်းလဲသွားနိုင်ပါတယ်။ဒီဆောင်းပါးကို မောင်တိုင်ပင် ဖတ်လိုက်ရတော့ တလောက စင်ကာပူမှာ ၁၅ နှစ်လောက် အလုပ်လုပ်ပြီး ကနေဒါကို ပြောင်း သွားတဲ့ မြန်မာတစ်ယောက်ရဲ့ မှတ်ချက်ကို သတိရမိပါတယ်။စင်ကာပူဟာ ဆယ်စုနှစ် ၃-၄ ခုအတွင်း အာရှစီးပွားရေး ကျား အဆင့်ကနေ ပြောင်းသွားနိုင်တဲ့အထဲမှာ စင်ကာပူဆိပ်ကမ်းလည်း ပါနေကြောင်း၊ လောလောဆယ် မလေးရှားက   Port Klang   ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း၊ နောင် မြန်မာနဲ့ထိုင်းပေါင်းပြီး တည်ထောင်မဲ့ ထားဝယ်ဆိပ်ကမ်း၊ တရုတ်က မလက္ကာကိုမဖြတ် ချင်လို့ မြန်မာကျောက်ဖြူဆိပ်ကမ်းတွေလည်းပဲ စင်ကာပူအတွက် စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။ အာတိတ်မြောက်ပိုင်းလမ်းကြောင်း ကတော့ ဗီယက်နမ်ဟိုင်ဖုံဆိပ်ကမ်း၊ ထိုင်းက  Laem Chaban ဆိပ်ကမ်းအပါအဝင်အားလုံးကို စိန်ခေါ်နေလိမ့်မယ်လို့ ထင်ပါ တယ်။ Geo-politic, geo-economic ပြောင်းလဲမှု ဖြစ်စဉ်တွေ ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ရေခဲပြင်ကြီးပဲ ရှိနေတဲ့ အာတိတ်ဒေသဟာ ဒီလိုပြောင်းလဲလာလိမ့်မယ်လို့ ဘယ်သူမှ တွေး တောကြလိမ့်မယ်မထင်ပါ။ ဒီတွေးတောယူဆချက်ဟာ လက်တွေ့ မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါ။ မောင်တိုင်ပင်တို့ ထားဝယ်ဆိပ် ကမ်းကစတောင် မစရသေးပါဘူး၊ သို့သော်လည်း ရှေ့မှာ ဖြစ်လာ နိုင်မဲ့အခြေအနေတွေ ကိုတော့ ပေးထားချက်အနေနဲ့ သက်ဆိုင်ရာ က စဉ်းစားသင့်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်လည်း ဒီဆောင်း ပါးကို မောင်တိုင်ပင် ဘာသာပြန်မှီး ရေးခဲ့တာဖြစ်ပါတယ်။ ဘက်စုံ က စဉ်းစားထားရင် ကောင်းတာပေါ့ဗျာ---မှီငြမ်း--The Strait Times link: sadowa.tumblr.com/ post/ 30328686787/photo-artic-portal-xuelon-or-snow-dragon