Main menu

Background

ပဲစင်းငုံအသစ်ဝင်ရောက်လို့ ဈေးကျဆင်းပေမယ့် ထုတ်လုပ်မှုကျဆင်းလို့ ဈေးပြန်မြင့်လာမယ့် အလားအလာရှိ

Sun, 10/21/2012 - 07:18 -- Anonymous (not verified)

အိန္ဒိယဈေးကွက်တချို့ကို ပဲစင်းငုံအသစ်ဝင်ရောက်လာ လို့ ပဲစင်းငုံခွဲခြမ်းဈေးက လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် မှာ ဖြစ်ပေါ်ခဲ့တဲ့ဈေးနဲ့ယှဉ်ရင် ၄၀ ရာခိုင်နှုန်းနီးပါးကျဆင်းလာ ခဲ့ပါတယ်။ ဂူဘာကာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက တစ် ကီလိုကိုရူပီး ၁၀၀(ကန်ဒေါ်လာ ၁ ဒသမ ၈၇)ရှိခဲ့ရာမှ ယခု အခါ ရူပီး ၆၀(ကန်ဒေါ်လာ ၁ ဒသမ ၁၂)နဲ့ရောင်းချနေပါ တယ်။ ဒါပေမယ့် ထုတ်လုပ်မှု သိသိသာသာ ကျဆင်းတာ ကြောင့် လာမယ့် သီတင်းပတ် တွေမှာ  ပဲစင်းငုံဈေး သိသိသာ သာ မြင့်တက်နိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။

ဒါပေမယ့် ကုန်သည်တွေက အရင်ကလည်း ဈေးနှုန်း ကျဆင်းခဲ့ပေမယ့် အခြေအနေက မတူဘူးလို့ ဆိုပါတယ်။ ပဲစင်းငုံဈေး တစ်ကီလို ရူပီး ၁၀၀(ကန်ဒေါ်လာ ၁ ဒသမ ၈၇)အထိ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပဲစင်းငုံ စိုက်ပျိုးသူတွေကတော့ စိတ်ပျက်နေကြပါတယ်။ မိုး ပါးလို့ ပဲအထွက်များစွာကျဆင်းခြင်းနဲ့ အတူ ပဲစင်းငုံခွဲခြမ်းဈေး က မျှော်မှန်းမထားတဲ့ဈေးကို ရောက်ရှိခဲ့လို့ ဈေးကောင်း ကောင်းရမယ်လို့ မျှော်လင့်ခဲ့ကြတာကြောင့်ပါပဲ။ လက်ရှိ ပဲစင်းငုံဈေး တစ်တန် ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၀၅) ဈေးကအများကြီးမဆိုးဘူးလို့ မှတ်ယူနိုင်ပေမယ့် ပဲစင်းငုံ ခွဲခြမ်း ဈေးအမြင့်နဲ့ စဉ်းစားမယ်ဆိုရင် စိုက်ပျိုးသူတွေအတွက် စိတ် ပျက်စရာဖြစ်နေရပါတယ်။ လက်ရှိပဲစင်းငုံခွဲခြမ်းဈေးက တစ်တန် ရူပီး ၆၀၀၀၀ (ကန်ဒေါ်လာ ၁၁၂၃)ရှိနေခြင်းက ပဲစင်းငုံဈေးနဲ့ မအပ်စပ် ဘူးဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ကြားခံပွဲစားများရဲ့ အမြတ်ကြီးစားမှုက ထင်ရှားနေပါတယ်။ ကာနာတာကာ ပဲစင်းငုံ စိုက်ပျိုးသူများအသင်းက ပြည်နယ်အစိုးရကို ကျော် ပြီး ကြားဝင်ဆောင်ရွက်မှုမရှိရင် အခြေအနေက ဆိုးဝါးတဲ့ ဘက်ရောက်ရှိလာမှာဖြစ်လို့ ဂူဘာကာအခြေစိုက် ကာနာတာ ကာ ပဲစင်းငုံတိုးတက်ရေး ဘုတ်အဖွဲ့မှ ပဲစင်းငုံ စိုက်ပျိုးသူများ ကို ကယ်တင်ရေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒါကြောင့် ပဲစင်းငုံဘုတ်မှ တောင်သူ ကာကွယ်ရေး ဈေးနှုန်းသတ်မှတ်ခဲ့ပြီး၊ တစ်တန် ရူပီး ၄၅၀၀၀ (ကန်ဒေါ်လာ ၈၄၂)ဈေးနဲ့ ဝယ်ယူဖို့ ဈေးကွက်အတွင်း ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အနည်းငယ်သာစိုက်ပျိုးတဲ့ တောင်သူအများစုမှာ ၎င်း တု့ိပဲတွေ ထိန်းထားဖို့ အင်အားမရှိလို့ ရိတ်သိမ်းပြီးတာနဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချကြရပါတယ်။ ဗဟို အစိုးရက အနိမ့်ဆုံးထောက်ပံ့ဈေးကို တစ်တန် ရူပီး ၂၃၀၀၀ (ကန်ဒေါ်လာ ၄၃၀) သတ်မှတ်ထားပါတယ်။ ပဲစင်းငုံအသင်း ဥက္ကဌ Basavaraj  Ingin  က တစ်တန် ရူပီး ၅၀၀၀၀ (ကန် ဒေါ်လာ ၉၃၆)က ဖြစ်သင့်တဲ့ ဈေးနှုန်းပါလု့ိ ပြောကြားနေပါ တယ်။ ကာနာတာကာရဲ့ ပဲစင်းငုံအဓိကစိုက်တဲ့ ခရိုင်က ဂူဘာကာမှာ ပဲစင်းငုံ ဟက်တာ ၃ ဒသမ ၅ သိန်းမှ တန်ချိန် ၂ ဒသမ ၈ သိန်းထွက်မယ်လို့ လျာထားခဲ့ပေမယ့် မိုးခေါင် တာရှည်ပြီး၊ နောက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းကာ အောက်တိုဘာမှာ ရေလွှမ်းမိုးခဲ့လို့ အပင်တွေ ပျက်စီးခဲ့ ရပါတယ်။ ဒါကြောင့် ထွက်ရှိမှုက ၅၀ ရာခိုင်နှုန်း ခန့်ထိ ကျဆင်းနိုင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပဲမျိုးစုံ အခင်းအကျင်းက မရေမရာတဲ့ အခြေအနေပါလို့ Ingin က ထောက်ပြပါတယ်။ နိုင်ငံရဲ့ ပဲလိုအပ်ချက်က တန်ချိန်  ၁၈ သန်းရှိပေမယ့် ထုတ်လုပ်မှုက တန်ချိန် ၁၄ သန်းခန့်သာ ရှိတာကြောင့်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပဲမျိုးစုံအများဆုံးတန်ချိန် ၃ သန်း တင်သွင်းနိုင်ပါတယ်။ အထူးသဖြင့် ယခုလို နှစ်မျိုးမှာ နောက် ထပ်တန်ချိန် ၂ သန်းလိုအပ်တယ်လို့ ဆိုပါတယ်။ တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ တန်ချိန် ၃ သန်းခန့် လိုမှာဖြစ်တယ်လို့ အိန္ဒိယလယ်သမားအသင်း ခေါင်းဆောင် Ingin ကထပ် လောင်းပြောကြားပါတယ်။ ဈေးအနိမ့်နဲ့ ပဲဝယ်ယူထားပြီး ဈေးမြင့်ချိန်ထုတ်ရောင်းမယ့် အမြတ်ကြီးစားတွေ ပဲစင်းငုံ သိုလှောင်မှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံအပါအဝင် အရေးပါတဲ့ ကုန်စည်ဈေးတွေ အဆ မတန် မြင့်တက်ခြင်းနဲ့ ပတ်သက်လို့ ဝန်ကြီးများနဲ့ ဝန်ကြီးချုပ် ကျင်းပတဲ့ ညီလာခံမှာ တင်ပို့ခြင်း၊ ကြိုရောင်းဝယ်ခြင်းများ ပိတ်ပင်ခြင်း၊ ပဲသိုလှောင်ထိန်းသိမ်းထားသူကို တင်းတင်းကြပ် ကြပ် စစ်ဆေးခြင်းနဲ့ဈေးကွက်ကြားဖြတ် ဆောင်ရွက်ခြင်းတို့ လိုစီမံခန့်ခွဲမှုဆောင်ရွက်ချက်အချို့ကရလဒ်ကောင်း ထွက်လာ ဖွယ်ရှိပါတယ်။ယမင်းရွှေစင်၊Source: deccanberald