Main menu

Background

ပဲစိုက်တောင်သူ အကြိုက်တွေ့တဲ့ ရိတ်သိမ်းခြွေလှေ့စက်

Sun, 10/14/2012 - 08:13 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးမှု အနေနဲ့ မိုးစပါးဧက ၁၀ ဒသမ ၄၉ သိန်းနဲ့ နွေစပါးဧက ၁ ဒသမ ၂၉ သိန်း၊ စုစုပေါင်းဧက ၁၁ ဒသမ ၇၉ သိန်း နှစ်စဉ် စိုက်ပျိုးလျက်ရှိပါတယ်။ မိုးစပါးအပြီး ဒုတိယသီးနှံအဖြစ် မတ်ပဲကိုလည်း ဧက ၆ ဒသမ ၄၃ သိန်း စိုက်ပျိုးလျက်ရှိပါ တယ်။ ယခုနှစ် ရာသီဥတုအခြေအနေကြောင့် ပဲစိုက်တောင် သူများ စပါးရိတ်သိမ်းပြီး မတ်ပဲစိုက်ပျိုးရေးကို အထူးအလေး ထား ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ ယခုလို ကောက်စော ပေါ်ချိန်မှာတော့ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ရိတ်သိမ်းပြီး မတ်ပဲ စိုက်ပျိုးရန် အစိုဓာတ်အမီ ထွန်ရေး၊ ထယ်ရေးတွေ ဆောင် ရွက်နေရချိန်ဖြစ်ပါတယ်။ တစ်ဖက်က စပါးရိတ်သိမ်းပြီး တစ် ဖက်က ထွန်ယက်ရေးဆောင်ရွက်ရလို့ လယ်သမားအများ စုမှ စပါးကောက်လှိုင်းများကို  ကန်သင်းပေါ်ပုံပြီး   မတ်ပဲ ထွန်ယက် စိုက်ပျိုးရေးကို အလေးထား ဆောင်ရွက်ကြလို့ စပါးများလေလွင့်ဆုံးရှုံးမှု ရှိသလို၊ အရည်အသွေးများလည်း ကျဆင်းလို့ ဆန်ထွက်နှုန်းထိခိုက်ခြင်းများလည်း ရှိခဲ့ပါတယ်။

ထိုကဲ့သို့ ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှုများကို တောင်သူများ သိရှိနားလည်နိုင်ရေး မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးဝန်ထမ်းများမှ တောင်သူများ လယ် ကွက်ထဲအရောက် ကွင်းဆင်း ပညာပေး ဟောပြောလျက်ရှိပါ တယ်။ အလားတူ ဆန်စပါးအထူးပြုကုမ္ပဏီများကို တည် ထောင်ပြီး၊ ဆန်စပါး ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တွဲဖက်တိုင်းဒေသကြီးအနေနဲ့ တာဝန် ယူဆောင်ရွက်ရသော ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်အနက်၊ မြို့နယ် ၈ မြို့နယ်မှာ ဆန်စပါး အထူးပြု ကုမ္ပဏီ ၉ ခု တည်ထောင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်စည်းရုံးဆောင်ရွက်မှု အရ ရွှေတောင်မြို့နယ်မှ ရွှေတောင်ရတနာ ဆန်စပါးအထူးပြုကုမ္ပဏီ တည်ထောင်နိုင် ရေး၊ ဒေသခံတောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန် ကုန်သည်များဖြင့် ညှိနှိုင်းဆွေးနွေးပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ အထူးပြုကုမ္ပဏီဖွဲ့စည်းရေး တင်ပြဆောင်ရွက်လျက်ရှိ ပါတယ်။ ထိုသို့ဆောင်ရွက်နေစဉ် တစ်ဖက်မှလည်း စမ်းသပ် ကာလအဖြစ် ရွှေတောင်မြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စုမှာ တောင်သူ ၁၂ ဦးရဲ့ လယ်မြေ  ၅၅ ဧကမှာ အထူးအထွက်တိုး စပ်မျိုးစပါးများကို အကျိုးတူစိုက်ပျိုးခဲ့ရာ ယခုရက်မှာ စပ်မျိုး အထွက်တိုးစပါးများ စတင်ရိတ်သိမ်းနိုင်သော အခြေအနေ သို့ ရောက်ရှိခဲ့ပါတယ်။ ထိုသို့ရိတ်သိမ်းရန်ရှိသော စပ်မျိုးစပါး ခင်းများအား  တိုင်းဒေသကြီးအတွင်းရှိ မူလတည်ထောင်ပြီး ဖြစ်သော မင်းလှမြို့နယ်၊ မင်းလှလယ်ယာ ထွက်ကုန်ဆန်စပါး အထူးပြုကုမ္ပဏီမှ တင်သွင်းထားတဲ့ ကိုရီးယားနိုင်ငံလုပ် ရိတ် သိမ်း ခြွေလှေ့စက် ၂ လုံးမှ တစ်လုံးကို တွဲဖက်တိုင်းဒေသကြီး မန်နေဂျာရုံးရဲ့ အစီအစဉ်ဖြင့် ကွင်းဆင်းရိတ်သိမ်းလျက်ရှိရာ ရိတ်သိမ်းရာမှာ အလေအလွင့် မရှိသလောက်နည်း ပါးခြင်း၊ ရိတ်သိမ်းပြီးကောက်ရိုးများအား အသင့်ဖြတ်ပြီး မြေသြဇာ အဖြစ် ပြန်လည် အသုံးပြုနိုင်ေ သာ ကောက်ရိုးဖြတ်စက်ပါတဲ့ ရိတ်သိမ်းစက်ဖြစ်လို့ပဲစိုက်တောင်သူများအတွက်အလွန် အဆင် ပြေတဲ့ အတွက် ဒေသခံပဲစိုက်တောင်သူများ အထူးနှစ်သက် ကြောင်း ဖော်ပြလိုက်ရပါတယ်။     ခေတ္တရာဟင်္သာ-ပြည်