Main menu

Background

ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေခြင်းနှင့် ကမ္ဘာ့သီဟိုဠ်စေ့ ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် အိန္ဒိယနိုင်ငံမှ သီဟိုဠ်စေ့တင်ပို့မှု ကျဆင်းခဲ့

Thu, 10/04/2012 - 06:05 -- Anonymous (not verified)

ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေး နေခြင်းနဲ့ ကမ္ဘာ့သီဟိုဠ်စေ့ဈေးနှုန်းတွေ မြင့်မားနေခြင်းကြောင့် ၂၀၁၂ ခုနှစ် ဧပြီမှ  ဇွန်လအတွင်း အိန္ဒိယနိုင်ငံမှ သီဟိုဠ်စေ့တင်ပို့မှု ကျဆင်းခဲ့တယ်လို့ သိရတယ်။

၎င်းကာလအတွင်း သီဟိုဠ်စေ့ တန် ချိန် ၂၄၄၀၅ တန်တင်ပို့ခဲ့ရပြီး ဝင်ငွေ ရူပီး ၁၀၀၅ ဒသမ ၅၅ ကုဋေ ရရှိခဲ့ တယ်။ ၎င်း ပမာဏက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အလားတူ ကာလအတွင်း တင်ပို့ခဲ့ရတဲ့ တန်ချိန် ၂၄၉၅၉ (ဝင်ငွေ ရူပီး ၉၃၈ ဒသမ ၂၁ ကုဋေ)  ထက် လျော့နည်းခဲ့တယ်လို့  အိန္ဒိယနိုင်ငံ သီဟိုဠ်စေ့ တင်ပို့မှုမြှင့်တင်ရေးကောင် စီက  သတင်းထုတ်ပြန်ထားတယ်။ တင်ပို့မှုပမာဏ  လျော့နည်းခဲ့သော် လည်း ယခုနှစ်အတွင်း ဝင်ငွေပိုမိုရရှိ ခဲ့တယ်လို့ သိရတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ပထမသုံးလအတွင်း သီဟိုဠ် စေ့ တစ်ကီလိုကို ၃၇၅ ဒသမ ၉၀ ရူပီး ရှိခဲ့သော်လည်း  လက်ရှိဘဏ္ဍာနှစ်ဖြစ် တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမ သုံးလအတွင်း သီဟိုဠ်စေ့တစ်ကီလိုရဲ့ လက်လီဈေးနှုန်းမှာ ၄၁၂ ဒသမ ၀၃ ရူပီးရှိခဲ့တယ်လို့ သိရတယ်။ ဒုတိယ သုံး လပတ်ကာလဖြစ်တဲ့ ဇူလိုင်နဲ့ သြဂုတ် လအတွင်းမှာလည်း  သီဟိုဠ်စေ့ဈေး ကွက် တည်ငြိမ်နေခဲ့တယ်။ တကယ်လို့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေ မှာလည်း  ကမ္ဘာ့ဈေးကွက်အတွင်း အရောင်းအဝယ်ထိုင်းမှိုင်းနေမယ်ဆိုရင် ဈေးနှုန်းကို ကျဆင်းစေနိုင်ပြီး ပြုပြင်ထုပ် ပိုးမှု လုပ်ငန်းစဉ်တွေကိုပါ လျော့ကျစေ နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်း ကြတယ်။ဒါပေမဲ့ အနောက်အာဖရိကနိုင်ငံ တွေမှာ သီဟိုဠ်အထွက်နှုန်း သာမန် ထက် လျော့နည်းနိုင်ခြင်း၊ ဘရာဇီးလ် မှာခူးဆွတ်တော့မယ့် သီဟိုဠ်အတွက် စိုးရိမ်မှုတွေရှိနေခြင်းနဲ့ ပြုပြင်ထုပ်ပိုး မှုအတွက် စရိတ်စကကုန်ကျမှု မြင့်မား ခြင်းတို့ကြောင့် သီဟိုဠ်စေ့ဈေးနှုန်း ကျ ဆင်းမှုကို အထိန်းအချုပ်ဖြစ်စေမယ်လိ့ု သုံးသပ်ကြတယ်။ Source:thehindubusinessline.comပပ