Main menu

Background

LNG ကာဗွန်လျှော့နည်းစေမယ့်လောင်စာဆီ

Mon, 10/15/2012 - 08:10 -- Anonymous (not verified)

သဘာဝဓာတ်ငွေ့အရည်  (Liquefied natural gas-LNG) ထုတ်လုပ်မှုနည်းပညာဟာ ၁၉၆၀ ပြည့်နှစ်လောက် အထိ  ထွန်းကားခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ ယခုအခါမှတော့ LNG တင်ပို့ရောင်းချနေတဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံအထိ ရှိလာပါတယ်။ LNG ကုန်သွယ်မှု ပမာဏဟာ ၁၉၇၀ ပြည့်နှစ်က ကုဗမီတာ ၃ ဘီလီယံသာ ရှိခဲ့ပေမယ့် ၂၀၁၁ ခုနှစ်ရောက်တော့ ကုဗမီတာ ၃၃၁ ဘီလီယံအထိ ရှိလာပါတယ်။ သဘာဝဓာတ် ငွေ့တွင်းပေါင်း မြောက်မြားစွာရှိတဲ့ ကာတာနိုင်ငံ ငယ်လေးက ၁၉၉၇ ခုနှစ်မှာ သူရဲ့ပထမဆုံးသော LNG တင်ဆောင်တဲ့ကုန်တင်သင်္ဘောကြီးကို ဆိပ် ကမ်းကနေ ထွက်ခွာနိုင်အောင် ဆောင်ရွက်နိုင် ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ရောက်တော့ ကာတာနိုင်ငံ ဟာ ကမ္ဘာမှာအင်ဒိုနီးရှား၊ မလေးရှားနဲ့ အယ်ဂျီး ရီးယားနိုင်ငံတွေကို ကျော်ဖြတ်ပြီး ကမ္ဘာမှာ LNG အများဆုံး တင်ပို့ရောင်းချတဲ့နိုင်ငံ  ဖြစ်လာပါ တယ်။ လောလောဆယ် ကမ္ဘာ့ LNG  ပို့ကုန် လေးပုံတစ်ပုံဟာ ကာတာနိုင်ငံက တင်ပို့နေတာ တွေ့ရပါတယ်။

LNG ကုန်သွယ်ရေးဟာ လျင်မြန်စွာကြီး ထွားလာနေတဲ့အတွက် သဘာဝဓာတ်ငွေ့ထွက် ရှိတဲ့ နိုင်ငံတွေအနေနဲ့ ဝေးကွာတဲ့ဒေသမှာရှိတဲ့ မိမိတို့ရဲ့ ဖောက်သည်နိုင်ငံတွေကိုတင်ပို့ဖို့သဘာ၀ ဓာတ်ငွေ့တွေကို အရည်ပြုလုပ်ဖို့ လိုအပ်လာပါ တယ်။ Jefferies ဘဏ်လုပ်ငန်းရဲ့ အဆိုအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း  LNG ရဲ့ ဝယ်လိုအား (demand) ဟာ နှစ်ဆအထိ များပြားလာတယ် လို့ ဆိုပါတယ်။ ဘော်စတွန်အတိုင်ပင်ခံ အုပ်စုမှ လူးဝစ်ဘာလေးရက်က ၂၀၁၅-၂၀၁၆ ခုနှစ် အတွင်း LNG ရောင်းဝယ်မှုဟာ ပိုမိုကြီးထွားလာ စရာရှိတယ်လို့ ခန့်မှန်းထားပါတယ်။  ကနေဒါ နိုင်ငံမှာ ယှေလကျောက်ကြားတွေကနေ သဘာ၀ ဓာတ်ငွေ့  အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ အတွက် သူ့နိုင်ငံရဲ့ အနောက်ဘက်ကမ်းခြေကနေ အာရှကို LNG တွေ တင်ပို့ရင် ကုန်ကျစရိတ်ပိုမို သက်သာနိုင်ပါတယ်။  တချို့လေ့လာသူတွေက ကနေဒါနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ် ရောက်ရင် တစ် နှစ်ကို LNG တန် သန်းပေါင်း ၃၀ တင်ပို့နိုင်စရာ ရှိတဲ့အတွက် ကာတာနိုင်ငံတင်ပို့မှုရဲ့ ထက်ဝက် အထိတိုးမြင့်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နည်းပညာတွေ တိုးတက်လာတာကြောင့် LNGကို အချိန်မရွေး အသုံးပြုလာနိုင်စရာ ရှိပါတယ်။ တီထွင်မှုတစ်ခုကတော့ ရေပေါ် LNG စက်ရုံတင် သင်္ဘောတွေ အသုံးပြုလာနိုင်ခြင်းပဲဖြစ်ပါတယ်။ ကမ်းလွန်ပင်လယ်ထဲမှာရှိတဲ့  သဘာဝဓာတ်ငွေ့ တွင်းတွေက သဘာဝဓာတ်ငွေ့တွေကို အဲဒီရေ ပေါ် LNG စက်ရုံတင်သင်္ဘောပေါ်မှာပဲ ထုတ်လုပ် နိုင်ပြီး၊ အကယ်၍ အဲဒီဓာတ်ငွေ့တွင်း ကုန်ခန်း သွားရင် တခြားနေရာကို ပြောင်းရွှေ့ထုတ်လုပ်နိုင် ပါတယ်။ Shell ရေနံကုမ္ပဏီကြီးက တည်ဆောက် နေတဲ့  Prelude  အမည်ရှိတဲ့ရေပေါ် LNG စက်ရုံ တင်သင်္ဘောဟာ ကမ္ဘာမှာ အကြီးဆုံးဖြစ်နိုင်ပြီး ပင်လယ်လှိုင်းတွေရဲ့ဒဏ်ကို  ခံနိုင်အောင် တည် ဆောက်ထားတယ်လို့ သိရပါတယ်။ အဲဒီသင်္ဘော ကြီးဟာ ၂၀၁၇ ခုနှစ်မှာစတင်ပြီး အသုံးပြုနိုင်စရာ ရှိပါတယ်။ တခြားရေပေါ် LNG စက်ရုံတင် သင်္ဘောငယ်တွေလဲ အများအပြား တည်ဆောက် နေ တယ်လို့သိရပါတယ်။ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ LNG အများဆုံး ဝယ်ယူတင်သွင်းနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ ၂၀၀၈ ခုနှစ်မှာ  LNG ကုဗမီတာဘီလီယံ ၁၀၀ ခန့် ဝယ်ယူတင်သွင်းခဲ့ပြီး၊ ၂၀၁၂ ခုနှစ်မှာ ဘီလီယံ ၁၂၀ နဲ့ ၂၀၁၅ ခုနှစ်မှာ ဘီလီယံ ၁၂၅ အထိ ဝယ်ယူတင်သွင်းသွားမယ်လို့ ခန့်မှန်းရပါ တယ်။ တရုတ်နိုင်ငံမှာလည်း LNG လိုအပ်ချက် မြင့်မားလာနေတဲ့အတွက် LNG တွေချမယ့် ဆိပ် ကမ်းတွေကို တိုးချဲ့တည်ဆောက်နေတာကို တွေ့ရ ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ဆိပ်ကမ်း လေးခု အပြင် နောက်ထပ်အသစ်  ငါးခုကိုလဲ တည် ဆောက်နေပြီး တစ်ဒါဇင်လောက်လည်း  ထပ် တည်ဆောက်ဖို့ စီမံကိန်း  ရေးဆွဲထားပါတယ်။ စင်ကာပူနဲ့အပြိုင် ရှန်ဟိုင်းမှာ ဒေသဆိုင်ရာ LNG ဈေးကွက်ဌာနကြီး ဖွင့်လှစ်ဖို့ ကြိုးစားနေပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံက ပိုက်လိုင်းသွယ် တန်းပြီး သဘာဝဓာတ်ငွေ့တွေ ဝယ်ယူတင်သွင်း ဖို့ ညှိနှိုင်းနေပါတယ်။ မြန်မာနဲ့ တာ့ခ်မင်နစ္စတန် နိုင်ငံတို့နဲ့လည်း ပိုက်လိုင်းသွယ်တန်းပြီး ဝယ်ယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ရေရှည်မှာ ယှေလကျောက်ကနေ သဘာ၀ ဓာတ်ငွေ့တွေကို ကမ္ဘာ့နိုင်ငံအနှံ့မှာ  ထုတ်ယူ လာနိုင်စရာရှိတဲ့အတွက် တချို့နိုင်ငံတွေဟာ LNG တွေကို ပြည်ပကနေ ဝယ်ယူတင်သွင်းဖို့ လိုချင်မှ လိုလာနိုင်ပါတယ်။ အလွန်ကြီးမားတဲ့ LNG ကမ္ဘာ့ဈေးကွက်ကြီးတစ်ခုဖြစ်ပေါ်လာဖို့ကတော့ အမေရိကန်နိုင်ငံအနေနဲ့ LNG  တွေကို အမြောက် အမြား ထုတ်လုပ်တင်ပို့ ရောင်းချနိုင်မှသာ ဖြစ် ပေါ်လာနိုင်ကြောင်းပါခင်ဗျား။   ။       Ref:"The Economiest"