Main menu

Background

တာဝန်သိအက်(ဖ) ဒီအိုင်သာဖြစ်ခဲ့ပါလျှင်....

Wed, 10/24/2012 - 05:09 -- Anonymous (not verified)

ဆွေးနွေးချက် ဘယ်သူတွေ အတွက်လဲအက်(ဖ)ဒီအိုင်အကြောင်း ပြောကြ ဆိုကြ  ဆွေးနွေးကြနှင့် အတော်လေး လှုပ်လှုပ်ရှားရှား ပူပူညံညံဖြစ်သည်မှာ သည်နှစ်အစော ပိုင်းကာလများကတည်းကဖြစ်သည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ် နှံမှုဟုခေါ်သည့် ထို အက်(ဖ)ဒီအိုင်ဆိုသည့်အရာသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အလွန်အရှိန် ရနေ သော မြန်မာနိုင်ငံအဖို့ အလွန်လိုအပ်သော  အရာဖြစ်နေခဲ့သည်။ သို့သော် ထိုအရာသည် လက်ယပ်ခေါ်လိုက် ရုံနှင့် မလာနိုင်သလို လာမည်ဟု ခေါင်းညိတ်ဆိုလိုက်ရုံနှင့်လည်း မခေါ်နိုင်ပေ။ နိုင်ငံရပ် ခြားရင်းနှီးမြှုပ်နှံ သူများကလည်း ၎င်း တို့အကျိုးစီးပွားအတွက် လာ ရောက်စီးပွားရေး လုပ်ကိုင်ခြင်းဖြစ်သကဲ့သို့ သက်ဆိုင်ရာ နိုင်ငံ က လည်း နိုင်ငံ့အကျိုးစီးပွားအတွက် နိုင်ငံတွင်း လာရောက်ရင်းနှီးမြှုပ် နှံလုပ်ကိုင်ပါ ရန် ပေးဆပ်မှုများ စွာဖြင့် ခေါ်ယူရခြင်းဖြစ်သည်။ ချမ်း သာကြွယ်ဝသော တိုင်းပြည်များမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီး မြှုပ်နှံသူများ၊ နိုင်ငံများစွာတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြသော နိုင်ငံ စုံကော် ပိုရေးရှင်းကြီးများ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့ပါလျှင် ၎င်း တို့နှင့်အတူ များပြားလှသောရင်းနှီးငွေများ၊ အဆင့်မြင့် နည်း ပညာများ၊ စီမံခန့်ခွဲမှုအပါအဝင် ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဈေးကွက် ရှာဖွေ ထိုးဖောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာ နိုင်မှုစသဖြင့် အကျိုးဆက်ဖြစ်ပေါ်လာမည့် ကောင်းကျိုးများက များ လှသည်။ သို့သော် လောကဓမ္မတာအရ အဆိုးများလည်း ပါလာ တတ်သည်။ ချင့်ချိန်ဆောင်ရွက်ရမည်မှာ အက်(ဖ)ဒီအိုင်ကို လက်ခံ မည့် သက်ဆိုင်ရာနိုင်ငံသာလျှင်ဖြစ်၏။

ယခု မြန်မာနိုင်ငံတွင် အက်(ဖ)ဒီအိုင်  ရရှိနိုင်ရေးအတွက် အရေးကြီးသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေ  (FDI  Law) ပြင်ဆင်ရေးဆွဲနေသည်။ ဒီမိုကရက်တစ်သဘောတရားများနှင့်အညီ လွှတ်တော်အခင်း အကျင်းဖြင့် ရေးဆွဲ၊ ပြင်ဆင်အတည်ပြုပြဋ္ဌာန်းရန် အားထုတ်နေကြခြင်းဖြစ်သည်။ ဒီမိုကရေစီအလေ့အထများ အတိုင်း ပြောကြ၊ ဆိုကြ၊ ရေးဆွဲကြ၊ ငြင်းကြ၊ ခုံကြနှင့် အတော်စိတ်ဝင်တစား ရှိရှိဖြင့် ကောင်းသထက်ေ ကာင်းအောင် ကြိုးစားရေးဆွဲနေကြသည် ဟုလည်း ကောက်ချက်ချမိသည်။ ကြားသိရသော သတင်းများ ကို လေ့လာ၍ ရာခိုင်နှုန်းများလှသော မြန်မာနိုင်ငံ ပြည်သူပြည်သားများ လိုအပ်ချက် အတွက် ငြင်းခုံ ဆွေးနွေးေ နကြသလော၊ ရာခိုင်နှုန်း အနည်းငယ်သာရှိသော စီးပွားရေးလုပ်ငန်းရှင်များ အတွက် ပြင်းပြင်း ထန်ထန် အချေအတင် ဆွေးနွေးနေကြသလောဟု တွေးမိ၏။ ဆွေး နွေးချက်များက မည်သူတို့အတွက် အလေးပေးဆွေးနွေးနေကြသည် ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရလေသည်။
 
ဘဝင်မကျခဲ့သော အတိတ်ကာလပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံ သူများသည် နိုင်ငံသူနိုင်ငံသားဖြစ်သည်။ တစ်မိသားစုထဲမှ ပေါက် ဖွားလာသည့် ညီအစ်ကို မောင်နှမများဟုလည်း ဆိုရနိုင်သည်။ သူတို့အတွက်လည်း ထည့်သွင်းစဉ်းစားရန်  လိုသည်ကို နားလည် သဘော ပေါက်သည်။ အတိတ်ကိုပြန်ကြည့်မိ၏။ ဆယ်စုနှစ် နှစ်စု ခန့်ကြာသည့် နှစ် ၂၀ ပတ်ဝန်းကျင်သည် နည်းသည့်အချိန်မဟုတ်။ ထုတ်ကုန်ပစ္စည်းတစ်ခု တီထွင်ကြံဆထုတ် လုပ်ပြီး ဈေးကွက်တစ်ခု ကောင်းစွာတည်ဆောက်နိုင်သည့်  ကာလတစ်ခုဟုဆိုနိုင်သည်။ ဈေးကွက် စီးပွားရေးစနစ်မိတ်ဆက် ကျင့်သုံးချိန်အတွင်း သက်ဆိုင် ရာအာဏာပိုင်တို့နှင့် သဟဇာတဖြစ် စွာဖြင့် ဈေးကွက်သဘောတရား တို့ကို ကျင့်သုံး၊ အလုပ်ဖြစ်ခဲ့ကြသော သူတို့သည်  ထိုကာလများ အတွင်း လက်သင့်၊ လွယ်ကူ၊ အကျိုးအမြတ်သေချာ၊ အကျိုးဖြစ်ထွန်း မှုများသည့် လုပ်ငန်းများတွင်သာ လှုပ်ရှားခဲ့ကြသည်။ သူတို့အများစု သည် စွန့်ထွင်လုပ်ငန်းရှင်များ (Entrepreneurs) မဖြစ်ခဲ့ကြ။ ဖြစ်အောင်လည်း အားထုတ်မှုနည်းခဲ့ကြသည်။ Entrepreneursဟုခေါ်သည့် စွန့်ထွင် လုပ်ငန်းရှင်ဆိုသူတွင် ကိုယ့်အကျိုးအမြတ်ကို သာကြည့်တတ်သည့် စီးပွားရေးသမားများထက်  သာလွန်သော အရည်အချင်းကောင်းများစွာရှိနေသည်။ ၎င်းတို့တွင် စီးပွားရေး လုပ်ငန်းရှင်ဟု ဆိုသူများထက် သာလွန်သော ဆင်ခြင်တုံတရားအား ကောင်းသည့် အိုင်ဒီယာများရှိ၏။ ထိုအချိန်အခါက မြန်မာနိုင်ငံ ထဲတွင် အခွင့်အလမ်းကို အမိဖမ်းနိုင်သော စီးပွားရေးသမားများ သာ အများစု ပေါ်ထွန်းခဲ့သည်။တိုင်းပြည်ထဲရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများ အများစုသည် လုပ်ပိုင်ခွင့်ရရှိအောင် အားထုတ်တတ်မှု၊ လုပ်တတ် ကိုင်တတ်ရှိမှု (နည်းပညာ ဆန်းသစ်တီထွင်မှု စွန့်စားလုပ်ကိုင်မှုတို့ကို မဆိုလိုပါ) တို့ဖြင့် တကယ်ပင် အကျိုးစီးပွား များစွာ ဖြစ်ထွန်းခဲ့ကြသည်။ ငွေ ကြေးပမာဏပေါင်းများစွာ ချမ်းသာကြွယ်ဝသည့် သူဌေးကြီးများ ဖြစ်ခဲ့ကြသည်။ ထိုသို့ ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်ကြီးများ ကြီးပွား တိုးတက်အလုပ်ဖြစ်နေ သဖြင့် ဈေးကွက်စီးပွားရေး စနစ်ထဲတွင် ပုဂ္ဂလိက ကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းနေသည်ဟု ထင်စရာရှိ လာသည်။ ပုဂ္ဂလိက ကဏ္ဍကို အလေးပေးနေသော စီးပွားရေး အဆောက် အအုံအတွင်းရှိ အခြေအနေများမှာ သိသာသော တိုး တက်မှုမရှိခဲ့ပေ။ ပေါ်လစီမူဝါဒ အပြောင်းအလဲ၊ နိုင်ငံတကာ စီးပွား ရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများ အရ နိုင်ငံတွင်းရှိ ပြည်သူများ၏ သုံးစွဲသော ပစ္စည်းအမျိုးအစား၊ သုံးစွဲမှုပုံ သဏ္ဍာန်၊ နေထိုင်မှုပုံ သဏ္ဌာန်၊ နေထိုင်မှုအသုံးစရိတ်ပမာဏ အပြောင်းအလဲ များစွာဖြစ် ထွန်းခဲ့သော်လည်း ပြည်သူလူထု၏ အခြေခံ လိုအပ်ချက် စားဝတ် နေရေးမှာ ပို၍ပင်ကျပ်တည်းလာခဲ့သည်ကို တွေ့ရှိရသည်။
ဘာပဲဖြစ်ဖြစ် ပြိုင်ဆိုင်ခြင်းကို စိတ်ထဲ နှစ်ပါတော့အက်(ဖ)ဒီအိုင်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးနှင့် ဒီမို ကရေစီခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ် အောင်ဆန်းစုကြည်တို့နှစ်ဦးစလုံးလည်း စိတ်ဝင်တစား အားထုတ် ခဲ့သည်ကို တွေ့ရှိရသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသိရှိ နားလည်ရင်းနှီးကျွမ်းဝင်သော၊ အလုပ်သမားများ အခွင့်အရေးများ ကို လေးစားလိုက်နာသော၊ သဘာဝပတ်ဝန်းကျင်အတွက် တာဝန်ယူ နိုင်သော လာဘ်ပေးလာဘ်ယူကိစ္စများကို ဆန့်ကျင်သော စသည့် မိမိနိုင်ငံ၊ မိမိ တို့လူ့အဖွဲ့အစည်းကို ထိခိုက်စေမည့် အရာများကို ဂရုစိုက်မည့်၊ အကျိုးဖြစ်ထွန်းစေသည့်  အရာများကို မှန်ကန်ထိ ရောက်စွာ ပံ့ပိုးနိုင်မည့် တာဝန်ရှိမှုကို တာဝန်သိ၍ တာဝန်ယူနိုင် သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကို ဖိတ်ခေါ်မှုများကို ဖိတ်ခေါ်ခဲ့ သည်။ပြည်တွင်းလုပ်ငန်းများမှာမူ ဝင်ရောက်လာမည့် အက်(ဖ)ဒီအိုင် အခြေပြု  လုပ်ငန်းများ၏ယှဉ်ပြိုင်မှုကြောင့် သက်ရောက်လာနိုင် မည့် အခြေအနေများကို မှန်းဆ၍ စိုးထိတ်နေကြသည်။ အမှန် တွင် ဈေးကွက်စနစ် ကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်း ယှဉ် ပြိုင်မှုရှိသည်မှာ သဘာဝကျသော အခြေအနေတစ်ခု သာဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အတိတ်ကာလများက အခြေ အနေများနှင့်ပတ်သက်၍ အဆိုးအကောင်းများကို ပြန်လည်ငဲ့ကြည့်၊ ပြန် လည်အပြစ်တင်မနေတော့ဘဲ လက်တွေ့ပကတိရင်ဆိုင်ရတော့ မည့် အခြေအနေကိုသာ အာရုံထားဆောင်ရွက်ရန်သာ ရှိတော့ သည်။ အဆုံးစွန်ပြောရလျှင် အက်(ဖ)ဒီအိုင်ဝင်သည်ဖြစ်စေ၊ မဝင် လာသည်ဖြစ်စေ လာမည့် ၂ နှစ်ကျော်ကျော်တွင်  အာဆီယံလွတ် လပ်သော ကုန်သွယ်ရေးနယ်မြေ (အာဖတာကြီး) လာတော့မည် ဖြစ်သည်။ စွန့်ထွင်လုပ်ကိုင်တတ်သည့် စိတ်ထားမွေး၍ ယှဉ်ပြိုင်လုပ် ကိုင်နိုင်ရေး ကြိုးစားရန်သာ ရှိတော့သည်။
ကြိုပါတယ် ကြိုပါကွယ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများရရှိရေးအတွက် အက်(ဖ)ဒီအိုင် ဥပဒေသာမက သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများပါ ရေးဆွဲ၍ လည်း နှစ်ဖက်အကျိုးစီးပွားရေး ထိန်းကျောင်းနိုင်ရေး ဖြည့်ဆည်းပံ့ ပိုးရန်လိုသည်။ အက်(ဖ)ဒီအိုင်များ စိတ်ဝင်တစား ဝင်ရောက်လာ နိုင်ရေးအတွက် လိုအပ်ချက်များ လက်ချိုးရေကြည့်ပါက များစွာရှိ နေသေးသည်ကို တွေ့ရှိရလိမ့်မည်။ သို့သော် ဖြည့်ဆည်းနိုင်သည့် အနေအထားရှိပြီး လတ်တလောတွင် အမှန်တကယ်အမြန်အဆန် လိုအပ်နေသည့် ဥပဒေပိုင်းဆိုင်ရာများကိုမူ မိမိတို့၏ အမျိုးသား အကျိုးစီးပွားမထိခိုက် မနစ်နာစေရေးနှင့် လာရောက်ရင်းနှီးမြှုပ်နှံ မည့် နိုင်ငံရပ်ခြားမှ လုပ်ငန်းရှင်များကို ဆွဲဆောင်မှုမက်လုံးေ ပးနိုင် ရေးအတွက် စဉ်းစားဆွေးနွေးကြရသည်။ အက်(ဖ)ဒီအိုင် သည် ကောင်းကျိုးများကို သာ ဆောင်ယူလာသည်ဟု မည်သည့်ပညာရှင် များကမှ ဟောကိန်းထုတ်ခဲ့ခြင်းမရှိ ခဲ့ ချေ။ ကောင်းကျိုးများနှင့် အတူ ဆိုးကျိုးသက်ရောက်မှုများ ပါလာပေလိမ့်မည်။ ဆိုးကျိုးအနည်းဆုံး နှင့် ကောင်း ကျိုး အများဆုံးရရှိရေးအတွက်သာ ခေါင်းရှုပ်ခံ အလုပ် လုပ်နေကြခြင်းဖြစ်သည်။ခေတ်စနစ်များ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။ ယခင်က အက်(ဖ) ဒီအိုင် ဆိုးကျိုးများနှင့်ပတ်သက်၍ လက်ခံသည့် အိမ်ရှင်နိုင်ငံများ ကသာ အလေးထား ဂရုစိုက်ကြသော်လည်း ယခုအချိန်အခါတွင် အက်(ဖ)ဒီအိုင် သယ်ယူကာ လာရောက်မြှုပ်နှံသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၏ မိခင်နိုင်ငံများကလည်း ဂရုစိုက်မှုရှိလာ သည်။ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးကို မျှော်တွေးလျက်နှစ်ဖက် နှစ် နိုင်ငံစလုံး အကျိုးဖြစ်ထွန်းမည့် Win-Win Situation  ရရှိရေး အတွက်ကို အလေးပေးလာကြသည်။ ထိုကဲ့သို့ အက်(ဖ)ဒီအိုင်နှင့် ပတ်သက်သည့် အကောင်းအဆိုး အကြောင်းအကျိုးများ အခြေ အတင်ပြောဆိုနေခဲ့ကြသည့်  အသံများကို ၁၉၇၀ ပြည့်နှစ်များက တည်းကပင် ကြားနေခဲ့ပြီးဖြစ်သည်။ Soft Law  များဟု ခေါ်ကြသည့် ကျင့်ဝတ်ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်အခြေခံမူ များ ရေးဆွဲလာကြသည်။စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) မှ သတ်မှတ်ပြဋ္ဌာန်းထားသော Guidelines on Multinational Enterprises ကဲ့သို့ လမ်းညွှန်မှုများ၊ အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့(ILO) ၏ ကြေညာချက်များ၊ ကမ္ဘာ့ကုလသမဂ္ဂအထွေ ထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် အားပေးနေသည့် Global Compact   ဟုခေါ်သည့် တစ်ကမ္ဘာလုံးရှိ စီးပွားရေးလုပ် ငန်းများလူ့အခွင့်အရေး၊ အလုပ်သမားများ အရေး၊ သဘာဝပတ်ဝန်း ကျင်အရေးနှင့် အဂတိလိုက်စားမှုဆန့်ကျင်ရေးတွင် တာဝန်သိသိ၊ တာဝန်ရှိရှိဖြင့် ပါဝင်ဆောင်ရွက်ရင်း ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင်များရရှိစေရေးအတွက် ကူညီပံ့ပိုးနိုင်စေရန်  အစီအစဉ် တစ်ခုကလည်း ရှိလာနေသည်။ ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အခွင့်အရေး ကောင်စီက အားထုတ်ဆောင်ရွက်ခဲ့သည့် Guiding Principles on  Business and Human Rights  သည်လည်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က နောက်ဆုံးမူကြမ်းအဖြစ် ထွက်လာခဲ့ပြီး အားလုံး သဘောတူ လက်ခံခဲ့ကြပြီးဖြစ်သည်။ အားလုံးသည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် လုပ်ငန်း၊ လုပ်ငန်းရှင်၊ နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ် ခြင်းခံရ မည့် နိုင်ငံ၊ ဒေသပတ်ဝန်းကျင်၊ ထိုဒေသတွင် မှီခိုရပ်တည်နေ ကြသူများ၊ ထိုဒေသမှ ၎င်း တို့၏ လုပ်ငန်းများတွင် ဝင်ရောက်လုပ် ကိုင်သူများ၊ ထိုသူတို့၏ ကိုယ်ကျင့်တရားများ စသည့် နှစ်ဖက်အခြေ အနေ အရပ်ရပ်ကိုပါ ထည့်သွင်းစဉ်းစား၍ ရေရှည်အကျိုးဖြစ်ထွန်း မှုကို ဦးတည်စေသည့် CSR ခေါ်လူမှုရေးကျင့်ဝတ်များ တာဝန်သိရှိ လိုက်နာမှု (Corporate Social Responsibility) သဘောတရား ကို အခြေခံထားဆောင်ရွက် လာကြသည်ကို တွေ့လာနေရသည်။ ဤသို့အခြေအနေရှိနေသောကြောင့် အက်(ဖ)ဒီအိုင်အတွက် ဆိုး ကျိုးသက်ရောက်နိုင်ခြေများကို ကြိုတင်တွေးဆ သောကပွား အချိန် မစားဘဲ တာဝန်ရှိ တာဝန်သိသည့် စမတ်ကျသော အက်(ဖ)ဒီအိုင်တို့ သာဖြစ်ခဲ့ပါလျှင် " ကြိုဆိုလိုက်ပါ ကြိုလိုက်ပါ" ဟုသာ ဆိုလိုက်ချင်ပါ တော့သည်။