Main menu

Background

ပွင့်လင်းသန့်ရှင်း စင်ကာပူဘဏ်

Mon, 10/29/2012 - 04:31 -- Anonymous (not verified)

စင်ကာပူနိုင်ငံသည် ကမ္ဘာတွင် သန်းကြွယ် သူဌေး အိမ်ထောင်စု ရာခိုင်နှုန်း အများဆုံးနိုင်ငံ ဖြစ်ကြောင်း ဘော်စတွန် အတိုင်ပင်ခံ လုပ်ငန်းစု(Boston Consulting Group, BCG) က အောက်တိုဘာလဆန်းပိုင်းတွင် ထုတ်ပြန်ကြေ ညာခဲ့သည်။ လွတ်လပ်ဈေးကွက် ဝန်းကျင်တွင် စီးပွားရေးလုပ်ငန်း လုပ်ရကိုင်ရ အဆင်ပြေချော မွေ့သည်။ နိုင်ငံတကာဘဏ်လုပ်ငန်း စုံစုံလင်လင် စုပြုံဖွင့်လှစ်ထားသဖြင့် စင်ကာပူသည် အဝေး ရောက်ဓနဥစ္စာ (Offshore wealth)  တို့ သို လှောင်သိမ်းဆည်းရာဌာနတစ်ခု ဖြစ်လာသည်။

ထို့ပြင် အခွန်ရှောင်တိမ်းလိုသူတို့ ခိုလှုံရာ (Tax haven) အဖြစ်လည်း ကျော်စောသတင်းထွက်ခဲ့ သည်။ မိမိငွေကြေးကို ဘယ်ကရခဲ့တာလဲ၊ ဘာ လုပ်လို့ရတာလဲ၊  အခွန်ဆောင်ထားပြီးရဲ့လား စသည်ဖြင့် အစစ်ဆေး၊ အမေးမြန်းမခံရဘဲ အပ်နှံ သိမ်းဆည်းထားလို့ရသည်။ ထို့ကြောင့် သန်းကြွယ် သူဌေးအိမ်ထောင်စု ရာခိုင်နှုန်း အများဆုံးဖြစ်နေ သည်မှာ အံ့သြစရာတော့မဟုတ်ပေ။ စင်ကာပူအာ ဏာပိုင်များက ဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုများကို အခြားဘယ်နိုင်ငံမှာထက်မဆို ပိုပြီးတင်းတင်းကျပ် ကျပ် ကိုင်တွယ်လျက်ရှိသည်ဟု အမြဲတမ်းပြောခဲ့ သည်။ ယခုတော့ ပိုပြီးထိထိရောက်ရောက် နှိမ် နင်းနေပါပြီဟု ဆိုပြန်သည်။လွန်ခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့ က စင်ကာပူနိုင်ငံက ဂျာမနီနှင့်  စာချုပ်အသစ် တစ်ခု ထပ်ချုပ်ခဲ့သည်။ စင်ကာပူသည် အခွန်နှစ် ထပ်ကွမ်းစည်းကြပ်မှု ရှောင်ရှားရေးစာချုပ်(Avo- idance of Double Taxation Agreement, ADTA) ကို ဂျာမနီနှင့် ချုပ်ဆိုထားပြီးဖြစ်သည်။ အခွန်ရှောင်တိမ်းမှုများအပေါ် တင်းတင်းကျပ်ကျပ် အရေးယူနိုင်ရန် ရည်ရွယ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုစဉ်အချိန်က စင်ကာပူနိုင်ငံ၏ ဘဏ်လုပ်ငန်းများ လုံခြုံလျှို့ဝှက်ရေးစည်းမျဉ်းများ အရ စင်ကာပူနိုင်ငံ၏ အခွန်စည်းကြပ်မှုနှင့် ဘဏ် လုပ်ငန်းစာရင်းမှတ်တမ်းများ စစ်ဆေးကြည့်ရှုခွင့်ကို ဂျာမနီအစိုးရတာဝန်ရှိသူများ မရရှိနိုင်ခဲ့ပေ။ ယခု တော့ သတင်းအချက်အလက်များ ဖလှယ်ရေးအစီ အစဉ်တွင်ဘဏ်လုပ်ငန်း လုံခြုံလျှို့ဝှက်ရေးပြဋ္ဌာန်း ချက်များက ဟန့်တားထားလို့ မရတော့ပေ။ ဂျာမနီ နိုင်ငံတွင် အခွန်တိမ်းရှောင်ခဲ့မှုနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးမှုအတွက် ဂျာမနီအစိုးရက တောင်း ဆိုလာခဲ့လျှင် မည်သည့်သတင်းအချက်အလက် ကိုမဆို စင်ကာပူအစိုးရက လွဲှပြောင်းပေးရတော့ မှာဖြစ်သည်။အခွန်တိမ်းရှောင်မှုများကို ရာဇဝတ်ကြောင်း ဖြင့် အရေးယူနိုင်ရေးအတွက် တည်ဆဲငွေကြေး ခဝါချမှုဥပဒေများ(Money-laundering laws) ကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း စင်ကာပူငွေ ကြေးအာဏာပိုင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ ပြီးနောက် ပိုမိုပွင့်လင်းမြင်သာဖြစ်ရေးနှင့် နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးကို လိုက်နာသွား မည်ဖြစ်ကြောင်း ကတိပြုလိုက်ခြင်းဖြစ်သည်။ လာမည့် ၂၀၁၃ခုနှစ် ဇူလိုင်လမှစတင်၍  မိမိ ဇာတိနိုင်ငံတွင် အခွန်တိမ်းရှောင်ရန်အတွက် သယ် ဆောင်လာသော ငွေကြေးဟု သံသယဖြစ်ဖွယ် ဘဏ်နှင့်  ဆက်သွယ်လာသည့် နိုင်ငံခြားသား ဖောက်သည်များကို အာဏာပိုင်များထံ သတင်း ပေးပို့ရန် ဘဏ်များတွင် ဥပဒေကြောင်းအရ တာ ဝန်ရှိလာတော့မည်ဖြစ်သည်။ ထို့အပြင် မိမိတို့ ဘဏ်နှင့်ဆက်သွယ်သူ ဖောက်သည်များ (Cust- omers)  အား သတိပြုစောင့်ကြည့်ရန်၊ တည်ဆဲ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာရန်နှင့် ယေဘုယျအားဖြင့် မိမိတို့၏ဘဏ်လုပ်ငန်းကို စည်း ကမ်းများနှင့်ညီညွတ်အောင် ဆောင်ရွက်ရန် သတိ ပေးနှိုးဆော်ချက်များ ဖြန့်ဝေထားသည်။စင်ကာပူအစိုးရက ထိုသို့  အရေးတကြီး ဆောင်ရွက်လာခြင်းမှာ ဥရောပနှင့် အမေရိကတို့ တွင်ရင်ဆိုင်နေကြရ သည့် ကြွေးမြီအကျပ်အတည်း ၏ အကျိုးဆက်ဖြစ်သည်ဟု ဆိုနိုင်သည်။ ငွေ ကြေးအခက် အခဲ တွေ့ကြုံနေရ သည့်အစိုးရများက အခွန်ကောက်ခံရရှိရေးကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လာကြသည်။ နောက်ဆုံးတွင် အခွန်ခိုလှုံ ခွင့် ပြုထားသည့်နိုင်ငံ (Tax haven) များဆီသို့ မလွဲှ မရှောင်သာ ဦးလှည့်ကြရတော့သည်။ ဆွစ်ဇာလန် နိုင်ငံကို ဥရောပအခွန်အာဏာပိုင်များက ပစ်မှတ် ထားခဲ့ကြသလို စင်ကာပူကိုလည်း ပစ်မှတ်ထား လာရသည်။ မိမိတို့၏ ချမ်းသာကြွယ်ဝမှုများကို စင်ကာပူနိုင်ငံသို့ ရွှေ့ပြောင်းထားနိုင်သည်ဟု ယူဆ ရသည့် ဂျာမန်လူချမ်းသာများအရေးကို ဂျာမနီ အစိုးရက စိုးရိမ်မိသည်။ ဥရောပမှ  ငွေကြေး အမြောက်အမြား စင်ကာပူနိုင်ငံထဲသို့  စီးဝင် လာသည်ဆိုခြင်းမှာ ပုံကြီးချဲ့ပြောကြခြင်းသာဖြစ် သည်ဟု စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့က ခုခံ ငြင်းဆိုခဲ့သည်။မည်သို့ဆိုစေ စင်ကာပူနိုင်ငံ၏ ဘဏ်လုပ် ငန်းစနစ်တွင် ပွင့်လင်းမြင်သာမဖြစ်ခြင်းအတွက် ဥရောပနိုင်ငံများက စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ပင် ဥရောပသမဂ္ဂနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်  (Free Trade Agreement, FTA)  ချုပ်ဆိုရန် ကြန့်ကြာခက်ခဲနေခြင်း ဖြစ် သည်။ ယခုတော့  ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ဆောင်ရွက်မှုများ ထပ်မံပြုလုပ်လာသဖြင့်FTA ချုပ်ဆိုရေးတွင် ချောမွေ့သွားနိုင်သည်။ အလား တူပင် စင်ကာပူ ဥပဒေစည်းမျဉ်းများ လျော့တိ လျော့ရဲဖြစ်မှုအပေါ် အမေရိကန်ပြည်ထောင်စု၏ စိုးရိမ်မကင်းဖြစ်မှုများ လည်း လျော့ပါးသွားစေနိုင် သည်။ အခွန်တိမ်းရှောင်မှုများသည် နိုင်ငံရေးအရ အထိအခိုက်မခံနိုင်တော့သည့်  အရေးကြီးပြဿ နာများ ဖြစ်လာသည်။ အထူးသဖြင့် ဥရောပနိုင်ငံ များမှာ ပိုပြီးအရေးတကြီး  ဖြစ်လာကြောင်း စင်ကာပူအစိုးရက သတိပြုမိခဲ့သည်။ ထို့ကြောင့် ပင် အစိုးရက လောလောလတ်လတ် အရေးယူ ဆောင်ရွက်လာတာဖြစ်သည်ဟု စင်ကာပူတွင်ဖွင့် ထားသည့် ဘေကာ အင်မက္ကင်ဇီကုမ္ပဏီမှ အကြီး တန်းအခွန်အကျိုးဆောင်ရှေ့နေ အက်ဒမန်းလီယို ကဆိုသည်။ "အဲဒီ(အခွန်ရှောင်)  ပြဿနာက စင်ကာပူနိုင်ငံရဲ့ ဂုဏ်သတင်းကို ဆိုးဆိုးဝါးဝါး ထိ ခိုက်စေခဲ့တာဖြစ်တယ်။ ဒါကြောင့် အဲဒီပြဿနာ တွေ ကင်းရှင်းတဲ့အကြောင်း ပြသရမှာဖြစ်တယ်" ဟု ဆိုပါသည်။Ref; The Economist.