Main menu

Background

မြန်မာ့လယ်ယာကဏ္ဍမူဝါဒ အလှည့်အပြောင်းနှင့် လိုက်လျောညီထွေရှိမည့် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ကျင့်သုံးဆောင်ရွက်ရေး

Wed, 11/07/2012 - 05:53 -- Anonymous (not verified)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်သည် လျင်မြန်စွာတိုးတက်ပြောင်းလဲနေသည်ဟု နိုင်ငံတကာက အသိအမှတ်ပြု ပြောကြားနေသကဲ့သို့ ပြုပြင်ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံများမှ အမှားသင်ခန်းစာမျိုး မဖြစ်ရလေအောင် ဦးစားပေးရွေးချယ်မှုများ မှန်ကန်ရန်လိုေ ကြာင်း ပြောဆိုအကြံပြုမှုများလည်း ရှိကြသည်။

 
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်အောင်မြင်နေသ ကဲ့သို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို သိသာစွာ တိုးတက်ပြောင်း လဲရန်ဆောင်ရွက်ရာ၌ နိုင်ငံရေးကဲ့သို့ လူအချင်းချင်း ညှိနှိုင်းမှုမျိုးကဲ့ သို့ မဟုတ်ဘဲ ငွေကြေးအရင်း အနှီး၊ နည်းပညာ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ ရင်းနှီးမြှုပ်နှံ အချိန်ယူလုပ်ဆောင်ရန် လိုအပ် သည်။ စီးပွားရေးပိတ်ဆို့မှုကာလ အချိန်ကြာမြင့်ခဲ့မှုနှင့်အတူ အခြား နိုင်ငံထက် စီးပွားရေးနောက်ကျနေသည့်အတွက် အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန် စီးပွားရေးလုပ်ငန်းကဏ္ဍ များစွာကို တစ်ချိန် တည်း တစ်ပြိုင်တည်း ဖြန့်ကြက်ရင်းနှီး အချိန်ယူ လုပ်ဆောင်ခြင်း ထက် အချိန်တိုအတွင်းအောင်မြင်မှု (Quick Win)ရမည့် ဦးစားပေး လုပ်ငန်းနယ်ပယ်ကို မှန်ကန်စွာရွေးချယ်ရန် လိုအပ်ကြောင်း နိုင်ငံ တကာက အကြံပြုကြသည်။ အချိန်တိုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်နိုင်ပြီး တစ်ဦး ချင်းဝင်ငွေ တိုးတက်နိုင်မည့် လုပ်ငန်းကဏ္ဍများအနက် လယ်ယာစိုက် ပျိုးရေးကဏ္ဍသည် ထိပ်ဆုံးမှပါဝင်သည်။ စက်ရုံအလုပ်ရုံဖြင့် ထုတ် လုပ်ရသည့် အခြားစီးပွားရေးလုပ်ငန်းများမှာ အနည်းဆုံး နှစ်နှစ် သုံးနှစ် အချိန်ယူပြီး ဆောင်ရွက်ရသော်လည်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ လယ်ယာမြေတစ်ဧကအား ငွေကြေးအရင်းအနှီး၊ မျိုး၊ ဓာတ်မြေသြဇာ စသည့် သွင်းအားစုတို့ဖြင့် တစ်ရာသီ အချိန်ယူ ပြုပြင်ပြောင်းလဲရုံဖြင့် အထွက်တိုးပြီး ဝင်ငွေတိုးနိုင်သည်။ နိုင်ငံ့စီးပွား ရေးနှင့် ပြည်သူတို့၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးသည် နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသော လယ်ယာလုပ်သားစွမ်းအားစု အရင်း အမြစ်အတွက် လယ်ယာမြေဧက ၁၉ သန်းကျော်အား မည်မျှရင်းနှီး မြှုပ်နှံ စီမံခန့်ခွဲလုပ်ဆောင်နိုင်မည်ဆိုသည့် အချက်အပေါ်၌ မူတည် သည်။ အထူးစီးပွားရေးဇုန်တစ်ခု၊ စက်မှုဇုန်တစ်ခု ထူထောင်ခြင်းဖြင့် ရရှိလာမည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိ ရေးတို့ထက် ပြည်သူများ၏ လူမှုစီးပွားရေးဘ၀ တိုးတက်ရေး၊ ကျေး လက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို ပိုမိုကျယ်ပြန့်စွာ ဖြစ်ထွန်းတိုးတက်စေသည်။ထို့ကြောင့် အစိုးရက စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက် တိုး တက်အောင်အားပေးနေသည်။ ထို့ထက်ပို၍ ဆိုရသော် တိုင်းပြည် စီးပွားရေး အမြန်တိုးတက်စေနိုင်သည့် မောင်းနှင်အားမှာ လူဦးရေ သန်း ၇၀ နီးပါးဖြင့် ကြိုးစားထုတ်လုပ်နေသော လယ်ယာစိုက်ပျိုး ရေးကဏ္ဍကြီးဖြစ်သည့်အတွက် ပိုမိုအားစိုက်၍ ကြိုးစားနေသည်ကို တွေ့ရှိရသည်။ နိုင်ငံတော်အဆင့်က ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို ပြည်တွင်းပြည်ပ စီးပွားရေး ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကျွမ်းကျင် သူများနှင့် ညှိနှိုင်းဆွေးနွေးရေးဆွဲဆောင်ရွက်နေသည်ကို တွေ့မြင် ကြားသိနေရသည်။ နိုင်ငံတော်အဆင့် မူဝါဒချမှတ်မှုအပေါ် လုပ်ငန်း ကဏ္ဍအလိုက် လက်တွေ့အကောင်အထည်ဖော်မည့် မူဝါဒများ ချ မှတ်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက လုပ်ငန်းကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေး ပွဲများ ကျင်းပဆောင်ရွက်နေကြသည်ကို သတင်းစာ၊ ရုပ်မြင်သံကြား တို့တွင် ဖတ်ရှုမြင်တွေ့ရသည်။ဤအချိန်အခါမျိုးတွင် တိုင်းပြည်စီးပွားရေး၌ အဓိကကျသော လယ်ယာ စိုက်ပျိုးရေးကဏ္ဍမူဝါဒချမှတ်မှုနှင့် မဟာဗျူဟာ၊ နည်းဗျူ ဟာလုပ်ငန်းစဉ်များ မှန်ကန်ရေးသည် များစွာအရေးကြီးသည်။
မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ မူဝါဒပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသွားခဲ့သော ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၌ လယ်ယာကဏ္ဍနှင့်စပ်လျဉ်း၍ မူဝါဒ (၁၂)ရပ်၊ ရည်မှန်းချက်(၉)ရပ်၊ လုပ်ငန်းစဉ် (၉)ရပ် ရေးဆွဲတင်ပြ ထားသည်ကို ဖတ်ရှုရသည်။မကြာမီက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တွင် ကျင်းပခဲ့သော လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား အဆင့် အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒ (Policy) သည် အရေး ကြီးကြောင်း ထောက်ပြပြောဆိုသွားပေသည်။ထို့ကြောင့် ပြည်သူလူထုအမြင်ကို ထင်ဟပ်သော လက်တွေ့ ကျမည့် မူဝါဒများကို ချမှတ်သွားမည် ဟု မျှော်လင့်သည်။
ယနေ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အခြေအနေတောင်သူလယ်သမားတစ်ဦးက  "ကျုပ်တို့ကတော့ စပါးနဲ့ ပဲမှ မစိုက်ရရင် တခြားမယ်မယ်ရရ လုပ်စရာလည်း သိပ်မရှိလှ ဘူး။ ရှိတဲ့မျိုးကိုစိုက်၊ ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုး တတ် နိုင်သလောက်သုံးပြီး အထွက်တိုးအောင်၊ ဝင်ငွေတိုးရအောင် ကြိုးစားတာပဲ။ အစိုးရက အားပေးတဲ့ စပါးမျိုးတွေ အထွက် တိုးတယ်ဆိုလို့ စိုက်ချင်ပါတယ်။ စရိတ်ကြီးတော့ ငွေလိုတာပေါ့။ အတိုးသက်သာတဲ့ ချေးငွေမျိုးရချင်ပါတယ်။ အရေးကြီးတာက စိုက်ပြီးထွက်လာရင် ရောင်းရဖို့နဲ့ ဈေးရဖို့ပါပဲ" ဟု ပြောပြသည်။အခြားပုဂ္ဂိုလ်တစ်ဦးကလည်း "ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ဖို့ တောင်သူတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ့်အစီအစဉ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုပါတယ်။ စိုက်ပျိုးတဲ့ စပါးမျိုးကိုလည်း ပြည်တွင်းမှာ စားသုံးသူပြည်သူ ကြိုက်တဲ့ စပါးမျိုးနဲ့ ပြည်ပဈေးကွက်ဝင် စပါးမျိုးကို သေသေ ချာချာ လေ့လာသုံးသပ်ပြီး ရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်။ စိုက် ပျိုးတဲ့ဆန်စပါး ဟာ ပြည်တွင်းမှာ ပြည်သူမစား၊ ပြည်ပမှာလည်း ဈေးကွက်မရရင် တောင်သူစိုက်လာအောင် တွန်းအားပေးဖို့ခက် တယ်" ဟု ဆိုပါသည်။လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော လယ်ယာ ကဏ္ဍနှင့်ဆက်စပ်၍ လုပ်ငန်းလုပ်ကိုင်နေသော လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လုပ် ငန်းရှင်လည်းဖြစ်သူ တစ်ဦးက "ကျွန်တော်တို့ဒေသက  ထွက်တဲ့ လယ်ယာထွက်ကုန်တွေကို ရန်ကုန်နဲ့ ပြည်ပတင်ပို့တဲ့ အဆင့်အထိ အဆင့်ဆင့် သယ်ပို့စရိတ်နဲ့ အခြားစရိတ်ကုန်ကျမှု  စုစုပေါင်း ဟာ လယ်ယာထွက်ကုန် သီးနှံတန်ဖိုး ရဲ့  ၄၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်" ဟု ပြောပြပါသည်။ဆန်စပါးနယ်ပယ်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသူတစ်ဦး ကလည်း "ကျွန်တော်က နိုင်ငံခြားဈေး ကွက်ရအောင် ခေတ်မီတန် ၂၅၀ ကျ ဆန်စက်ကြီးတည်ပြီး လုပ်မယ်စိတ်ကူးတယ်။ ဒါပေမယ့် စပါးမျိုးက မျိုးစုံရောနေတော့ ဈေးကွက်ဝင် စပါးတစ်မျိုးတည်း ရအောင် ဧက တစ်သောင်းလောက်မှာစိုက်တဲ့ တောင်သူလယ် သမားတွေနဲ့ညှိပြီး စပါးတစ်မျိုးတစ်စားတည်း  ဝယ်လို့ရအောင် ပထမနှစ် စမ်းသပ်ကြည့်ရဦးမယ်။ ပြီးမှ စက်တည်ဖို့ လုပ်မယ်" ဟု ဆိုသည်။ပညာရှင်တစ်ဦးက " မြေအသုံးချမှုက စပြောရမှာပဲ။  ဘေး နားနိုင်ငံအချို့ရဲ့ စိုက်ပျိုးရေးအတွက် အသုံးချတဲ့မြေဧရိယာဟာ အချိုး အစားပိုများတယ်။ ကိုယ့်နိုင်ငံမှာ စိုက်နိုင်တဲ့မြေ ကျန်သေး သလား။ မြေသယံဇာတရှိပြီး မြေမဲ့ယာမဲ့ အလုပ်မဲ့တဲ့ တောင်သူ လယ်သမား လုပ်သားစွမ်းအား လူသယံဇာတကို ပေါင်းစပ်အသုံး ပြုမယ့် အစီအမံချဖို့လိုမယ်။Land Reform လုပ်ဖို့  လိုမယ်။ Water Resource Development  ရေသယံဇာတ ထိန်းသိမ်းပြု စု တိုးတက်သုံးစွဲနိုင်ဖို့ အစီအမံ၊ ဆည်ရေသောက်ဧရိယာ တိုးချဲ့ မယ့်အစီအမံ၊ မြစ်ရေတင်၊ မြေအောက်ရေ  တိုးချဲ့သုံးနိုင်မယ့် အလားအလာ လေ့လာသုံးသပ်  စီမံဖို့လိုပါတယ်။ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီး၊ မွန်၊ ကရင်ဒေသတွေမှာ ရေငန်ဝင်ရောက်မှု တွေ ကို လေ့လာပြီး ရေငန်တားပြီး ရေချိုထိန်းမယ့် ဆည်တမံ မျိုးစဉ်းစားလို့ရနိုင်မယ့်နေရာ စဉ်းစားရမှာပါ။ အပေါ်က စီးလာ တဲ့ရေအားလုံး ပင်လယ်ထဲရောက်သွားပြီး လိုတဲ့အချိန် ရေမရမယ့် အဖြစ်တွေဟာ အခုလို ကမ္ဘာ့ရာသီဥတုအပြောင်းအလဲအတွက် စဉ်းစားရမှာပေါ့"ဟု မြေသယံဇာတ၊ ရေသယံဇာတနဲ့ လူသယံ ဇာတတို့အတွက် စီမံခန့်ခွဲမှုအမြင်နဲ့ လယ်ယာကဏ္ဍအတွက် အကြံ ပြုပြောဆိုပါသည်။ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ အငြိမ်းစား ဝန်ထမ်းတစ်ဦး ကတော့ " အိန္ဒိယမှာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ မူဝါဒ ချမှတ်တဲ့အခါမှာ အခြေခံအချက် (Factors) သုံးရပ်အပေါ် မူတည်ပြီး စဉ်းစားတာကို လေ့လာတွေ့ရှိရတယ်။ နည်းပညာ အခြေခံအချက်များ (Technological Factors)၊ စီးပွားရေး အခြေခံအချက်များ (Economic Factors)၊ လုပ်ငန်းနယ်ပယ် အလိုက် အခြေခံအချက်များ (Institutional Factors)တို့ပဲ ဖြစ် ပါတယ်။ နည်းပညာဆိုင်ရာ အခြေခံလိုအပ်ချက်တွေကတော့ မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရေး၊ လယ်ယာသုံး ကိရိယာ ဆိုင်ရာ စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးမှုနဲ့ ရိတ်သိမ်းချိန်လွန် (Post Harvesting)၊ ကုန်ချောထုတ်လုပ်မှုနည်းစနစ်များ ဖွံ့ဖြိုးရေးဖြစ် ပါတယ်။ စီးပွားရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကတော့ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၊ ကူးသန်းရောင်းဝယ်မှုနဲ့ ဈေးနှုန်း၊ အခွန်အကောက်နဲ့ ကုန်သွယ်မှုမူဝါဒတွေကို စိုက်ပျိုးရေးထွက် ကုန်တစ်မယ်ချင်းအပေါ် စဉ်းစားတွက်ချက် လုပ်ဆောင်ပေး မယ့် မူဝါဒပါပဲ။ လုပ်ငန်းနယ်ပယ်အလိုက် အခြေခံလိုအပ်ချက် တွေ ကတော့ မြေအသုံးချမှုနဲ့ မြေယာပြုပြင်ပြောင်းလဲမှု (Land Reform)၊ ကျေးလက်စိုက်ပျိုးရေး ငွေချေးစနစ် (Rural Credit)၊ လယ်ယာဈေးကွက်ဖွံ့ဖြိုးမှု ဆောင်ရွက်ချက် (Market)၊  သီးနှံ အာမခံစနစ်တွေပါပဲ။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံးခြုံ ပြီး အဲဒီအခြေခံအချက်တွေနဲ့စဉ်းစားပြီး  မူဝါဒချမှတ်သလို၊ သီးနှံတမယ်ချင်း မူဝါဒလဲ ချမှတ်ပါတယ်။ ထုတ်လုပ်မှု၊ စားသုံးမှု၊ ပြည်တွင်းရောင်းချမှု၊ ပြည်ပရောင်းချမှု စတဲ့ အခြေအနေတွေ၊ အဓိက ရောင်းလိုအားနဲ့ ဝယ်လိုအား တွက်ချက်ထုတ်လုပ်မှုမျိုး ပေါ့" ဟု ရှင်းပြသည်။
အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနဲ့ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မြန်မာ့စိုက်ပျိုးရေးထွက် ကုန်တွေကို အာဆီယံ လွတ်လပ်သောကုန်သွယ်မှု (AFTA) ကြောင့် မထိခိုက်ရအောင် ကြိုတင်ပြင်ဆင်ဖို့လိုကြောင်း အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ၌ အကြံပြုသွားခဲ့သည်ကိုကြားသိရသည်။ မြန်မာ့ ဆန်စပါးကို အိမ်နီးချင်းနိုင်ငံကြီးသို့ တင်ပို့ရာမှာ မိမိဘက်က တရား ဝင်တင်ပို့သော်လည်း တစ်ဖက်က တရားမဝင်လက်ခံခြင်းကို ညှိနှိုင်း သင့်ကြောင်း အကြံပြုသည်။ကုန်သွယ်ရေးတွင် တာဝန်ထမ်းဆောင်သူ တစ်ဦးအား မေး မြန်းစုံစမ်းကြည့်ရာ "လွန်ခဲ့တဲ့  အစိုးရလက်ထက်က တာဝန်ရှိ သူချင်း နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ပထမပိုင်း မှာ အရည်အသွေးနှင့် အပင်ရောဂါပိုးမွှားကင်းစင်မှု အကြောင်း ပြခဲ့ပြီး နောက်ပိုင်းမှာ တစ်ဖက်နိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုနဲ့ စားသုံးမှုက ပြည်တွင်းဖူလုံမှု ရှိနေတာကြောင့် နယ်စပ်အနီး တစ်ဝိုက်၊ ဆန်ခေါက်ဆွဲနှင့် တိရစ္ဆာန်  အစားအစာအတွက် လောက်သာဝယ်ယူတာ တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံအဆင့် အရောင်းအဝယ် ဆွေးနွေးပေးရေး တောင်းဆိုခဲ့ကြပေမဲ့လည်း မဖြစ်မြောက်ခဲ့ဘူး"ဟု ရှင်းပြသည်။အိမ်နီးချင်း ဈေးကွက်ကြီးနှစ်ခုရဲ့ လယ်ယာစိုက်ပျိုးရေး ထွက် ကုန်စာရင်းဇယားများကိုကြည့်ရာ ၂၀၁၀-၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ ၏ ဆန်ထုတ်လုပ်မှုတန်ချိန် ၁၁၅ ဒသမ ၂ သန်း ရှိပြီး ပြည်ပသို့ တင်ပို့မှု ဆန်တန်ချိန် ၁၅ သန်းနှင့် ပြည်ပမှတင်သွင်းမှု ဆန်တန်ချိန် ၁ သန်းခန့်သာရှိသည်။ ၎င်း၏ အရန်လက်ကျန် ဆန်တန်ချိန် ၅၄ ဒသမ ၉ သန်းရှိနေသည်ကို တွေ့ရသည်။လွန်ခဲ့သည့် သုံးလေးလက ပန်းမန်စိုက်ပျိုးထုတ်လုပ်သည့် အစုအဖွဲ့မှ ပုဂ္ဂိုလ်တစ်ဦးက "တစ်ဖက်နိုင်ငံက ပန်းတွေ ဈေးကွက် ထဲမှာ လှိမ့်ဝင်လာလို့ ပြည်တွင်းပန်းစိုက်ပျိုး ထုတ်လုပ်သူတွေ ထိခိုက်လာပါတယ်" ဟု ပြောပြသည်။ ယခင်ကလည်း လိမ္မော်သီး၊ ပန်းသီးတွေ လှိမ့်ဝင်လာ၍ ပြည်တွင်း လိမ္မော်သီးစိုက်ပျိုးမှု များစွာ ထိခိုက်ကျဆင်းသွားခဲ့သည်။ လွန်ခဲ့သော သုံးလေးနှစ်ကလည်း ကြက်သွန်ဖြူများသည် ပြည်တွင်းထုတ်လုပ်ေ ရာင်းချသည့်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ဝင်ရောက်လာခဲ့သဖြင့် ပြည်တွင်းထုတ် လုပ်သူ တောင်သူလယ်သမားများနှင့် ကုန်သည်များ အရှုံးပေါ်ခဲ့ဖူး သည်။ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးနှစ်ခုကိုမှီ၍ စိုက်ပျိုးထုတ်လုပ် ရောင်းချမည့် စိုက်ပျိုးရေးနိုင်ငံ၏    လက်ရှိအခြေအနေမှာ ထိုနိုင်ငံ ကြီးများ၏ စိုက်ပျိုးထုတ်လုပ်မှုပမာဏ၊ တစ်ဧကအထွက်နှုန်း၊ ထုတ် လုပ်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ ဈေးကွက်တွင် ယှဉ်ရောင်းနိုင် သည့်ဈေးနှုန်း အစစအရာရာ အားနည်းနေသည်။ စိုက်ကွင်းကြီး နှစ်ခုအကြား အိမ်ခြံစိုက်ကွက်လေးမှ ထုတ်လုပ်၍ စိုက်ကွင်းကြီးမှာ နေထိုင်သူတို့ကို ဈေးရောင်းမည့် မူဝါဒ၊ မျှော်မှန်းချက်များသည် ပကတိအခြေအနေနှင့် ကိုက်ညီမှု ရှိ/မရှိ၊ လွတ်လပ်သော ကုန် သွယ်မှု (AFTA) အတွက် မည်သို့ ကြိုတင်ပြင်ဆင်မည်ကို စဉ်းစား ရန် လိုသည်။
ပြည်တွင်းဈေးကွက် ဝယ်လိုအားနဲ့ အရန်ရိက္ခာနိုင်ငံများစွာ၏ စိုက်ပျိုးရေးသီးနှံထုတ်လုပ်မှု မူဝါဒတွင် ပြည် တွင်းစားသုံးမှုလိုအပ်ချက် ဖြည့်ဆည်းရန် အဓိကဦးတည်သည်။ ပြည် တွင်းရာသီဥတု၊ ရေမြေအခြေအနေအရ ပြည်တွင်း လိုအပ်ချက် အတွက် မိမိပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်ခြင်းမပြုနိုင်က ပြည်ပမှ တင်သွင်းသည်။ အချို့စိုက်ပျိုးထုတ်လုပ် သည့် နိုင်ငံများသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနှင့် ပြည်တွင်းအရန်ရိက္ခာအတွက်စီစဉ်ပြီး ပိုလျှံက ဝင်ငွေတိုးတက်ရအောင် ပြည်ပပို့၍ရောင်းသည်။ကမ္ဘာတွင် လူဦးရေ တိုးတက်လာမှုနှင့်အတူ စားနပ်ရိက္ခာ လိုအပ်ချက်သည် ပိုမိုလာသည်။ ၂၀၁၀-၁၂ ခုနှစ်တွင် ကမ္ဘာတွင် လူဦးရေ သန်း ၈၇၀ သည် စားနပ်ရိက္ခာ လိုအပ်နေသည်။ကမ္ဘာတွင် ဆန်စပါးထုတ်လုပ်မှု တန်ချိန် ၄၆၅ သန်းရှိသည့် အနက် တန်ချိန် ၄၆၆သန်း စားသုံးကြပြီး လိုအပ်ချက် တန်ချိန် ၁ သန်းခန့်ဖြစ်သည်။ ယင်းအနက် ကူးသန်းရောင်းဝယ်မှု တန်ချိန် ၃၆ သန်းရှိသည်။ ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၇ သာ ရှိသည်။၂၀၁၂-၁၃ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း စာရင်းဇယား များ၌ စပါး စိုက်ဧက ၁၉ ဒသမ ၃ သန်းခန့် အထွက်ရည်မှန်းချက် တင်းပေါင်း ၁၅၆၅ သန်းခန့်ဖြစ်ရာ ရာသီဥတုဒဏ်နှင့် ထွက်နှုန်း ပြောင်းလဲချက် ရှိနိုင်သည့်အတွက် တစ်ဧကလျှင် တင်း ၅၀ နှုန်းထွက် ပါက ခန့်မှန်းဆန်တန်ချိန် ၁၂ သန်းမှ တစ်ဧကလျှင် ၇၅ တင်းနှုန်း ထွက်ပါက ၁၇ သန်းကြားတွင် ရှိနိုင်ပါသည်။ ပြည်ပတင်ပို့မှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ဆန်တန် ၇ ဒသမ ၇၅ သိန်းဖြစ်သည့် အတွက် ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိပြီး ပြည်တွင်းစားသုံးမှုက ၉၅ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ထို့ကြောင့် ပြည်တွင်းစားသုံးမှု တစ်နည်းအားဖြင့် ပြည်တွင်း ဝယ်လိုအားသည် အဓိကကျနေပြီး စားသုံးသူပြည်သူအလွှာအလိုက် ဈေးကွက်အကြိုက် စားသုံးမှုအများဆုံး ဆန်စပါးမျိုး၊ မုန့်ပဲသရေစာ အတွက် လိုအပ်သည့် ဆန်စပါးမျိုး၊ ပြည်ပဈေးကွက် ဝယ်လိုအားရှိ သည့် ဆန်စပါးမျိုးများကို လေ့လာသုံးသပ်၍ မျိုးနှင့်ပတ်သက်သည့် မူဝါဒချမှတ်ရန် စဉ်းစားသင့်ပေသည်။ အလားတူ ရာသီဥတုပြောင်း လဲမှု အရှိန်လျင်မြန်လာပြီး ပျက်စီးဆုံးရှုံးနိုင်မှု ရာခိုင်နှုန်း အလား အလာများကို ကြိုတင်ခန့်မှန်းတွက်ချက်၍ အရန်ရိက္ခာ၊ အရန်ဆန် ထားရှိရေးမူဝါဒများကို လေ့လာသုံးသပ်ချမှတ်ရန် လိုအပ်လာသည်။
ကမ္ဘာ့ဈေးကွက်နှင့် မြန်မာ့ဆန်စပါး စိုက်ပျိုးရေးကဏ္ဍကမ္ဘာ့လယ်ယာထွက်ကုန် သီးနှံများ ထုတ်လုပ်မှု၊ စားသုံးမှုနှင့် ကုန်သွယ်မှုအခြေအနေကို  လေ့လာပါက ၂၀၁၁-၂၀၁၂ ခုနှစ်၌ အောက်ပါအတိုင်း တွေ့ရှိရသည်- တန်သန်း အမျိုးအမည်    ထုတ်လုပ်မှု    စားသုံးမှု    ကုန်သွယ်မှု သီးနှံမျိုးစုံ            ၁၈၄၉        ၁၈၄၆       ၂၆၈ ဆန်စပါး              ၄၆၃           ၄၅၇        ၃၆ ပြောင်း                ၈၇၆          ၈၇၂         ၉၇ ပဲပုပ်                   ၂၃၈         ၂၅၁          ၉၁ရင်းမြစ်။ Grain Market Report 2012အဓိက ဆန်ထုတ်လုပ်ရောင်းချသော နိုင်ငံများကို လေ့လာ ပါက ၂၀၁၁-၂၀၁၂ ခုနှစ်၌ အောက်ပါ အတိုင်း တွေ့ရှိရသည်- တန်သန်း စဉ်    နိုင်ငံ       ထုတ်လုပ်မှု    ပြည်ပတင်ပို့မှု    ပြည်ပမှတင်သွင်းမှု ၁။    တရုတ်          ၁၁၇ .၉            ၀ .၅            ၃ .ဝ ၂။    အိန္ဒိယ            ၈၆ .၉             ၁ .ဝ           ၀ .ဝ    ၃။    အမေရိကန်       ၅၄ .၄           ၂၈ .၅          ၃ .၁ ၄။    ရုရှား               ၅၆ .၂            ၂၁ .၆         ၀ .ဝ ၅။    ထိုင်း               ၂၀ .၅              ၆ .၅         ၀ .၇ ၆။    ဗီယက်နမ်         ၂၆ .၄             ၇ .၁         ၀ .၅    ရင်းမြစ်။  Grain Market Report 2012အမေရိကန် စိုက်ပျိုးရေးဌာန၏ ၂၀၁၀-၁၁ ခုနှစ်မှ ၂၀၂၁-၂၀၂၂ ခုနှစ်အထိ ဆန်တင်ပို့နိုင်ငံများနှင့် တင်သွင်းနိုင်ငံများအပေါ် ခန့်မှန်းသုံးသပ်ချက်အရ အောက်ပါအတိုင်း တွေ့ရှိရပါသည်-အထက်ပါဇယားအရ ကမ္ဘာ့ဈေးကွက်ဝယ်လိုအား ဆန်တန်ချိန် ၃၆ သန်းရှိသည့်အနက် အာဖရိက သည် ဆန်တန် ၁၁ သန်းကျော် ဝယ်လိုအားရှိနေပြီး အရှေ့အလယ်ပိုင်းဒေသသည် ဆန်တန် ၄ သန်းနီးပါး ဝယ်လိုအားရှိသည်။ မလေးရှားသည် ဆန်တန် ၁ သန်းကျော်နှင့် ဖိလစ်ပိုင်သည် ဆန်တန် ၂ သန်းကျော် ဝယ်ယူတင်သွင်းနေ ရသည်။ ထိုဈေးကွက်များကို ဆန်တင်ပို့သည့် ထိုင်းနှင့် ဗီယက်နမ်တို့က အများဆုံး ဝေစုရရှိနေပြီး အိန္ဒိယ၊ ပါကစ္စတန်၊ အမေရိကန် နှင့် တောင် အမေရိကနိုင်ငံများက ဆန်တန် ၁၂ သန်းခန့်ဈေးကွက်ဝေစု ရယူထားပေသည်။ ထို့ကြောင့် မြန်မာ့ဆန်စပါး ပြည်ပဈေးကွက်ဝေစု ရရှိရေးဆိုင်ရာ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာ များအား စိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ မူဝါဒများနှင့် ပေါင်းစပ်ချမှတ်သွားရန်လိုသည်။ လွယ်ကူရှင်းလင်းစွာ သိမြင်နိုင်ရန်အတွက် ဆန်စပါးတစ်မယ်တည်းကိုသာ ဦးစားပေးကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။သို့ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ရာသီသီးနှံမျိုးစုံပါဝင်သည့်နည်းတူ စားသုံးဆီအတွက် လိုအပ်ချက်၊ အဝတ်အထည်အတွက် ဝါလိုအပ်ချက်၊ တိရစ္ဆာန်အစားအစာ လိုအပ်ချက်၊ သစ်သီးဝလံ၊ ပန်းမန်လိုအပ်ချက်၊ အခြားစက်မှုကုန်ကြမ်းသီးနှံနှင့် နှစ်ရှည်စိုက်ပျိုးရေးထွက်ကုန် လိုအပ်ချက်များ အမျိုး မျိုးရှိရာ သီးနှံတစ်မျိုးချင်းအတွက်  စိုက်ပျိုးထုတ်လုပ်မှု မူဝါဒနှင့် ကုန်သွယ်မှုမူဝါဒများ ဆက်စပ်ညှိနှိုင်း ချမှတ်ဆောင်ရွက် ရန် လိုအပ်မည်ဖြစ်ပါသည်။ မူဝါဒများ ချမှတ်ပြီးပါက မူဝါဒချမှတ်ရုံဖြင့် အကောင် အထည်ပေါ်မလာနိုင်ဘဲ လက်တွေ့ကျင့်သုံးဆောင်ရွက်ရမည့် မဟာဗျူဟာ၊ နည်းဗျူဟာများကို သီးနှံ အမယ်အလိုက်၊ ဈေးကွက်အလိုက် ကွင်းဆင်းလေ့လာ ချမှတ်ဆောင်ရွက်သင့်ပေသည်။စီးပွားရေးပိတ်ဆို့မှုများ မကြာမီရုပ်သိမ်းတော့မည်ဖြစ်ရာ ကမ္ဘာ့ဈေးကွက်သို့ တက်လှမ်းနိုင်ရေးနှင့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုအတွက် ကြိုတင်ပြင်ဆင်ရမည် ဖြစ်ပါသည်။
ထုတ်လုပ်မှုစရိတ်နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကုန်သည်လုပ်ငန်းရှင်ဟူသည်  တွက်ခြေကိုက်မှ ကူးသန်းရောင်းဝယ်ကြသည်။ တောင်သူလယ် သမားက တော့ ကိုက်/မကိုက်ကို မတွက်ချက်နိုင်၊ မခန့်မှန်းနိုင်၊ ဝမ်းရေးအတွက် စိုက်ပျိုးရသည်။ သူ့မှာရှိတာက ဒီမြေနှင့် ဒီမျိုးပဲ။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ကတော့ ငွေကြေးပေါ်မူတည်ပြီး ထည့် နိုင်သလောက်ထည့်သည်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးဈေးနှုန်းကို ဈေးကွက်က ပြဋ္ဌာန်းသည်ဟု ဆို သည်။ စိုက်ပြီးထွက်လာတော့ ပေါက်ဈေးနဲ့ ရောင်းရသည်။ ပေါက်ဈေးကို ဈေးကွက်က ပြဋ္ဌာန်းသည်ဟု ဆိုသည်။ ကြိတ်ခွဲစရိတ်၊ သယ်ပို့စရိတ်များကိုလည်း စက်သုံးဆီဈေးနှုန်းက ပြဋ္ဌာန်းသည်လားမသိ။ အရင်းအမြစ် စစ်လိုက်တော့ အတိုးကြီးကြီးနဲ့ ချေးရတဲ့ ငွေစလေးနဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးဝယ်။ ကြိတ်ခွဲ၊ သယ်ပို့စရိတ်ပါရင် တောင်သူလယ်သမားဘဝက အကျန်နည်းသည်။တစ်ခါတစ်ရံ ရာသီဥတုက ဖောက်ပြန်လျင် အခက်တွေ့ရသည်။ ရေမလိုသည့် အခါ ရေကြီးသည်။ ရေလိုသည့် အခါ ရေ မရ။ မိုးကို မျှော်ရသည်။မိုးကိုမျှော်၍ စိုက်ရသော တောင်သူလယ်သမားဘဝနဲ့ တောင်သူလယ်သမားရဲ့ အထွက်ကိုမျှော်၍ ကူသန်းရောင်းဝယ်ရသော ဘဝများကို သီးခြားစီရပ်တည်လုပ်ကိုင်၍မရတော့မှန်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်ကြီးများက နှစ်ပေါင်းများစွာကတည်းက ကြိုမြင်သည်။ ဒါကြောင့် တောင်သူလယ်သမားကို ကြိုပေး၊ ပင်ထောင်ပေး၊ ငွေပေးရုံနဲ့မရ။ နည်းပညာနဲ့ အရင်းအနှီး ပေါင်းစပ်နိုင်အောင် ကန်ထရိုက် လယ်ယာ (Contract Farming) လုပ်တာကြာပြီဖြစ်သည်။ မြန်မာနိုင်ငံမှာ အထူးပြုကုမ္ပဏီများက အစပျိုးရန် တာစူခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့် မအောင်မြင်သေးပေ။ ကန်ထရိုက် လယ်ယာစနစ် မူဝါဒကိုလည်း လေ့လာပြီး နည်းမှန်လမ်းမှန်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ မူဝါဒချမှတ်ဖို့ အချိန်တန်ပြီဟု ထင်သည်။ထိုကန်ထရိုက်လယ်ယာစနစ်သည် ယခုအစိုးရက ပုံဖော်နေသော ကျေးလက်ဖွံ့ဖြိုးရေး အစုအဖွဲ့ များနှင့် ချိတ်ဆက်ခြင်းဖြင့်- -    အတိုးနှုန်းသက်သာသော ချေးငွေများကို ကျယ်ကျယ်ပြန့်ပြန့်ပေးနိုင်ခြင်း -    ဈေးနှုန်းမှန်၊ အရည်အသွေးမှန် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ လယ်ကွင်းအရောက် ပို့ခြင်း -    ဈေးကွက်ဝယ်လိုအားရှိသော မျိုးထုတ်လုပ်ဖြန့်ဖြူးခြင်း -    အရည်အသွေးမီ ကြိတ်ခွဲမှုကို လုပ်ငန်းရှင်က ဒေသအလိုက် ထူထောင်ထုတ်လုပ်ခြင်းဖြင့် အရည်အသွေး မြှင့်တင်နိုင်ခြင်း -    လုပ်ငန်းရှင်က လယ်ကွင်းမှသည် ပြည်တွင်းဒေသဈေးကွက်အရောက် ပို့ဆောင်ခြင်းနှင့် ပြည်ပသင်္ဘော တင် အရောက်ပို့ဆောင်ခြင်းဖြင့် ယနေ့အများပြောဆိုနေသော သယ်ပို့ စရိတ်နှင့် အခြားစရိတ်များ လျှော့ချခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့မှသာ ယနေ့တောင်သူလယ်သမားတို့ တစ်ပိုင်တစ်နိုင် တတ်စွမ်းသရွေ့ ကြိုးစားအားထုတ်မှုအပေါ် ဆင့်ပွားအား (Synergy) များ ပွားများပေးနိုင်ပြီး ယနေ့ကြုံ တွေ့နေ ရသော- -    ထုတ်လုပ်မှုစရိတ်၊ သယ်ပို့စရိတ်နှင့် အခြားစရိတ်ကြီးမြင့်မှုက ဈေးကွက်ဈေးနှုန်းကို မယှဉ်နိုင်ဘဲ ဈေးကွက်ဝေစုရရန် ခက်ခဲလာပြီး ထုတ်လုပ်မှုတိုးတက်အောင် စေ့ဆော် နိုင်မှု အားနည်းနေခြင်း -    ထုတ်လုပ်၊ ကြိတ်ခွဲမှု အရည်အသွေးက ဈေးကွက်မယှဉ်နိုင်ခြင်း -    ဈေးကွက်ကကြိုက်နှစ်သက်ပြီး ဝယ်လိုအားရှိသော သီးနှံမျိုးကို ရွေးချယ်ခြင်း၊ ဝယ်လိုအား ပမာဏ တွက်ချက်ထုတ်လုပ်ခြင်းမရှိသည့်အတွက် တောင်သူလယ်သမားရော ကုန်သည်ပါ အခက်အခဲတွေ့ခြင်းတို့ကို ကျော်လွှားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာပါက ယခုကဲ့သို့ တောင်သူလယ်သမားက သပ်သပ်၊ ပွဲစားက သပ်သပ်၊ ကုန်သည်က သပ်သပ်၊ ကြိတ်ခွဲသူက သပ်သပ်၊ ပြည်ပတင်ပို့သူက သပ်သပ်၊ အဆင့်ဆင့် ကုန်ကျမှုများသော ပုံစံကို လုပ်ကြမည်မဟုတ်ပေ။ စိုက်ပျိုး ထုတ်လုပ်သည်မှ တင်ပို့ရောင်းချသည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်ခုလုံးကို ဆက်စပ်ဆောင်ရွက်ကြပေတော့မည်။ ဥပမာ- စီပီကုမ္ပဏီကိုကြည့်ပါက မွေးမြူရေးအတွက် အစာလိုအပ် ချက်ကို ပြောင်းစိုက်ပျိုးထုတ်လုပ် ဝယ်ယူစုဆောင်းမှု ကွင်းဆက်ကြီးတစ်ခုလုံးနှင့် အစာစပ်စက်ရုံအထိ တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်မှုမျိုးဖြစ်သည်။ ယခုအခါ မွေးမြူရေးကဏ္ဍအတွက် အစာလိုအပ်ချက် က အဆင်မပြေ၊ အစာထုတ်လုပ်သူတို့ကို မျှော်နေရသည်။ ဤနေရာတွင် ကုန်သည်တစ်ဦးက "တရုတ်နိုင်ငံက စားအုန်းဆီတင်သွင်း မစားဘဲ ပဲပုပ်စေ့ကို အမေရိကနဲ့ အာဂျင်တီးနားက တန်သန်း သုံးလေးဆယ်အထိ တင်သွင်းတယ်။ ပြည်တွင်းမှာ ဆီကြိတ် ပြီး ပြည်သူတွေ စာသုံးဆီလိုအပ်ချက် ဖြည့်ဆည်းသလို ပဲပုပ်ဖတ်တွေကို တိရစ္ဆာန်အစားအစာ အတွက် စီစဉ်ကြတယ်။ မြန်မာ-တရုတ် နယ်စပ်မှာ မြန်မာနိုင်ငံက ဆန်ကိုဝယ်ပြီး ဆန်ခေါက်ဆွဲနဲ့ တိရစ္ဆာန်အစားအစာသုံးကြတယ်။ ပိုပြီးတွက်ခြေကိုက်အောင် ဆန်တင်သွင်းမယ့်အစား စပါးတင် သွင်းဖို့တောင် ကြိုးစားနေကြပြီ။ ကျွန်တော်တို့နိုင်ငံကတော့ ဆန်တင်ပို့ဖို့ထက် စပါးတင်ပို့ဖို့ကိုပါ လုပ်တော့မယ်။ သူများနိုင်ငံလုပ်နည်းလုပ်ဟန်နဲ့ မတူတဲ့သဘောကတော့ ဆန်စပါးလုပ်သူက သပ်သပ်၊ ပဲပြောင်းစိုက်သူက သပ်သပ်၊ ကြိတ်ခွဲသူက သပ်သပ်၊ ရောင်းသူက သပ်သပ်၊ မွေးမြူသူက သပ်သပ်ဆိုတော့ ကိုယ့်အလုပ်ကိုယ် တွက်ခြေကိုက်အောင်ပဲ စဉ်းစားပြီး ကိုယ်မြတ်အောင်လုပ်တော့ အဆင့်တွေများပြီး Transanctional Cost တွေများပြီး ဘယ်သူမှ တွက်ခြေမကိုက်တော့ဘူးပေါ့"ဟု သုံးသပ်ပြသည်။အာဆီယံလွတ်လပ်သော ကုန်သွယ်မှုအတွက် ပြင်ဆင်ရာ၌ အခြားနိုင်ငံ ကုန်သည်လုပ်ငန်း ရှင်နှင့် တောင်သူလယ်သမားတို့၏ လုပ်နည်းလုပ်ဟန်မျိုး မဆောင်ရွက်ဘဲ အခွန်အကောက်နှင့် ကုန်သွယ်မှု လုပ်ငန်းစဉ်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ ဖြေလျော့ပေးရုံဖြင့် မပြီးပေ။ ထုတ်လုပ်မှုစရိတ် ကျဆင်းရေး၊ အထွက်နှုန်းကောင်းပြီး အရည်အသွေးကောင်းရေး၊ ဈေးကွက်ရှာဖွေချိတ်ဆက်၍ ဈေးကွက်ခိုင်မာအောင် ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့သည် အရေးပါသည့်အလျှောက် ပုဂ္ဂလိက ကဏ္ဍမှ လက် တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းများစွာကို အစိုးရကဏ္ဍမှ လုပ်နိုင်ကိုင်နိုင်သည့် အခွင့် အလမ်းများ ဖန်တီးပေးခြင်းနှင့် သီးနှံတစ်မယ်ချင်း အသေးစိတ်မူဝါဒနှင့် မဟာဗျူဟာ၊ နည်းဗျူဟာ ချမှတ်အားပေးကူညီရန် များစွာလိုအပ်နေသေးကြောင်း မူဝါဒချမှတ်နိုင်မည့်  ပုဂ္ဂိုလ်များနှင့် ပုဂ္ဂလိက ကဏ္ဍကိုဦးဆောင်နေသည့် အသင်းအဖွဲ့များအား အကြံပြုတင်ပြအပ်ပါသည်။