Main menu

Background

မေခရိုစီးပွားရေးပေါ်လစီနှင့် ဖွံ့ဖြိုးဆဲတို့ နှလုံးသား လယ်ယာစိုက်ပျိုးရေးကဏ္ဍ

Thu, 10/04/2012 - 07:08 -- Anonymous (not verified)

ဖွံ့ဖြိုးဆဲတို့နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ အမှန်တကယ်ပင် စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ နှလုံးသားဟု ဆိုရ လောက်သည်။ နှလုံးသွေးကြော များလှုပ်ရှားမှုရပ်တန့်ခဲ့ပါက လူတစ်ယောက်၏ ရပ်တည်မှု အဆုံးသတ် အသက်သေဆုံးရသကဲ့သို့ စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရပ် တန့်ခဲ့ပါက နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်နိုင်စွမ်းလျော့ပါးလာကာ ပြိုလဲသွားနိုင်သည်။ စက်မှုနည်း ပညာများထက်ပင်ကျော်လွန်၍ အလွန်အဆင့်မြင့်သော သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ အရှိန်အဟုန်ဖြင့် ထွန်းကားလာနေချိန်၌ စိုက်ပျိုးရေး ကဏ္ဍကို ပြန်လည်ငဲ့ကြည့်၊ အမွှမ်းတင်ပြောဆိုနေခြင်းကို အတွေးတိမ်တိမ်ဖြင့် စဉ်းစားပါက အူကြောင်ကြောင်အိုင်ဒီယာဖြင့် အလုပ်လုပ်နေသလောဟု မေးငေါ့ စရာများရှိလာနိုင်သည်။ ယခင်ကစိုက်ပျိုးရေးကဏ္ဍဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ လောက်သာ အရေးတယူဂရု ထားကြသည်ဟု ယေဘုယျ ကောက်ချက်ချခဲ့ကြသော် လည်း ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးဆဲများသာမက ဖွံ့ဖြိုးပြီးများပါ ထိုကဏ္ဍပိုမို  ဖွံ့ဖြိုးလာ စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်လာကြသည်ကို မျက်မြင်တွေ့ရှိ နေရပြီဖြစ်သည်။ တစ်ဖက်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှု အံ့မခန်းရှိနေချိန်တွင် အခြားတစ်ဖက်တွင် အသက်ရှင်ရပ်တည်မှုအတွက် အခြေခံ လိုအပ်ချက်တစ်ခုဖြစ် သည့် စားနပ်ရိက္ခာအတွက် စိုက်ပျိုးရေးကဏ္ဍထုတ်လုပ်မှု တိုးတက်လာစေရေးအ တွက် နည်းပညာတို့ကို အသုံးပြု၍ အားထုတ်ဆောင်ရွက်လာကြသည်ကိုလည်း တွေ့ကြရသည်။ ယနေ့ကမ္ဘာကြီးသည် လူသားတို့ အသက်ရှင်ရပ်တည်နိုင်ရေး အစွမ်းကုန်ပံ့ပိုး ဖြည့်ဆည်းပေးနေရသောကြောင့် အားအင်တို့လည်း တစစ လျော့ပါးလာခဲ့၏။ လူသားတို့၏ တပ်မက်မှုအားကြီးစွာဖြင့် လုပ်ဆောင်နေသော အပြုအမူတို့ကြောင့် လည်း တဖြည်းဖြည်းယို ယွင်းပျက်စီးမှုတို့ဖြင့်လည်း ကြုံနေရ၏။ ထိုယိုယွင်းပျက်စီး မှုတို့ကြောင့်  စိုက်ပျိုးရေးကဏ္ဍ၏ စားနပ်ရိက္ခာထုတ်လုပ်နိုင်စွမ်းမှာလည်း လျော့ ပါးလာနေခဲ့သည်။ လူဦးရေတိုးပွားလာမှု၊ ဆင်းရဲမွဲတေမှုနှင့် အာဟာရမလုံလောက် မှုတို့သည် စားနပ်ရိက္ခာထုတ်လုပ်မှုအခြေအနေ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အခြေအနေတို့နှင့် တိုက်ရိုက်ဆက်စပ်မှုရှိနေသည်။ စိုက်ပျိုးရေးကဏ္ဍသည် သဘာ၀ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ လူဦးရေတိုးပွားများပြားလာမှုတို့နှင့်အတူ ယနေ့ အချိန်ကာလတွင် ကမ္ဘာ့နိုင်ငံများအားလုံးအတွက် ပြန်လည်အလေးထား ဂရုစိုက် ရမည့် အသက်သွေးကြောထုတ်လုပ်မှု ကဏ္ဍဖြစ်လာနေတော့သည်။ စိုက်ပျိုးရေး ဘောဂဗေဒပညာရှင်တို့ကမူ စိုက်ပျိုးရေးကဏ္ဍသည် စားနပ်ရိက္ခာ၊ အလုပ်အကိုင် အခွင့်အလမ်း၊ အရင်းအနှီးရရှိနိုင်မှု၊ နိုင်ငံခြားဝင်ငွေ ရရှိမှု၊ ဈေးကွက်ဝယ်လို အားဖန်တီးပေးနိုင်မှုနှင့် ကျေးလက်လူမှုအကျိုးစီးပွားဖြစ်ထွန်းမှုတို့ကို ဖြည့်ဆည်း ပေးနိုင်သဖြင့် နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက် အကူရရှိသည်ဟု ယခင်ကာလများကတည်းက ဆိုခဲ့ကြသည်။ ယနေ့အချိန်ကာလ တွင် လယ်ယာစိုက်ပျိုးရေး၏ အရေးပါမှု မှာ တစ်နေ့တခြား ထင်ရှားလာနေတော့ သည်။ ဖွံ့ဖြိုးမှုကနဦးအဆင့်သာသာ ရှိနေသေးသည့်ဖွံ့ဖြိုးဆဲနိုင်ငံတို့အတွက်မှာ မူလယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် အမှီပြုမှု အလွန်အမင်းအားကောင်းနေဆဲရှိ ကြသောကြောင့် ထိုနိုင်ငံမျိုးတို့တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် စိုက်ပျိုးရေးကဏ္ဍ၏ ထောက်ကူပေးမှုမှာ ဖွံ့ဖြိုးပြီးချမ်းသာသည့် နိုင်ငံများရှိ အခြေ အနေများထက် ပိုသည်ဟုပြောနိုင်သည်။ ထိုနိုင်ငံများသည် စိုက်ပျိုးရေးကဏ္ဍကို အခြားနိုင်ငံများထက် ပိုမိုဂရုစိုက်သင့်သည်။
မေခရိုစီးပွားရေးပေါ်လစီ စီးပွားရေးအဆောက်အအုံတစ်လုံးနှင့် ပတ်သက်သည့် မေခရိုပေါ်လစီများ (ဥပမာ-ငွေကြေးပေါ်လစီ၊ ဘဏ္ဍာရေးပေါ်လစီ၊ ဝင်ငွေပေါ်လစီနှင့် ကုန်သွယ်မှုပေါ်လစီ စသဖြင့်) သည် နိုင်ငံတစ်နိုင်ငံလုံး၏ အခြေအနေအရပ်ရပ်ပေါ်တွင် သက်ရောက်မှုများရှိတတ်၏။ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းများ၊ သွင်းအားစုဈေးနှုန်းများ၊ အမြတ်အစွန်း ရရှိနိုင်မှုအခြေအနေ စသဖြင့် နယ်ပယ်စုံသက်ရောက်မှုများ ရှိသဖြင့် ဝယ်လိုအား၊ ရောင်းလိုအားနှင့် ကုန်သွယ်မှုကဏ္ဍများတွင်ပါ အကျိုးသက်ရောက်မှုများရှိလာသည်။ ဥပမာ-ငွေကြေးလဲလှယ်မှုနှုန်းများသည် စိုက်ပျိုးရေးပို့ကုန်များ၊ သွင်းအားစုသွင်းကုန် ဈေးနှုန်းများအပေါ်တွင် လည်းကောင်း၊ အတိုးနှုန်းသည် လယ်ယာအရင်းအနှီးရရှိနိုင်မှု၊ စက်ကိရိယာနှင့် အခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံနိုင်မှုအပေါ်တွင် လည်း ကောင်း ကျယ်ပြန့်စွာ သက်ရောက်မှုများရှိလာနိုင်သည်။ မေခရိုပေါ်လစီ အပြောင်းအလဲများကြောင့် ပြောင်းလဲလာသော မေခရိုစီးပွားရေး ဝန်းကျင်သည် လယ်ယာကဏ္ဍဖွံ့စည်းမှုနှင့် ကျေးလက်လူနေမှုအခြေအနေ၊ မြို့ပြဒေသ စက်မှုဖွံ့ဖြိုးမှုအနေအထား၊ အလုပ်အကိုင် ဖန်တီးနိုင်စွမ်းနှင့် အလုပ်လက်မဲ့အခြေ အနေများ၊ ဝင်ငွေ အဆင့်အတန်းနှင့် ဝင်ငွေဖြန့်ဖြူးမှု အခြေအနေများတွင်ပါ ပြောင်းလဲ မှုများ တွေ့မြင်ရလာနိုင်ပြီး စီးပွားရေးအဆောက်အအုံအတွင်းရှိ အခြားကဏ္ဍများကိုပါ ဆက်စပ်ဖြစ်ပျက်မှုများ ကူးစက်လာစေသည်။ ကျေးလက်နှင့် မြို့ပြသက်ရောက်မှု၊ ကာလတို ကာလရှည်သက်ရောက်မှုစသည့် သက်ရောက်မှု ဒီဂရီအနည်းနှင့်အများ ကွာလျက် အကြောင်းအကျိုး ဆက်စပ်စွာဖြစ်ပေါ်လာသည်။ အကျိုးသက်ရောက်မှုများ ၏ နောက်ဆုံးရိုက်ချက်သည် စားနပ်ရိက္ခာဈေးနှုန်း များပေါ်တွင် ဖြစ်ပေါ်ပြီး စီးပွားရေး အဆောက်အအုံတစ်ခုလုံးရှိ စားသုံးသူများထံတွင် တိုက်ရိုက်ကျရောက်သည်။ နိုင်ငံအစိုးရ များအနေဖြင့် မေခရိုစီးပွားရေး ပေါ်လစီကိန်းရှင်များ၏ စိုက်ပျိုးရေးကဏ္ဍနှင့် စား နပ်ရိက္ခာဈေးနှုန်းများပေါ်တွင် သက်ရောက်လာနိုင်သည့် အကျိုးဆက်များကို ကောင်းစွာ နားလည်သဘောပေါက်စေရန် အားထုတ်ရန်လိုသည်။ ထိုအားထုတ်မှုများသည် ၎င်းတို့ ၏ နိုင်ငံရေးအရဖြစ်စေ၊  စီးပွားရေးအရဖြစ်စေ ကာလတို၊ ကာလရှည်ပေါ်လစီများ ရေးဆွဲရာတွင် များစွာအထောက်အကူပြု လာနိုင်သည်။ နောက်ထပ်သတိပြုသင့်သည့် အချက်မှာ မေခရိုစီးပွားရေး ပေါ်လစီများရေးဆွဲရာတွင် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား ကာ ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများအားလုံး ပါဝင်ရေးဆွဲနိုင် မှသာ သင့်တော်မည့် ရလဒ်တစ်ခု ရလာနိုင်သည့်အချက်ဖြစ်သည်။
အားနည်းနေသော နှလုံးသားအတွက် အမိမြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့သည် မှာ အချိန်ကာလအားဖြင့် ကြာမြင့်ခဲ့လေပြီ။ လယ်ယာမြေပိုင်ဆိုင်မှုပုံစံမှစ၍ စိုက်ပျိုးမှု နည်းစနစ်၊ မျိုးစေ့၊ ဓာတ်မြေသြဇာ အပါအဝင် သွင်းအားစုသုံးစွဲနိုင်မှု၊ ပံ့ပိုးပေးနိုင်မှု၊ ပြည်တွင်းလိုအပ် ချက်ကိုပံ့ပိုးပေးနိုင်မှု၊ ဈေးကွက်ရှာေ ဖွနိုင်မှုနှင့် နိုင်ငံရပ်ခြားသို့တင်ပို့ ရောင်းချနိုင်မှုတို့အထိ အလုံးစုံအားနည်းခဲ့သည်။ ဝန်ကြီးဌာနအလိုက်၊ ကဏ္ဍအလိုက် အားထုတ်လုပ်ကိုင်ခဲ့ကြသော်လည်း ပို့ကုန်ကဏ္ဍအတွက်သာမက နိုင်ငံသူ၊ နိုင်ငံသား တို့၏ အဓိကစားနပ်ရိက္ခာဖြစ်သည့် လယ်ယာထွက်ကုန်သီးနှံများ၏ ရောင်းလိုအားကွင်း ဆက်တစ်လျှောက် အားလုံးနီးပါး အချိတ်အဆက်မမိဘဲ အားနည်းချက်များဖြင့်သာ ဖြတ်သန်းလာခဲ့ရသည်။ ထိုသို့ညှိနှိုင်းမှု အားနည်းခြင်း၊ သတင်းအချက်အလက်အ ချိတ် အဆက်မမိခြင်းတို့သည် ပေါ်လစီတစ်ခုကို အကောင်အထည်ဖော်ရာတွင် အခက်အခဲ များ ကြုံလာရခြင်း၊ အောင်မြင်မှုနည်းပါးခြင်းတို့သာဖြစ်လာသည်။ ဥပမာ-စီမံ/စီးပွား ဝန်ကြီးဌာန၊ လယ်/ဆည်ဝန်ကြီးဌာနတို့မှထုတ်ပြန်သော စာရင်းအင်းကိန်းဂဏန်းများ တွင် ဆန်စပါးထွက်ရှိမှုပိုလျှံနေသည်ကို တွေ့ရှိနေရစဉ် ရန်ကုန် အပါအဝင် မြို့ကြီး ပြကြီးများ၌ ဆန်စပါးဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်နေခဲ့သည့်အခြေအနေများ ကို တွေ့ကြုံခဲ့ရခြင်း၊ နိုင်ငံခြားမှ ဆန်စပါးအဝယ်ကမ်း လှမ်းချက်များကို ပြည့်မီစွာ တင်ပို့နိုင်ရေးအတွက် ထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှုကို ခန့်မှန်းကိန်းကဏန်းများကို အခြေခံ၍ အားထုတ်နေရခြင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ငွေလဲနှုန်းကိစ္စ ဆွေးနွေးနေစဉ် လယ်ယာထွက်ကုန် ပို့ကုန်သမားတို့ မသေချာ၊ မရေရာသော ဝင်ငွေ တို့အတွက် မျက်ကလူးဆန်ပြာဖြစ်နေရခြင်း၊  သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့တို့က လယ်ယာထွက်ကုန်များ တိုးတက်တင်ပို့နိုင်ရေး အားထုတ်လုပ်ဆောင်နေစဉ် မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ချေးငွေအရင်းအနှီးအပါအဝင် တောင်သူလယ်သမားတို့ လိုအပ်ချက် များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုံလောက်စွာ၊ ထိရောက်စွာမပံ့ပိုးနိုင်ခြင်းစသည့် ဟန်ချက်မညီသော အခြေအနေများစွာကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သည်။ မူလအရင်းခံ ဖြစ်သည့် အားနည်းချက်၊ အားသာချက်များ၊ စိန်ခေါ်ချက်များနှင့် အခွင့်အလမ်းတို့ကို သုံးသပ်နိုင်စွမ်း အားနည်းခဲ့ခြင်း၊ ကဏ္ဍအလိုက် ပေါ်လစီရေးဆွဲ သူများကြား ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက်မှုအားနည်းခဲ့ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြသည့် တာဝန်ရှိသူများကြားတွင်လည်း လုပ်ပိုင်ခွင့်နှင့် တာဝန်အပေါ် အလေးထားမှု အားနည်း ခြင်းတို့သည် အဓိကအကြောင်းတရားများပင်ဖြစ်သည်။ ထို့မှတစ်ဆင့် အနာဂတ် စီးပွားရေး မှန်းဆချက်များ လွဲချော်မှုများရှိလာခြင်း၊ တောင်သူလယ်သမားတို့ဘ၀ ရပ်တည်မှု အခက်အခဲများ ကြုံတွေ့လာရခြင်းတို့နှင့် ဝင်ငွေနိမ့်စားသုံးသူ လူအများစု၏ စားဝတ်နေရေး ကျပ်တည်းမှုများ တဖြည်းဖြည်း ဆိုးဝါးလာခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် စီးပွားရေး အဆောက်အအုံတစ်ခုလုံးနှင့် သက်ဆိုင်သည့် မေခရို စီးပွားရေးပေါ်လစီများရေး ဆွဲရာတွင် ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်သူများ၊ သုတေသီများ၊ စီးပွားရေးပညာရှင်များပါဝင်၍ ကဏ္ဍများကြား အပြန်အလှန်သက်ရောက်မှုများ၊ ကာလ အလိုက်ဖြစ်နိုင်ခြေများ၊ အချေအတင်ဆွေးနွေးမှုများဖြင့် ကာလအတိုင်းအတာတစ်ခု အချိန်ယူကာ ဆောင်ရွက်ရန်လိုသည်။ မေခရိုပေါ်လစီတို့၏ သက်ရောက်မှုသည် စီးပွားရေးအဆောက်အအုံအတွင်းရှိ ကဏ္ဍအားလုံးကို ဆက်စပ်မှုရှိသည့် ဒီဂရီကိုလိုက်၍ အနည်းအများသက်ရောက်မှုများရှိလာပြီး အဆုံးသတ်သက်ရောက်မှုသည် စားနပ်ရိက္ခာ ထုတ်လုပ်ပေးရာ ကဏ္ဍတွင် စုပြုံဖြစ်ပေါ်လာသည်။ အာရှရှိ ဆန်စပါးစားသုံးမှုပမာဏ များသောနိုင်ငံများထဲတွင် မြန်မာနိုင်ငံပါဝင်၏။ လယ်ယာကဏ္ဍကို နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် မှီခိုမှုတွင် ရာခိုင်နှုန်းအများဆုံး နိုင်ငံလည်း ဖြစ်၏။ ဆန်စပါးသည် ရိက္ခာအသက်သွေးကြောဖြစ်ဆဲ၊ ပဲမျိုးစုံသည် နိုင်ငံခြားငွေသီးရာ အထူးအားကိုးစရာ ဖြစ်နေဆဲပင်။ ဤသို့ဖြင့် လယ်ယာကဏ္ဍကို အမိမြန်မာနိုင်ငံ၏ နှလုံးသားဟု တင်စားခဲ့၏။ ငွေကြေးပေါ်လစီ၊ ဘဏ္ဍာရေးပေါ်လစီ၊ ဝင်ငွေပေါ်လစီ စသဖြင့် မေခရို ပေါ်လစီများရေးဆွဲသည့်အခါ လေးနက်စွာသဘောထား၍ စီးပွားရေးကဏ္ဍများကြား ညှိနှိုင်းဆောင်ရွက်မှုများဖြင့် လုပ်ဆောင်ခြင်း၊ ထိုပေါ်လစီတို့မှ သက်ရောက်လာမည့် အကျိုးဆက်ဖြစ်နိုင်ခြေတို့ကို မျက်စိတစ်ဆုံးကြည့်ကာ စီမံဆောင်ရွက်ထား နိုင်မှသာ အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် အသင့်လျော်ဆုံး ပေါ်လစီကောင်းတစ်ခုကို ရရှိနိုင်ပေလိမ့်မည်။ ထိုပေါ် လစီတို့သည် နိုင်ငံ၏ နှလုံးသားဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက်လည်း များစွာအထောက်အကူ ရလာပေလိမ့်မည်။ နှလုံးသားကို အင်အားကောင်းစေချင်သည်။ နှလုံးအားနည်းပါက အခြားသော ဝေဒနာများ သွေးတိုးစမ်း ဝင်ရောက်လာနိုင်သည်။ အမှန်တကယ် ဝင်ရောက်လာ ခဲ့ပြီး နှလုံးထိခိုက်လာခဲ့သော်------။