Main menu

Background

အဆိပ်ဓာတ်သင့်ညစ်ညမ်းရေကန်ကြီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာ

Thu, 10/04/2012 - 06:04 -- Anonymous (not verified)

လွန်ခဲ့တဲ့ အနှစ် ၉၀ လောက်ကဆိုရင် မွန် တန်နာကြေးနီသတ္တုမိုင်းမြို့ (Montana  mining town)  ကို ကမ္ဘာမှာ အချမ်းသာဆုံး တောင်ကုန်း ကြီးရှိတဲ့မြို့လို့ ခေါ်ဆိုခဲ့ကြတယ်။ အဲဒီမြို့တစ် ဝိုက်မှာရှိတဲ့ ကျောက်ဆောင်တွေ ကနေ ကြေးနီ သတ္တုရိုင်း တန် သန်းပေါင်းများစွာ ထွက်ရှိခဲ့ပြီး အမေရိကန်တစ်နိုင်ငံလုံးအတွက် လိုအပ်တဲ့ လျှပ် စစ်မီးကြိုးတွေနဲ့ တယ်လီဖုန်းကြိုးတွေထုတ်လုပ်ရာ မှာ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်မှာ မြို့ရဲ့ အနောက်တောင်ဘက်မှာ ရှိတဲ့ ကြေးနီသတ္တုမိုင်းကြီးကို  ပတ်ပစ်ခဲ့ပါတယ်။ အဲဒီအချိန်လောက်ကစပြီး မွန်တန်နာမိုင်းကြီးရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ကျောက်ဆောင်တွေကနေ ရော၊ အရင် မိုင်းပတ်လည်မှာဖောက် လုပ်ထားတဲ့ ရေသွယ်မြောင်းတွေကရော ရေတွေစီးဝင်ခဲ့တဲ့ အတွက် ကြေးနီမိုင်းဟောင်းကြီးဟာ အလွန်ကြီး မားပြီး သိပ်နက်တဲ့ ရေကန်ကြီးတစ်ခုအဖြစ်ပြောင်း လဲလာခဲ့ရပါတယ်။ ရေကန်တွင်းစီးဝင် လာတဲ့ ရေ တွေဟာ ကြေးနီသတ္တုရိုင်း အညစ်အကြေးတွေနဲ့ ဓာတ်ပြုပြီး အက်စစ်ဓာတ်ပေါက်ကာ အဆိပ် ဓာတ်သင့်နေတဲ့ ရေဆိုးတွေအဖြစ် ပြောင်းလဲသွား ခဲ့ပါတယ်။ အဲဒီအဆိပ်ဓာတ်သင့် ညစ်ညမ်းနေတဲ့ ရေကန်ကြီးရဲ့အနက်ဟာ ဘယ်လောက်အထိရှိသ လဲဆိုရင် အထပ် ၈၀ ရှိတဲ့ တိုက်တာအဆောက် အအုံကြီးတစ်ခုကို ပစ်ထည့်လိုက်ရင် စုံးစုံးမြှုပ်သွား နိုင်တယ်လို့ ဆိုပါတယ်။

၁၉၉၅ ခုနှစ်လောက်အထိ ဘာကီလေးပစ် (Berkeley Pit)    လို့ အမည်ပေးထားတဲ့ အဲဒီထူး ခြား တဲ့ ရေကန်ကြီးကို အနယ်နယ် အရပ်ရပ်က ခရီးသွားဧည့်သည်တွေ လာရောက်ကြည့်ရှုလေ့ လာခဲ့ကြပါတယ်။ ဒါကြောင့် မြို့ရဲ့ အုပ်ချုပ်ရေး အဖွဲ့ဟာ ထရော်လီလို့ခေါ်တဲ့  ကောင်းကင်ကြိုး ရထားတွဲတစ်ခုကို တပ်ဆင်ပေးပြီး ကန်ရဲ့အောက် ခြေရေစပ်အနားအထိ ပို့ဆောင်ကာ ကြည့်ရှုခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၅ ခုနှစ်ရောက်တော့ ကနေဒါနိုင်ငံက ဆောင်းခိုငန်းရိုင်းငှက်ကြီးတွေ လာရောက်ပြီး  ကန်ရေကို  သောက်ကြတဲ့အခါ အများအပြား သေဆုံးသွားကြတာကို တွေ့မြင်ရတဲ့ အခါ မွန်တန်နာ မြို့သူမြို့သားတွေဟာ စိုးရိမ် ထိတ်လန့်သွားခဲ့ကြပါတယ်။ခန့်မှန်းခြေရေလီတာ ဘီလီယံ ၉၀ ခန့်ရှိတဲ့ အဲဒီဘာကီလေးရေကန် ကြီးဟာမြို့နဲ့ သိပ်မဝေး တဲ့နေရာမှာ တည်ရှိနေတဲ့အပြင် ရေကန်ဟာမြို့ ထက် မီတာတစ်ရာကျော်လောက်မြင့်တဲ့ နေရာ မှာ တည်ရှိနေတဲ့အတွက်  အဲဒီကန်ကြီးထဲက အဆိပ်သင့်ရေတွေဟာ တစ်နေ့ကျရင် မြို့ရဲ့ မြေ အောက်အဝီစိတွင်းတွေထဲ စိမ့်ဝင်လာမှာကို ထိတ် လန့်လာကြပါတယ်။ ဒါ့အပြင်  အဲဒီရေကန်ကြီး ကနေ နံနက်ပိုင်းမှာဖြစ်ပေါ်တတ်တဲ့ ရေငွေ့နဲ့ မြူမှုန်တွေဟာ မြို့ပေါ်ကို ရောက်ရှိလာတတ်ပြီး မြို့နေ ပြည်သူတွေရဲ့ ကျန်းမာရေးကို အန္တရာယ် ပြုလာမှာလည်း စိုးရိမ်လာကြပါတယ်။ ဒါကြောင့် မြို့အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ မြို့သူ  မြို့သားတွေဟာ အန္တရာယ်ဖြစ်လောက်တဲ့အခြေအနေကို မရောက် မီ အဲဒီရေကန်တွင်းက  အဆိပ်သင့်ရေတွေကို ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲဆိုတာ စဉ်း စားဆွေးနွေးလာကြရပါတယ်။တချို့က အဲဒီရေကန်ထဲက ရေတွေမှာပျော် ဝင်နေတဲ့ ဒေါ်လာသန်းပေါင်း ရာနဲ့ချီပြီး တန်တဲ့ သွပ်၊ ကြေးနီ၊ မဂ္ဂနီစီယမ်နဲ့ တခြားသတ္တုတွေကို ထုတ်ယူသုံးစွဲဖို့ အကြံပြုကြပါတယ်။ တချို့က အဲဒီအဆိပ်သင့်ရေတွေကို ထုံးဓာတ်နဲ့ ဓာတ်ပြုပြီး ရေကောင်းရေသန့် ပြန်ဖြစ်လာအောင်ထုတ်လုပ် ဖို့ တင်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဒေသခံ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး  အဖွဲ့အစည်း  တစ်ခုဖြစ်တဲ့ MSE  နည်းပညာအသုံးချရေးအဖွဲ့က ကန်ရေကို အသေးစိတ်လေ့လာပြီး  အဆိပ်သင့်ဓာတ်တွေ ဖယ်ထုတ်ဖို့ဆိုရင် နှစ်ပေါင်းများစွာ ကြာတဲ့တိုင် အောင်ဆောင်ရွက်ရန် လိုအပ်တယ်လို့ ထောက်ပြ ခဲ့ပါတယ်။ နောက်စိုးရိမ်စရာ ကောင်းတဲ့အချက် တစ်ချက်ကတော့ အဲဒီကန်ထဲက အဆိပ်သင့်ရေ တွေကို မြို့ရဲ့မြေအောက်ရေ အရင်းအမြစ်တွေ ထဲစီးဝင်နိုင်တဲ့အပြင် မြို့ကိုဖြတ်စီးနေတဲ့ ဆေးလ် ဗားဘိုးချောင်းထဲလည်းစီးဝင်ကာ ရေထုညစ်ညမ်း စေနိုင်ပါတယ်။ အဲဒီချောင်းဟာ  ကိုလံဘီယာ မြစ်ကြီးဖြစ်ပေါ်စေတဲ့ မြစ်လက်တက်လေးတစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။  အမေရိကန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီနဲ့ မွန်တန်နာ မြို့အုပ်ချုပ်ရေးအဖွဲ့တွေကတော့ အဲဒီရေကန်ကြီး ထဲက အဆိပ်ဓာတ်သင့် ရေတွေဟာ စိုးရိမ်ရတဲ့ အခြေအနေကိုမရောက်မီတစ်နည်း နည်းနဲ့အဖြေ ရှာပြီး၊ ဖြေရှင်းဖို့ကြိုးစားနေကြောင်းပါခင်ဗျား။   ။Ref:Time