Main menu

Background

ပဲဈေးကွက်၏ လတ်တလော အခြေအနေအပေါ် လေ့လာသုံးသပ်ခြင်း

Sun, 10/07/2012 - 07:08 -- Anonymous (not verified)

ယခုကာလသည် ပြည်တွင်းပဲအသစ်ပေါ်လုဆဲဆဲကာလဖြစ်ပြီး ပဲအဟောင်းလက်ကျန်များထုတ်ရောင်းသည့် စပ်ကူးမတ်ကူးကာလ ဖြစ်ပါသည်။ ပုံမှန်အားဖြင့် အောက်တိုဘာလတွင် မိုးပဲအသစ်များစတင်ပြီး ဈေးကွက်သို့ ကြိုကြား ကြိုကြား ဝင်ရောက်သော်လည်း ယခုနှစ်တွင် မိုးပဲအဓိကစိုက်ပျိုးသည့်  နိုင်ငံအလယ်ပိုင်းတွင် မိုးဦးကာလ မိုးခေါင်ခဲ့သဖြင့် ပဲထွက်ရှိမှု နောက်ကျနေခြင်းဖြစ်၍ ဈေးကွက်အများစုတွင် ပဲတီစိမ်းမှအပ ယခင်နှစ် ပဲအဟောင်းလက်ကျန်များသာ ထုတ်ရောင်းနေကြပါသည်။

 
အိန္ဒိယဈေးကွက်ကို ပဲများပုံမှန်ဝင်ရောက်နေမြန်မာနိုင်ငံ ပဲမျိုးစုံ၏ ၇၀ ရာခိုင်နှုန်းတင်သွင်းနေသည့် အိန္ဒိယ အနေဖြင့် ပဲစိုက်ပျိုးသည့် အဓိကပြည်နယ်အချို့မှ မိုးမတ်ပဲနှင့် ပဲတီ စိမ်းများ ဝင်ရောက်နေပြီဖြစ်ပြီး ပြည်တွင်းမတ်ပဲလက်ကျန်မှာလည်း အထိုက်အလျောက်ရှိနေ သည့်အပြင် ပြည်ပမှ ပုံမှန်ရောင်းချမှုရှိနေ သဖြင့် အိန္ဒိယပဲမျိုးစုံဈေးကွက်မှာ စက်တင်ဘာလအတွင်း အကျ ဘက် ဆင်းနေခဲ့ပါသည်။  ပဲစင်းငုံအသစ် ထွက်ရန် နှစ်လခန့်လိုနေ သေးပြီး ပြည်တွင်းလက်ကျန်များများ မကျန်ရှိသည့်တိုင် လတ်တ လောတွင် မြန်မာနှင့် အာဖရိကနိုင်ငံများဖြစ်သော မာလာဝီ၊ တန်ဇန်း နီးယား၊ မိုဇမ်းဘစ်စသည့် နိုင်ငံများမှ ပဲစင်းငုံတင်သွင်းမှုရှိနေသဖြင့် ပြည်တွင်းရောင်းချမှုများနေပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးသူများအတွက် ပဲပြတ် လပ်မှုမရှိစေရန်၊ စားသုံးသူ ဈေးနှုန်းကြီးမြင့်မှု မရှိစေရန်အတွက် ပဲသိုလှောင်မှုများကို ကန့်သတ်ခြင်းဖြင့် လည်းကောင်း၊ ပြည်နယ် အစိုးရများမှတစ်ဆင့် အများပြည်သူဖြန့်ဝေရေးစနစ် (PDS) ဖြင့် လည်းကောင်း၊ အစီအစဉ် ချမှတ် ဆောင်ရွက်လျက်ရှိနေပါသည်။ ယခုနှစ်မိုးဦးတွင် မြန်မာနိုင်ငံ အလားတူ အိန္ဒိယနိုင်ငံတွင်လည်း မိုးခေါင်သဖြင့် မိုးသီးနှံစိုက်ပျိုးမှုနှေးကွေးခဲ့ပြီး စိုက်ဧရိယာများလည်း ပုံမှန်စိုက်ပျိုးမှုထက် လျော့ကျခဲ့ရာ ဇူလိုင်လကုန်မှစ၍ သြဂုတ်လ အထိ အိန္ဒိယပြည်တွင်းပဲဈေးများ မြင့်တက်လာခဲ့ပြီး ပြည်ပမှပဲတင် သွင်းမှု မြှင့်တင်ခဲ့ပါသည်။
အိန္ဒိယမိုးအခြေအနေပြန်ကောင်း၍ ပဲဈေး အကျဘက်ဆင်းလာခြင်းမိုးနှောင်းတွင် မိုးရွာသွန်းမှု တိုးတက်လာခဲ့ပြီး စိုက်ပျိုးမှုပြန် လည်သွက်လာခဲ့သလို စိုက်ပျိုးပြီး ပဲပင်များအတွက်လည်း အခြေ အနေကောင်းခဲ့သဖြင့် စက်တင်ဘာလတွင် ပဲဝယ်လိုအားနည်းပြီး ဈေးပြန်ငြိမ် ခဲ့ပါသည်။ တစ်ချိန်တည်းတွင် မိုးပဲအသစ်များလည်း တဖြည်းဖြည်းချင်းတိုးဝင်လာနေခဲ့ရာ အိန္ဒိယပဲဈေးများ အကျဘက် သို့ဆက်ပြီး ဆင်းလာသည်ကို တွေ့ရပါသည်။
ပြည်တွင်းပဲဈေးကို အိန္ဒိယဈေးရိုက်ခတ်မှုရှိနေအိန္ဒိယကို အမှီပြုရောင်းချရသည့် မြန်မာပဲဈေးကွက်သည် လည်း အိန္ဒိယနိုင်ငံတွင်း ဈေးပိုလာသည့် ဇူလိုင်၊ သြဂုတ်လတွင် ဈေးပိုလာခဲ့ပြီး ဝယ်လိုအား ကျဆင်းလာခဲ့သည့် စက်တင်ဘာလ ဒုတိယလဝက်မှစ၍ ပဲဈေးများ ပြန်လည်လျော့ကျခဲ့ပါသည်။ အထူး သဖြင့် ပြည်တွင်းလက်ကျန် အသင့်အတင့်ရှိနေသော မတ်ပဲမှာ ရောင်းလိုအားနှင့် ဝယ်လိုအားမမျှဖြစ်ကာ ဈေးကွက်အတွင်း ရိုက် ခတ်မှုအများဆုံးပဲအဖြစ်ရှိနေပါသည်။ အခြားပဲစင်းငုံနှင့် ပဲတီစိမ်း တို့မှာ လက်ကျန်ရှိနေမှု အခြေအနေ ရောင်းလိုအား၊ ဝယ်လိုအား မျှတသည့်အနေအထားရှိသော်လည်း မတ်ပဲဈေးကွက်အနေအထား နှင့်အတူ ၎င်းင်းပဲဈေးပါ အနည်းငယ် ယိုင်လာခဲ့ပါသည်။
မတ်ပဲဈေးနှုန်း ကျဆင်းခြင်းမတ်ပဲဈေးကို ယခင်နှစ်များနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ၂၀၁၀ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အနိမ့်ဆုံးနှင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေးများအရ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေး တစ်တန် ကျပ် ၇၈၅၀၀၀-၈၄၅၀၀၀ ၊ ရန်ကုန် FOB ဈေး ကန်ဒေါ်လာ ၉၃၀-၉၈၀၊ ၂၀၁၁ ခုနှစ်တွင် ဘုရင့်နောင်ဈေး ကျပ် ၅၄၅၀၀၀-၆၃၅၀၀၀၊FOB ဈေးကန်ဒေါ်လာ ၇၅၀-၈၄၀ ဈေးအသီးသီးရှိခဲ့ပြီး ယခုနှစ်တွင် ဘုရင့်နောင်ဈေး ကျပ် ၄၉၀၀၀၀-၅၇၆၀၀၀၊ ရန်ကုန် FOB ဈေး ကန်ဒေါ်လာ ၆၀၅-၆၉၀ ဈေး အသီးသီးရှိခဲ့သည်ကို တွေ့ရပါသည်။ ယင်းဈေးနှုန်း များအရ ယခုနှစ်တွင် ဈေးသိသိသာသာ လျော့ကျခဲ့သည်ကို တွေ့ရ ပါသည်။ ၂၀၁၀ ခုနှစ် မတ်ပဲဈေးကို ပြန်ကြည့်ရာတွင် မေလတွင် ပျမ်းမျှတစ်တန် ကျပ် ၁၁ သိန်းကျော်၊  FOB တစ်တန် ကန်ဒေါ်လာ ပျမ်းမျှ ၁၁၃၄ ထိ အမြင့်ဆုံးဖြစ်ခဲ့ပြီးနောက်ပိုင်း ပြန်လည်လျော့ ကျခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ဇန်နဝါရီလတွင် ပြည်တွင်းဈေး ကျပ် ၇၃၅၀၀၀၊FOB ဈေးကန်ဒေါ်လာ ၉၆၀ ထိအမြင့်ဆုံးဖြစ် ခဲ့ပြီး နောက်ပိုင်းများတွင် တအိအိဖြင့် တောက်လျှောက်ဆင်းလာခဲ့ပါ သည်။လက်ရှိ ၂၀၁၂ အနေအထားကိုကြည့်ရာတွင် ဇန်နဝါရီလ အတွင်း တစ်တန်ကျပ် ၄၃၆၀၀၀-၄၇၄၀၀၀ ရှိခဲ့ပြီး ဖေဖော်ဝါရီလ တွင် အနည်းငယ်လျော့ကာ ကျပ် ၄၁၈၀၀၀-၄၅၀၀၀၀ ၊ မတ်လတွင် ကျပ် ၃၉၀၀၀၀-၄၂၄၀၀၀၊ ဧပြီလတွင် ကျပ် ၃၉၂၀၀၀-၄၀၈၀၀၀၊ မေလတွင် ကျပ် ၃၉၄၀၀၀-၄၁၂၀၀၀၊ ဇွန်လတွင် ကျပ် ၃၉၅၀၀၀-၄၅၁၀၀၀၊ ဇူလိုင်လတွင် ကျပ် ၄၇၂၀၀၀-၆၆၇၀၀၀ ၊ သြဂုတ်လတွင် ကျပ် ၅၅၈၀၀၀- ၃၈၀၀၀၀ နှင့် စက်တင်ဘာတွင် ၄၉၀၀၀၀ - ၅၇၆၀၀၀ ဈေးများဖြစ်ပေါ်ခဲ့ရာ  ဇန်နဝါရီလမှစ၍ မတ်လအထိ မတ်ပဲဈေးအေးနေခဲ့ပြီး ဇူလိုင်လမှစ၍ စက်တင်ဘာ ပထမလဝက် အထိ ဈေးအနည်းငယ်စီတိုးလာခဲ့ သည်ကို တွေ့ရပါသည်။ စက်တင် ဘာလ တတိယပတ်မှစတင်၍ မတ်ပဲဈေးပြန် ဆင်းလာခဲ့ခြင်းဖြစ် သော်လည်း စက်တင်ဘာ ၂၇ ရက်တွင် တစ်တန် ကျပ် ၄၉၀၀၀၀ ဖြစ်ပေါ်ခဲ့ရာ ဇန်နဝါရီလတွင် ဖြစ်ပေါ်ခဲ့သော အမြင့်ဈေးထက် ကျပ် ၂ သောင်းဝန်းကျင် ပိုမိုသည်ကို တွေ့ရပါသည်။
မတ်ပဲဈေးနှုန်း ဦးတည်ရာဒီဇင်ဘာ၊ ဇန်နဝါရီလများသည် တောင်သူများမှ ၎င်းင်းတို့၏ ပဲများ ရောင်းအားအများဆုံး ကာလဖြစ်ပြီး  လက်ရှိကာလသည် တောင်သူလက်ကျန် မရှိသလောက်နည်းပြီး အများစုမှာ ကုန်သည် ကြီးများ၊ လှောင်လက်ကြီးများနှင့် ပြည်ပတင်ပို့သူများထဲတွင်သာ ကျန်ရှိပါသည်။ ပုံမှန်အားဖြင့် ပဲအသစ်မထွက်မီ ပဲဟောင်းလက် ကျန်လျော့နည်းသည့် စပ်ကူးမတ်ကူး သြဂုတ်၊ စက်တင်ဘာ ပထမ ပတ်လောက်အထိ ပဲဈေးမြင့်တက်လေ့ရှိသကဲ့သို့ ပဲအသစ်ဈေးကွက် အတွင်း စဝင်လာပါက ပဲဈေးများတဖြည်းဖြည်း ပြုတ်ကျလေ့ ရှိရာ ယခုနှစ် လက်ရှိအနေအထားသည်လည်း ယင်းဦးတည်ရာအတိုင်း သွားနေသည့် အနေအထားရှိပါသည်။သို့သော်လည်း ယခုနှစ် မေ၊ ဇွန်လများတွင် ပြည်ပဝယ် လိုအားကောင်းခဲ့စဉ် ပြည်တွင်း ကုန်သည်တချို့၏ ဈေးဆွဲတင် ဆွဲချ ဆောင်ရွက်မှု၊ ရောင်းသူနှင့် ဝယ်သူကြားဈေးကွာဟမှုများကြောင့် ပုံမှန်ရောင်းဝယ်မှုထက် လျော့ကျခဲ့သဖြင့် ပြည်တွင်းမတ်ပဲလက်ကျန် ပမာဏသည်ရှိသင့်သည်ထက် ပိုမိုနေသည်ဟု အချို့သော ကုန်သည် များမှ ခန့်မှန်းကြပါသည်။ ကုန်သည်ကြီးများနှင့် ပြည်ပတင်ပို့သူများ ထံတွင် လက်ရှိမတ်ပဲလက်ကျန်တန်ချိန်  နှစ်သိန်းခွဲမှ နှစ်သိန်း ခုနစ်သောင်းဝန်းကျင်ခန့်ရှိမည်ဟုလည်း သုံးသပ်ကြပါသည်။ အိန္ဒိယ တွင် မတ်ပဲအသစ်များ စတင်ထွက်ပေါ်နေပြီဖြစ်ပြီး အိန္ဒိယလယ် ယာစိုက်ပျိုးရေး အသင်း သမဝါယမ (Nafed) မှ မတ်ပဲတစ်တန်  ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၁၁) ဈေးဖြင့် ဈေးကွက်များအတွင်း ဝယ်ယူမှုစတင်နေကြောင်း သိရပါသည်။ သို့ရာတွင် ပဲအသစ်များ တွင် အစိုဓာတ်များပြီး ဈေးကွက်များအတွင်း လက်ငင်းဝယ်ယူမှု ပါးခြင်းကြောင့် ဈေးကွက်ပေါက်ဈေးများမှာ ဝယ်ယူဈေးထက် လျော့ နည်းနေပါသည်။ အိန္ဒိယဈေးကွက်တစ်ခုထဲသာ အဓိကအမှီပြု နေရသည့် မတ်ပဲအနေဖြင့် ယခုနှစ် မိမိပြည်တွင်းထွက်ရှိမှုကို မူတည်၍ ဈေးကွက်ကို စောင့်ကြည့်ရမည့် အနေအထားရှိပါသည်။
ပဲစင်းငုံဈေး ၂၀၁၂ ကာလတူထက်ပိုပဲစင်းငုံဈေးနှုန်းအနေဖြင့် ယခုနှစ် ဇန်နဝါရီလတွင် တစ်တန် ကျပ် ၄၄၀၀၀၀ ကျော်ဖြင့် စဖွင့်ခဲ့ပြီး ဧပြီလလောက်အထိ ယင်းဈေးဝန်းကျင်တွင် ငြိမ်နေခဲ့ကာ မေလမှစတင်၍ တစ်တန် ၄၅၀၀၀၀ ကျပ် ဘက်ကိုရောက်ရှိလာခဲ့ပြီး ဇူလိုင်လတွင် ကျပ် ၆၅၀၀၀၀ ၊ သြဂုတ်လတွင် ၇ သိန်းကျော်ထိ အမြင့်ဆုံး ရောက် ရှိခဲ့ပါသည်။ စက်တင်ဘာလ တတိယပတ်အထိ တစ်တန်ကျပ် ၆ သိန်းအထက်တွင် တဖြည်းဖြည်း ဆင်းခဲ့ပြီး စက်တင်ဘာလကုန် အောက်တိုဘာလဆန်းတွင် ကျပ် ၆ သိန်းကျော်ကိုဆင်းခဲ့ပါသည်။  ၂၀၁၁ စက်တင်ဘာလတွင် တစ်တန်ကျပ် ၅၂၆၀၀၀ တွင် အမြင့် ဆုံးဖြစ်ခဲ့ပြီး အောက်တိုဘာ တွင် ကျပ် ၄၄၀၀၀၀ ဝန်းကျင်တွင် ရှိခဲ့ရာ ၂၀၁၂ ကာလတူ ပဲစင်းငုံပေါက်ဈေးက ကျပ်တစ်သိန်း ကျော် ပိုမိုနေပါသည်။ပဲစင်းငုံအတွက် အဓိကအားထားရာ  အိန္ဒိယတွင် စိုက်ပျိုးမှု ၃ ဒသမ ၈၂ ရာခိုင်နှုန်းလျော့ကျသည့်အပြင် ပဲပင်ကြီးထွားချိန် မိုးရေအလုံအလောက်မရရှိသဖြင့် ပဲအထွက်လျော့ကျမည်ဟု ခန့်မှန်း ထားပါသည်။ ထို့အပြင် ပဲအသစ် ဈေးကွက်ဝင်ရောက်ချိန်လည်း နောက်ကျနိုင်သဖြင့် ဒီပါဝလီပွဲတော်မတိုင်မီ ဝယ်လိုအား ထွက် ပေါ်နိုင်သည်ကတစ်ကြောင်း၊ ပြည်တွင်းပဲစင်းငုံလက်ကျန်မှာလည်း တန်ချိန် ၃၀၀၀၀-၄၀၀၀၀ ဝန်းကျင်ခန့်သာရှိသဖြင့် ပဲအသစ် မပေါ် မီစပ်ကြား ဈေးပြန်လည်ခိုင်မာမည်ဟု ကုန်သည်များမှ သုံးသပ်ကြ ပါသည်။ သို့ရာတွင် ပဲအသစ်ဈေးကွက်အတွင်း ဝင်လာချိန်၊ တောင် သူများ ရောင်းချချိန် တွင် ဈေးထိုးမကျလာစေရေးအတွက် ထိန်း ကျောင်း ဆောင်ရွက်သင့်ပါသည်။
ပဲတီစိမ်းဈေး ယခင်နှစ်ကာလတူနှင့် ကွာဟမှုနည်းအလားတူ ပဲတီစိမ်းမှာလည်း၂၀၁၂  ဇန်နဝါရီမှ ဇွန်လ အထိ တစ်တန် ကျပ် ၅ သိန်း တစ်ပတ်လည်တွင် ရှိနေပြီး ဇူလိုင်လတွင် ကျပ် ၆ သိန်း ကျော် ၇ သိန်း၊ သြဂုတ်လတွင် ကျပ် ၈ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာလတွင် ကျပ် ၆ သိန်းကျော်ကို ပြန်ဆင်းလာပါသည်။ ၂၀၁၁ ခုနှစ် ပဲတီစိမ်း ဈေးနှုန်း ကို လေ့လာရာတွင် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလတွင် တစ်တန် ကျပ် ၈ သိန်းအထက်တွင် ရှိခဲ့ပြီး ဧပြီ၊ မေလတွင် ကျပ် ၇ သိန်း ကျော်ရှိခဲ့ရာမှ ဇွန်လတွင် ကျပ် ၆ သိန်းကျော်၊ ဇူလိုင်လ၊ သြဂုတ် လတွင် ၅ သိန်းကျော်ကို တောက်လျှောက်ဆင်းခဲ့ပြီး စက်တင်ဘာ လတွင် ကျပ် ၆ သိန်းကျော်ကို ပြန်တိုးခဲ့ပါသည်။ ထို့နောက် အောက် တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် ကျပ် ၅ သိန်း-၆သိန်း ဝန်းကျင်မှ တဖြည်းဖြည်းဆင်းခဲ့ရာ ကျပ် ၄၉၀၀၀၀ ကျော်ဈေးဖြင့် ၂၀၁၁ နှစ် ကုန်ပိတ်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စက် တင်ဘာလ ကာလတူဈေးနှုန်းကွာဟမှု မများသည်ကို တွေ့ရပါသည်။ ပဲတီစိမ်းအနေဖြင့် ဈေးကွက် ကျယ်ပြန့်ခြင်း၊ ပြည်တွင်းလက်ကျန် စု ပုံမှုမရှိခြင်းအပြင် အိန္ဒိယတွင် ယခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု ၁၅ ရာခိုင်နှုန်းကျော်အထိ လျော့ကျခြင်းတို့ကြောင့် ပဲတီစိမ်းဈေး အသင့် အတင့် ကောင်းမွန်နိုင်ကြောင်း ခန့်မှန်းကြပါသည်။ကုလားပဲဈေးကွက်အနေအထားကို လေ့လာရာတွင် အိန္ဒိယ သို့ ကုလားပဲအများဆုံး တင်ပို့နေသည့် သြစတြေးလျတွင် ကုလားပဲ ထွက်ရှိမှုပိုမိုမည့် သတင်းများအပြင် အိန္ဒိယနိုင်ငံ ဆောင်းကုလားပဲ အဓိကစိုက်ပျိုးရာ ရာဂျက်စသန်တွင် မိုးနှောင်းကောင်းခဲ့သဖြင့် ဆောင်းပဲစိုက်ပျိုးမှုကောင်းမည့် အခြေအနေရှိနေသဖြင့် လတ်တ လော အိန္ဒိယဈေးကွက်တွင် ကုလားပဲကြိုပွိုင့်ဈေးနှင့် လက်ငင်းဈေး နှစ်မျိုးလုံးအေးနေပါသည်။ သို့သော်လည်း ပါကစ္စတန်တွင် ကုလားပဲ အထွက် လျော့မည်ဟု ခန့်မှန်းထားပြန်ပါသည်။ လက်ရှိ ပြည်တွင်း ကုလားပဲ လက်ကျန်မှာ ပြည်တွင်းသုံးအနေဖြင့်သာ ကျန်ရှိနေပြီး ပမာဏအနည်းငယ်စီသာ တင်ပို့နေကြောင်း သိရပါသည်။