Main menu

Background

တမူးနယ်စပ်တွင် အုန်းသီးများ စုဆောင်းနေ

Thu, 10/04/2012 - 05:58 -- Anonymous (not verified)

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးမှ ယခုလအတွင်း အုန်းသီးတင်ပို့မှုဟာ ယခင်လထက် ပိုများလာတာတွေ့ရပါတယ်။ အုန်းသီး အဝယ်လိုက်ခြင်းဟာ အောက်တိုဘာလဆန်းမှာကျရောက်မဲ့ အိန္ဒိယနိုင်ငံ မဏိ ပူရပြည်နယ်ရဲ့ရိုးရာပွဲဖြစ်တဲ့ အုန်းမျှောပွဲ၊ မိဘကန်တော့ပွဲများအတွက် ယခု အချိန်ကစပြီး ဝယ်ယူသိုလှောင်ကြတဲ့ အတွက် ဖြစ်ပါတယ်။ အုန်းသီးကုန်သည် များဟာ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ အုန်းသီးများကို ကလေးဝမြို့မှလည်း ကောင်း၊ ကလေးနယ်နဲ့ ဂန့်ဂေါနယ်တစ်ဝိုက်ရှိ အုန်းသီးများကို ကလေးမြို့မှ လည်းကောင်း တမူးကိုသယ်ဆောင်ပြီး တစ်ဖက်နိုင်ငံကို တင်ပို့နေတာဖြစ်ပါ တယ်။ ကလေးမြို့နဲ့ ကလေးဝပွဲရုံမှာ  အုန်းသီးတစ်လုံးကို ၁၄၀ိ/- ခန့်ရှိပြီး သယ်ယူခ၊ အလုပ်သမားတင်/ ချခနဲ့ တမူူးသို့အရောက်တစ်လုံးကို၂၅၀ိ/-ကျပ် ခန့်ရှိပါတယ်။ တမူးမှနန့်ဖာလုံသို့သယ်ခ တစ်လုံးချလျှင် ၂၅ိ/-ကျပ်နှုန်းနဲ့ဆိုလျှင် ၂၇၅ိ/-ခန့်ရှိကြောင်း သိရပါတယ်။ နန့်ဖာလုံဈေးတွင် အုန်းသီးလက်ရွေးစင် တစ်လုံးလျှင် ၂၂ ရူပီးနဲ့ ရောင်းချရတဲ့အတွက် မြန်မာကျပ်ငွေ ၃၄၀ိ/-ကျပ်ခန့် ရှိပါတယ်။ အကြမ်းအမြတ် ၆၅ ကျပ်ရှိပါတယ်။ မြစ်ရိုးတစ်လျှောက်ထွက်တဲ့ အုန်းသီးများထဲမှာ မင်းကင်းနဲ့ကန္နီကထွက်တဲ့ အုန်းသီးဟာ အလုံးချော၊ အသား ထူပြီးပိုဖွေးလို့ လူကြိုက်များကာ အရောင်းသွက် လျက်ရှိပါတယ်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်လထိနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လထိကာလ အတွင်း အုန်းသီးတင်ပို့မှုကို နှိုင်းယှဉ်ကြည့်ရာမှာ ၂၀၁၁-၂၀၁၂ မှာ ၀ ဒသမ ၀၁၂ ဒေါ်လာသန်းဖိုး၊ ၂၀၁၂-၂၀၁၃ တွင် သုည ဒသမ ၀၁၅ ဒေါ်လာသန်းဖိုး တင်ပို့ခဲ့တဲ့အတွက် သုည ဒသမ ၀၀၃ သန်းဖိုး ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၂  သြဂုတ်လတွင်း အုန်းသီးတင်ပို့မှုဟာ ၁၉၅၀၀ လုံး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုည ဒသမ ၀၀၄ သန်းဖိုး ဆောင် ရွက်နိုင်ခဲ့ပြီး ၂၀၁၂ စက်တင်ဘာလ ၁၉ ရက်ထိအုန်းသီးလုံးရေ ၇၈၄၅၅ လုံး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နှစ်စဉ် အုန်းသီးလုံးရေ တစ်သိန်းကျော် နှစ်သိန်းနီးပါး တင်ပို့နိုင်ခဲ့လို့ ကုန်သွယ်မှု တိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက် ရှိပါတယ်။နကသ (တမူး)