Main menu

Background

လိုအပ်နေသော အာဆီယံဒေသတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု

Mon, 10/08/2012 - 06:38 -- Anonymous (not verified)

အာဆီယံ စီးပွားရေးအဝန်းအဝိုင်း AEC  အစီအစဉ်အရ အရင်းအနှီး လွတ်လပ်စွာစီးဆင်းမှု သည် ဒေသတွင်းပူးပေါင်းမှု အတွက် အခြေခံဖြစ်သည်။ သို့သော် အာဆီယံစီးပွားရေးလုပ်ငန်း များက အခြားအာဆီယံနိုင်ငံများတွင် သွားရောက်ရင်းနှီးမြှုပ်နှံ မှုသည် ယခုအဆင့်ထက် တိုးချဲ့နိုင်မည့် အလားအလာမရှိ ဟု ကျွမ်းကျင်သူအတော်များများက တွက်ဆကြသည်။ အရှေ့တောင် အာရှဒေသသည် ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံမှုများကို ကောင်း ကောင်းကြီး ဆွဲဆောင်နိုင်ရာ အဓိကအားဖြင့် နေရာအကွက် အကွင်းကျခြင်းနှင့် ကုန်သွယ်မှုသဘောတူညီချက်များစွာ စာချုပ် ချုပ်ဆိုထားခြင်းတို့ကြောင့်ဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုအများအပြား စီးဝင်လျက်ရှိပြီး၊ လာမည့်နှစ်များတွင်လည်း  လက်ရှိအခြေအနေအတိုင်း မပြောင်း မလဲရှိနေဦးမည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် သို့မဟုတ် ဒီဇင်ဘာ ၃၁ ရက်တွင် အာဆီယံအဝန်းအဝိုင်း စတင်အကောင်အ ထည်ဖော် မည်ဟူသော အချိန်ကာလအနေဖြင့် မရေမရာဖြစ်နေသေးသော် လည်း အာရှစီးပွားရေးလုပ်ငန်း အနည်းငယ်သာ၊ အိမ်နီးချင်း နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သော ငွေကြေးအင်အား ပြည့်စုံမည်ဖြစ်သည်။ထို့အပြင် အာဆီယံစီးပွားရေး အဝန်းအဝိုင်း ရည်မှန်းချက် ဖြည့်ဆည်းရေးအတွက် အစိုးရများက ပြုလုပ်ပေး မည်ဟု ကတိ ပေးထားသော စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေအပြောင်းအလဲ များဖြင့် လုံလောက်မည်မ ဟုတ်ပေ။ ဒေသ၏ ဆွဲဆောင်မှုနှင့် အခြေခံလမ်းပန်းအဆောက်အအုံများ ကောင်းမွန်လေ၊ နိုင်ငံခြား  ရင်းနှီးမြှုပ်နှံမှု များ တိုးပွားလာလေဖြစ်မည်။ အင်ဒိုနီးရှားတွင် ယခု နှစ် ပထမနှစ်ဝက်တွင် ၁၀၇ ဒသမ ၆ ထရီလီယံ ရူပီးယား ဝင်ရောက်ခဲ့ရာ ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ထိုင်းနိုင်ငံတွင် ယခင်နှစ်က ရေလွှမ်းမိုးမှု ခံရသော်လည်း ယခုနှစ် ဇူလိုင်လကုန်အထိ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၃၃၂ ဒသမ ၂ ဘီလီယံ အထိရှိလာပြီး၊ ယခင်နှစ်ကထက် ၆၂ ရာခိုင်နှုန်း ပိုတိုးလာခဲ့သည်။ဗီယက်နမ်ကဲ့သို့သော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေသော နိုင်ငံများ၌ပင် ယခင်နှစ်က တန်ဖိုးမြင့်လုပ်ငန်း စီမံကိန်းကြီးများ ဝင်ရောက်ခဲ့၍ ၃၃ ရာခိုင်နှုန်းကျဆင်းကာ ဇူလိုင် လကုန်အထိ ဒေါ်လာ ရှစ်ဘီလီယံရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကြောင့် ရင်းနှီးမြှုပ်နှံ မှုအသစ်များ ဝင်ရောက်လာမည်။အစဉ်အလာအရ အာဆီယံနိုင်ငံများသည် အမေရိကန် ပြည်ထောင်စု၊ဥရောပကဲ့သို့သော ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဂျပန်၊ တောင် ကိုရီးယားနှင့် တရုတ် (တိုင်ပေ)ကဲ့သို့သော အရှေ့အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုအများစုကို ရရှိကြ သည်။ သို့သော်လည်း အာဆီယံ နိုင်ငံအချင်းချင်း ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားမှု နည်းပါးသည်။ အာဆီယံ အတွင်းရေးမှူးရုံး၏ စာရင်းအင်းများအရ ဒေသအတွင်း မှ အရှေ့တောင်အာရှ သို့စီးဝင်သော နိုင်ငံခြား တိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုသည်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၆ ရာခိုင်နှုန်းအထိ ၂၀၁၀ ခုနှစ်တွင် တိုးတက်လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်က ၃ ဒသမ ၂၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်းထက် ကျော်လွန်ရန်မလွယ်ကူဟု သမ္မာဆတ်တက္က သိုလ် တွဲဖက်ပါမောက္ခတစ်ဦးက သုံးသပ်သည်။ အဓိက  အဟန့် အတားမှာ အာဆီယံဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအဆောက်အအုံ ပုံသဏ္ဌာန် တူညီနေခြင်းပင်ဖြစ် သည်။ အခြားနိုင်ငံများတွင် သွား ရောက်လုပ်ရန်ထက် မိမိနိုင်ငံတွင်သာ ထုတ်လုပ်လိုကြသည်။ ဈေး ကွက်သစ်ရရှိလိုမှသာ အခြားနိုင်ငံများတွင် သွားရောက်မြှုပ်နှံကြ သည်။ ဒေသပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများကိုသာ အဓိကအားထားကိုး ကားလုပ်ရပြီး ဒေသပြင်ပနိုင်ငံများက ဒေသတွင်းသို့  လုပ်အားခ သက်သာမှုကို အကြောင်းပြု၍ ဝင်ရောက်ကြရာ အာဆီယံနိုင်ငံများ က အလုအယက် ခေါ်ယူနေကြရသည်။ ၂၀၁၀တွင် အာဆီယံနိုင်ငံ များသို့ နိုင်ငံခြားတိုက်ရိုက် အရင်းအနှီးစီးဝင်မှု၊ အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၈ ဘီလီယံဝင်ရောက်ခဲ့ရာ ဒေသတွင်း အရင်းအနှီး ၁၂ ဒသမ ၁ ဘီလီယံသာရှိသည်။ ၁၉၉၇ ခုနှစ်က အာရှအကျပ်အတည်း ဖြစ်ပြီးနောက် ပထမဆုံးအကြိမ် ဒေါ်လာ ၁၀ ဘီလီယံကျော် လွန်သော တိုက်ရိုက်အရင်းအနှီး ရရှိခဲ့ခြင်းဖြစ်သည်။အာဆီယံသို့ ဝင်ရောက်သော အရင်းအနှီးအနက် ၂၀၁၀ တွင် ၄၀ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၅ ဒသမ ၅ ဘီလီယံသည် စင်ကာပူသို့ ဝင်ရောက်ခြင်းဖြစ်သည်။ အင်ဒိုနီးရှားသည် ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံဖြင့် ဒုတိယနေရာ၊ မလေးရှားသည် ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံဖြင့် တတိယနေရာ၌ ဗီယက်နမ်သည် ဒေါ်လာ ၈ ဘီလီယံဖြင့် ပÍ္စမနေရာတွင် လိုက်နေသည်။ အခြား အာဆီယံ နိုင်ငံများသို့ ဒေသတွင်းမှ ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူသည် လွန် ခဲ့သော နှစ်အနည်းငယ် အတွင်းကမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင် စားသော နိုင်ငံဖြစ်လာပြီး ပြိုင်ဆိုင်နိုင်စွမ်း တိုးပွားရန်အတွက် ကုမ္ပဏီကြီးအချို့က ကမ္ဘာ့အရောင်း ကွင်းဆက်ဖန်တီးရန် ဦး ဆောင်လာခဲ့ကြသည်။ စင်ကာပူနှင့်မလေးရှားတို့သည် အာဆီယံ ဒေသအတွင်း အဓိက ရင်းနှီးမြှုပ်နှံသူများဖြစ်မည်ဟု မျှော်လင့်ရ သည်။ထိုင်းစီးပွားရေး လုပ်ငန်းများက ထိုင်းနိုင်ငံတွင် အနိမ့်ဆုံး လုပ်ခတစ်နေ့ ဘတ် ၃၀၀ ပေးရမည်ဟူသော သတ်မှတ်ချက် ကြောင့် စရိတ်သက်သာသော ကမ္ဘောဒီးယားကို မျက်စိကျနေ ကြကာ နှစ်နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ကောင်းမွန်ခြင်းကြောင့်လည်း သယ်ယူစရိတ်ကြီးမားခြင်းမရှိပေ။ ထိုင်းလုပ်ငန်းများက စရိတ်သက်သာသော လာအိုနှင့် မြန်မာတို့ ကို စဉ်းစားကြရာ လာအိုတွင် လူဦးရေ ၆ ဒသမ ၅ သန်းသာရှိ၍ ဈေးကွက်သေးခြင်း၊ မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းခြင်းတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံကို ပို၍ စိတ်ဝင်စားကြ ခြင်းဖြစ်သည်။ မဝေးတော့သည့် အနာဂတ်တွင် ထိုင်းကုမ္ပဏီ အတော်များများ ကမ္ဘောဒီးယားနိုင်ငံသို့ ရွှေ့သွားကြပါက ကမ္ဘော ဒီးယားတွင် စက်မှုဇုန်တစ်ခုပင်ဖြစ်လာနိုင်သည်။သဘာဝသယံဇာတပေါများကာ ရှည်လျားသော ကမ်းရိုး တန်းရှိခြင်း၊ မြေသြဇာကောင်းသော စိုက်ပျိုးမြေများ ရှိခြင်းတို့ ကြောင့် ဖိလစ်ပိုင်နိုင်ငံသည်လည်း ရင်းနှီးမြှုပ်နှံရန် အလား အလာကောင်းသည်။ မလေးရှားတွင် အထည်ချုပ်လုပ်ငန်းများ သည် နည်းပညာမြှင့်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ပေါ်ထွက်လာ မည်။ သို့ဖြစ်ရာ အခြေခံလူတန်းစားများ တွင်တွင်ကျယ်ကျယ် အသုံးပြုမည့် ထုတ်ကုန်များကို အခြားဖွံ့ဖြိုးမှုနည်းသော ဒေသ များသို့ ရွှေ့ပြောင်းထုတ်လုပ်မည့် အလားအလာရှိသည်။ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများ၌ မလေးရှားလုပ်ငန်းရှင်များက ထိုင်း နိုင်ငံတွင် လောလောဆယ် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွင် လက်ရှိအခြေအနေအတိုင်း စင်ကာပူ၊ မလေး ရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့ကသာ ၂၀၁၅ ခုနှစ်နောက်ပိုင်း တွင်လည်း ဆက်လက်ဦးဆောင်ဖွယ်ရှိသည်။     သို့သော် ပြိုင်ဆိုင်နိုင်စွမ်း အကန့်အသတ်ရှိသောကြောင့် ဒေသတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သိသိသာတိုးရန် ခက်သည်။ ဥပမာ-ထိုင်းကုမ္ပဏီများသည် လူဦးရေ ၆၈ သန်း ရှိသော ပြည်တွင်းဈေး ကွက်ကြောင့် ပြည်ပမထွက်လိုကြပေ။ ပြည်ပတွင် လုပ်ငန်းချဲ့ထွင်လိုလျှင်လည်း ပြည်ပတွင် လုပ်ငန်းချဲ့ ရန်ထက် ပို့ကုန်တင်ပို့ရန်က ပို၍လွယ်ကူသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ကွဲပြားသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းတွေ လည်းရှိနေသည်။ သို့သော် ထိုဥပဒေများ၊ စည်းမျဉ်းစည်းကမ်း များကို ၂၀၁၅ ခုနှစ်မတိုင်မီ ဖယ်ရှားနိုင်မည်ဟု တွက်ဆနေ ကြသည်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးစေရန် ရည်ရွယ်၍ လက်ရှိ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ရမည်။ အထူးသဖြင့် လက်လီလုပ်ငန်းများနှင့် ဆက်နွှယ်သော ဥပဒေများ၊ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးဥပဒေများ လိုအပ်သည်။လောလောဆယ်တွင် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင် နှုန်းရရှိရန် ကြိုးစားရဦးမည်။ ဥရောပသမဂ္ဂတွင် ဒေသတွင်း ရင်း နှီးမြှုပ်နှံမှု ၆၆ ရာခိုင်နှုန်းရှိသည်။ အာဆီယံအနေဖြင့် ဥရောပ ကိုမီရန် အနည်းဆုံးဆယ်နှစ်ခန့် အချိန်ရယူဦးမည်။ သို့သော် သိသိသာသာအပြောင်းအလဲရှိမည်ဟု မျှော်လင့်၍မရ။  (ဘန်ကောက်ပို့စ်)