Main menu

Background

ခေါင်းထောင်လာသည့် နိုင်ငံတော်အရင်းရှင်စနစ်

Sun, 10/14/2012 - 08:41 -- Anonymous (not verified)

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ ဖူတန်တက္ကသိုလ် အနီးတွင် မကြာသေးမီရက်ပိုင်းအတွင်းက ဆန်း သစ်တီထွင်မှု လုပ်ငန်းသစ်များ ဖွင့်ပွဲကို ကျင်းပခဲ့ သည်။ တရုတ်နိုင်ငံသားများသာ ပါဝင်သည့် စီလီ ကွန်းတောင်ကြား (Silicon Valley) ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အမေရိကန်တွင် နည်း ပညာကုမ္ပဏီများ တစ်စုတစ်ဝေးတည်း ဖွင့်လှစ် ထားသည့် ဆန်ဖရန်စစ္စကိုမြို့ အနောက်တောင် ပိုင်းနယ်မြေကို စီလီကွန်းတောင်ကြားဟု အမည် ပေးထားသည်နှင့် ခိုင်းနှိုင်းခြင်းဖြစ်သည်။ ထိုဖွင့်ပွဲ ကိုကြည့်ပြီး တရုတ်နိုင်ငံတွင် ပုဂ္ဂလိကစီးပွားရေး ကဏ္ဍ ရှင်သန်ဖွံ့ဖြိုးနေသည်ဟု ထင်မြင်ရဖွယ်ဖြစ် သည်။

တကယ်တော့ ပုဂ္ဂလိကစီးပွားရေးလုပ်ကိုင် သူများကို နိုင်ငံပိုင်လုပ်ငန်းကြီးများက ဖိစီးလျက် ရှိသည်။ တစ်နိုင်ငံလုံး ထုတ်လုပ်မှု၏ ထက်ဝက် သို့မဟုတ် သုံးပုံတစ်ပုံကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များက ထုတ်လုပ်ပေးသည် ဟူသော  အချက်ကို ကျွမ်းကျင်သူပညာရှင်များက လက်မခံနိုင်ကြပေ။ နိုင်ငံပိုင်ကဏ္ဍထုတ်လုပ်မှုသည် လွန်ခဲ့သောနှစ်၂၀ ကထက် ကျဆင်းလာသည်ဟုသာ နားလည်ထား ကြသည်။ ၁၉၉၀ ပြည့်လွန်နှောင်းပိုင်း ကာလမှ စတင်၍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နောက် ပြန်ဆုတ်သွားသည်။ နိုင်ငံပိုင်  လုပ်ငန်းအရေ အတွက်သည် ၂၀၁၀ ပြည့်နှစ်တွင် ၁၁၄ç၀၀၀ ခန့် အထိ လျော့နည်းသွားသည်။ ထိုအထဲမှ လုပ်ငန်း ပေါင်း ၁၀၀ ခန့်သည် ဗဟိုအစိုးရက ချုပ်ကိုင် ထားသည့် ထိပ်တန်းကုမ္ပဏီကြီးများ ဖြစ်သည်။ နိုင်ငံပိုင်လုပ်ငန်းများ၏ အလုပ်အကိုင်ခန့်ထားနိုင်မှု သည်လည်း လျော့နည်းကျဆင်းလာသည်။ သို့ သော်လည်း ယခုတော့ ပုဂ္ဂလိကပိုင်ကုမ္ပဏီအရေ အတွက် တိုးပွားလာချိန်မှာပင် နိုင်ငံပိုင်လုပ်ငန်း များ လျော့နည်းသွားသည့်နှုန်းက နှေးသွားသည်။ တချို့ လုပ်ငန်းကဏ္ဍများတွင် နိုင်ငံပိုင်လုပ်ငန်း အရေအတွက် ပြန်လည်တိုးပွားလာသည်ကို တွေ့ ရသည်။နိုင်ငံပိုင်စီးပွားရေး  ကြီးထွားလာခြင်းနှင့် စပ်လျဉ်းသည့်  အချက်အလက်များကို ဖုံးကွယ် ထားသဖြင့် တိတိကျကျ မသိနိုင်ကြောင်း၊ စီးပွား ရေးယှဉ်ပြိုင်လုပ်ကိုင်ရာမှာ ပုဂ္ဂလိကကုမ္ပဏီများ အနေဖြင့်တစ်ပြေးညီ တန်းတူရည်တူ ယှဉ်ပြိုင်ခွင့် မရရှိဘဲ ပြည်တွင်းမှ ကုမ္ပဏီကြီးများကို မျက်နှာ သာပေးနေရသည်ဟု နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များက ပြောဆိုလျက်ရှိကြောင်း APCO နိုင်ငံရေး အတိုင်ပင်ခံလုပ်ငန်းမှ သြဇာကြီးမားသည့် လေ့ လာဆန်းစစ်သူ ဂျိမ်းစ်မဂ္ဂရီကာက ထုတ်ဖော်ရေး သားသည်။ အမေရိကန်နှင့် ဥရောပကုန်သည်ကြီး များအသင်းများကလည်း နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ပြန်လည်ရင့်သန်လာ သည့်  ပြုပြင် ပြောင်းလဲရေးနှင့် ဈေးကွက်တံခါး ဖွင့်ခြင်းတို့ အပေါ် စောဒကတက် ဖော်ပြထားသည့် အစီရင် ခံစာများကို ထုတ်ပြန်ခဲ့ကြသည်။တရုတ်နိုင်ငံတွင် နိုင်ငံပိုင် စီးပွားရေးလုပ် ငန်းများမှာ အရေအတွက်အားဖြင့် လျော့နည်း သွားသည်ဆိုသော်လည်း ထိုလုပ်ငန်းများ၏ အင် အားမှာ ယခင်ကထက်  ပိုပြီးကြီးမားလာသည်။ လုပ်ငန်းအရေအတွက် လျော့နည်းသွား ရခြင်းမှာ ဆက်သွယ်ရေး  လုပ်ငန်းမှအစ သင်္ဘောတည် ဆောက်ရေးလုပ်ငန်းအထိ မဟာဗျူဟာလုပ်ငန်း ကဏ္ဍများတွင် တကွဲတပြားစီဖြစ်နေသော နိုင်ငံပိုင် လုပ်ငန်းငယ်များကို အမျိုးသားအဆင့် ကုမ္ပဏီကြီး များအဖြစ် ပူးပေါင်းလိုက်ခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ (WTO) တွင် တရုတ်နိုင်ငံ အဖွဲ့ဝင်ဖြစ်လာသည့် ၂၀၀၁ ခုနှစ်က လစ်ဘရယ် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တိုးမြှင့်ဆောင် ရွက်ခဲ့သော်လည်း ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် အရှိန်လျော့သွားသည်။ လွန်ခဲ့သည့်နှစ်များအတွင်း က အစိုးရ၏ စီးပွားရေးတွန်းအားပေး  အသုံး စရိတ်များသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ သို့သာ ရောက်ရှိသွားသည်ဟု ဝေဖန်ထောက်ပြ ခဲ့ကြသည်။နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှု  လျော့ကျသွားသော်လည်း အိမ်ရာမြေ၊ ဆက်သွယ်ရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းများတွင်  တိုးပွားလာခဲ့သည်။ ၂၀၀၄ ခုနှစ်က နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများ၏ စက်မှုထုတ်ကုန်ပမာဏသည် ပုဂ္ဂလိကကုမ္ပဏီများ၏  ပျမ်းမျှစက်မှုထုတ်ကုန် ပမာဏထက် ၆ ဆသာရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ၁၁ ဆအထိ ဖြစ်လာခဲ့သည်ဟု GK Dragonomics စီးပွားရေးအတိုင်ပင်ခံ လုပ်ငန်း က ခန့်မှန်းသည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း များသည် အစိုးရဘဏ်များမှချေးငွေကို ပုဂ္ဂလိက ကုမ္ပဏီများက ချေးငွေအပေါ်ပေးရသည့် အတိုး စရိတ်၏ သုံးပုံတစ်ပုံဖြင့် ရရှိကြသည်။ အမှန် တကယ်အားဖြင့်ပုဂ္ဂလိကကုမ္ပဏီများသည် အစိုးရ ထံမှ တရားဝင်ချေးငွေကို လုံးဝမရနိုင်ကြပေ။ နိုင်ငံ ပိုင်  စီးပွားရေးလုပ်ငန်းများအား ကာလအကန့် အသတ်ဖြင့် အခွန်ကင်းလွတ်ခွင့်နှင့် ထောက်ပံ့ ကြေးများကို အစိုးရက ဖောဖောသီသီ  ခွင့်ပြုပေး သည့်ပြင် အစိုးရသို့ပစ္စည်းပေးသွင်းရသည့် ကန် ထရိုက်  လုပ်ငန်းများကိုလည်း ဦးစားပေးချထား သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နိုင်ငံပိုင် လုပ်ငန်းများသို့ မြေယာများ အခမဲ့အသုံးပြုခွင့် ပေးခဲ့သည့်တန်ဖိုးမှာ ယွမ်ငွေ ၄ ထရီလျံ (ဒေါ်လာ ၆၄၀ ဘီလီယံ) ခန့်ရှိခဲ့သည်ဟု တရုတ်ကျွမ်းကျင် ပညာရှင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Unirule  က ထုတ်ပြန်ခဲ့သည်။စည်းကမ်း တင်းကျပ်မှုများနှင့် ဈေးကွက် အဟန့်အတားများကြောင့် အဖွဲ့ဝင်ကုမ္ပဏီထက် ဝက်ကျော်သည် တစ်ဖက်သတ် ထိခိုက်ဆုံးရှုံးနေ ရသည်ဟု ဥရောပသမဂ္ဂ၊   ကုန်သည်ကြီးများ အသင်းက ထုတ်ဖော်ကန့်ကွက်ခဲ့သည်။ လျှပ်စစ် မော်တော်ကားဈေးကွက်တွင်လည်း  ဉာဏပစ္စည်း ပိုင်ဆိုင်ခွင့်ကို  ဖက်စပ်လုပ်ကိုင်သည့် တရုတ် စီးပွားရေးလုပ်ငန်းများသို့ လွဲှပြောင်းပေးရန် တရုတ် အစိုးရအာဏာပိုင်များက ဖိအားပေးတောင်းဆို လျက်ရှိသည်ဟု အမေရိကန်ကုမ္ပဏီများက ထုတ် ဖော်ငြီးငြူကြသည်။ Ref; The Economist.