Main menu

Background

စီးပွားလမ်းပွင့် မက္ကဆီကို

Wed, 11/07/2012 - 06:36 -- Anonymous (not verified)

လွန်ခဲ့သော မျိုးဆက်တစ်ဆက်က  အမေရိ ကန်နိုင်ငံမှ သွင်းကုန်များ ဝင်ရောက်မလာစေရန် အတွက် မက္ကစီကိုနို င်ငံက နယ်စပ်တစ်လျှောက်ကို ကာကွယ်ထားခဲ့ရသည်။ အားလပ်ရက်ခရီးထွက် ကြလျှင် မက္ကစီကိုနိုင်ငံသား မိသားစုတို့သည် များ သောအားဖြင့် အမေရိကန်နိုင်ငံထဲမှ အနီးဆုံးဖြစ် သည့် တက္ကဆက်ပြည်နယ် သို့ မော်တော်ကားဖြင့် သွားကြသည်။ အပြန်တွင် အီလက်ထရွန်းနစ် ပစ္စည်း၊ အစားအေ သာက်၊ အဝတ်အထည်နှင့် လူသုံးပစ္စည်းအမျိုးမျိုးကို လျှို့ဝှက်စွာဖြင့် မှောင်ခို သယ်ဆောင်ခဲ့ကြသည်။  တံခါးပိတ်ထား ၏သည့် ပြည်တွင်းဈေးကွက်မှာတော့  ရွေးချယ်စရာ များ များမရှိပေ။ ဈေးကွက် ထဲမှာ ခေတ်လွန်ပုံဟောင်း ရုပ်မြင်သံကြားစက်၊ ဆီချေးနံ့နံသည့် မြေပဲထော ပတ်၊ မီးလောင်လွယ်သည့် ဂျာကင်အင်္ကျီတို့ကို သာ တွေ့နိုင်သည်။ ယခုတော့ နက်ဖ်တာခေါ် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်မှု စာချုပ် (North American Free-Trade Agreement, NAFTA) ကျေးဇူးကြောင့် မက္ကစီ ကိုနိုင်ငံသည် ကမ္ဘာတွင် အကြီးဆုံးစာရင်းဝင် တံခါးဖွင့်ဈေးကွက်ကြီး ဖြစ်လာသည်။

ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး နှစ်ရပ် ပေါင်းပမာဏသည် တိုင်းပြည်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၆၉ ရာခိုင်နှုန်းနှင့်ညီမျှသဖြင့် ၁၉ ရာခိုင် နှုန်းသာရှိသေးသည့် ဘရာဇီးလ်နှင့် ၄၈ ရာခိုင်နှုန်း ရှိနေသည့် တရုတ်နိုင်ငံတို့ထက် ကျော်လွန်နေ သည်ဟု HSBC  ဘဏ်၏ လေ့လာချက်တွင် ဖော် ပြထားသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုသို့ ရေခဲသေတ္တာနှင့် အီလက်ထရွန်းနစ် ပစ္စည်းများ တင်ပို့ရာတွင် မက္ကစီကိုနိုင်ငံသည်  ကမ္ဘာတွင် ဒုတိယအများဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်လာသည်။  ကမ္ဘာ့အကြီးဆုံးဈေးကွက် (အမေရိကန်နိုင်ငံ)နှင့် ကုန်းမြေနယ်နိမိတ် အရှည်လျားဆုံး ထိစပ်နေ သဖြင့် မက္ကစီကိုနိုင်ငံ၏ တည်နေရာက စီးပွားရေး ကို အထောက်အကူပြုလျက်ရှိသည်။ တရုတ်နိုင်ငံတွင် လုပ်ခဈေးနှုန်းမြင့်တက် လာခြင်းကြောင့် မက္ကစီကိုနိုင်ငံ၏  ယှဉ်ပြိုင်နိုင် စွမ်းကို တိုးတက်လာစေသည်။ ၂၀၀၁ ခုနှစ်က မက္ကစီကိုနိုင်ငံရှိ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း များ၏ လုပ်ခနှုန်းထားမှာ တရုတ်နိုင်ငံထက် ၄ ဆအထိ ပိုများခဲ့သည်။ ယခုတော့ လုပ်ခခြားနား ချက်မှာ မပြောပလောက်တော့ပေ။ လောင်စာဆီ ဈေးနှုန်း မြင့်တက်နေချိန်တွင် မက္ကစီကိုနိုင်ငံအရှေ့ မြောက်ပိုင်းရှိ မွန်တာရေးမြို့တွင် ထုတ်လုပ်၍ ရီယို ဂရန်းမြစ်ကိုဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံသို့ ပို့ ဆောင်သည့်ကုန်ကျစရိတ်မှာ တရုတ်နိုင်ငံ၊ ဂွမ် ဒေါင်းပြည်နယ်တွင်ထုတ်လုပ်၍ ပစိဖိတ်သမုဒ္ဒရာ ကို ဖြတ်သန်းပို့ဆောင်ရသည့်စရိတ်ထက် မနှိုင်း ယှဉ်သာအောင် သက်သာနေသည့်ပြင် ပိုပြီးမြန် မြန်ရောက်အောင်လည်း ပို့ဆောင်ပေးနိုင်သည်။ မက္ကစီကိုမှထွက်လာသည့်  ကုန်တင်လော်ရီကား သည် မစ်ချီဂန်ပြည်နယ်သို့ ရက်ပိုင်းအတွင်းရောက် နိုင်သည်။ နီဆန်း၊ ဟွန်ဒါ၊ ဂျီအမ်မော်တော်ကား ကုမ္ပဏီများ၊ ကိုကာကိုလာအချိုရည်၊ ဒူးပွန့်ဓာတု ပစ္စည်းနှင့် ယူရိုကော့ပ်တာ ရဟတ်ယာဉ်ထုတ်လုပ် ရေးစက်ရုံများကို မက္ကစီကိုနယ်စပ်တွင် တည် ထောင်နိုင်ရန်အတွက် အပြေးအလွှားရင်းနှီးမြှုပ် နှံနေကြသည်။မက္ကစီကိုနိုင်ငံတွင် တစ်ကမ္ဘာလုံးကို လွှမ်းခြုံ ထားနိုင်သည့် လူချမ်းသာများသာမက ကမ္ဘာကို လွှမ်းထားနိုင်သည့်  တောင်သူလယ်သမားများ လည်းရှိသဖြင့် ထူးခြားနေသည်။ မက္ကစီကိုလူချမ်း သာများက အမေရိကန်ပြည်ထောင်စုတွင် ပညာ သင်ယူလျက်ရှိပြီး၊ ဆင်းရဲသားများကတော့ အမေ ရိကန်နိုင်ငံမှာပင် ကြမ်းတိုက်နေကြသည်။ ထိုလူ တန်းစားနှစ်မျိုးစလုံးက အမိနိုင်ငံကို အကျိုးပြုကြ သည်။ တက္ကသိုလ်တွင်ပညာ သင်ယူသည့် အထက် တန်းလွှာတို့က ကျွမ်းကျင်မှုနှင့် အဆက်အသွယ် ကောင်းကို ရယူကြသည်။  မက္ကစီကိုစီးပွားရေး လုပ်ငန်းများကို အမေရိကန် ကုမ္ပဏီကြီးများနှင့် လက်တွဲဆောင်ရွက်နိုင်ရန် အထောက်အ ကူပြုကြ သည်။ ကြမ်းတိုက်သည့် သန့်ရှင်းရေးလုပ်သားက ဆင်းရဲနွမ်းပါးသော မွေးရပ်မြေမှ မိဘဆွေမျိုးများ ထံ ငွေပြန်ပို့ပေးခြင်းဖြင့် အသက်ရှူ ချောင်စေ သည်။နယ်စပ်ကို ဖြတ်ကျော်ကူးသန်းသည့် အရေ အတွက်မှာလည်း အလွန်ကြီးမားသည်။ မက္ကစီကို နိုင်ငံသား ၁၀ ဦးလျှင် တစ်ဦးက အမေရိကန်ပြည် ထောင်စုတွင် နေထိုင်လျက်ရှိသည်။ ထိုသို့နေထိုင် သူဦးရေ ၁၂ သန်းအထိရှိသည်။ အမေရိကန်နိုင်ငံ တွင်နေထိုင်သည့် မက္ကစီကန်များမှ ဆင်းသက် ပေါက်ဖွားလာသည့် ဦးရေကိုပါ ထည့်ပေါင်းလျှင် ၃၃ သန်းအထိရှိသည်။ အမေရိကန်နိုင်ငံထဲမှာပင် မက္ကစီကိုနိုင်ငံထုတ်ကုန်များ  ရောင်းချနိုင်သည့် ဈေးကွက်တစ်ခု ဖြစ်လာသည်။ မက္ကစီကိုနိုင်ငံမှ သွက်လက်ဖျတ်လတ်သော ကုမ္ပဏီကလေးများက   မြို့တော်ကြီးသား (Cosmopolitan) နိုင်ငံစုံ ကုမ္ပဏီကြီးများ ဖြစ်လာ အောင် ခြေလှမ်းပြင်ကြသည်။ မက္ကစီကိုနိုင်ငံမှ အကြီးဆုံးမုန့်ဖုတ်လုပ်ငန်းဖြစ်သည့် ဂရုပိုဘင်ဘို (Grupo Bimbo) က မြောက်အမေရိက မုန့်ဖုတ် လုပ်ငန်းဆာရာလီ (Sara Lee) ၏ လုပ်ငန်းခွဲတစ်ခု ကို ၂၀၁၁ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြင့် အမေရိက၏ အကြီးဆုံး မုန့်ဖုတ်လုပ်ငန်းဖြစ်လာခဲ့သည်။ဂရုပို ဘင်ဘိုကုမ္ပဏီက ပြောင်းမှုန့်နှင့်ဖုတ်သော မက္ကစီ ကိုရိုးရာတော်တီလာမုန့်  (Tortillas) ကို အမေရိ ကန်နိုင်ငံတွင် ရောင်းချပြီး၊ အမေရိကန် မုန့်လက် ကောက်  (Bagels) ကို မက္ကစီကိုနိုင်ငံတွင် ရောင်း ချသည်။ မက္ကစီကို စီးပွားရေးလုပ်ငန်းများ၏ တိုးတက် မှုကို ရာဇဝတ်မှုများနှင့် အဂတိလိုက်စားမှုများက ခြိမ်းခြောက်လျက်ရှိသည်။ မူးယစ်ဆေးဂိုဏ်းများ က ခရီးသွားလုပ်ငန်းကို ခြောက်လှန့်လျက်ရှိပြီး၊ စီးပွားရေး လုပ်ငန်းငယ်များကို  အနှောင့်အယှက် ပေးကြသည်။ မော်တော်ကားစက်ရုံကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြီး၏များကိုတော့ ဘယ်သူ့ကို ကိုင် လှုပ်ရမှန်းမသိသဖြင့် မနှောင့်ယှက်ကြချေ။ နောက် ထပ်စိုးရိမ်ရသည့် အချက်မှာ အဂတိလိုက်စားမှု ဖြစ်သည်။ အမေရိကမှ ဝေါလ်မတ်ကုန်တိုက်မှာ စတိုးဆိုင်ခွဲများ ဖွင့်လှစ်ခွင့်ရရှိရေးအတွက် လာဘ် ငွေပေးခဲ့သည်ဟူသော စွပ်စွဲချက်အတွက် စစ်ဆေး ခံနေရသည်။ ကမ္ဘာ့ဘဏ်၏ ၂၀၁၃ ခုနှစ်အတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အဆင်ပြေကောင်း မွန်မှု အကဲဖြတ်အစီရင်ခံစာ၌  ကုမ္ပဏီလုပ်ငန်း စတင်လုပ်ကိုင်ရန်နှင့် အခွန်ပေးဆောင်ရေး လွယ် ကူအဆင်ပြေမှုအရ မက္ကစီကိုနိုင်ငံသည် ကမ္ဘာတွင် အဆင့် ၄၈ နေရာတွင်ရှိသည်ဟု  ဖော်ပြထား သည်။ ဘရာဇီးလ်နိုင်ငံထက် ၈၂ ဆင့်ပိုမြင့်သည့် နေရာသို့ရောက်နေသည်။ မည်သို့ဆိုစေ တိုင်းပြည် စီးပွားရေးဘ၀ အဆိုးအကောင်းမှာ  မက္ကစီကို အရာရှိကြီးများ၏ လက်ထဲမှာပင် ရှိနေဆဲဖြစ်သည် ဟု ဆိုပါသည်။       Ref; The Economist.