Main menu

Background

ရေနံဆီ မီးခွက်မှ ဆိုလာ မီးအိမ်သို့

Mon, 10/29/2012 - 06:15 -- Anonymous (not verified)

လာမယ့်ဆယ်စုနှစ်မှာ LEDs မီးလုံးတွေနဲ့ အလင်းရောင်ပေးမယ့် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် (Solar -Powered Lamp) တွေဟာ ကမ္ဘာ့ ဆင်းရဲနွမ်းပါးတဲ့ လူများစုကြီးအတွက် အကျိုးပြု မယ့် နည်းပညာပစ္စည်းသစ်တစ်ခု  ဖြစ်လာနိုင်ပါတယ်။ ဆိုလာမီးအိမ်တွေဟာ နေ့အချိန်မှာ နေ ရောင်ခြည်နဲ့ ဘက်ထရီ ကို အားသွင်းနိုင်ပြီး ည အချိန်မှာ မီးထွန်းနိုင်တဲ့အတွက်  စီးပွားရေးအရ တွက်ခြေကိုက်နိုင်ပါ တယ်။ ဈေးကြီးတဲ့ ရေနံဆီကို အသုံးပြုပြီး မီးထွန်းညှိ အသုံးပြုနေရတဲ့ ကမ္ဘာ အနှံ့က ဆင်းရဲတဲ့ ပြည်သူအများစုကို ကုန်ကျ စရိတ်များစွာ သက်သာသွားစေနိုင်ပါတယ်။အီကွေ တာဒေသမှာ  နေထိုင်ကြတဲ့ လူဦးရေဟာလျှပ်စစ် ဓာတ်အားလိုင်းတွေ  သွယ်တန်းနိုင်ခြင်း မရှိတဲ့ ဒေသတွေမှာ  နေထိုင်ရတဲ့အတွက် သူတို့ကိုနေ ရောင်ခြည် စွမ်းအင်နဲ့  အလင်းရောင်ပေးနိုင်ရင် သူတို့ရဲ့ဘဝဟာ တိုးတက်လာစေနိုင်ပါတယ်။ဆို လာမီးအိမ်တွေ ဟာ နေရောင်ခြည်ရရှိတဲ့ ဒေသ တိုင်းမှာသာမက လျှပ်စစ်ဓာတ်အားခ ဈေးကြီးလို့ အသုံးမပြုနိုင်တဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက်လဲ အကျိုးပြုနိုင်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဌာနတစ်ခုဖြစ်တဲ့ နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်းရဲ့ လေ့လာချက်အရ ဆာ ဟာရသဲကန္တာရ  အောက်ပိုင်းဒေသရှိ အာဖရိက နိုင်ငံ တွေမှာ တစ်နှစ်ကို ရေနံဆီ မီးအိမ်တွေ အတွက် လိုအပ်တဲ့ရေနံဆီတွေ  ဝယ်ယူသုံးစွဲရတဲ့ ငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီ ယံလောက်ရှိတယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံး ဆိုရင် တစ်နှစ်ကို ဒေါ်လာ ၃၆ ဘီလီယံအထိသုံးစွဲ နေကြရတယ်လို့ ခန့်မှန်းရပါတယ်။ တန်ဇန်နီးယား တစ်နိုင်ငံထဲကိုကြည့်ရင်  အဲဒီနိုင်ငံက မိသားစု တစ်စုဟာဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာ ခိုင်နှုန်းအထိ ရေနံဆီကို ဝယ်ယူအသုံးပြုနေရတယ် လို့ သိရပါတယ်။ ရေနံဆီကို ဝယ်ယူအသုံးပြုရတာ ဟာ ဝင်ငွေကို ထိခိုက်စေရုံသာမက မီးဘေးအန္တ ရာယ်လဲ ကြီးမားပါတယ်။ ရရှိတဲ့အလင်းရောင် ကလဲ စာဖတ်စာကျက်ဖို့ သိပ်အားနည်းပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ ရေနံဆီမီးလောင်ရာမှာ ထွက်ရှိလာတဲ့ မီးခိုးငွေ့ တွေဟာ အဆုတ်ရောဂါကိုဖြစ်စေတဲ့ ဓာတ်တွေ ပါရှိတယ်လို့ ထောက်ပြထားပြီး ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကလဲ ရာသီ ဥတုကို ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။သာမန်ဆိုလာမီးအိမ်တစ်လုံးကို နေ့ခင်းမှာ ၈ နာရီလောက်နေရောင်ခြည်မှာပြပြီး အားသွင်း ထားရင် ညဖက် ၄ နာရီကနေ ၅ နာရီအထိ လောက် အဖြူရောင် LED မီးလုံးတွေကနေ ရေနံ ဆီမီးအိမ်ထက် ပိုမိုတောက်ပလင်းထိန်တဲ့ အလင်း ရောင်ကို ရရှိနိုင်ပါတယ်။ လောလောဆယ်ဆိုလာ မီးအိမ် တစ်လုံးရဲ့တန်ဖိုးဟာ ၁၀ ဒေါ်လာ လောက် ရှိတဲ့အတွက် ဈေးကြီးနေသေးပေမယ့် ဈေးနှုန်း သက်သာပြီး  ပိုမိုအရည်အသွေးကောင်းမွန်တဲ့ အမျိုးအစားတွေကို တီထွင်သူတွေက အပြိုင် အဆိုင် စမ်းသပ်ထုတ်လုပ်လာနေပါတယ်။ကမ္ဘာ့ ဘဏ်ရဲ့ အာဖရိကကို အလင်းရောင်ပေးမယ့်အစီ အစဉ်  (Lighting Africa Project )  အရ အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံး  ဆိုလာ မီးအိမ်တွေကို တီထွင်ထုတ်လုပ်ပေးဖို့ ဖိတ်ခေါ်ခဲ့ ရာမှာ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ d.light ကနေ ဆယ်ဒေါ်လာတန် ဆိုလာမီးအိမ်တွေကို တင်ပြခဲ့ပါတယ်။ အဲဒီမီးအိမ်ဟာ စားပွဲပေါ်တင်ပြီး စာကြည့်နိုင် ကျက်နိုင်ပါတယ်။ နီကယ်ဟိုက်ဒရိုက် သတ္တုကိုသုံးတဲ့ဘက်ထရီ တပ်ဆင်ထားတဲ့အတွက် ပိုပြီး အလင်းရောင်ကောင်းပါတယ်။ Flexiway ကုမ္ပဏီက ထုတ်လုပ်တဲ့ လေးထောင့်ပုံ Solar Muscle  လို့ခေါ်တဲ့ ဆိုလာမီးအိမ်ကတော့ စားပွဲ  တင် မီးအိမ်တစ်လုံးဖြစ်ပါတယ်။ တစ်ဖက်မှာ ဆို လာပြားတစ်ခုပါရှိပြီး အခြားတစ်ဖက်မှာ LEDs မီးလုံးတွေပါရှိပါတယ်။ အဲဒီမီးအိမ်တွေကို တစ် စတုရန်းမီတာရှိတဲ့ သေတ္တာထဲမှာ ၂၇၅၀ လုံး ထုပ် ပိုးပြီးပေးပို့နိုင်တဲ့အတွက်  ပို့ဆောင်စရိတ်သက် သာစေနိုင်ပါတယ်။ အဲဒီ  ဆိုလာမီးအိမ်တွေကို NGOs အဖွဲ့တွေက ပါဗွားနယူးဂီနီနဲ့ တခြား အာဖရိကနိုင်ငံတွေမှာ အသုံးပြုဖို့ပေးပို့ထောက်ပံ့ နေတယ်လို့ သိရပါတယ်။စမ်းသပ်ချက်တွေအရ လောလောဆယ်တီ ထွင် ထုတ်လုပ်ထားတဲ့ ဆိုလာမီးအိမ်တွေထဲမှာ အိန္ဒိယကုမ္ပဏီတစ်ခုဖြစ်တဲ့ Greenlight Planet က ထုတ်လုပ်တဲ့ Sun king  လို့ အမည်ပေးထား တဲ့ ဆိုလာမီးအိမ်ဟာ အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဆိုလာမီးအိမ်တွေကို အာဖရိက နိုင်ငံ စူပါမားကက်တွေမှာ တစ်လုံးကို ၂၄ ဒေါ်လာ နဲ့ ဝယ်ယူအသုံးပြုနိုင်ပါတယ်။ Sun king  ဆိုလာ မီးအိမ်ရဲ့ အလင်းရောင်က ိုအသုံးပြုဖူးသူ တိုင်းက သဘောကျကြပါတယ်။ ဒါ့အပြင်လွတ်ကျ လို့လဲမကွဲနိုင်၊ မပျက်နိုင်တဲ့ ဒီဇိုင်းကြောင့် လူကြိုက် များပါတယ်။ ဈေးနှုန်းချိုသာပြီး အလင်းရောင် ကောင်းကောင်း ထုတ်လွှတ်ပေးမယ့်  ဆိုလာမီး အိမ်တွေရဲ့ ဝယ်လိုအားဟာ မြင့်တက်လာနေပါ တယ်။ ၂၀၃၀ ပြည့်နှစ်အထိ သမားရိုးကျ လျှပ်စစ် ပါဝါ ဂရစ်တွေကနေ လျှပ်စစ်ဓာတ်အားအသုံးမပြု နိုင်တဲ့ ကမ္ဘာ့လူဦးရေဟာ ၁ ဒသမ ၅ ဘီလီယံ လောက် အထိရှိနိုင်တဲ့အတွက် ဆိုလာမီးအိမ်တွေ ရဲ့ တီထွင်ထုတ်လုပ်မှု ဖြန့်ဖြူးရောင်းချမှု ဈေးကွက် ကြီးရဲ့ အလားအလာဟာ တောက်ပကောင်းမွန် လာနိုင်ပြီး ရေနံဆီမီးခွက်တွေရဲ့ အလင်းရောင် ဟာလဲတဖြည်းဖြည်း  မှေးမှိန်သွားနိုင်ကြောင်းပါ ခင်ဗျား။             Ref:The Economist