Main menu

Background

ငွေအကြောင်း ကုန်စည်အကြောင်း

Thu, 10/04/2012 - 05:04 -- Anonymous (not verified)

ရန်ကုန်က ကုန်သည်ကြီးများအသင်းမှာ စက်တင်ဘာ ၈ ရက်က လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှု မြန်မာမူဝါဒ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုလုပ်တယ်။ ဒီဆွေးနွေးပွဲမှာ ဂျာမန်ပါမောက္ခနှစ် ယောက်က ဆွေးနွေးကြတယ်။ သူတို့ရဲ့ ဆွေးနွေးချက်တွေ နား ထောင်အပြီးမှာ ကျွန်တော်တို့ဟာ မစိုးရိမ်သင့်တာတွေ စိုးရိမ်၊ စိုးရိမ်သင့်တာတွေ မစိုးရိမ်ဖြစ်နေသလားလို့ အတော်လေးစဉ်းစား မိတယ်။

ဥပမာ-ကျွန်တော်တို့က နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံကို ဝင်လာခဲ့ရင်ဆိုပြီး စိတ်ပူတယ်။ တကယ်တမ်းကျတော့ နိုင်ငံခြား ဘဏ်တွေဟာ မြန်မာပြည်တွင်းဘဏ်လုပ်ငန်းတွေကို အသေးစား ချေးငွေ (Micro-finance)  လို လုပ်ငန်းတွေကလွဲလို့ စိတ်ပါ ဝင်စားမှုနည်းတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းရှင်အတော် များများ က မြန်မာ့ငွေကို တန်ဖိုးကျစေချင်တယ်။ အထူးသဖြင့် ပို့ကုန် လုပ်ငန်းရှင်တွေ က ငွေတန်ဖိုးကျတာကို လိုလားတယ်။ ဒီကနေ့မှာ တော့ ဂျာမန်ပါမောက္ခ ငွေတန်ဖိုး ကျန်ငွေဖောင်းပွမှုဖြစ်မယ့် အန္တရာယ်၊ ပြည် ပကြွေးမြီတွေ၊ ဝန်ထုပ်ဝန်ပိုး ကြီးလာမယ့် အန္တရာယ်တွေရှိနေတာကို ထောက်ပြကြတယ်။ အထူးသဖြင့် နိုင်ငံခြားချေးငွေများနေရင် ဘတ်ဂျက်လိုငွေပြရ တဲ့အဖြစ်မျိုးကို မလိုလားကြဘူး။အခုတစ်လော စိတ်ဝင်စားမှုကျယ်ပြန့်လာတဲ့ စတော့ရှယ် ယာဈေးကွက်နဲ့ပတ်သက် လို့ လောင်းကစားဆန်တာမျိုး ကို သူတို့ က သိပ်သဘောမကျဘူး။ ဘဏ်ချေးငွေကို အဓိကထားစေချင် တယ်ဆိုတော့ ပုဂ္ဂလိကဘဏ်က တာဝန်ရှိသူတစ်ယောက်က မြန်မာနိုင်ငံမှာ ချေးငွေနဲ့ပတ်သက်တဲ့ အကန့်အသတ်တွေရှိနေ တဲ့အကြောင်း ပြန်လည်ဆွေးနွေးတယ်။ ပြီးတော့ ချေးငွေကို ဈေး ကစားတဲ့လုပ်ငန်းတွေမှာ မချေးဖို့၊ အိမ်ရာမြေ လုပ်ငန်းတွေနဲ့ မပတ်သက်ဖို့၊ အားပေးချင်တဲ့ နယ်ပယ်တွေမှ ခွဲတမ်းချပြီး ဦးစား ပေးချေးဖို့ထောက်ပြကြတယ်။ ဗဟိုဘဏ်ကို သီးခြားလုပ်ပိုင်ခွင့် ပေးဖို့၊ လွတ်လပ်ခွင့်ပြုဖို့ဆိုတာတွေနဲ့ပတ်သက်လို့တော့ သူတို့က နိုင်ငံရေးနယ်ပယ်နဲ့ လွတ်လွတ်လပ်လပ် ဖြစ်ဖို့ဆိုတာ အခုလို အခြေအနေမျိုးမှာ သိပ်ပြီးလက်တွေ့ ကျတယ်လို့ မယူဆဘူး၊ အရေးကြီးတာက ဗဟိုဘဏ်ရဲ့ မူဝါဒကောင်းမွန်ဖို့၊ ငွေတန်ဖိုး တည်ငြိမ်နေအောင် ထိန်းထားနိုင်ဖို့ပဲဖြစ်တယ်လို့ ထောက်ပြကြ တယ်။ နိုင်ငံခြားဘဏ်တွေက အငယ်စား အလတ်စားလုပ်ငန်း တွေကို စိတ်ဝင်စားမှာမဟုတ်ဘူး။ သူတို့စိတ်ဝင်စားမှာက လုပ်ငန်း ကြီးတွေပဲဖြစ်မယ်။ မြန်မာ့ဘဏ်တွေအနေနဲ့ပဲဖြစ်ဖြစ်  ဗဟိုဘဏ် အနေနဲ့ပဲဖြစ်ဖြစ်၊ လုပ်စရာတွေအများကြီးရှိတယ်။ စာရင်းကိုင်စနစ် အကြောင်း နားလည်ဖို့၊ ပုဂ္ဂလိကလုပ်ငန်းတွေ အရင်းစနစ်တကျထား ရှိဖို့၊ အများပိုင်လုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေ ကိန်းဂဏန်း တွေကို အများပြည်သူက နားလည်သဘောပေါက်ဖို့ ရင်းနှီးမြှုပ်နှံသူ တွေကို ပညာပေးဖို့ စည်းမျဉ်းစည်းကမ်းတွေ ခိုင်မာတောင့်တင်းဖို့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးဖို့ဆိုတဲ့ကိစ္စတွေပါ။ဆွေးနွေးပွဲမှာတွေ့ရတဲ့  ဗီယက်နမ် မိတ်ဆွေတစ်ယောက် ကတော့ မင်းတို့ဆီမှာ လုပ်အားခပေါတယ်ဆိုတဲ့ စကားကို သိပ်မ ပြောပါနဲ့ မင်းတို့လုပ်သားတွေဟာ အလုပ်ကိုကြိုးစားတယ်၊ သင်လွယ် တတ်လွယ်တယ်၊ လေ့လာဆည်းပူးချင်တဲ့ စိတ်တွေရှိတယ်ဆိုတဲ့ အား သာချက်တွေ၊ အရည်အချင်းတွေကိုပဲ ဦးစားပေးပြောပါလို့ သတိပေး သွားပါသေးတယ်။ ဘဏ္ဍာရေးနယ်ပယ်မှာ စုကြ၊ ချေးကြ၊ ရင်းနှီး မြှုပ်နှံကြလုပ်ရာမှာ အရေးအကြီးဆုံးက သတင်းအချက်အလက် တွေဖြစ်ပြီး သတင်းအချက်အလက်ဆိုတာက နှစ်အတော်လေးကြာ ကြာ လေ့ကျင့်ပေးမှ သဘောပေါက် နားလည်လာတာမျိုးဖြစ်ပါ တယ်။ မြေယာတွေ၊ နိုင်ငံခြားသားတွေကို ငှားရမ်းရင် လုံလောက် နေပြီ၊ ဘာအကြောင်းနဲ့မျှ ရောင်းချခြင်းမပြုသင့်ဘူးလို့ ထောက်ပြ ကြတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာပြီး သာမန်စာရင်းပို ငွေပြနေတဲ့အချိန်မှာ ဗဟိုဘဏ်ရဲ့ ဝင်ရောက်ဆောင်ရွက်မှု၊ အရည် အသွေးမြင့်မားတဲ့ မူဝါဒချမှတ်မှု ကြီးကြပ်ကွပ်ကဲမှု၊ ပညာပေးမှု တွေဟာ အရေးကြီးကြောင်း ထပ်တလဲလဲ ထောက်ပြကြတယ်။ ဘဏ်နဲ့ ဘဏ်လုပ်ငန်းတွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်စိတ်ချမှု မြင့်မားသင့်တာကိုလည်း ညွှန်ပြတယ်။မြန်မာနိုင်ငံအနေနဲ့  လက်တွေ့မှာ မစိမ်းပေမယ့် စာတွေ့မှာ စိမ်းနေတဲ့ ကုန်စည်ဈေးကွက် အကြောင်းကိုလည်း ဘာလင်စီးပွား ရေးနဲ့ ဥပဒေကျောင်းက ပါမောက္ခတစ်ယောက်က ဆွေးနွေးတယ်။ ကုန်ပစ္စည်း ဈေးနှုန်းတွေ (ရေနံ၊ သတ္တုနဲ့၊ စားနပ်ရိက္ခာဈေး နှုန်း)တွေ မနှစ်ကတောက်လျှောက် အတက်အကျကြမ်းခဲ့တယ်။ ၂၀၁၁ခုနှစ်မှာ ကုန်ပစ္စည်းအရောင်းဝယ်စာချုပ်တွေရဲ့ ၈၅ ရာခိုင်နှုန်းကို ငွေကြေး လောက၊ ဘဏ်လောကက ချုပ်ဆိုရောင်းဝယ်ခဲ့ကြတာ။တကယ်တမ်း အရောင်းအဝယ် ပစ္စည်းအရောင်းအဝယ် လုပ်တာထက် စာရွက်စာတမ်းနဲ့ တစ်နည်းပြောရရင် လေနဲ့ ကိန်း ဂဏန်းတွေ အရောင်းအဝယ်လုပ်တာက ပိုပြီးကြီးတယ်။ တကယ် တော့ ငွေလောကနဲ့ ရုပ်ဝတ္ထုကုန်ပစ္စည်းအရောင်းအဝယ်လော က ဆိုတာကစည်းခြားဖို့ခတ်ခက်ခက်ပါ။ ပြီးတော့ ကုန်ပစ္စည်း ဈေးကွက် ဟာ ပြိုင်ဆိုင်မှုမရှိပါဘူး။ စားနပ်ရိက္ခာဈေးကွက်ရဲ့ ၇၅ ရာခိုင်နှုန်းကိုကုမ္ပဏီကြီး လေးခုလောက်ကပဲ လက်ဝါးကြီးအုပ် ထားတယ်။ အရောင်းအဝယ်ကို  စည်းကမ်းထိန်းချုပ်မှုနည်းပြီး အခွန်သက်သာတဲ့နေရာတွေ ကနေ လုပ်ကြတာများတယ်။ လက်ရှိ ပေါက်ဈေး၊ အနာဂတ်ပေါက်ဈေးတွေ သတ်မှတ်ကြတယ်ဆိုတာ လယ်သမားတွေ၊ ဝယ်ယူသူတွေ၊ ကုန်ထုတ်လုပ်သူတွေ ဝင်လို့ရတဲ့ နယ်မဟုတ်ဘူး။ ဈေးကစားသူတွေ၊ အရောင်းအဝယ်သမားတွေ၊ လေပတ်ကားတွေရဲ့ နယ်ပယ်ပဲ။ ကျွန်တော်တို့ဆီမှာလည်း အမှန် တကယ်ရှိတဲ့ ပမာဏထက်၊ လေရောင်း လေဝယ်ကများလို့ ပြဿနာဖြစ်ရတာ ပဲလောကမှာ အကြိမ်ကြိမ်တွေ့ခဲ့ရပြီးပြီ။ဈေးကစားသူတွေကြီးစိုးတဲ့ ကမ္ဘာ့ငွေလောက ကုန်စည် လောကကို တကယ့်တကယ်တော့ ထိထိရောက်ရောက် ထိန်းချုပ် မှု မပြုနိုင်သေးပါဘူး။ ဥပဒေဆိုတာကလည်း ဖြစ်ရပ်တွေရဲ့ နောက်က အမြဲတမ်းလိုက်ရတာမျိုးဖြစ်ပြီး ဥပဒေရဲ့ ဟာကွက်၊ ယိုကွက်တွေကိုလည်း စီးပွားရေးသမားတွေက တွေ့ရှိအသုံးချနိုင် တဲ့ သာဓကတွေ၊ ကမ္ဘာမှာအများကြီးပါ။ ယေဘုယျအားဖြင့် ကုန် ပစ္စည်းတွေရဲ့ဈေးနှုန်းကို တစ်ဖက်က လူဦးရေ၊ ဝင်ငွေ၊ နိုင်ငံရေး၊ ငွေလဲနှုန်း၊  ကုန်လက်ကျန်၊ အခြေခံစီးပွားရေး ဘဏ္ဍာရေး အပြောင်းအလဲဆိုတဲ့ ဝယ်လိုအားနဲ့ တစ်ဖက်မှာ ရှာဖွေတွေ့ရှိ ထုတ်လုပ်မှု၊ အထွက်နှုန်းနဲ့ ရာသီဥတုဆိုတဲ့ရောင်းလိုအားတွေက ဆုံးဖြတ်ပါတယ်။စားနပ်ရိက္ခာနဲ့ပတ်သက်လို့ ဘဏ်လုပ်ငန်းတွေက ဈေးမက စားကြဖို့၊ ကန့်ကွက်တိုက်တွန်းသူတွေရှိခဲ့ပေမယ့် လုပ်ရပ်တွေက ဆက်ရှိနေတယ်။ ဘဏ်သမားတွေရဲ့ ရေတိုအကျိုးစီးပွားထက် စီးပွားရေးအဆောက်အအုံ တစ်ခုလုံးရဲ့ ရေရှည်အကျိုးအတွက် ဆောင်ရွက်သင့်တယ်ဆိုတဲ့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း  (Gordon Brown) ရဲ့ စကားက မှတ်သားလောက်ပါ တယ်။