Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 10/04/2012 - 06:35 -- Anonymous (not verified)

ဂျပန်ဗဟိုဘဏ်က ဆောင်ရွက် မည်ဟုယူဆရတဲ့ ငွေကြေးမူဝါဒတွန်း အားပေးအစီအစဉ်များ မှေးမှိန်လာတဲ့ အတွက် ထွန်းသစ်စငွေကြေးအများစု က စက်တင်ဘာ ၂၀ ရက်နေ့မှာ တန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် တချို့ငွေ ကြေးတွေ တန်ဖိုးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ဗဟိုဘဏ်တွေက ဝင်ရောက် ကိုင်တွယ်မဲ့ အလားအလာတွေရှိနေ သေးတဲ့အတွက်  နည်းနည်းသတိထား ပြီး ဆောင်ရွက်နေပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ တရုတ်နိုင်ငံ တွေရဲ့ စီးပွားရေးကိန်းဂဏန်းတွေက ကမ္ဘာ့စီးပွားရေးတိုးတက် မှုနှေးကွေးနေ တာကို  ပိုဆိုးလာနေတဲ့  သဘောမျိုး တွေ့နေရပါတယ်။ ဒါကြောင့် အာရှငွေ ကြေးတွေက  တစ်လကျော်အတွင်းမှာ ရက်သတ္တပတ်အလိုက်  တန်ဖိုးကျဆင်း မှုများပြားခဲ့ပါတယ်။

 
တောင်ကိုရီးယားမှ ငွေကြေးကုန် သည်တွေက ဝမ်ငွေကြေးတန်ဖိုးမြင့် တက်လာမှာကို အယုံကြည်နည်းလာတဲ့ အတွက် တောင်ကိုရီးယားဝမ်က ခေါင်း ဆောင်ပြီး အာရှငွေကြေးတွေတန်ဖိုး ကျနေပါတယ်။ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံ ကြား တင်းမာမှုတွေ ပြင်းထန်လာတဲ့ အတွက်လည်း ငွေကြေးတန်ဖိုးကျလာ စေခဲ့ပါတယ်။
တရုတ်ယွမ် ကမ္ဘာ့ဈေးကွက်ထဲမှ  ယူရိုအနုတ် အသိမ်းများလာခြင်းနဲ့ နိုင်ငံတော်ဘဏ် တွေက ဒေါ်လာထုတ်ရောင်းတာတွေ အဆုံးသတ်သွားတဲ့အတွက် စက်တင် ဘာ ၂၁ ရက်က တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းလာခဲ့ပါတယ်။ တရုတ်နိုင်ငံခြားငွေရောင်းချရေး ဌာနမှာ စက်တင်ဘာ ၂၁ ရက်က တရုတ်ယွမ်ငွေကြေး တန်ဖိုးက ဒေါ်လာ နှင့်ဖလှယ်ရာမှာ ၀ ဒသမ ၄၆ ရာခိုင် နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၄၃ ယွမ်နှုန်းရှိခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ ယွမ်ငွေ ကြေးတန်ဖိုးက စက်တင်ဘာ ၂၀ ရက် လဲနှုန်းထက် ၀ ဒသမ ၅၀ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၀၈၈ ယွမ်နှုန်းရှိခဲ့ပါတယ်။ စက်တင် ဘာ ၂၀ ရက်နေ့က ဒေါ်လာများကို အားသွန်ရောင်းချနေတာကို တရုတ် ဗဟိုဘဏ်က ဝင်ရောက်ကိုင်တွယ်ခဲ့တဲ့ အတွက် လောလောဆယ်မှာ ယွမ်ဈေး မတက်နိုင်သေးဘူးလို့ ကုန်သည်တွေက ယူဆထားပါတယ်။
အိန္ဒိယရူပီး အိန္ဒိယနိုင်ငံရဲ့ပြင်ပမှာ ယူရိုနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်း နေချိန်မှာ အိန္ဒိယနိုင်ငံတွင်းသို့ ရင်းနှီး ငွေစီးဝင်တာတိုးတက်လာတဲ့အတွက် ဘဏ်အချင်းချင်း နိုင်ငံခြားငွေလဲလှယ် ရာမှာ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်း က ရူပီးတန်ဖိုးဟာ သုညဒသမ ၃၀ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၅၄ ဒသမ ၀၈ ရူပီးနှုန်းရှိခဲ့ပါတယ်။ ပင်လယ်ရပ်ခြားဈေးကွက်တွေ မှာ  ယူရိုနဲ့ဖလှယ်တဲ့အခါ ဒေါ်လာတန်ဖိုး အားနည်းတာ အပြင် မြင့်တက်လျက် ရှိ နေတဲ့ ရှယ်ယာဈေးကွက်ထဲကို နိုင်ငံ ခြားငွေတွေ စီးဝင်လာတာကလည်း ရူပီး တန်ဖိုးကို  အထောက် အပံ့  ဖြစ်စေပါ တယ်။ဂျပန်ယန်း စက်မှုလုပ်ငန်းဆိုင်ရာညွှန်ကိန်း အရ ယူရိုဇုန်မှာ စီးပွားရေးဆုတ်ကပ် ဖြစ်နေကြောင်း တွေ့ရတဲ့အတွက် တစ် ယူရိုကို ၁ ဒသမ ၃၀ ဒေါ်လာအောက် ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဒေါ်လာ ဈေးကျတဲ့အတွက် စက်တင်ဘာ ၂၀ ရက်က ယန်းငွေတန်ဖိုး မြင့်တက်ခဲ့ပါ တယ်။ ဒေါ်လာ၊ယန်းဖလှယ်နှုန်းက စက် တင်ဘာ ၁၉ ရက်က တစ်ဒေါ်လာကို  ၇၈ ဒသမ ၃၆ ယန်းရှိခဲ့ရာမှ ၂၀ ရက် နေ့မှာ တစ်ဒေါ်လာကို ၇၈ ဒသမ ၂၄ ယန်းနှုန်းကို ကျဆင်းခဲ့ပါတယ်။ ယူရို၊ ဒေါ်လာဖလှယ်နှုန်းမှာ စက် တင်ဘာ ၁၉ ရက်က တစ်ယူရိုကို ၁ ဒသမ ၃၀၄၉ ဒေါ်လာရှိရာမှ စက်တင် ဘာ ၂၀ ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၀၀ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၂၉၆၆ သို့ ကျဆင်းခဲ့ပါတယ်။ ယူရို၊ ယန်းဖလှယ်နှုန်းမှာ တစ်ယူရိုကို ၁၀၂ ဒသမ ၂၄ ယန်းမှ ၁၀၁ ဒသမ ၄၆ ယန်းသို့ ကျဆင်းခဲ့ပါတယ်။
မလေးရှားရင်းဂစ် ပြည်ပဈေးကွက် အတော်များများ မှာ ကန်ဒေါ်လာတန်ဖိုး မြင့်တက်နေ သော်လည်း စက်တင်ဘာ ၂၁ ရက်က ဒေါ်လာနဲ့ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး က အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက် မနက် ၉ နာရီတွင် တစ်ဒေါ်လာကို ၃ ဒသမ ၀၆၁၀ ရင်းဂစ်နှုန်းရှိခဲ့သော်လည်း စက်တင်ဘာ ၂၀ ရက်က တစ်ဒေါ်လာ ကို ၃ ဒသမ ၀၆၇ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။ မလေးရှားပြည်တွင်းဈေးကွက် မှာ တခြားအဓိကငွေကြေးများနဲ့ ဖလှယ်ရာတွင် ရင်းဂစ်တန်ဖိုးမြင့်တက် ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် တောင်ကိုရီးယားဝမ်ဈေးတက် လာတော့မှာမဟုတ်လို ကုန်သည်တို့က  ယုံကြည်လာတဲ့အတွက် စက်တင်ဘာ ၂၁ ရက်နေ့မှာ ကျဆင်းလာတဲ့ အာရှ ငွေကြေးတွေထဲမှာ တောင်ကိုရီးယား ဝမ်က ရှေ့ဆုံး မှပါဝင်လာပါတယ်။ တောင်ကိုရီးယားဝမ်တန်ဖိုးက သြဂုတ် လနဲ့ စက်တင်ဘာလအကြားမှာ ၃၈ ဒသမ ၂ ရာခိုင်နှုန်းထိကျဆင်းပြီး တစ် ဒေါ်လာကို ၁၁၂၂ ဒသမ ၈ ဝမ်နှုန်းထိ ကျဆင်းခဲ့ပါတယ်။ တောင်ကိုရီးယား ဝမ်တန်ဖိုးကို တစ်ဒေါ်လာမှာ ၁၁၂၅ ဒသမ ၇ ဝမ်နှုန်းထိ ကျဆင်းနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေက ကိုရီးယားရှယ်ယာ တွေကို ဆက်လက်ဝယ်ယူနေတဲ့ အတွက် ရင်းနှီးမြှုပ်နှံသူတွေက ဝမ်ငွေ တွေကို ပြန်ထုတ်ဖို့လက်တွန့်နေပါ တယ်။ထိုင်းဘတ် ရင်းနှီးမြှုပ်နှံသူတွေက ရောင်းထား တဲ့ ဒေါ်လာတွေကို ပြန်လည်ဝယ်ယူ လာတဲ့အတွက် ထိုင်းဘတ်ငွေတန်ဖိုး ကျဆင်းလာပါတယ်။ တရုတ်နဲ့ဂျပန်တို့ ရဲ့ ကျွန်းပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အငြင်း ပွားပြင်းထန်လာချိန်နဲ့ အာရှရှယ်ယာ တွေကို စွန့်စားမှုများတဲ့ စာချုပ်စာတမ်း တွေ ဆက်လက်ကျဆင်းချိန်မှာ ထိုင်း ဘတ်ငွေတန်ဖိုးကျဆင်းလာခဲ့တာဖြစ်ပါ တယ်။ ပြည်တွင်းဘဏ်တွေနဲ့ နိုင်ငံခြား ဘဏ်တွေက တစ်ဒေါ်လာကို ၃၀ ဒသမ ၈၂ ဘတ်နဲ့ ၃၀ ဒသမ ၈၃ ဘတ် အကြား ထုတ်ရောင်းကြတဲ့အတွက် ဘတ်ငွေတန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဘဏ်အချင်းချင်းအရောင်း ရပ်သွားချိန်မှာ ပြည်တွင်းပို့ကုန်လုပ်ငန်း ရှင်တွေက ဘတ်ငွေအဝယ်ပြန်လိုက် လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။Source:brecorder, bloomberg, xinhua, reuters, pti, AP, AFP, bernama.