Main menu

Background

ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Mon, 10/29/2012 - 07:10 -- Anonymous (not verified)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်  နံနက် ၀၉း၀၀ အချိန်က နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ပြည်သူ့ လွှတ်တော်စီးပွားေ ရးနှင့် ကုန်သွယ်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဌ ဦးမောင်မောင်သိမ်းနှင့် ရေးရာကော်မတီဝင်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်များမှ စီးပွားရေးဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဌများ၊ အလုပ်အမှုဆောင်များ၊ ဆန် စပါးနှင့် ပဲမျိုးစုံအထူးပြုကုမ္ပဏီများမှ                 တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်များမှ တာဝန် ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် စာတမ်းဖတ်ကြားသည့် ပုဂ္ဂိုလ်များ တက် ရောက်ကြပါသည်။

လက်ရှိတိုးတက်ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအရ မြန်မာနိုင်ငံသည် အာရှနိုင်ငံများနှင့် သာမက မကြာမီ တစ်ကမ္ဘာလုံး နဲ့ ကုန်သွယ်မှုပြုနိုင်တော့မည်ဖြစ်၍ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အလားအလာေ ကာင်းများရှိနေပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်နှစ် ခြောက်လအတွင်း ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးနဲ့ ကုန်သွယ်မှု ဖြေ လျော့မှုများ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စများကို စဉ်ဆက် မပြတ်ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုတန်ဖိုးသည် ယခင်ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိ ကန်ဒေါ်လာ သုံးဘီလီယံကျော် တိုးတက်လာသည်ကို တွေ့မြင်ရမှာ ဖြစ်ကြောင်း၊ ကုန်သည်အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများပူးပေါင်းပြီး တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကို တရားဝင်ကုန်သွယ်မှု လမ်း ကြောင်းမှန်ပေါ်ေ ရာက်ရှိအောင် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ ထိုင်းနှင့် နယ်စပ်ကုန်သွယ်ရေး အတွက် နိုဝင်ဘာ(၁)ရက်နေ့ တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ပါကြောင်းနှင့် ထုတ်ကုန်/သွင်း ကုန်ကိစ္စရပ်များ၊ တရားမဝင်ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ပါ ကြောင်း၊ တရားမဝင်မှောင်ခိုကိစ္စရပ်များအတွက် Mobile Team များဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပေါ်ပေါက်လာေ အာင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ပြည်နယ်နဲ့  တိုင်းဒေသကြီးများမှာ စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရေးနဲ့ စားသုံးသူပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် ရန်အတွက် NGOs အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်း၊ စားသုံးသူကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ အသိပညာပေးရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားမှာ လည်း ဖြစ်ပါကြောင်း၊ ကုန်သည်အသင်းအဖွဲ့များမှ တာဝန် ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင် များသည် ပြည် တွင်း၊ ပြည်ပကုန်သွယ် မှုဆိုင်ရာမူဝါဒများ၊ သတ်မှတ်ပြဌာန်းထားချက်များကို နှံ့စပ်စွာသိရှိ နားလည်ပြီး မိမိတိုင်းရင်းသားလုပ်ငန်းရှင်များကို အသိပညာပေး ဖြန့်ဝေခြင်း၊ ပြည်ပသို့စီးပွားဖြစ်တင်ပို့နိုင်သည့် ကုန်ပစ္စည်းအမယ်အ လိုက်ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်သွား ရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးမြင့်လှိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သည် လယ်ယာစိုက်ပျိုးရေးအခြေခံနိုင်ငံ Agrobased Country ဖြစ်ပြီး၊ နိုင်ငံ၏ ရေမြေသဘာဝအခြေအနေ၊ လူဦးရေအရ လယ် ယာထွက်ကုန်များစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများရှိနေကြောင်း၊ စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရန် လိုအပ်သလို စိုက်ပျိုးရေးအ ခြေခံအသေးစားစက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်း ပေါ်ပေါက်ရန် လိုအပ်လျက်ရှိနေကြောင်း၊ ထုတ်လုပ်မှုတိုးတက်အောင်ဆောင်ရွက် နိုင်မှသာ ကုန်သွယ်မှုပမာဏတိုးတက်နိုင်မှာဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် သဘာဝအခြေခံကုန်ကြမ်းများ အဖြစ်သာ ရောင်းချနိုင် သည့်အခြေအနေသာရှိနေသည့်အတွက် ထိုက်သင့်သော အကျိုး အမြတ်ရရှိခံစားနိုင်မှု မရှိသေးကြောင်း၊ ထို့ကြောင့် လျင်မြန်စွာ အကျိုးရရှိမှု (Quick Win) ရရှိနိုင်မည့် စိုက်ပျိုးရေးကဏ္ဍကို မြှင့် တင်ပေးပြီး တန်ဖိုးမြင့်လယ်ယာထွက်ကုန်ချောများ တိုးတက် ထုတ် လုပ်တင်ပို့သွားရ မှာဖြစ်ကြောင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် ထုတ်လုပ်တင်ပို့ရောင်းချသည့် ထွက်ကုန်များသည် ဈေးကွက် ဝယ်လို အား (Demand)နှင့် ဈေးကွက်လိုအပ်ချက် (Requirement)နှင့် အညီကိုက်ညီရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပြီး ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုရှိရေးအတွက် အရေအတွက်သာမ က အရည်အသွေး စံချိန်စံညွှန်းမီရန်လည်းလိုအပ်ကြောင်း၊ အသိ ပညာရှင် အတတ်ပညာရှင်များ၊ အတွေ့အကြုံရှိသည့် ကုန်သည်လုပ် ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီး၊ အသိအမြင်ချင်း ဖလှယ်ရရှိချက်များကို သီအိုရီနှင့် လက်တွေ့ပေါင်းစပ်အကောင် အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြား ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးမောင်မောင်သိမ်းက ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေနှင့် ဖြေလျော့ မှုများပေးခဲ့ပြီဖြစ်ပါကြောင်း၊ ၂၀၁၅ တွင် AFTA ကြောင့် ရင်းနှီး မြှုပ်နှံမှုများ ဝင်လာတော့မည်ဖြစ်ကြောင်း၊ မိမိ Agrobase Industries  နှင့် ရင်ဆိုင်နိုင်မှဖြစ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက် ကုန်ပစ္စည်းများ အဆင့်မြှင့်ထုတ်နိုင်ဖို့ အရေးကြီးကြောင်း၊ ပဲ၊ မြေပဲ၊ နှမ်းများ ကုန်ကြမ်းအတိုင်းပို့ပါက ဆီမရနိုင်တော့ဘဲ စားသုံးဆီ သာဝယ်စားနေရမည်ဖြစ်ပြီး တိရစ္ဆာန်စာလည်း မရနိုင်တော့ကြောင်း၊ မိမိတို့၏ အဆင့်မြင့်ကျန်းမာရေးနှင့် ညီညွှတ်သည့်ဆီကို Export လုပ်ခွင့်ပေးသော်လည်း အဆင့်မမီ၍ မပို့နိုင်သေးကြောင်း၊ ကုန်ထုတ် ရေး လျင်မြန်သွက်လက်ဖို့ အရေးကြီးသလို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးမှ ဖြေလျော့ပေးမှုများစွာ ပေးခဲ့သည်ကို သိပါကြောင်း၊ လိုင်စင်ကိစ္စတိုးတက်မှုရှိနေပြီဟု သိရသော်လည်း လိုအပ်ချက်ရှိသေး က ပြောရန်လိုကြောင်း၊ တရားမဝင်လမ်းကြောင်းမှ သွားနေမှုများ ကို တရားဝင်ဖြစ်စေရန် ကြိုးစားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ ဘက်မှလည်း မှန်ကန်မျှတဖို့ လိုကြောင်း၊ ဆောင်ရွက်သင့်သည် များကို အကြံပြု ဆွေးနွေးမှာကြားပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်မှ ယခုဆွေးနွေးပွဲ သည် ကုန်သွယ်မှုအပိုင်းတွင် Export /Import ပိုင်းဟူ၍ ၂ပိုင်း ရှိကြောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ပြည်ပက တင်သွင်းပြီး ပြည်တွင်း ထုတ်လုပ်မှုကို ပြည်ပသို့ရောင်းကြောင်း၊ ၂ ပိုင်းလုံး အရေးကြီး ကြောင်း၊ Trade Volume  အတွက် အချိန်နှင့် တစ်ပြေးညီ လျင်မြန် စွာ ဆောင်ရွက်နိုင်ဖို့လိုကြောင်း၊ ပြည်ပဈေးကွက် ထိုးဖောက်ရန်အ တွက် စားသုံးသူလက်ခံရန် အဓိကဖြစ်ကြောင်း၊Trade Promotion ကိစ္စတွင် စရိတ်မျှပေးစနစ် အကောင်အထည်ဖော်နိုင် ရန် ဆောင်ရွက်နေကြောင်း၊ မူဝါဒနဲ့ စနစ်တကျ အကောင်အထည်ဖော် နိုင်ရန် ဆောင်ရွက်ထားတာရှိကြောင်း၊ ပို့ကုန် သွင်းကုန် နည်းဥပဒေ ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးအ တွက်လည်းConsumer Protection Law အား အချောသတ် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့ ပစ္စည်းအား ဝယ်ယူရန်  Standard သည် အရေးကြီးကြောင်း၊  စားသုံးသူလိုချင်သည့် အရည်အ သွေးထုတ်လုပ်ရန် လိုသေးကြောင်း၊ နယ်စပ်ဒေသများ လုံခြုံမှုမရှိလျှင် ပြည်တွင်းထွက်ကုန်များအတွက် ပိတ်ရမလိုဖြစ်နေကြောင်း၊ တာဝန် သိတတ်မှုသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ ပြည်သူမှာလည်း တာဝန် ရှိသည့်အတွက် အသိတရားနှင့် ဆောင်ရွက်ဖို့လိုကြောင်း၊ လိုအပ် သည့် အရည်အသွေးမီ ထုတ်ပေးရန်များစွာ လိုအပ်နေသေးကြောင်း ဆွေးနွေးတင်ပြပါသည်။ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူးမှ  ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေးဆောင်ရွက်မှု အနေဖြင့် ကုန်သွယ်ရေးဖြေလျော့မှု (Trade liberalization) များ မှ တစ်ဆင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး၊ လွတ်လပ်၍ တရားမျှတသော ကုန်သွယ် ရေး (Free and Fair Trade)ကို ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာ နိုင်ငံ ၏ ပြည်ပကုန်သွယ်ရေးမူဝါဒသည် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို အခြေခံသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအတိုင်း ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် အာဆီယံ၊ ဘင်းမ် စတက်၊ ဂျီအမ်အက်စ် အစရှိသည့် ဒေသတွင်း ကုန်သွယ်ရေးအုပ်စု များတွင်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တက်ကြွစွာလိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နှစ်နိုင်ငံ ကုန် သွယ်ရေး သဘောတူစာချုပ်များ(bilateral trade agreements) များ ချုပ်ဆို၍လည်းကောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပူးတွဲ ကော်မရှင် များ (Joint Trade Committee-JTC) ဖွဲ့စည်း၍လည်းကောင်း ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် သာမက EU အဖွဲ့ဝင် နိုင်ငံများနှင့်လည်း ကုန်သွယ်မှုကိစ္စများကို စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ အကောက်ခွန် သက်သာခွင့် ရရှိရေးအတွက် ပင်ရင်းဒေသ စည်းမျဉ်းဆိုင်ရာ သက်သေခံ လက်မှတ်  (Certificate of Origin) ထုတ်ပေးခြင်းနှင့် ယင်းအကောက်ခွန် သက်သာခွင့်ကို အကျိုးရှိရှိ သုံးနိုင်ရေးတို့အတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာသည့် သတင်းထုတ်ပြန်ခြင်းများ၊ လုပ်ငန်းရှင်များသို့ အသိပညာပေးခြင်း များ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုန်စည် ကုန်သွယ်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် အာဆီယံအဖွဲ့ ဝင် နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးပွဲများ၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ များကြား ညှိနှိုင်းဆွေးနွေးခြင်းများကို အခြားသက်ဆိုင်ရာဌာန/ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း များ ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်ပ ကုန်စည် ပြပွဲ ၁၂ ခုသို့ ပါဝင်ပြသခဲ့ပြီး ပြည်တွင်းသို့ လာရောက်ပြသသည့် ကုန်စည်ပြပွဲ ၅ ခုကို ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း။WTO ၏အကူအညီဖြင့် ကုန်သွယ်မှုမူဝါဒကို ပြန်လည် သုံးသပ်ခြင်း(Trade Policy Review) များကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ Automatic Licensing စနစ်ကို တိုးချဲ့ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ကုန်ကျစရိတ်များ လျှော့ချရေး နှင့်စပ်လျဉ်း၍ လိုင်စင်လျှောက်ထားသူများအနေဖြင့် ဤဝန်ကြီး ဌာန သို့ လူကိုယ်တိုင်လာရောက်စရာမလိုဘဲ electronic  စနစ်ဖြင့် online license   ထုတ်ယူနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတကာအဆင့်မီ ကုန်စည်ဒိုင် (Commodity Exchange Centre)များ ပေါ်ပေါက်လာရေးကိုလည်း အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွှန့်အောင်မှ ပို့ကုန်၊ သွင်းကုန်လိုင်စင်များ ထုတ်ပေးရာတွင် ယခင် Bank Credit, Bank Passbook များဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှ လိုင်စင်ထုတ်ပေးခြင်းကို ယခုအချိန်တွင် စစ်ဆေးမှုမရှိဘဲ လိုင်စင် ထုတ်ပေးလျက်ရှိကြောင်း၊ လိုင်စင် ထုတ်ပေးမှုစနစ်မှာလည်း  Automatic Licensing, Non-Automatic Licensing  စနစ် များသတ်မှတ်၍ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန် ရုံးခွဲနှင့် နယ်စခန်းအားလုံးတို့တွင် Automatic လိုင်စင်များအား နေ့ချင်းပြီး ထုတ်ပေးနေကြောင်း၊ Non-Automatic  လိုင်စင်များအား ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများညှိနှိုင်းမှု အဖွဲ့အစည်းအဝေးသို့ တင်ပြ၍ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်ရုံးခွဲနှင့် နယ်စခန်း အားလုံးတို့တွင် ၂၄ နာရီအတွင်း ထုတ်ပေးနေကြောင်း၊ ကုန်သွယ်မှု လမ်းကြောင်းများနှင့် တရားမဝင်ကုန်ပစ္စည်း များ သယ်ဆောင်ရာ လမ်းတစ်လျှောက်တွင် တရားမဝင်ကုန်သွယ်မှုများကို လှုပ်ရှားရှာဖွေ တားဆီးရေးအဖွဲ့ (Mobile Team) ဖြင့် စစ်ဆေးရှာဖွေထိန်းချုပ်ခြင်း များဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု ပမာဏတိုးတက် ရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းသစ်များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မောတောင်ဒေသ၊ ထီးခီးဒေသ၊ မယ်စဲ့ဒေသ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုအခြေအနေနှင့် ဆောင်ရွက်ထားရှိချက်များ၊ ရှင်းလင်း ပြောကြားပါသည်။ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်း၊ ဒုတိယဥက္ကဌဦးဝေဖြိုး မှ မြန်မာနိုင်ငံ၏စိုက်ပျိုးရေး ကဏ္ဍသည် အကြီးမားဆုံး စီးပွားရေးကဏ္ဍဖြစ်ပြီး၊ စားသောက်ကုန် လုပ်ငန်းများသည် စုစုပေါင်း စက်မှုလုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းရှိ ကြောင်း၊ စက်မှုလုပ်ငန်းများ ၄၃၀၀၀ ကျော်ရှိကြောင်း၊ စက်မှုကဏ္ဍ ပါဝင်မှု နှုန်းထားမှာ ကြီး၊ လတ်၊ ငယ် ၃ မျိုးရှိကြောင်း၊ စိုက်ပျိုးရေးကို အခြေခံ၍ ပြည်တွင်းမှာ စက်မှုနိုင်ငံထူထောင်ရေးသည် အလွန် အရေးကြီးသောကဏ္ဍကြီးဖြစ်ကြောင်း၊ ကြုံတွေ့လျက်ရှိသောအခက် အခဲများမှာ ကုန်အမှတ်တံဆိပ်နှင့် တင်ပို့နိုင်သည်မှာ အလွန် နည်းပါး ပါကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြုပြင်ရန် လိုအပ်သည် များ ရှိနေပါကြောင်း၊ နယ်စပ်မှ တရားမဝင် တင်သွင်းလာခြင်းသည် အ ကြီးမားဆုံး အဟန့်အတားဖြစ်ပါကြောင်း၊ စားသောက်ကုန်ကဏ္ဍ မတိုးတက်ကြောင်း၊ အချို့ကုန်ကြမ်းသည် ကုန်ချောထက် အကောက် ခွန်များနေခြင်းသည် ယနေ့ထိရှိနေသဖြင့် ဈေးကွက်ချဲ့ထွင် ရောင်း ချရာမှာ အခက်အခဲရှိကြောင်း၊ ဈေးကွက်ရှာဖွေဖို့ အားနည်းသည့် အတွက် တဖြည်းဖြည်းစက်မှုလုပ်ငန်းများ ပပျောက် မှေးမှိန်သွားမည် ဖြစ်ကြောင်း၊ အစားအသောက်ဆိုင်ရာ ဥပဒေ၊ အသေးစား၊ အလတ် စား လုပ်ငန်းများဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေများ ထုတ်ပြန်ရန်လိုအပ်ကြောင်း၊National Agricultural Reserch  Institute ဖွင့်လှစ်ရန် အကြံပြုလိုကြောင်း၊ အသေးစိတ် ရှင်းလင်းတင်ပြပါသည်။ မြန်မာနိုင်ငံလယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO))မှဦးခင်စိုး က(MAPCO) သည် အစိုးရသစ် လက်ထက် တွင် ပထမဦးဆုံးလုပ်ငန်း စတင်လုပ်ဆောင်ခွင့်ရရှိသော အများပိုင် ကုမ္ပဏီကြီးတစ် ခုဖြစ်ကြောင်း၊ အစုရှယ်ယာရှင်များအား အကျိုးအ မြတ် အထိရောက်ဆုံးခွဲဝေပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ အများ ပိုင် ကုမ္ပဏီကြီးများ၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွဲ့စည်း တည်ထောင်ထားခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းတည်ထောင်ပြီးစီးမှု၊ အစု ရှယ်ယာများစတင်ရောင်းချခြင်း၊ တင်ဒါခေါ်ယူခြင်း စတဲ့လုပ်ဆောင် ချက်များအား အများပြည်သူကို သတင်းစာများမှ တစ်ဆင့်ဖြစ်စေ၊ Media များမှဖြစ်စေ အသိပေးကြေ ညာခြင်းများပြုလုပ်ပြီး  Transparency Policy ကို အပြည့်အဝကျင့် သုံး ဆောင်ရွက်ေ နကြောင်း ပြောကြားသွားပါသည်။ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း ဥက္ကဌ ဦးထွန်းလွင်မှ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုး တိုးတက်ရေးအများပိုင်လီမိတက်ဖွဲ့စည်းရေးဆောင်ရွက်မှုများ အများ ပြည်သူများ ပါဝင်ဖွဲ့စည်း မည့် အများပိုင်ကုမ္ပဏီတည်ထောင်ရန် လိုအပ်နေခြင်း အများပိုင်လီမိတက်၏ ရှေ့ဆက်မည့် လုပ်ငန်း အခြေ အနေများ၊ သုံးသပ်တင်ပြခြင်း နိုင်ငံတကာအဆင့်မီ Myanmar Trade and Commodity Centre ၏ လိုအပ်ချက်များ စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ ရရှိမည့် အကျိုးကျေးဇူး ကြီးထွားလာ မည့် ဈေးကွက်များတွင် ကုန်စည်ဒိုင်များ၏ ဖွံ့ဖြိုးခြင်း သက်ရောက်မှု ဘဏ္ဍာရေးစည်းမျဉ်းနှင့် စီးပွားရေးဦးတည်ချက်များ ကုန်တံဆိပ်ခတ် ခြင်း/ ကုန်စည်ဒိုင်နေရာယူခြင်း ကုန်စည်ဒိုင်အသစ် ဖွဲ့စည်း တည် ထောင်ရာတွင် လုပ်ငန်းစဉ် စီးဆင်းမှုစသည်တို့ကို အသေးစိတ် ရှင်း လင်း ဆွေးနွေးပါသည်။ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ အထွေ ထွေမန်နေဂျာဦးမြင့်စိုးမှ လက်ကားကုန်စည်ဒိုင်များနှင့် အထူးပြု ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်း ဖတ်ကြားရာတွင် ကုန်သွယ်မှု မဟာဗျူဟာ၊ အဓိကမြို့ကြီးများတွင် လက်ကားကုန်စည်ဒိုင်များ ဖြစ်ပေါ်ထွန်းကားစေရန် အချက်များ၊ ကုန်စည်ဒိုင်၏ အင်္ဂါရပ်များ၊ ကုန်စည်ဒိုင်တွင် လိုက်နာရမည့် မှန်(၄)မှန်အချက်များအား ရှင်းလင်း ဆွေးနွေးကာဖွင့်လှစ်ပြီးကုန်စည်ဒိုင်များမှာ (၄၂)ခုရှိကြောင်း၊ ခေတ်နှင့် အညီနိုင်ငံတကာ စံနှုန်းမီသည့် ဖွံ့ဖြိုးတိုးတက်သော လက်ကားကုန် စည်ဒိုင်များ ဖွံ့ဖြိုး တိုးဖြစ်ထွန်းရေး စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပခဲ့ သည့်နေ့ရက်၊နေရာနှင့် ဆုံးဖြတ်ချက်များ၊ ထပ်မံဖွင့်လှစ်ရန် လျာထား သည့် ကုန်စည်ဒိုင်များနှင့် ကုန်စည်ဒိုင်အလိုက်၊ ဘဏ္ဍာနှစ်အလိုက် ရောင်းဝယ်မှုတန်ဖိုးနှင့် တန်ချိန်တို့ကို ရှင်းလင်းပြသခြင်း၊ ကုန်စည်ဒိုင် များတွင်    FAO ဥရောပကော်မရှင်အဖွဲ့ စားနပ်ရိက္ခာလုံခြုံမှု အစီ အစဉ် ထောက်ပံ့မှုဖြင့် စိုက်ပျိုးထုတ်လုပ် သူ တောင်သူများနှင့် စိုက်ပျိုး ရေး ထွက်ကုန် ရောင်းဝယ်သူများအနေဖြင့် မြန်မာ့ဈေးနှုန်း သတင်း အလိုအလျောက် ဖြေကြားချက်စနစ် (APIS) များတပ်ဆင်ထားမှုအ ခြေအနေများ၊ ကုန်စည်ဒိုင်ကြောင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများ၊ တိုးချဲ့ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များတွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဆင်းရဲမှုလျှော့ချရေး တစ်ပြိုင်တည်းဆောင်ရွက် နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသောမြို့နယ်များ တွင် လက်ကားကုန်စည်ဒိုင်များ Commodity Exchange Center  ၏ အခြေခံဖြစ်သော ကုန်စည်ဒိုင်များ တိုးချဲ့ဖွင့်လှစ်ရန်လိုအပ် ချက်များ ဆွေးနွေးပါသည်။ ဆက်လက်၍ သီးနှံအထူးပြု ကုမ္ပဏီများ ဖွဲ့စည်းဆောင်ရွက်မှုမှာ ၂၀၀၉ ခုနှစ်မှ ယနေ့အချိန်ထိဆန်စပါးအထူး ပြုကုမ္ပဏီ (၆၁)ခုနှင့်ပဲမျိုးစုံအထူးပြုကုမ္ပဏီ (၂၂)ခု စိုက်ပျိုးရေး အထူးပြုကုမ္ပဏီတစ်ခု စုစုပေါင်း အထူးပြုကုမ္ပဏီ ၈၄ ခု ဖွဲ့စည်းထား မှုကို လည်းကောင်း၊ အထူးပြုကုမ္ပဏီများ ပံ့ပိုးမှုနှင့် ပြန်လည်ရရှိမှု အခြေအနေ ဘဏ္ဍာနှစ်အလိုက် သီးနှံစုံအထူးပြုကုမ္ပဏီများဖွဲ့စည်းမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံ ကြံနှင့် ကြံထွက်ပစ္စည်းအသင်း ဒုတိယ ဥက္ကဌ ဦးစံသိန်းမှ သကြားလုပ်ငန်းသည် အကျိုးရှိကြောင်း၊ ကုမ္ပဏီများ အနေဖြင့် ခေတ်မီဆန်စက်များကဲ့သို့ သကြားစက် ကိုလည်းခေတ်မီ စက်များ တည်ဆောက်စေ လိုကြောင်း၊ လယ်ဆည်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတိ့ုက ၂၀၁၀-၂၀၁၁ တွင် ထုတ်လုပ်ပြီး နောက်ပိုင်း ပုဂ္ဂလိကကိုငှားရမ်းပါကြောင်း၊ အသေးစားနှင့် အလတ်စား စက်များ သာ ထုတ်ပါကြောင်း၊ (၁၀)နှစ်တာ ကာလ အကျဖက်ရောက်နေ၍ စိုးရိမ်စရာရှိကြောင်း၊ ၁၉၈၆-၁၉၈၇ မှစ၍ ၂၀၀၅-၂၀၀၆ ထိ ကြီးပွား လာပြီး မန္တလေး အခြေစိုက် ၁၄၈ စက် လည်ပတ်နိုင်ခဲ့ကြောင်း၊ ၂၀၀၆-၂၀၁၀ တွင် ၆၂ စက်သာ ကျန်ရှိသည့်အနက်စက် ၄၀ သာ လည်ပတ်နိုင်ကြောင်း၊ ယှဉ်ပြိုင်မှုများလာပြီး ၂၀၀၁-၂၀၀၂ ထိ အ တက်ရှိခဲ့ရာမှ နောက်ပိုင်း ကျဆင်းလာကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများ မြန်မာ့သကြား လောကသို့ ဝင်လာသည့်အခါ ကြံဈေးကို ထိုက်ထိုက် တန်တန်ပေးလာခဲ့ပြီး နိုင်ငံပိုင်ထက် တုံ့ပြန်မှု များလာကြောင်း၊ သကြားလုပ်ငန်း ပြန်လည် တည့်မတ်အောင် လုပ်နိုင်ခဲ့ကြောင်း၊ တစ် ပိဿာ ၁၆၀၀ ကျပ်ထိ မကြုံစဖူးရှိခဲ့ကြောင်း၊ မိမိစက်ကို ခေတ်မီ အောင် မည်သည့်အတွက် မတိုးချဲ့နိုင်ခြင်းအပေါ် အဖြေထုတ်ရာ တွင် စက်များ၏ အဆင့်မမီ၍ဖြစ်ကြောင်း၊ တောင်သူ အနေဖြင့် စိုက် ဧကကျဆင်းလာကြောင်း၊ စက်စွမ်းအားပြည့် မလည်နိုင်သည့် အတွက် ဆုံးရှုံးမှုများခဲ့ကြောင်း၊ ကြံစိုက်ဧက အကန့်အသတ်ရှိပြီး သယ်ယူစရိတ်မြင့်မားနေခြင်း ကုန်ထုတ်လမ်းကြောင်း မကောင်းခြင်း တို့ကြောင့်  Servicing လုပ်ရန်လိုအပ်ပါကြောင်း၊ စွမ်းဆောင်ရည် ကွာသွားသည့်အတွက် အခြားနိုင်ငံများနှင့် မည်သို့အမီလိုက်မည်ကို စဉ်းစားသင့်ပါကြောင်း၊ ၂၀၁၅ ခုနှစ်ထိ ပြောင်းလဲမှုမရှိလျှင် သကြား လုပ်ငန်းပျောက်သွားနိုင်သည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ADB ချေးငွေရရှိရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အစိုးရအဖွဲ့ တစ်ခုတည်းနှင့် မလုံလောက်သဖြင့် အသင်းအဖွဲ့များပါ ကူညီ ဆောင် ရွက်ပေးစေလိုပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှလည်း တာဝန် သိသိဖြင့် အခွန်များပေးစေလိုကြောင်း၊ စက်ရုံအရွယ်အစားသည် တစ်ရက်တန် (၁) သောင်းကျော်ကြိတ်ဝါးနိုင်သည့် စက်ဖြစ်ရန် လိုခြင်း၊ စက်ရုံပတ်လည် ဧက(၆)သောင်းကျော် ရှိရန်လိုခြင်း၊ Structure / Organization ရှိဖို့လိုခြင်း၊ လွတ်လွတ်လပ်လပ် နှစ်ရှည် စိုက်နိုင်ရန်ကုန်ထုတ်လမ်းကောင်းဖို့လိုခြင်း၊ ယှဉ်ပြိုင်စွမ်းရည်ကောင်း ရန် Raw Sugar? Refine Sugar  စက်များ တည်ဆောက်ရန် လို အပ်ခြင်းတို့ကြောင် နိုင်ငံတော် အစိုးရဖက်မှ တာဝန်ယူ ဆောင်ရွက် ပေးစေလိုကြောင်း တင်ပြဆွေးနွေးပါသည်။ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအလုပ်အ မှုဆောင် ဒေါက်တာ ကျော်ငြိမ်း အေး မှ စာတမ်းဖတ်ကြားရာတွင် စိုက်ပျိုးရေး အခြေခံ စားသောက် ကုန် လုပ်ငန်းကို ထောက်ပံ့ပေးရန်၊ ဈေးကွက်ရှာဖွေမှုဦးစားပေးရန်၊ စွန့်ဦးတီထွင်သူများကို အားပေးရန်၊ နည်းပညာတိုးတက်အောင် လုပ်ကိုင်ရန်၊ အခြေခံ စားသောက်ကုန်ထုတ်လုပ်သည့် သုတေသန လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံကြရန်၊ အသိပညာ၊နည်းပညာများကို ပြန့် နှံ့အောင်ဆောင်ရွက်ရန် ၊ မိရိုးဖလာစားသောက်ကုန် လုပ်ငန်းများ ကိုလည်း တိုးတက်အောင်ဆောင်ရွက်ရန်၊ သွင်းကုန်အနေဖြင့် စား သောက် ကုန်ပစ္စည်းများအား မြန်မာဘာသာဖြင့် ရေးသားရန်နှင့် ထုတ်လုပ်သည့် ကုမ္ပဏီလိပ်စာပါရှိရန်လို အပ်ကြောင်းနှင့် မြန်မာ နိုင်ငံတွင် University of Food and Technology  ဖွင့်သင့်ပါ ကြောင်း အသေးစိတ် ဆွေးနွေးတင်ပြပါသည်။ Rubber Compounding Technology and Myanmar Rubber Industry  မှ ဒေါ်ဝင်းသန်း က စာတမ်းဖတ်ကြားရာတွင် ရော်ဘာသည် ဒုတိယအများဆုံး ပြည်ပတင်ပို့သည့် ပစ္စည်း ဖြစ်ပါ ကြောင်း၊ Rubber Compound များကျယ်ကျယ်ပြန့်ပြန့် ထုတ် လုပ်မည်ဆိုပါက Compound နည်းပညာလို ပါကြောင်း၊ ရော်ဘာ နှင့်ဖြည့်စွက်စာများ စုရောပြီး၊ ကြိတ်ထားသည်ကို Rubber Compound  ဟု ခေါ်ပါကြောင်း၊အလေးချိန်၊ ကြေညက်အောင်လုပ် ခြင်း၊ ရောနှောခြင်း၊ အဆင့်ဆင့်ဆောင် ရွက်ခြင်း၊ ရော်ဘာကို ဆာလ်ဖာ နှင့်ရောပြီး ကျုံ့အောင်ပြုလုပ်ခြင်း အဆင့်ဆင့်နည်း များဖြင့် ရော်ဘာ ကို ပြုပြင်ရပါကြောင်း၊ ရော်ဘာသည် အပူဒဏ်၊ ဆီဒဏ်၊ ပွတ်တိုက် ဒဏ်၊ ပွလာသည့်ဒဏ်များကို ခံနိုင်ရည်ရှိသဖြင့် အိမ်ဆောက် ပစ္စည်း များ စက်မှုလုပ်ငန်းများလုပ်ရာတွင် အသုံးဝင်ပါကြောင်း၊ အဓိကမှာ ၂ မျိုးရှိပါကြောင်း၊ ရော်ဘာစေးနှင့် အခြောက်လှန်း ရော်ဘာဖြစ် ကြောင်း၊ လိုချင်သည့် သိပ်သည်းဆကို တွက်ယူပြီး ဈေးနှုန်းခန့်မှန်း ကြည့်၍ရကြောင်း၊  Compound တစ်ခုကို ထုတ်လုပ်လျှင် flow ကအရေးကြီးကြောင်း၊ အပူချိန်ဘယ်လောက်မှာ ပေါင်းရသလဲ၊ ဖိနှိပ် အား ဘယ်လောက်ခံနိုင်မလဲ၊ စက်ပစ္စည်းက နိုင်ငံတကာက သတ် မှတ်ပြီး Specification ကလည်း နိုင်ငံတစ်နိုင်ငံက သတ်မှတ်တဲ့ ပစ္စည်းတွေ ဖြစ်ရမည် ဖြစ်ကြောင်း၊  ရော်ဘာ၏ အရည်အသွေးကို ဘယ်လိုမြှင့်တင်မလဲ၊ ဓာတ်ခွဲခန်းရှိမှသာ ရော်ဘာ ထုတ်လုပ်ရန် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ Rubber Compound  ဆိုတာ ဘာလဲ၊ Rubber Compound ကိုဘယ်လိုပြင်ဆင်မလဲ၊ ရော်ဘာ ရွေးချယ်ပုံ ရွေးချယ်နည်း၊ Rubber Compound  ိကို စစ်ဆေးခြင်း၊ ရော်ဘာ၏ အရည်အသွေးကို ဘယ်လိုမြှင့်တင်မလဲစသည့် ခေါင်းစဉ် များဖြင့် ပါဝါပွိုင့်ဖြင့် အသေးစိတ် ရှင်းလင်း ပြောကြားပါသည်။ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးသန်းမြင့် မှ ပြောကြားရာတွင် ရန်ကုန်မြို့သည် စီးပွားရေး အချက်အချာကျပြီး၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအား ဖြင့် ကုန်စည်ဒိုင် (၃)ခုရှိပြီး၊ ဆန်စပါးကုန်စည်ဒိုင်မှာ ဝါးတန်းလမ်း တွင်ဖွင့်လှစ်ထားကြောင်း၊ ပစ္စည်းမှန်ဈေးနှုန်း မှန် ငွေပေးချေရမှာလည်း မှန်ကန်ရန် ကြပ်မတ်ဆောင်ရွက်နေကြောင်း၊ ကုန်ဈေးနှုန်းကိုလည်း အမြဲမပြတ်ကြေညာလျက်ရှိကြောင်း ပြောကြားပါသည်။ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ဘုရင့်နောင်လမ်းမကြီးပေါ် တွင် ဖွင့်လှစ်ထားပြီး အလုပ်အမှုဆောင် (၄၇) ဦးဖြင့်  RUMFCCI မှ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း ပြည်တွင်းမှ Exporter  ရောင်းဝယ်ပြီး ၁၃း၀၀ နာရီ နောက်ပိုင်းတွင် ပြည်ပနှင့် ချိတ်ဆက်ရောင်းဝယ်လျက်ရှိကြောင်း၊ အလိုအလျောက် ဖြေကြားစက် (APIS)ဖြင့် ဆောင်ရွက်နေကြောင်း၊ သီရိမင်္ဂလာဈေးမှာ ဘုရင့်နောင်လမ်းမပေါ်တွင်ရှိပြီး ဆက်စပ်မြို့ နယ်များမှ ပစ္စည်းများတင်ပို့ရောင်းချ လျက်ရှိကြောင်း၊ မကြာမီရန်ကုန် တွင် ကုန်စည်ဒိုင်များ တိုးချဲ့ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ သုံးခွမြို့နယ် တွင် ပဲမျိုးစုံကုန်စည်ဒိုင်နှင့် ခရမ်းမြို့နယ်တွင် ဖရဲကုန်စည်ဒိုင်များကို ၂၀၁၄-၂၀၁၅ ဖွင့်ရန်လျာထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာ ဆန်ဖူလုံမှု မရှိသဖြင့် ယခင်က စပါး အထူးပြု ကုမ္ပဏီများ မဖွင့်ခဲ့ ကြောင်း၊ ပဲအထူးပြုကုမ္ပဏီများဖွင့်လှစ်ခဲ့ပြီး ၎င်းတို့မှာ ရာစုနှစ်ရွှေမြေ (ခရမ်း)၊ မှော်ဝန်းသုံးခွ ပဲမျိုးစုံရောင်းဝယ်ေ ရးနှင့် ရွှေကျောက်တန်း ပဲမျိုးစုံ ရောင်းဝယ်ရေးတို့ဖြစ်ကြောင်း၊ တိုင်းဒေသကြီးမှ ခွင့်ပြုပြီး ကျောက်တန်းတွင် ဖွင့်လှစ်ရန်လျာထားကြောင်း ပဲမျိုးစုံပြည်ပ တင်ပို့ သည့်အခါ ပဲခွဲစက် (၂၁) လုံး တပ်ဆင် ဆောင်ရွက် လျက်ရှိကြောင်း၊ ရန်ကုန်တွင် မြန်မာစက်သုံးဆီ တင်ပို့ရောင်းချရေးအဖွဲ့ရှိသော်လည်း စက်သုံးဆီများမှာ တရားမဝင် လမ်းကြောင်းမှ ဝင်နေသည့်အတွက် တိုင်းဒေသကြီးအနေနှင့် ကြပ်ကြပ် မတ်မတ် ဆောင်ရွက်လျက်ရှိ ကြောင်း၊ စီးပွားရေးသမား အချင်းချင်း နောက်ကနေ ကြိုးကိုင်ကာ ငွေကြေး အရင်းအနှီး ထုတ်ပေးပြီး ဆောင်ရွက်နေကြောင်း လုပ်ငန်း ရှင်များ အနေနှင့်လည်း သစ္စာဖောက်လုပ်ငန်း လုပ်တာတွေ့ရင် အသိ ပေးအကြောင်းကြားရန်နှင့် ချက်ခြင်းအရေးယူမည်ဖြစ်ကြောင်း၊ သက် ဆိုင်ရာ  Buyer များနှင့် ပူးပေါင်းပြီး မိမိတို့အစိုးရက ပံ့ပိုးဆောင်ရွက် ရမည့်အပိုင်းများကို စီးပွားရေး အသိပညာရှင် အတတ်ပညာရှင်များ ဖိတ်ခေါ်၍ work shop  များ ပြုလုပ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးမည်ဖြစ်ကြောင်း ပညာရှင်များ ယူဆချက်၊ တွေ့ရှိချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြား သွားသည်။ ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးလှခိုင်မှ ပြောကြားရာ တွင် နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လယ်ယာစိုက် ပျိုးရေးကို အခြေခံရမှာဖြစ်ကြောင်း၊ အဓိက လယ်ယာစိုက်ပျိုးရေး ကဏ္ဍတိုးတက်မှ နိုင်ငံစီးပွားရေးတိုးတက်မှာဖြစ်ကြောင်း၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက ဆောင်ရွက်ရမည့် သူမှာ လယ်သ မားဖြစ်ကြောင်း၊ တောင်သူများ သည် ပြုပြင်ပြောင်းလဲမှု အင်မတန် အားနည်းကြောင်း၊ အသိပညာ၊ ဗဟုသုတနည်း၍ဖြစ် ကြောင်း၊ ရေမြေ သဘာဝနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ရန်လိုကြောင်း၊ တောင်သူ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးပြုကုမ္ပဏီများကို နည်းပညာပံ့ပိုးပေးပြီး အခြေခံ တောင်သူများ ထံရောက် အောင်ပေးသင့်ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး (၂၆) မြို့နယ်မှာ ထွန်စက်ကိရိယာ သိန်း(၉၀) ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ ငွေ၊ သွင်းအားစု၊ နည်းပညာများ ပေးနေသော်လည်း ထင်သာမြင်သာ ရှိရန်လိုကြောင်း၊ လယ်ယာကဏ္ဍကို အခြေခံပြီး ဖွံ့ဖြိုးအောင်လုပ် မည်ဆိုရင် အောက်ခြေမှာ တောင်သူပါအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ တောင်သူများအနေနှင့် စပါးပေါ်ချိန်မှာ မျှတတဲ့ဈေးဖြစ်အောင်ရောင်းချပေးရန်၊ ဓာတ်မြေသြဇာ သင့်တင့်တဲ့ ဈေးနှုန်းဖြင့် ရောင်းပေးရန် မျိုးကောင်းမျိုးသန့်နည်းပညာများ တောင် သူများရရန်လိုကြောင်း၊ ဓာတ်မြေသြဇာ၊ စက်ကိရိယာတွေ သင့် တော်တဲ့ဈေးနှုန်းနှင့် ပံ့ပိုးပေးရန်လိုကြောင်း၊ စပါးဈေးမကျဆင်းစေ ရန် ယခင်နှစ်က နမူနာယူပြီး၊ အခြေခံဈေးနှင့် တည်ငြိမ်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လယ်သမားတွေ စပါးပြန်စိုက်ရ၍ ဆုံးရှုံး ကြောင်း၊ ချေးငွေများ အချိန်တန်ပြန်ဆပ်ရမည့် လယ်သမားများဘ၀ ကယ်တင်ရန် ယခုနှစ်သည် အလွန်အရေးကြီးကြောင်းနှင့် လယ် သမားများ ရပ်တည်နိုင်ရန် ၎င်းတို့၏ ကိုယ်စား ပြောကြားသွားပါ သည်။ မန္တလေးတိုင်းဒေသကြီး  စီမံကိန်းနှင့်  စီးပွားရေးဝန်ကြီး ဦးအောင်ဇံမှ ပြောကြားရာတွင် ကုန်သွယ်မှုပိုင်းမှာ ပုံမှန်ကုန်သွယ် ရေးနှင့် နယ်စပ်ကုန်သွယ်ရေး နှစ်မျိုးရှိကြောင်း၊ ကုန်ကြမ်းမှ ကုန်ချော အဖြစ် တင်ပို့နိုင်ရန် အားပေးရမည်ဖြစ်ကြောင်း၊ တရာမဝင်လမ်း ကြောင်းမှ ကုန်ပစ္စည်းဝင်ရောက်မှုများ အဆိပ်အတောက်ဖြစ်နေတာ ကာကွယ်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးများတွင် ပို့ကုန်သွင်း ကုန်လိုင်စင်မပေးနိုင်၍ပေးနိုင် လျှင် ကောင်းမည်ဖြစ်ကြောင်း၊ သယ်ယူ ပို့ဆောင်ရေး အခက်အခဲများ ဖြေရှင်းရန်လိုကြောင်း၊ ပြည်ပပို့ကုန် များ အခွန်အခ လျော့ပေးရန် ကုန်စည်ဒိုင်များတွင် Export  လုပ်ငန်း ကို တိုက်ရိုက်လုပ်နိုင်အောင် ဆောင်ရွက်ေ ပးရန်ဖြစ်ကြောင်း ပြော ကြားသွားပါသည်။ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးကျော်မြင့်မှ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အချက်အလက်များ ဆွေးနွေးလိုပါ ကြောင်း၊ပဲခူးတိုင်းဒေသကြီး (အရှေ့)တွင် ဆန်ကိုအဓိက ထားစိုက်ပျိုး ကြောင်း၊ ပဲခူး(အနောက်)တွင် ဆန်၊ သစ်သီးဝလံနှင့် ခြံထွက်ပစ္စည်း များ စိုက်ပျိုးကြောင်း၊ ဆန်အထူးပြုကုမ္ပဏီများရှိကြောင်း၊ ဆန်ဈေး ကောင်းရရန် မျိုးကောင်းမျိုးသန့်စပါးရဖို့ မျိုးတစ်ခုတည်း စိုက်ပျိုးလျှင် ဈေးကွက်ရစပါးများ ဖြစ်လာနိုင်ကြောင်း၊ ဒေသအစိုးရနှင့် အထူးပြု ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်လျှင်ကောင်းကြောင်း၊ ဆန်စပါး အပြင် Export  လုပ်နိုင်သော သီးနှံများစွာ ထွက်ကြောင်း၊ ကြောင် လျာ၊ ပီလောပီနံများ ဈေးကွက်မကိုက်၍ ပျက်စီးခဲ့တာရှိကြောင်း၊ တောင်သူတွေ စိုက်ချင်အောင်   Intensive လုပ်ရမည်ဖြစ်ကြောင်း၊ ဆီးတော်သီးကို Value-added လုပ်ရင် ဈေးပိုရကြောင်း၊ ရန်ကုန် သို့နေ့စဉ်ပို့သော ဈေးကွက်မှာ ဖြစ်သလိုရောင်းရ၍ တွက်ခြေမကိုက် ကြောင်း သီးနှံအထွ က်နှုန်း လျော့ကျလာကြောင်း၊ ကုန်စည်ဒိုင်ဖွံ့ဖြိုး ရေးနှင့် ဈေးကွက်ရရန် အသင်းများ မှ ဆောင်ရွက်ေ ပး စေလိုကြောင်း ပြောကြားပါသည်။ ထို့နောက် ဆွေးနွေး တင်ပြချက်များမှ ရရှိလာသည့် ဖော်ထုတ် ချက်များကို အတည်ပြု မှတ်တမ်းတင်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြားကာ ညနေ (၁၈း၃၀)နာရီ တွင် အလုပ်ရုံဆွေးနွေးပွဲပြီးစီးကြောင်းသတင်းရရှိပါသည်။ MAPT