Main menu

Background

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆွဲဆောင်ခြင်း

Sun, 10/07/2012 - 07:16 -- Anonymous (not verified)

ကမ္ဘာ့စီးပွားရေးတုံ့နှေးနေချိန်မှာ တောင်ကို ရီးယားနိုင်ငံ၏ ပို့ကုန်ရောင်းချရေးတွင် အခက်အခဲ များနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ထို့ကြောင့် အစိုးရ က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  (Foreign direct investment,FDI) များ တိုးတက်ရရှိလာစေရန် ကြိုးပမ်းနေရသည်။ လွတ်လပ်စွာ  ကုန်သွယ်ရေး သဘောတူစာချုပ်များ  (Free-trade agree- ments, FTAs)  ချုပ်ဆိုထားခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဆွဲဆောင် အားကောင်းနေသော်လည်း ပြည်တွင်းစီးပွားရေး တွင် ပွင့်လင်းမြင်သာမဖြစ်ခြင်း (Opaqueness) နှင့် စွမ်းဆောင်မှုအားနည်းခြင်း (Inefficien cies) တို့ကြောင့် အဟန့်အတားဖြစ်နေသည်။

မဟာဗျူဟာနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယခုနှစ်ပထမ ကိုးလအတွင်း တောင်ကိုရီးယားနိုင်ငံသို့  ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၉ ဘီလီယံကျော် ရှိခဲ့သဖြင့် ယမန်နှစ်ကထက် ၃၅ ရာခိုင်နှုန်းကျော် တိုးတက်လာသည်ဟု ဖော်ပြထား သည်။ ယင်းတိုးတက်မှုသည် နှစ်ပေါင်း ၂၀အတွင်း အမြင့်ဆုံးဖြစ်ပြီး အာရှဘဏ္ဍာရေးအကျပ်အတည်း ကာလအလွန် ၁၉၉၉ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ် တို့တွင်  ရောက်ရှိခဲ့သည့်အဆင့်ထက် ကျော်လွန် နေသည်။ တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ  ပိုမိုဝင်ရောက်လာခြင်းသည် တရုတ်နိုင်ငံကိုဗဟိုပြုထားသည့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုအချက်အချာအဖြစ် အာရှဒေသထိုးထွက် လာခဲ့သည်ကို ထင်ဟပ်ဖော်ပြခြင်းသာမဟုတ်ပေ။ စက်မှုအင်အား ခိုင်မာတောင့်တင်းပြီး၊ အဆင့်မြင့် စားသုံးသူဈေးကွက်အဖြစ်သို့ ရောက်ရှိလာသည့် တိုင် တောင်ကိုရီးယားနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း အားသာမှုများ (Competitive advantages) တိုးတက်လာခြင်းကိုလည်း ထင်ဟပ်ဖော်ပြလျက် ရှိသည်။            နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ရှိန်ထိုး တိုးတက် လာခြင်းသည် တောင်ကိုရီးယားနိုင်ငံအား အထူး အခွင့်အရေးပေးခံရသည့် နိုင်ငံ  (Most favour- ed nation) ဖြစ်လာစေရေးအတွက် အထောက် အကူပြုခဲ့သော  လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်များ  ကြိုးပမ်းချုပ်ဆိုနိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု အစိုးရက ဂုဏ်ယူလျက်ရှိ သည်။ တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ဥရောပသမဂ္ဂနှင့် လည်းကောင်း၊ ၂၀၁၂ ခုနှစ် မတ်လတွင် အမေရိကန်ပြည်ထောင် စုနှင့်လည်းကောင်း ကုန်သွယ်မှုသဘောတူစာချုပ် များ ချုပ်ဆိုနိုင်ခဲ့သဖြင့် သွင်းကုန်ခွန် အတား အဆီးများကိုလျှော့ချနိုင်ခဲ့သည်။ ယခုအခါ တောင် ကိုရီးယားနိုင်ငံ၏ ပို့ကုန်ရော သွင်းကုန်အတွက်ပါ အရေးအပါဆုံး  ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်လည်း ကုန်သွယ်ရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည်။၂၀၁၂ခုနှစ် ဇန်နဝါရီမှ  သြဂုတ်လအထိ အမေရိကန်နိုင်ငံ၏   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလီယံနီးပါး  ဝင်ရောက်ခဲ့သဖြင့် ယမန်နှစ်ကထက် ၃၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံတွင် ရင်း နှီးမြှုပ်နှံရန် နောက်ဆုံးဝင်ရောက်လာခြင်းဖြစ်ပြီး၊ ယခုနှစ် ပထမရှစ်လအတွင်း ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ယမန်နှစ်ကထက် ၆၆ ရာခိုင် နှုန်း တိုးတက်လာခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ဥရောပသမဂ္ဂကို ကျော်လွန်ပြီး ဒေါ်လာ ၃ ဘီလီ ယံကျော် ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ၁၇၇ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်၍ စံချိန်အမြင့်ဆုံး ဖြစ်ခဲ့ သည်။ ယန်းငွေတန်ဖိုး မြင့်တက်နေခြင်းကြောင့် ထိခိုက်ဆုံးရှုံးနေရသည့် ဂျပန်စက်မှုလုပ်ငန်းများက နိုင်ငံတကာ  ဈေးကွက်ကို လွှမ်းမိုးထားနိုင်ရေး အတွက် ဂျပန်အီလက်ထရောနစ်ပစ္စည်း အစိတ် အပိုင်းများနှင့် စက်မှုလုပ်ငန်းသုံး စက်ကိရိယာ ပစ္စည်းများ တင်ပို့ရောင်းချနေရသည့် တောင်ကိုရီး ယားဈေးကွက်ကို ကျော်လွန်ပြီး မျှော်မှန်းထားကြ သည်။ယူရိုငွေကြေးဇုန်တွင် စိတ်မချရသေးသည့် အခြေအနေကြောင့် ဥရောပသမဂ္ဂ၏ ရင်းနှီးမြှုပ် နှံမှုပမာဏမှာ လွန်ခဲ့သည့်ရှစ်လအတွင်း ဒေါ်လာ ၂ ဘီလီယံနီးပါးသာ ရှိခဲ့သဖြင့် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယင်းသို့ကျဆင်းမှုမှာ အခိုက် အတန့်သာဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှု စာချုပ် ချုပ်ထားပြီးဖြစ်သဖြင့် လာမည့်၂၀၁၃ ခုနှစ် တွင် ဥရောပမှရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင် သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက မျှော်လင့်ထား သည်။ လောလောဆယ်တွင် နိုင်ငံခြားရင်းနှီးမြုှပ်နှံ မှုများ တိုးတက်လာသည့်အတိုင်း  ရေရှည်တွင် ဆက်လက်တိုးတက်လိမ့်မည်ဟုတော့ မဆိုနိုင်ပေ။လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် ကုန်သွယ် မှုဖြေလျော့ရေး (Trade liberalisation) တွင် ထူးခြားစွာ တိုးတက်လာခဲ့သော်လည်း ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင်မူ ကြိုး နီစနစ်ဖြင့် နှောင်ဖွဲ့ထားဆဲဖြစ်သည်။  တောင် ကိုရီးယားနိုင်ငံ၏ အခွန်စနစ်သည်  နိုင်ငံခြား ကုမ္ပဏီများအတွက် အခက်အခဲ ဖြစ်နေရဆဲဖြစ် သည်။ အင်အားကြီးမားသည့် အလုပ်သမားသမဂ္ဂ များ သြဇာလွှမ်းမိုးထားသည့် အလုပ်သမားဈေး ကွက်တွင်လည်း တင်းမာနေဆဲဖြစ်သည်။ ထိုသို့ အားနည်းချက်များ ရှိနေသော်လည်း ပို့ကုန်တိုးမြှင့် ရောင်းချရေး တွန်းအားပေးမှုဖြင့် တောင်ကိုရီးယား နိုင်ငံ၏ ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများမှာ ကမ္ဘာ့အဆင့်အတန်းဝင် ကုန်အမှတ်တံဆိပ်များ ဖြစ်လာသည်အထိ တိုးတက်ကြီးထွားလာခဲ့သည်။ အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက် ရရှိရေးကို အလေးထား ကြိုးပမ်းလျက်ရှိသည်။ ရင်းနှီးမြှုပ်နှံမှု   ပိုမိုဝင်ရောက်လာရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနက အသုံးစရိတ်များကို ၂၀၁၁ ခုနှစ်ကထက် ၃၆ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲ ကာ ဆွဲဆောင်သွားမည်ဖြစ်သည်။ ဒေါ်လာ သန်း ၅၀၀ နှင့်အထက် ရင်းနှီးမြှုပ်နှံမည့် ကာစီနိုလောင်း ကစားလုပ်ငန်းများကိုပင် အခွန်ကင်းလွတ်သက် သာခွင့်များ ရက်ရက်ရောရောပေးကာ ဆွဲဆောင် လျက်ရှိသည်ဟု ဆိုပါသည်။Ref; The Economist.