မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်ပစ္စည်းရောင်းဝယ် ဖောက် ကားတဲ့ နန့်ဖာလုံဈေးမှာ အဓိကရောင်းဝယ်နေကြတဲ့ ပစ္စည်း တွေထဲက ဖယောင်းတိုင်ဟာ ဈေးကွက်ဝင် တွက်ခြေကိုက်တဲ့ ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ တမူးမြို့မှာ ဖယောင်း တိုင်လုပ်ငန်းလုပ်ကိုင်သူ ၆ ဦးရှိပြီး နန့်ဖာလုံဈေးမှာ ဈေး ဆိုင်များဖွင့်လှစ်ပြီး လက်လီလက်ကား ရောင်းချလျက် ရှိကြပါ တယ်။ အရောင်းသွက်တဲ့ ဖယောင်းတိုင်ကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ အာသံပြည်နယ်နဲ့ မိုးရေးမြို့များမှ ကျေးရွာ များက လာရောက်ဝယ်ယူလျက် ရှိတယ်လို့ သိရပါတယ်။
ဖယောင်းကုန်ကြမ်းဟာ တရုတ်နိုင်ငံမှဖြစ်ပြီး မန္တလေးက တစ်ဆင့် ဝယ်ယူရပါတယ်။ ၅၀ ကီလိုဝင် တစ်အိတ် ကျပ် ၇၃၀၀၀ ဖြစ်ပြီး သယ်ယူခ၊ လုပ်သားခ အပါအဝင် တမူး အရောက် ဖယောင်းတစ်အိတ်ကို ကျပ် ၇၈၅၀၀ ဖြစ် ပါ တယ်။ တစ်တန်ကို ကျပ် ၁၅၇၀၀၀၀ ကျပြီး ၁ ပိဿာကို ကျပ် ၂၄၀၀၊ ၂၅၀၀ ရှိပါတယ်။ ဖယောင်းတိုင် လုပ်ငန်းရှင်များ တစ်ဦးနဲ့တစ်ဦး ထုတ်လုပ်မှုပုံစံခြင်းတူပေမယ့် အရွယ်အစားနဲ့ ထုပ်ပိုးမှု မတူညီပါဘူး။ ဖောက်သည်များ မှာယူတဲ့အပေါ် မူတည်ထုတ်လုပ်ကြရပါတယ်။ ရောင်းဈေးက အရွယ်အစား ပေါ်မူတည်ပြီး ဈေးနှုန်း ကွဲပြားပါတယ်။ ဖယောင်း ၁ ပိဿာ ကို ထုတ်လုပ်မှု စရိတ်အနေနဲ့ (အလုပ်သမား၊ ထုပ်ပိုးခ၊ တံဆိပ်၊ မီးစာခ) ၃၀၀ ကျပ်နှင့် ဖယောင်းသား ၁ ပိဿာ အပါအဝင် ကုန်ကျစရိတ်ဟာ ၂၇၃၀ ကျပ်ရှိပြီး ရောင်းရ ငွေက ကျပ် ၂၈၅၀ ဝန်းကျင်ရရှိလို့ ၁ ပိဿာပေါ် အကြမ်း အမြတ် ၁၂၀ ကျပ်ခန့်ရှိကြောင်းသိရှိ ရပါတယ်။ ၁ တန် ပေါ်မှာ အကြမ်းအမြတ် ကျပ် ၇ သောင်းလောက် အမြတ် ရှိကြောင်း သိရပါတယ်။ လုပ်ငန်းရှင်တစ်ဦးကိုလုပ်သား ၅ ယောက်မှ၁၀ ယောက် ရှိရာဖယောင်းထုတ်လုပ်မှုအတွက်ဒေသခံများ အလုပ်အကိုင် ရရှိကြပြီး တစ်ရက်ပျမ်းမျှ လုပ်ခ ကျပ် ၂၅၀၀ မှ ၃၀၀၀ ထိ ရရှိကြပါတယ်။ တမူးနယ်စပ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ဖယောင်း တိုင် တင်ပို့ရောင်းချမှု ကန်ဒေါ်လာသုည ဒသမ ၂၅၆ သန်းဖိုး ရရှိခဲ့ပြီး ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမ (၆) လကာလမှာ ကန်ဒေါ်လာသုညဒသမ ၁၆၅ သန်းဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပါ တယ်။ ယမန်နှစ်ကာလတူမှာ ကန်ဒေါ်လာသုညဒသမ ၁၅၉ သန်းဖိုးတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ ကန်ဒေါ်လာသုည ဒသမ ၀၀၆ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မြို့၌ အသေးစား ကုန်ထုတ်လုပ်ငန်းတစ်ခု အပါအဝင်ဖြစ်တဲ့ ဖယောင်း ထုတ်လုပ်မှုလုပ်ငန်းသည် ပို့ကုန် မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်လျက် ရှိပါကြောင်း သိရပါတယ်။ အေးအေးထွေး (တမူး)