Main menu

Background

ကိုလမ်ဘီယာ စီးပွားရေး ခေတ်ဆန်းချိန်

Sun, 10/21/2012 - 07:42 -- Anonymous (not verified)

လွန်ခဲ့သော ခုနစ်နှစ်ကျော်က စတင်ညှိနှိုင်း လာခဲ့ရသည့် အမေရိကန်နှင့် ကိုလမ်ဘီယာနိုင်ငံ တို့အကြား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူ စာချုပ် (Free-trade agreement,FTA)  မှာ လွန်ခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ရောက် မှ အောင်မြင်ထမြောက်သွား တော့သည်။ ကိုလမ် ဘီယာအစိုးရအဖွဲ့မှာ  သြဇာကြီးမားသော မူးယစ် ဆေးဝါးဂိုဏ်းများနှင့် လက်ဝဲသူပုန် ပြောက်ကျား တပ်များက ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် မလှုပ်နိုင် ခဲ့ပေ။ အမေရိကန်၏ စစ်ရေးအကူအညီ ရရှိခဲ့သ ဖြင့်သာ ကိုလမ်ဘီယာစီးပွားရေးမှာ ယခုမှ တစ် ခေတ်ဆန်းနိုင်တော့မှာဖြစ်သည်။

အမေရိကန်နှင့် ကုန်သွယ်ရေးစာချုပ် ချုပ် ဆိုရန်  နှောင့်နှေးကြန့်ကြာခဲ့သဖြင့်  လက်တင် အမေရိကဒေသတွင် စတုတ္ထမြောက် စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့်  ကိုလမ်ဘီယာသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံမိခဲ့သည်။ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် ချုပ် ဆိုနိုင်သဖြင့် အမေရိကန်ပို့ကုန်များကို တစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလီယံကျော် တိုးမြှင့်ရောင်းချရန် မျှော်လင့်ထားသည်။ အမေရိကန်  လွှတ်တော် နှစ်ရပ်စလုံးရှိ ဒီမိုကရက်အမတ်အများစုက ကိုလမ် ဘီယာတွင် လူမှုပဋိပက္ခများ ဆိုးဝါးပြင်းထန်နေ ခြင်းကြောင့် ကုန်သွယ်ရေးစာချုပ်ကို  ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။သို့သော်လည်း အဆိုပါ  လူမှုအခြေအနေ ဆိုးများသည် တရုတ်နိုင်ငံအတွက်တော့ အနှောင့် အယှက်မဟုတ်ချေ။  တောင်အမေရိကဒေသတွင်း ရှိ အခြားနိုင်ငံများထက် ရေနံနှင့် ကျောက်မီးသွေး သိုက်ပမာဏ  အမြောက်အမြား ရှိနေသဖြင့် ကိုလမ်ဘီယာနိုင်ငံသည် တရုတ်နိုင်ငံအတွက်  ဆွဲ ဆောင် အားကောင်းနေသည်။ အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးမှုများ မပြီးမပြတ်နိုင်ဖြစ်နေစဉ်မှာ ပစိဖိတ်သမုဒ္ဒရာနှင့်  ကရစ်ဘီယန်ပင်လယ်တို့ အကြား ဆက်သွယ်နိုင်မည့် မီးရထားလမ်းဖောက် လုပ်ရေးစီမံကိန်းကို တရုတ်နှင့်  ကိုလမ်ဘီယာ နိုင်ငံတို့ သဘောတူခဲ့ကြသည်။ ထိုမီးရထားလမ်း ဖောက်လုပ်ပြီးပါက ပနားမားတူးမြောင်းကိုဖြတ်၍ ပို့ဆောင်နေသော ကုန်စည်များကို မီးရထားလမ်း ဖြင့်သာ ပို့ဆောင်ကြတော့မှာဖြစ်သည်။  ကိုလမ် ဘီယာသမ္မတ ဆန်တို့စ်က တောင်ကိုရီးယားနိုင်ငံ နှင့် ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုရန် ရည်ရွယ်ထား သည့်ပြင် အာရှ-ပစိဖိတ် စီးပွားပူးပေါင်းဆောင် ရွက်ရေး (APEC) အုပ်စုတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ကိုလမ်ဘီယာသမ္မတသည် တောင်အမေ ရိက အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင် ရွက်သည်။ မိမိတို့နိုင်ငံများ၏ စီးပွားရေးနှင့် ငွေ ကြေးတို့အပေါ် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ကြွေးမြီ အကျပ်အတည်းများ၏  ရိုက်ခတ်မှုဒဏ်မှ ကာ ကွယ်နိုင်မည့် နည်းလမ်းများ ရှာကြံရေးအတွက် ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို ကိုလမ် ဘီယာနိုင်ငံက ဦးဆောင်ကျင်းပခဲ့သည်။ ကိုလမ် ဘီယာ၊ ချီလီနှင့် ပီရူးနိုင်ငံတို့ပူးပေါင်း၍ စတော့ ရှယ်ယာရောင်းဝယ်ရေး ဈေးကွက်စြင်္ကံထူထောင် ရေးကို ကိုလမ်ဘီယာသမ္မတက ထောက်ခံအား ပေးသည့်ပြင် မက္ကစီကိုနှင့် ပနားမားနိုင်ငံတို့ကို လည်း အတူတကွ ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းခဲ့ သည်။ အမေရိကန်ပြည်ထောင်စုသည် ကိုလမ် ဘီယာနိုင်ငံ၏ ပို့ကုန်များအတွက် အကြီးမားဆုံး ဈေးကွက်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင်  ပို့ကုန် တန်ဖိုး ဒေါ်လာ ၁၆ ဘီလီယံကျော် ရောင်းချ ခဲ့ရသဖြင့် ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးမြှင့် ရောင်းချခဲ့ရခြင်းဖြစ်သည်။ တရုတ်နိုင်ငံသို့ ပို့ကုန် ရောင်းချရသည့်တန်ဖိုးမှာ နှစ်ဆအထိ တိုးတက် လာသော်လည်း ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးသာ ရောင်းချခဲ့ရသည်။ ယခုနှစ်  သြဂုတ်လအထိ ဥရောပသမဂ္ဂသို့ တင်ပို့ရောင်းချသည့်  ပို့ကုန် တန်ဖိုးမှာ ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံရှိသဖြင့် ၂၀၁၀ ပြည့်နှစ် တစ်နှစ်လုံး  ရောင်းချခဲ့ရသည့် တန်ဖိုးထက်  ပိုများနေသည်။ လာမည့်နှစ်တွင် ဥရောပသမဂ္ဂနှင့်လည်း ကုန်သွယ်ရေးစာချုပ် ချုပ် ဆိုနိုင်တော့မည်ဖြစ်သည်။ကိုလမ်ဘီယာအစိုးရသည် ကိုကင်းစိုက်ပျိုး ထုတ်လုပ်မှုကို ၃၇ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီး လက်နက်ကိုင်သောင်းကျန်းသူ အရေအတွက်ကို လည်း  ၈၀၀၀ နီးပါးသို့ ရောက်သည်အထိ ထက် ဝက်ခန့် လျှော့ချနိုင်ခဲ့သည်။ လုံခြုံရေး တိုးတက် ကောင်းမွန်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံနိုင်မည့် ကြွေးမြီအတွက် စိတ်ချရမှုအဆင့်  (Investment-grade credit rating) လည်း မြင့်တက်လာခဲ့ပြီး ဒေါ်လာ  သန်းထောင်ချီသည့် ရင်းနှီးမြှုပ်နှံမှုများ လည်း ဝင်ရောက်လာခဲ့သည်။ ပြောက်ကျားသူပုန် များကို နှိမ်နင်းနိုင်ခဲ့သဖြင့် ရေနံ၊ ရွှေနှင့် ကျောက် မီးသွေး ရှာဖွေထုတ်လုပ်နိုင်မည့် နယ်မြေများ ပွင့် သွားသည်။ မက္ကစီကိုဘီလျံနာ သူဌေးကြီး ကာလို့စ် ဆလင်းက ရေနံစိမ်း တူးဖော်ရေးအတွက် တွန်း အားပေးခဲ့သဖြင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန် အဟုန်ဖြင့် ဝင်ရောက်လာသည်။  ယခုနှစ်မှာပင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၁၂ ဘီလီယံ ရရှိခဲ့ သဖြင့် အမြင့်ဆုံးစံချိန်ဖြစ်သည်ဟု အစိုးရက ထုတ် ပြန်ကြေညာသည်။ ဒုတိယ သုံးလပတ်အတွင်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှု ၅ ဒသမ ၂ ရာခိုင်နှုန်း  တိုးတက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုအဖို့ ကိုလမ်ဘီ ယာနိုင်ငံနှင့် ကုန်သွယ်ရာတွင် ကိုလမ်ဘီယာ နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်သာမက ကနေဒါ နိုင်ငံနှင့်ပါ အကြိတ်အနယ် ယှဉ်ပြိုင်လာရသည်။ ကိုလမ်ဘီယာနိုင်ငံသို့ အမေရိကန်နိုင်ငံ၏ လယ် ယာထွက်ကုန် တင်ပို့ရောင်းချရမှုမှာ  ၂၀၁၀ ပြည့် နှစ်တွင် ဒေါ်လာ ၈၂၇ သန်းသာရှိသဖြင့် ၂၀၀၈ ခုနှစ်က ရောင်းချခဲ့ရသည်ထက် ၅၀ ရာခိုင်နှုန်း ကျော်ကျဆင်းခဲ့သည်။ ထိုစဉ်ကာလတွင် အာဂျင် တီးနားနိုင်ငံက ဒေါ်လာတစ်ဘီလီယံကျော်ဖိုးအထိ တင်ပို့နိုင်ခဲ့သဖြင့် နှစ်ဆတိုး ရောင်းချခဲ့ရခြင်း ဖြစ် သည်။ လွတ်လပ်စွာကုန်သွယ်ရေးစာချုပ် ချုပ်ဆို ရေးတွင် နှောင့်နှေးနေခဲ့ခြင်းကြောင့် အမေရိကန် ပို့ကုန်အရောင်း  ကျဆင်းသွားရခြင်းဖြစ်သည်ဟု ကိုလမ်ဘီယာအစိုးရ ကုန်သွယ်ရေးဌာန ဝန်ကြီး က သုံးသပ်ပါသည်။Ref; The Economist.